Monday, April 23, 2018

72. Astrology on the sphere (21)


စက်လုံးပေါ်မှာ ဗေဒင်တွက်မလား (၂၁)
                         
၂၆။ နက္ခတ်-နယ် (Range) မွန်းတည့်ချိန်။


နက္ခတ် မွန်တည့်ချိန် တွက်နည်းတွင် ပဓာနကြယ်များ မွန်းတည့်သည့် သဘာဝနှင့် အတိုင်းအတာတို့ကို ပြပြီးသည့်နောက် ပိုမို ပြည့်စုံစေခြင်းအတွက် အညီအမျှပိုင်းခြားထားသော နက္ခတ်နယ်များ မွန်းတည့်ပုံကို ဆက်လက်တင်ပြ ပါမည်။ သမရိုးကျအားဖြင့် နက္ခတ်များကို 13d20’ စီအကျယ်ရှိသော နယ်ပယ်များအဖြစ် ပိုင်းခြားလေ့ရှိသည်။ နိရာယနရာသီစက် အစ 0d01’ သည် အဿ ဝဏီ နက္ခတ်၏ အစ တနည်းအားဖြင့် 360d00’ သည် ရေဝတီ နက္ခတ်၏ အဆုံးဟု ဆိုနိုင်သည်။ နက္ခတ် ၁-လုံးလျှင် 13d20’ စီရာ သီစက်တလျှောက် ရေတွက်တိုင်းတာ သွားခြင်းဖြစ်သည်။ နက္ခတ်မွန်းတည့်ချိန် သည်က မ္ဘာလည်ပတ်ခြင်းနှင့် ဆက်စပ်ခြင်းရှိ၍ အီကွေတာ တလျှောက် အတိုင်းအတာများ ဖြစ်သော RA နှင့် LST စသည်တို့ အားဖြင့် ပြောင်းလဲတွက်ချက်ယူရမည် ဖြစ်သည်။ 


နိရာယန လောင်ဂျီတွဒ်ကို အယန (Precession) ပေါင်းခြင်းဖြင့် မဟာဝိသုဝမှ တိုင်းတာသည့် သာယန လောင်ဂျီတွဒ် (Lambda) တန်ဖိုးကို ရရှိသည်။ ထိုမှ နေသွားလမ်း၏ တိမ်းထောင့် (Omega) ကို အသုံးပြု၍ အီကွေတာပေါ်ရှိ တက်ထောင့်မှန် (RA) တွက်ယူ ပုံအား Fig. Sphere-133 ၌ ပြထားသည်။  Fig. Sphere-134 တွင် အဿဝဏီ အဆုံး ဘရဏီ အစမှတ် မွန်းတည့်ပုံ ကိုလည်း ကောင်း Fig. Sphere-135  ၌ ဘရဏီ အဆုံး ကတ္တိကာ အစမှတ် မွန်းတည့်ပုံကို လည်းကောင်း အသီးသီး ပြထားသည်။ ဘရဏီ အစမှတ် RA အား နေပီယာ၏ ထောင်မှန်တြိဂံ တွက်ယူပုံနည်း  အားဖြင့် ဖြေရှင်းပုံ အသေးစိတ်ကို Fig. Sphere-136 ၌ ပြထား သည်။ RA ကို LST ဖြင့် ညီမျှခြင်း ချ၍ လိုသောအမှတ်၏ မွန်းတည့် ချိန်အား  လွယ်ကူစွာ တွက်ယူနိုင်မည် ဖြစ်ပါသည်။


Fig. Sphere-137 တွင် Nakhat Transit v-1 Range.xlsx ဖိုင်မှ ဓနသိဒ္ဓ နက္ခတ်၏ နယ်ဖြစ်သော 9s23d20’ မှ 10s06d40’  အထိ မွန်း တည့်ချိန်များကို ဖေါ်ပြထားပါသည်။ နက္ခတ် နယ်အစမှ အဆုံး မွန်းတည့်မျဉ်းအား ဖြတ်သန်းရန် ကြာမည့်အချိန် (မိနစ်) ကိုလည်း  တွက်ပြထားသည်။
 



Messenger: Aye Win Kyaw                                                    SMS: 09 459 824 750
23-4-2018                                                                                 
ဆက်ရန်






No comments: