မြန်မာနက္ခတ္တဗေဒ
(၉)
၉။ အင်္ဂဝိဇ္ဇာ
အခါတိုင်ထူခြင်း။
မြန်မာ့ဗေဒင်စစ် ဖြစ်သော အင်္ဂဝိဇ္ဇာပညာသည် နက္ခတ်ဗေဒင်၊ လက္ခဏာ ပညာတို့ဖြင့် ကောင်းကျိုးဆိုးပြစ်များ
ကိုဝေဖန်ဟောဆို ပြီးနောက် ကောင်းကျိုးများ ခိုင်မြဲတိုးတက်စေရးနှင့် ဆိုးပြစ်တို့ လျော့ပါးသက်သာစေရေး
အတွက် ယတြာပေးရန် မရှိမဖြစ် သုံးစွဲ ရန် လိုအပ်သည့် ပညာတရပ်ဖြစ်သည်။ ပြီးပြည့်စုံသော
ဓာတ်ယတြာ ကိုဆင်ရန်နှင့် ၇-ရက်သားသမီးတို့
ဆောင်ရန်ရှောင်ရန် လို အပ်ချက်များကို ဤပညာက ဖြည့်စွမ်းပေး နိုင်ပါသည်။ ဂြိုဟ်တစ်လုံးမှ
နောက်တစ်လုံးသို့ ၆-လုံးမြောက် စီစဉ်ထားသော ဆပွတ်လင်္ကာဖြင့် ဆပွတ်ရိုက် အခါတိုင်ထူပုံကို Fig. AstroTime-25 တွင် ပြထားသည်။ ဟောပြောမှုများ
လုပ်ဆောင်ရာ၌ ပုံ၏လင်္ကျာဖက် တွင် ပြထားသော ဆပွတ်၉-ခိုင်
ခေါ် နဝလဂ် အိမ်ဖြင့် မေးလာသူ၏ တည်နေရာ ဗဟိုပြုလျှက် ဟောပြောခြင်း ယတြာပေးခြင်း များ
ကို ပြုလုပ်လေ့ရှိကြသည်။
ဆပွတ်တိုင်သည် ဓာတ်ယတြာ ဆောင်ရာ၌ လွန်စွာအရေးပါ သောကြောင့် Fig. AstroTime-26 တွင်ပြ ထားသကဲ့သို့ အောင်လံထူ စစ်သူကြီးပွဲ လင်္ကာဖြင့်လည်း ရေးမချပဲ
စိတ်ထဲတွင် လျှင်မြန်စွာ တိုင်ထူ၍ ဟောပြောမှုကို လုပ်ဆောင်သူများလည်း ရှိပါသည်။ ဤ နည်းဖြင့်
အခါတိုင်တစ်ခု၏ အထက်ဂြိုဟ်၊ အောက်ဂြိုဟ် တို့ကို စိတ်ထဲ၌ မြန်ဆန်စွာ မှတ်ယူသုံးစွဲနိုင်
ကြသည်။
၁၀။ နေ့အခါ ၈-ပါးနှင့် ညဥ့်အခါ ၈-ပါး တို့ခွဲဝေခြင်း၊
ဋီကာကြီးတွင် Fig. AstroTime-27 ၏ ယာဖက်တွင် ပြထားသည့် အတိုင်း
နေ့အခါ ၈-ပါးကိုသာ အသေးစိတ်ဖေါ်ပြ ထားသည်။ အောက်ခြေတွင် ညဥ့်၌လည်း ၄င်းအတူသိလင့်
ဟုဆိုထားသည်။ ထို့ကြောင့် အဆိုပါ အခါစဉ်ကို နေဝင်မှ နောက်တနေ့ နေထွက် အထိ ရေတွက်ခြင်းသည်
ကျမ်းရင်း၏အယူအဆ ဟုမှတ်ယူ၍ ဤပို့စ်တွင် အသုံးပြုထားပါသည်။ နေ့အခါ ၈-ပါးယူပုံသည် ဝိဝါဒကွဲ ပြားမှုမရှိသော်လည်း ညဥ့်အခါ ၈-ပါးတို့၏ အစီအစဉ် ယူဆပုံမှာ
ကိုးကားထားသည့် စာအုပ်အချို့တွင် ဖေါ်ပြခြင်း မရှိပဲ အချို့၌ ၀ါ ဒကွဲများကို တွေ့ရှိရပါသည်။
ထို့အပြင် အထက်တွင် ဖေါ်ပြထား သကဲ့သို့ အခါများကို မျက်မြင်နေနာရီ အားဖြင့် ပိုင်းခြားလေ့ရှိပြီး
လက်တွေ့မှတ်သား သုံးစွဲရာ၌ အရပ်သုံး/ရုံးသုံး စံတော်ချိန် အားဖြင့်
ရေတွက်ခြင်းက ပို၍အဆင်ပြေကြောင်း တွေ့နိုင်ပါသည်။ ဤ တွင် အင်္ဂဝိဇ္ဇာ၌ နေထွက်မှနေဝင် နှင့်
နေဝင်မှနောက်နေထွက် အထိ ၁-ရက်ဟု သတ်မှတ်ခြင်းကြောင့် ပုံတွင်ပြထား
သကဲ့သို့အရပ် သုံး စံတော်ချိန်/နေ့ဖြင့် တစ်ထပ်တည်း မကျကြောင်း
တွေ့နိုင်ပါသည်။ အဆိုပါ သုံးစွဲမှု ကွာဟချက်ကို ပရိုဂရမ် တစ်ခုရေးသား၍ ကျိုးစားကိုင်တွယ်
ဖြေရှင်းထားပါသည်။
အင်္ဂဝိဇ္ဇာ အခါခွဲဝေမှု များကို အထက်ဖေါ်ပြပါ အတိုင်း အစီအစဉ်ချ
ကြည့်လျှင် Fig. AstroTime-28
တွင် ပြထားသကဲ့သို့ တစ်ပတ် အတွင်းရှိရက်တို့ အတွက် အင်္ဂဝိဇ္ဇာ
နေ့ကူးပြောင်းချိန်၌ အခါများလည်း အစဉ်လိုက် ကူးပြောင်းသည် ကိုတွေ့နိုင်သည်။ ဥပမာ တ
နင်္ဂနွေနေ့၏ နောက်ဆုံးအခါမှာ ၁နွေဖြစ်၍ တနင်္လာနေ့၏ ပထမဆုံးအခါမှာ ၂လာဖြစ်သည်။ နေ့နှစ်မျိုးတွင်
အရပ်သုံးနေ့သည် အင်္ဂဝိဇ္ဇာနေ့ မစမီ ယခင်နေ့ နောက်ဆုံးအခါ ၄-ခုဖြင့် စတင်သည်။ ထို့ကြောင့် အင်္ဂဝိဇ္ဇာနေ့၏ နေ့ ၈-ခါနှင့် ညဥ့် ၄-ခါ အပြီးတွင် အရပ်သုံးနေ့ အဆုံးသပ်သည်။
အခါများပိုင်းခြား သုံးစွဲရာတွင် အရပ်သုံးနေ့/ရက်စွဲ စံတော်ချိန်
တို့အားဖြင့် တွက်ချက်ဖေါ်ပြခြင်း ကများစွာ အဆင်ပြေမှုကို ဖြစ်စေသည်။ သို့ရာတွင် အခါများပိုင်းခြား
ခွဲဝေခြင်း သတ်မှတ်ရေတွက်ခြင်း စသည်တို့ကို မျက်မြင်နေ သွားဆိုင်ရာ တွက်ချက်မှုများ
အပေါ်အခြေပြု လုပ်ဆောင်ရန် လိုပါသည်။
အခါများ သတ်မှတ်ရာတွင် ဖေါ်ပြပါ အရပ်သုံး နေ့၏အစ၊ အင်္ဂဝိဇ္ဇာ နေ့၏အဆုံး
၎-ခါ ယူဆပုံမှာ ကိုးကားကျမ်း အချို့၌ ပြထား သည့်
အခါတို့နှင့် ကွာခြားကောင်း ကွာခြားနေမည် ဖြစ်သည်။ သို့ရာတွင် အဆိုပါ ၄-ခါသည် သန်းခေါင်မှ နေထွက်အတွင်း ကျရောက်လျှက် ရှိခြင်းကြောင့် ဟောပြောခြင်း ဆိုင်ရာကိစ္စ ရပ်များအတွက်
ထိခိုက်အငြင်းပွား ဖွယ်ရာမရှိနိုင်ဟု ယူဆပါသည်။
ကိုးကားသော စာအုပ်များ။
၁။ ဗေဒင်ဟောပုံ နည်းမျိုးစုံ-ဗေဒင်ပညာရှိ မြိတ်ဦးဘိုးထိန်၊ ပညာအလင်းပြ၊ 1964
၂။ ကာလကြီးဋီကာ-စာအုပ်ရှင် မောင်သောင်း၊ ပညာအလင်းပြ၊ 1958
၃၊ အာထပ္ပန မဟာကာလ ဟောနည်းကျမ်း-ဆရာဦးကြည်၊ တို့ညီနောင်စာပေ၊ 1981
1 comment:
ဆရာ သတိမိပါတယ်ဆရာ။ ကောင်းရာသုဂတိ ရောပါစေ
Post a Comment