နက္ခတ်ဗေဒင် အဟောပိုင်း ရည်ညွှန်းစာအုပ်များ (၁)
နက္ခတ်ဗေဒင် အတွက်ပိုင်းကို ပိုင်နိုင်၍ ဇာတာတစ်စောင်အား မိနစ်အနည်းငယ် အတွင်းဖွဲ့ဆိုနိုင်ယုံမျှဖြင့်
ဗေဒင်ပညာတတ် အဖြစ် အသိအမှတ်ပြုခြင်း ခံရမည့်အဆင့်သို့ မရောက်သေးပါ။ အဆိုပါ ဇာတာခွင်ကို
ဆန်းစစ်၍ ကျေနပ်ဖွယ်ရာ ဟောချက်များထုတ်နိုင် သည့်အဆင့်ရောက် မှသာလျှင် လူမှုဆက်ဆံရေး
ကျယ်ပြန့်လာလျှက် အများက အသိအမှတ်ပြုခြင်း ခံလာရမည် ဖြစ်ပါသည်။ မိမိ ကိုယ်တိုင်လည်း
အတွက်ပိုင်းကို တိကျ မှန်ကန် မြန်ဆန်ရန် သုတေသနလုပ် ရှာဖွေရာတွင် နှစ်ပေါင်းများစွာ
ကုန်လွန်ခဲ့ ရသည်။ ယ္ခု အခါ ဗေဒင်ဝါသနာရှင်များ အတွက် မိုဘိုင်းဖုန်း ပေါ်တွင် SwissHoro v-4 ဖြင့် ဇာတာကို လွယ်ကူစွာ ဖွဲ့ယူနိုင်
ပြီဖြစ်၍ အဟောပိုင်း ၌ ပိုမိုအာရုံစိုက်ပြီး လူတန်းစား ပေါင်းစုံ၏ ဖြစ်ရပ်များအား ဟောပြော
နိုင်လာမည် ဖြစ်သည်။ စတင်လေ့ကျင့် ဟောပြောမည့်သူ တို့ အတွက် လျှင်မြန်စွာ ခရီးရောက်
စေခြင်းအလို့ငှာ မိမိဖတ်ခဲ့သော စာအုပ်များအကြောင်း မျှဝေလိုပါသည်။
၁။ လွန်ခဲ့သော နှစ်ပေါင်း ၅၀-ခန့် ရန်ကုန်စက်မှု
တက္ကသိုလ် ကျောင်းသားဘဝက လက္ခဏာပညာဖြင့် ဟောပြောနေခဲ့ရာမှ အ သက်ပိုင်းခြားမှု စံနစ်ကို
အားမရ၍ နက္ခတ်ဗေဒင်ကို Fig. Predictive-1 တွင်ပြထားသော ဗေဒနီတိကျမ်းမှ
စတင်လေ့လာခဲ့သည်။ အဆိုပါကျမ်း ၏ eBook ဗာရှင် Baida
Nidi.pdf ကို အင်တာနက်တွင် ရှာဖွေဒေါင်းယူ နိုင်သည်။ ဤကျမ်းတွင် မူလဇာတာ
ဆန်းစစ် ရာ၌ အသုံးဝင် မည့် ဗေဒင်ဥပဒေသများကို ရှေးသက္ကတကျမ်းတို့မှ ထုတ်နှုတ်တင်ပြထားထားကြောင်း
တွေ့ရမည် ဖြစ်သည်။
၂။ အချိန်အခါ ပိုင်းခြား၍
ဟောပြောရန် ကျိုးစားရာမှ မေဓာဝီဘွဲ့ခံ MBT ဦးစံညွန့်၏ ဒသာဟောနည်း
ပဒေသာ အဖွင့်ဋီ ကာ ဇာတကပါရိဇာတကျမ်းကြီး ပ-ဒု-တ ၃-တွဲကို တွေ့ခဲ့၍
သက္ကတကျမ်းလာ ဥပဒေသများ၏ တန်ဖိုးနှင့် မှန်ကန်လေး နက်မှုရှိပုံ တို့ကိုတွေ့မြင်လာရပါသည်။
ဤစာအုပ်သည် အလွန်ကျော်ကြားသော ပရောဟိတ် လက္ခဏာ ဆရာကြီး ဆရာစန္ဒြ၏ နက္ခတ် ဗေဒင်ပညာဖြင့်
လက္ခဏာ ဟောပြောမှုများတွင် တွဲဖက်ဟောပြောရန် စတင်၍ လမ်းဖွင့် ခဲ့ကြောင်း ဆရာကြီး၏ ဘ၀ခရီးနှင့်
အတွေ့ အကြုံများ စာအုပ် စာမျက်နှာ-၁၀၇ ၌ အောက်ပါအတိုင်း ဖေါ်ပြထားသည်
ကိုဖတ်ရှု သိရှိရသည်။
ကျွန်ုပ်သည် လက္ခဏာဆရာအဖြစ် ဤကဲ့သို့ အောင်မြင်လာရသည်မှာ လွယ်လွယ်နှင့် ဖြစ်သည်မဟုတ်ပေ။
အလွန် ပင်ပန်းခံ၍ ကြိုးစားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဆင်းရဲသားဘဝမှ စာအုပ်မဝယ်နိုင်သည့်
ဘဝမှ ဖြစ်လာရသည်။ အင်္ဂလိပ်မင်းလက် ထက်က ရန်ကုန်မြို့သို့ ရောက်သောအခါ စာအုပ်အသစ် မဝယ်နိုင်၊
အဟောင်းဆိုင်များကို လိုက်၍ရှာရသည်။ ထိုအခါက ဆူး လေဘုရား ပတ်ဝန်းကျင်၌ စာအုပ်အဟောင်းဆိုင်များ
ရှိသည်။ ထိုဆိုင်များမှ ဆရာကြီးကိုင်ရို၏ လက္ခဏာ ကျမ်းများကို ဝယ်ခဲ့ရ
သည်။ ပို၍ကံကောင်းသည်မှာ ထိုခေတ်အခါက မြန်မာဗေဒင် ပညာရှိများအားလုံး ပုဏ္ဏားဗေဒင်ဆရာများအားလုံး
အာယုစန်းနှင့် ဟောသည်။
မဟာသုဇာတကကျမ်းတွင် ပါသော နက္ခတ္တိကဒသာဖြင့် ဟောသည်။ အားရပါးရ အာမခံလောက်အောင် မှန်သော
ပညာမျိုး မဟုတ်ချေ။ သို့ရာတွင် ကျွန်ုပ်သည် ရှေးကံ အလွန်ကောင်းသည်။ ရန်ကုန်မြို့သို့
နောက်တခေါက် ရောက်သောအခါ ပြည်မြို့ နာမည်ကျော် ဗေဒင်ဆရာကြီးတဦး ဖြစ်သော မေဓာဝီ ဦးစံညွန့်
ရေးသည့် ဝိသောတ္တရီဒသာ ဟောနည်းကျမ်းကို ရခဲ့သည်။ ဤကျမ်းကို ရပြီးသောအခါ အခေါက်ပေါင်း
တစ်ထောင်လောက်ဖတ်၍ စာအုပ်ထဲပါသော ဇာတာများကိုလည်း တွက်တတ်လာ သည်။ မိမိနှင့် အခြားသူ၏
ဇာတာများကို တွက်ကြည့်ရာ အံ့သြလောက်အောင် မှန်ခဲ့သည်။ အိန္ဒိယပြည် သက္ကတကျမ်းများမှ ဘာ
သာပြန်ထားခြင်း ဖြစ်သည်။ စစ်ပြီးမှသာလျှင် ဗေဒင်ဆရာများ ဝိသောတ္တရီဒသာကို အလေးမူ၍ တွက်တတ်လာကြသည်။
. . . . . . . . . . . .ဟူ၍ ဖြစ်သည်။
၃။ ဗေဒင်လောကတွင် ဂေါဇာနည်းဖြင့် ဟောပြော၌ ပျဉ်းမနား ဆရာကြီးဦးသန်းမောင်က ထင်ရှားခဲ့
သကဲ့သို့ ဝိသောတ္တရီဒသာဖြင့် ဟောပြောရာတွင် ဆရာကြီး လျှပ်စစ်ဗေဒင်
ဦးအုန်းသင်မှာ အလွန်ကျော်ကြားခဲ့သည်။ ဆရာကြီးသည် နက္ခတ်ဗေဒင် မူရင်းကျမ်း၊ ဝိသောတ္တရီဒသာ
အဟောကျမ်းနှင့် နက္ခတ္တ ဝေဒန္တ စိန္တာမဏိကျမ်း (Fig. Predictive-2) တို့ကိုရေးသား ခဲ့သည်။အလွန်ပြည့်စုံသော
ဒသာကျမ်းများ ဖြစ်ပါသည်။
၎။ နက္ခတ်ဗေဒင် နည်းစံနစ် အားလုံးလိုလို ဖေါ်ပြပါဝင်သော ကျမ်းကိုဖေါ်ပြရလျှင် ဖလဒီပိကာ
