Monday, April 17, 2017

43. Horoscopy using Excel 16



SwissHoro v-3 Location data

ဗေဒင်ကို အိက်ဆဲလ်နဲ့တွက်မလား ၁၆      
၁၆။ တည်နေရာ အချက်အလက်ဇယား ပြုလုပ်ခြင်း



ကမ္ဘာပေါ်ရှိ တည်နေရာ တစ်ခုကို သတ်မှတ်ရာတွင် အချိန်ပိုင်းဇုံနာရီ၊ လတ္တီတွဒ်နှင့် လောင်ဂျီတွဒ် တန်ဖိုးတို့အားဖြင့် မှတ် သားကြောင်း တွေ့ရှိခဲ့ ပြီးဖြစ်သည်။ ပို့စ်အမှတ်စဉ်  35 စက်လုံးပေါ်မှာ ဗေဒင်တွက်မလား (၁၃) ၏ အပိုဒ် ၁၆။ ကမ္ဘာပေါ်ရှိ တည်နေရာတစ်ခု ရှာဖွေခြင်း။ တွင် မိုဘိုင်းဖုန်းဖြင့် လတ္တီတွဒ်နှင် လောင်ဂျီတွဒ်တို့ ရှာယူပုံကို ဖေါ်ပြပြီး ဖြစ်ပါသည်။ ထိုကဲ့ သို့ ရှာယူရရှိထားသော တန်ဖိုးများကို Fig. Excel-95 တွင် ပြထားသကဲ့သို့ အမှတ်စဉ်သတ်မှတ်၍ ဇယားတစ်ခု ပြုလုပ်ထား ရှိသည့်အခါ ဇာတာဖွဲ့ရန် လိုအပ်သော အခါတိုင်း အလွယ်တကူ ဖေါ်ယူသုံးစွဲနိုင် ပါသည်။

ဤတွင် ၁-၈၂ မှာ နိုင်ငံရပ်ခြားမြို့ များ အတွက် စီစဉ်ထားရှိ၍ ၈၃-၁၆၄ မှာ မြန်မာပြည်တွင်း ဒေသတို့အတွက် ဖြစ်ပါသည်။ ထို့ကြောင့် ဇယားတွင်ပါဝင်သော ဒေသများကို Comp sheet ၏ E13 မှ တည်နေရာ ရည်ညွှန်းအမှတ် (Location refer-ence no.) အဖြစ် ခေါ်ယူသုံးစွဲရန် ဖြစ်ပါသည်။ အကယ်၍ ဇယားတွင် ပါဝင်ခြင်းမရှိသော မြို့တစ်မြို့အတွက် သီးခြားရှာဖွေ ထည့်သွင်းအသုံးပြု လိုပါလျှင် ရိုး 44 ၌ တည်နေရာ ရည်ညွှန်းအမှတ် 0 (သုည) အဖြစ် ထည့်သွင်းပြီး ခေါ်ယူ အသုံးပြုရန်ဖြစ်ပါ သည်။ အဆိုပါ သီးခြားရှာဖွေ ရရှိထားသော တန်ဖိုးသည် နောင်တွင်ပြန်လည်သုံးစွဲရန် မှတ်သားထားလိုလျှင် ၁၆၅-၁၈၀ တွင် မှတ်သားထားနိုင်ပါသည်။ အဆိုပါတန်ဖိုးတို့သည် မူလစီစဉ်ထားသော ရည်ညွှန်းဇယား၌ ပါဝင်ခြင်း မရှိသဖြင့် အမှတ်စဉ်ပေး၍ ခေါ်ယူသုံးစွဲနိုင်ခြင်း မရှိပါ။ သို့ရာတွင် လိုအပ်သည့်အခါတွင် ရိုး 44 သို့ ကူးယူသုံးစွဲနိုင်ပါသည်။

တည်နေရာ ရည်ညွှန်းမှတ် တစ်ခုကို ရွေးချယ်လိုက် သောအခါ E15 တွင် အချိန်ပိုင်းဇုံကို ဖြည့်သွင်းမည်ဖြစ်၍ AR12 ၌ လတ္တီ တွဒ် ၏ ဒဿမတန်ဖိုးကို လည်းကောင်း AR17 တွင် လောင်ဂျီတွဒ်၏ ဒဿမတန်ဖိုးအား လည်းကောင်း အသီးသီး ဖြည့်သွင်း တွက်ချက်မည် ဖြစ်ပါသည်။



ဇာတာဖွဲ့ယူသော အဆင့်များတွင် ဤတည်နေရာ အချက်အလက်သည် မည်သည့်အဆင့်၌ လိုအပ်၍ မည်ကဲ့သို့ အရေးပါ အရာရောက်သည်ကို ဆင်လက်တင်ပြ သွားပါမည်။


Telegram userID: AWKyaw                                                                                    SMS: 09 459 824 750
17-4-2017                                                                                                                 ဆက်ရန်

No comments: