2016
မှ 2020 အထိ နိရာယန ဂြိုဟ်သွားပြက္ခဒိန်
၁။ SwissHoro
ပရိုဂရမ်များဖြင့် ဇာတာခွင်ချ၍ ဟောပြောရာတွင် လိုရာနေ့စွဲအတွက် ဒသာပိုင်းခြားပြီး
မေးသောနေ့ စွဲ
ဒေသ နှင့်အချိန်တို့အတွက် ဖွဲ့ထားသော ဟူးရားဇာတာခွင်ဖြင့်
တွဲဖက်ဟောပြောရန်
စီစဉ်ထားရှိခဲ့ပါသည်။ သို့ရာတွင် အနာဂါတ်နေ့စွဲ တခုခုအတွက် ဒသာဖြင့် တွဲဖက်ဟောပြောရန် ကော
ဇာဂြိုဟ်သွားကို
စီစဉ်ပေးနိုင်ခြင်း မရှိခဲ့ပါ။
၂။ အဆိုပါ
လိုအပ်ချက်ကို ဖြည့်စွက်သည့် အနေဖြင့် ယခု 2016 မှ 2020 အထိ နိရာယန ဂြိုဟ်သွားပြက္ခဒိန်
စီစဉ်တွက်ထုတ်ထားခြင်း ဖြစ်ပါသည်။ အောက်ဖေါ်ပြပါပုံများမှာ WPS
Office ထည့်သွင်းထားပြီးသော မို ဘိုင်းဖုန်းပေါ်၌ တွေ့မြင်နိုင်သော စာမျက်နှာများ ဖြစ်ပါသည်။
ဆက်ရန် ..........................
၃။ ကြည့်လိုသော
နှစ်ကို ယာဖက်အောက်စွန်းရှိ Sheet ကိုရွေးချယ် ခေါ်ယူရန် ဖြစ်ပါသည်။
၎။ နက္ခတ်ဗေဒင်
ပညာကို လေးလေးနက်နက် လိုက်စားသူတို့သည် မြန်မာ၊ လဟီးရီး၊ ရာမန် နှင့်
ကရစ္စနားမူရ်တီး
အယနတန်ဖိုးတို့အနက် တစ်မျိုးမျိုး ကိုသာ အစဉ်တ စိုက် သုံးစွဲလေ့ရှိကြပါသည်။
ထို့ကြောင့် SwissHoro တွင် ဇာတာဖွဲ့ရာ၌ ဟောပြောသူနှစ်သက်ရာ အယနတန်ဖိုး အမျိုးအစား ကို ရွေးချယ်နိုင်ခွင့် ပေးထားခဲ့ပါသည်။
၅။ ဤဂြိုဟ်သွား
ပြက္ခဒိန်ကို တွက်ထုတ်ရာ၌ အောက်ပါ အင်န်စီလဟီးရီ၏ ဖျမ်းမျှအယနတန်ဖိုး တွက်
ထုတ်သော ပုံသေနည်းကို K ကော်လံ၌ F ရှိရက်ပေါင်းအား ရည်ညွှန်းလျှက် အယနကိုတွက်ထုတ်ပြီး
သက်ဆိုင်ရာ သာယနဂြိုဟ်များမှ နှုတ်ယူခြင်းဖြင် ရှာယူ ထားပါသည်။
K =22.4744431279561+0.382561251961218*(F-367)/10000
၆။ အကယ်၍
အခြားသောအယန တစ်မျိုးမျိုးဖြင့် ဂြိုဟ်သွားပြက္ခဒိန်ကို ပြောင်းလဲတွက်ချက် လိုပါ
လျှင်
ကော်လံ K တွင်အောက်ဖေါ်ပြပါ ပုံသေနည်း တခုခုကို ပြောင်းလဲပေးယုံမျှဖြင့်
ရလာဒ်များ
လိုက်လျောညီထွေစွာ ပြောင်းလဲသွားမည် ဖြစ်ပါသည်။
(က) မြန်မာ အယနဖြင့်တွက်ရန်
K =0.015*((1826554+F)/(1577917828/4320000)-3512)
(ခ) ဒေါက်တာဘီဗီရာမန်၏ အယနဖြင့်တွက်ရန်
K =21.0284131279561+0.382561251961217*(F-367)/10000
(ဂ) ကရစ္စနားမူရ်တီး၏ အယနဖြင့်တွက်ရန်
K =22.3778621279561+0.382561251961227*(F-367)/10000
မှတ်ချက်။
ဖေါမက်များ မတော်တဆ ပြောင်းလဲခြင်းမှ ကာကွယ်ရန် Sheet တခုချင်းကို အောက်ပါ
password စကားဝှက်ဖြင့် ပိတ် ထားပါသည်။ စကားဝှက်မှာ
Aequinox2016 ဖြစ်၍ ပြင်ဆင်မှု ပြုလုပ် လိုပါက Review> Unprotect Sheet တွင် ပြန်လည်ရိုက်သွင်း ဖွင့်လှစ်ရန်
ဖြစ်ပါသည်။
ayewin@gmail.com
23-9-2016
No comments:
Post a Comment