ပ-ဒု ၂-တွဲ ဖြစ်ပါသည်။ ဆရာကြီး
ဦးကျော်ငြိမ်း စီရင်သော ၂-ကျမ်းတွဲမှာ မိမိ၏ လက်စွဲဖြစ်၍ ခေါင်းအုံးဘေးထားပြီး
ညစဉ်ညတိုင်း အမြဲဖတ်ရှုသော စာအုပ်ဖြစ်သည်။ ယခုအခါ အဆိုပါ ၂-တွဲ
မရှိတော့သဖြင့် ပထမတွဲသာ ထွက်သည်ဟု ကြားသိရသော စက်ရှင်ဆရားသူကြီး ဦးသိန်းဖေ ရေးသည့်
ဖလဒီပိကာ ပ-တွဲ ၏အဖုံးကို သာဖေါ်ပြထားသည်။ ဆရာကြီး ဦးကျော်ငြိမ်း၏
စာအုပ်ကော်ပီများကို ရေကျော် ပညာ့အလင်း၌ ဝယ် ယူရရှိ နိုင်ကြောင်းကြားသိ ရပါသည်။
၅။ ဖလဒီပိကာ ကဲ့သို့ နက္ခတ်ဗေဒင် အထွေထွေ ရည်ညွှန်းစာအုပ် အဖြစ်သုံးစွဲသင့်သော စာအုပ်နှစ်စုံမှာ
သဗ္ဗတ္တစိန္တာမဏိကျမ်းနှင့် ဇာတကပါရိဇာတကျမ်း တို့ဖြစ်ကြသည်။ သဗ္ဗတ္တစိန္တာမဏိကျမ်း ပ-ဒု-တ ၃-တွဲကို မြင်ကွန်းမြို့မှ
ဆရာကြီး ဦးဘိုးမြိုင်မှ ပြန်ဆိုရေး သားခဲ့ပြီး ဇာတကပါရိဇာတ ပ-ဒု ၂-တွဲအား မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့ ၏ဒုတိယဥက္ကဌ
ဆရာဒေါက်တာကံညွန့်မှ ပြန်ဆိုခဲ့ပါ သည်။ ဤတွင် ဆရာကြီး ဦးဘိုးမြိုင် ပင်ကိုယ်ရေး ဇာတကစိန္တာမဏိနှင့်
သဗ္ဗတ္ထစိန္တာမဏိ တို့အနက် ပထမစာအုပ်၏ မျက်နှာဖုံး ကို ဖေါ်ပြထားပါသည်။ ဇာတကစိန္တာမဏိကျမ်း၌
ယုဂ်အမျိုးမျိုး ဖွဲ့စည်းပုံနှင့် အဟောတို့ကို ဖေါ်ပြထားသည့်ပြင် ဝဿဖလ ခေါ် နှစ် ပတ်လည်ဇာတာ
(Annual Horoscope) တွက်ပုံ/ဟောပုံ တို့ကို အသေးစိတ်
ဖေါ်ပြထားပါသည်။
၆။ Fig. Predictive-1 ၏ အောက်ဆုံးတန်းတွင် ဆရာကြီး ဦးဘိုသိန်း ရေးသားသော အခြေခံ ဇာတာဟောနည်းကျမ်း
၃-အုပ် မျက် နှာဖုံးတို့ကို ဖေါ်ပြထားပါသည်။ ဆရာကြီးသည် နက္ခတ်ဗေဒင်
ပညာကို စတင်လေ့လာသူတို့ အတွက် စေတနာသဒ္ဓါ ထက်သန်စွာ ဖြင့် ဇာတာဖွဲ့စည်းပုံ ဆန်းစစ်ဟောပြောပုံ
နှင့် ကောဇာဂြိုဟ်စီး ဂြိုဟ်မြင် တို့ကို အသေးစိတ် ရှင်းလင်း ဖေါ်ပြထားသည်။ ဤစာအုပ်
များကို ပညာ့အလင်း စာအုပ်တိုက်မှ ဝယ်ယူရရှိခဲ့သည်။
၇။ အထက်တွင် စာတွေ့အနေဖြင့် နက္ခတ်ဗေဒင် အထွေထွေ ရည်ညွှန်း စာအုပ်အချို့ကို ဖေါ်ပြ
ပြီးသည့်နောက် မိမိသည် လက်တွေ့ ဟောပြောမှု အတွေ့အကြုံများကို ဝေဒဥက္ကဌကြီး
ဆရာဦးမြိုင် ထံမှ အနီးကပ် ဆည်းပူးလေ့လာခွင့် များရရှိခဲ့ပါသည်။ ဆရာသည် ညနေအိမ်ပြန်
လာချိန်၌ အချိန်ယူ၍ ဆရာနှင့်ဆွေးနွေး လိုသူ ဗေဒင်မေးလာသူများက နေအိမ်ရှိ ဘုရားခန်း
(ဟောခန်း၊ လက်တွေ့ သင်တန်းခန်း) တွင် မွေးနေ့၊
မွေးချိန်၊ မွေးဒေသ တို့ကို ပုံစံဇယား၌ ဖြည့်သွင်းလျှက် စောင့်နေကြလေ့ ရှိသည်။ ဆရာတင်အောင်
နှင့် မိမိတို့သည် ဆရာ့ထံမှ ကြိုတင်သဘော တူညီချက်တရပ် ရယူထားရှိ ခဲ့ပါသည်။ သဘောတူညီချက်မှာ
မိမိတို့ နှစ်ယောက်သည် ပုံစံတွင် ဖြည့်စွက်ပြီး မေးသူတို့၏ ဇာတာအားလုံးကို ဆရာဟော မည့်အချိန်၌ အဆင်သင့်
ဖြစ်စေရန် တွက်ချက်ပေးထားကြမည်။ ဆရာမှလည်း မိမိတို့၏ တာဝန်ကျေပြွန်မှု ကိုတုန့်ပြန်သော
အနေဖြင့် ဟောပြောချက်တခုစီ၏ အခြေခံသည့် ဥပဒေနှင့် ယူဆပုံတို့ အား ရှင်းပြသွားရန် ဖြစ်သည်။
ဤသဘော တူညီချက်ကြောင့် မိမိတို့နှစ်ယောက်သည် ဆရာ၏ အလွန်ထိရောက်သော လက်တွေ့ ဟောပြောပုံ ဟောပြောနည်း စံနစ်တို့ကို
လေ့လာဆည်းပူးခွင့် ရရှိခဲ့ကြပါသည်။
ထိုအချိန်က ဆရာသည် ရုံးပိတ်ရက်တိုင်း ဝင်ဒါမီယာရှိ (အငြိမ်းစား လေတပ်ဗိုလ်ကြီး) အမကြီး ဒေါ်လှသန်း၏
နေအိမ် ၌ဘာဝတ္ထရ တနာကရ ဒသာကျမ်းကို သင်ကြားပို့ချ ပေးခဲ့သည်။ သို့ရာတွင် မိမိသည် ဒသာ၏
ပထမဆင့် ဖြစ်သော အခြေခံ ဥပဒေ ၇၈-ခု ကိုဖေါ်ပြ သည့် ဇာတကစနြ္ဒိက
ကျမ်း သင်ကြားချိန်အား မမီလိုက်ခြင်းကြောင့် ခက်ခဲမှု အတော် အတန် ရှိခဲ့သည်။ ထို့ကြောင့် ဒသာဟောနည်း စံနစ်ကို
လေ့လာလေ့ကျင့်ရာ၌ မိမိကဲ့သို့ ခက်ခဲမှု မရှိစေရန် မိမိ၏ မှတ်စုတို့အား မျှဝေပေးထား ပါသည်။
ဇာတ ကစနြ္ဒိက ကျမ်းကို ပျဉ်းမနားဆရာကြီး ဦးသန်းမောင်နှင့် ဆရာကြီး မိုးတားဦးထွန်းရှိန် တို့က ပြန်ဆိုရေးသား
ခဲ့ကြသည်။ သို့ရာ တွင် ကျမ်းရင်းဂါထာ (Stanza-78) တို့မှ ပြန်ဆိုရာ၌ အယူအဆ ကွဲပြားမှု ရှိနိုင်ကြောင်း တွေ့ရမည် ဖြစ်ခြင်းကြောင့်
ဂါထာ ၈-ပိုဒ်၏ မူရင်းပြန်ဆို ချက်များ ကိုလည်းတွဲဖက်ပေး
ထားပါသည်။ Fig. Predictive-2 တွင် ပြထားသည့် အတိုင်း ဆရာကြီးဦးသိန်းဖေ၏
ဘာ ဝတ္ထရတနာကရ ကျမ်းငယ်၏ ကော်ပီကိုလည်း ပူးတွဲပေးထားပါသည်။
AyeWinKyaw
Blogpost88.pdf
Messenger: Aye Win Kyaw
SMS: 09 459 824 75018-08-2018 ဆက်ရန်
