မြန်မာနက္ခတ္တဗေဒ
(၁၀)
မြန်မာဗေဒင်ဆိုင်ရာ
နေချိန်စံနစ်။ (အဆက်)
၁၁။ မဟာကာလဇာတာ ဂြိုဟ်ခွင်ချခြင်း။
အင်္ဂဝိဇ္ဇာပညာ ဖြင့်ဟောပြောရာ၌ ဆပွတ်တိုင်ထူ ဟောပြောခြင်းသည် အလွန်တွင်ကျယ်စွာ အသုံးပြုကြသော
နည်းစံနစ်ဖြစ်သည်။သို့ရာတွင် ဋီကာကြီး ပထမတွဲ စာမျက်နှာ ၆၄-၁၂၅ ၌ဖေါ်ပြထားသော
မဟာကာလကြီး ဇာတာခွင် ချ၍ဟောပြောသော စံနစ်သည်ရှေးမြန်မာ့ရိုးရာ နက္ခတ်ဗေဒင် ဟောနည်းစံနစ်ပေါ် အခြေခံလျှက် ရာသီ၊ ဂြိုဟ်၊ ဘာဝ၊
ဂြိုဟ်ရပ်၊ ဂြိုဟ်ပူးဂြိုဟ်ယှဉ် သဘောတရား တို့ကို တွင်ကျယ်စွာ အသုံးပြု၍ ပရိယာယ် ကြွယ်ဝစွာဖြင်
့လျင်မြန်တိကျသည့် ဟောချက်များ ထုတ်ပေးနိုင်စွမ်း သောနည်းဖြစ်ပါ သည်။ ဂြိုဟ်ခွင်ချရန်
ဆပွတ်ရိုက် လင်္ကာဖြင့် ကျရောက်ဆဲ အခါအရ ရေတွက်လျှက် ၁နွေ၊ ၂လာ၊ အဂါ၊ စသည့်ဂြိုဟ် ၈-လုံးကို ၁၂- ရာသီခွင်၌ ချသွားခြင်း ဖြစ်သည်။
ဥပမာ ၁နွေအခါတွင် ဆပွတ်လင်္ကာကို သူရဇ္ဇ=၁၊ သောကြ=၆၊ ဗုဒ္ဓ=၄၊ စနြေ္ဓာ=၂၊ သောရီ=၀၊ ဂုရု= ၅၊ ဘောမ=၃၊ သူရဇ္ဇ=၁ ဟူ၍ ၁-တန့်၊ ၆-တန့်၊ ၄-တန့်၊ ၂-တန့်၊ (အတန့်မရှိ)
၁-တန့်၊ ၅-တန့်၊ ၃-တန့်၊ ၁-တန့် ဟု ရေတွက်ပြီး ၁နွေ၊ ၂လာ၊ ၃ဂါ၊ ၄ဟူး၊ ၅တေး၊
၆ကြာ၊ စနေ၊ ရာဟု စသည့် ဂြိုဟ် ၈-လုံးကို ရာသီစက် အတွင်းထည့်သွင်း
သွားရန်ဖြစ်သည်။ ယေ ဘုယျအားဖြင့် ရာသီစက်၏ စဦးရာသီ မိဿ၌ ကောဇာတနင်္ဂနွေ ရပ်တည်သည်ဟု
ယူဆလျှက် ကြယ်ပွင့်ပြထားသော ပြိဿရာသီ မှ စတင်ထောက်ယူချ သွားရန်ဖြစ်သည်။ အင်္ဂဝိဇ္ဇာ အခါ
၈-ပါးအတွက် ၁၂-ရာသီစက်ရှိ ဂြိုဟ် တို့၏
အနေအထားကို Fig. Astro-Time-29 တွင်
ပြထားပါ သည်။
တနည်းအားဖြင့် ကောဇာ တနင်္ဂနွေဂြိုဟ် မိဿရာသီတွင် ရပ်တည်ခိုက် တန်ခူးလ၌ ဖေါ်ပြပါ ဂြိုဟ်ခွင်
၇-ခွင်ကို နေ့တနေ့၏ ဟော ပြောလိုသည့် အခါအလိုက် အသုံးပြု ဆန်းစစ်ရန်
ဖြစ်သည်။ ဤတွင် ဂြိုဟ်ခွင်များကိုသာ ဖေါ်ပြထားခြင်း ဖြစ်၍ ပြည့်စုံသော ဇာတာ တစ်စောင်ဖြစ်ရန်
ရှေ့တွင်ဆက်လက် ဖေါ်ပြမည့် နေထွက်၊ မွန်းတည့်၊ နေဝင်၊ သန်းခေါင် စသည်ဖြင့် အခါ၏ အချိန်အခါ
အနေအ ထားအလိုက် လဂ်တပ်ပေးရန် ဖြစ်ပါသည်။ ဆပွတ်ရိုက်လင်္ကာ ဖြင့်အတန့်ထောက်လျှက် ဂြိုဟ်ခွင်ချခဲ့သည့်
အတွက် လက်ဆန်း ဗေဒင် သဘောဟူ၍ ယူဆဖွယ်ရာ ဖြစ်သော်လည်း လဂ်တပ်သော နည်းစံနစ်မှာ လဂ်ရိုးတွက်ဖြင့်
ရလာသည့် မျက်မြင်နေ/လဂ် တို့၏ နှိုင်းရအနေအထား ဖြင့်ကိုက်ညီမှု
ရှိနေ ကြောင်း တွေ့လာမည်
ဖြစ်သည်။
ဋီကာကြီး စာမျက်နှာ-၇၂ တွင် ဖေါ်ပြ ထားသည်မှာ
ယင်းသို့ပြအပ်ပြီးသော ဆယ့်နှစ်ရာသီစက် တို့၌ အခါယူပုံတို့သည် ကောင်း
ကင်အမြင် တနင်္ဂနွေကို မမှတ်မှု၍ ပရံပရဝါဒ ဖြစ်သော အခါကိုသာ ပြခြင်း ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ကောင်းကင် တန င်္ဂနွေကို မမှတ်ဘဲ .
. . . . ဝိဇ္ဇာအပြားတို့သည် မပြီးစီးနိုင်ရာ။ ထို့ကြောင့် သာမန်ဖြစ်သော
အခါဟု မှတ်ရမည်။ ထိုသာမန်အခါ နှင့် လည်း ခရီးရောက် မရောက်၊ ဥစ္စာပျောက်၊ အနာအဖျား၊ ဆေးဝါးဆေးဆက်ခြင်း
စသည်တို့မှာ ပြီးစီးနိုင်လောက်၏။ ဥပမာ ပန်းကို ထုပ်သော ဖက်၏ရနံ့သို့မှတ်။ ဆက်လက်၍
(၆၆) ကောင်းကင်အမြင် တနင်္ဂနွေကို မှတ်၍ပြသော မဟာကာလအဖွင့်
တွင် ပိုမိုစင် ကြယ်သော ဂြိုဟ်ခွင်ချနည်းအား ဖေါ်ပြထားသည်။ ကောင်းကင်အမြင်ဖြစ်သာ တနင်္ဂနွေရာသီကို
မှတ်၍အခါကို ပိုင်းခြားလျက် ဂြိုဟ်ရာသီ ချရသည်မှာ တနင်္ဂနွေသည် မိဿ၌နေအံ့ ဗြိဿကစ၍ ရာသီစက်ကိုချ၊
ဗြိဿ၌နေမူ မေထုန်ကစ၍ ရာသီစက်ကိုချ၊ စသည်ဖြင့် ကောဇာတနင်္ဂနွေ ရောက်ဆဲရာသီ၏ ရှေ့ တခွင်မှစ၍
ချရန်ညွှန်ကြားထားသည်။
ဖေါ်ပြပါ နည်းစံနစ်အရ ကောဇာ တနင်္ဂနွေဂြိုဟ် ဗြိဿရာသီတွင် ရပ်တည်ခိုက်
မဟာကာလဂြိုဟ်နေများကို Fig. AstroTime-30 တွင် ဖေါ်ပြထားပါသည်။ အလားတူ ကောဇာတနင်္ဂနွေဂြိုဟ်
ရာသီပြောင်းတိုင်း ပြောင်းတိုင်း ထိုရာသီ၏ ရှေ့တစ်ခွင်မှ စ၍ချသွားရန် ဖြစ်ပါသည်။ ဤတွင်
ဆယ့်နှစ်ရာသီ၌ ဂြိုဟ်ရှစ်လုံးကို နေရာချ ဟောပြောခြင်းကြောင့် ကိုးဆယ့်ခြောက်ပါးသော
အခါတို့ဖြစ်ကုန်၏ ဟုဆိုသည်။ ထိုအခါတို့ဖြင့် ကိုးဆယ့်ခြောက်ပါးသော အန္တရာယ်ဘေးရန် တို့ကို
ကင်းငြိမ်းပပျောက်စေ၍ အာရောဂျလာဘ ဖြစ် သောလာဘ်ကြီးကို ရှေးဦးစွာယူလျက်
ထိုဤများလှ ဝိဇ္ဇာမယ အတတ်မျိုးတို့ကို ကြိုးစား၍ ကြံနိုင်ကုန်ရာသည်၊ ဟုဆိုထားသည်။
ဟောပြောမှု ဆိုင်ရာရှုထောင့်မှ ကြည့်လျှင် ဤကိုးဆယ့်ခြောက်ပါး သောဂြိုဟ်ခွင်တွင်
ရှေ့၌ဆွေးနွေးမည့် လဂ်ဆယ့်နှစ်ပါးဖြင့် တွဲ ဖက်သောအခါ၌ ဇာတာခွင်ပေါင်း များစွာ ဖြစ်ပေါ်လာကြောင်း
တွေ့ရမည်ဖြစ်သည်။ အဆိုပါ ကာလဇာတာခွင်တို့ သည်ကောဇာ တနင်္ဂနွေကိုမူတည် ချယူ လဂ်တပ်ထားခြင်းကြောင့်
ဥစ်၊ ကသစ်၊ နိစ် ရန်၊ တို့ဖြင့် မှန်ကန်စွာဆန်းစစ် ဟောပြောနိုင်မည်ဖြစ်သည်။
No comments:
Post a Comment