Tuesday, October 31, 2017

59. Horoscope, a Sky Map 15



ကောင်းကင်အမြင် ဇာတာခွင် ၁၅

၂၄။  စတယ်လာရီယံတွင် အဒိသျှစက်သို့ကြည့်ခြင်း။


ဝင်ရိုးစွန်းရှိရာ N  မြောက်အရပ်သို့ ဦးခေါင်းပြု လဲလျှောင်း၍ မော့ကြည်သော ဒိသျှစက်၏ ခွင်လုံးပြည့် မြင်ကွင်းကို Fig. Sky-50 တွင် ပြထားခဲ့ရာ၌ E သည်ဝဲဖက် W  သည်ယာဖက် S သည်အောက်ခြေရင်း၌ အသီးသီး တည်ရှိကြောင်း တွေ့ခဲ့ကြသည်။ ကောင်းကင် စက်လုံးတစ်ခု၏ အတွင်းမှ အပြင်သို့ ကြည့်ရှုလျှင် တွေ့ရမည့် မြင်ကွင်းပင် ဖြစ်သည်။ အကယ်၍ စက်လုံး၏ အပြင်မှ အတွင်း သို့ ငုံ့၍ ကြည့်ခဲ့လျှင် W  သည်ဝဲဖက် E  သည်ယာဖက် သို့အသီးသီး ပြောင်းလဲတည်ရှိကြောင်း တွေ့ရမည်။ အချို့သော နက္ခတ် တာရာကြည့် ထောက်ကူပြု ဆော့ဖ်ဝဲများ၌ အဆိုပါ ပုံစံနှစ်မျိုး စလုံးသို့ ပြောင်းလဲကြည့်ရှု နိုင်ကြောင်း တွေ့လာမည် ဖြစ်သည်။ သို့ ရာတွင် စတယ်လာရီယံတွင် စက်လုံး၏ အတွင်းမှ အပြင်သို့ ကြည်လျှင်တွေ့ ရမည့်မြင်ကွင်းကိုသာ အမြဲပြသသည်။



အဒိသျှစက်သို့ ကြည့်လိုလျှင် ငုံ့ကြည့်ရမည် ဖြစ်ခြင်းကြောင့် မြောက်အရပ်သို့ ဦးခေါင်းပြု၍ W   သည်ဝဲဖက် E  သည်ယာဖက် သို့  ရောက်ရှိစေရန် E အမှတ်ကို ကလစ်လုပ်လျှက် စက္ကရင် အောက်ခြေမှ အထက်စွန်းသို့ ဒရက်ဂ်လုပ် တွန်းပို့သည်။ ထိုအခါ W   အ မှတ်သည် Fig. Sky-55 တွင် ပြထားသကဲ့သို့ စက္ကရင် အောက်ခြေသို့ ရောက်သွားမည် ဖြစ်သည်။ သို့ရာတွင် အောက်ခြေမြင်ကွင်း ကို ကမ္ဘာ့မြေပြင်က ကာဆီးထားသည့် အတွက် G ကိုနှိပ်၍ ဖယ်ရှားလျှင် Fig. Sky-56 တွင် ပြထား သည့်အတိုင်း နေ၊ လ၊ ကြယ်န က္ခတ် များကိုတွေ့မြင် လာမည်ဖြစ်သည်။ အနောက်သို့ ဝင်ပြီးခါစ နေ၊ ကောင်းကင်တောင် ဝင်ရိုးစွန်းနှင့် အရှေ့မှထွက် ပေါ်တော့ မည့် မဟာဝိသုဝ အမှတ်တို့ကို လည်းမြင်နိုင် လာပြီဖြစ်သည်။   




ကောင်းကင်ဝတ္တု၏ အဇ္ဇမတ်-မြင့်ထောင့် ဖြင့်တိုင်းခြင်း။

ယ္ခင်ဖွင့်ထားသော အီကွေတာ ဂရစ်ကွက် ပိတ်ရန် E နှိပ်ပြီး မိုးကုတ်စက်ဝိုင်း ဂရစ်ကွက် ဖွင့်ရန် Z နှိပ်ပါ။ ထိပ်တည့်မှတ် Z မှဖြာ ဆင်သော မတ်ရပ်စက်ဝိုင်း ဂရစ်ကွက်များ ပေါ်လာမည်။ Fig. Sky-57 တွင် အချက်အလက် ကြည့်ရန်ကလစ်လုပ် ထားသော ဇေဋ္ဌ နက္ခတ်သို့ အဇ္ဇမတ်နှင့် မြင့်ထောင့်တို့ မည်ကဲ့သို့ တိုင်းယူနိုင်သည်ကို ပြထားသည့် ပုံ၌တွေ့နိုင် ပါသည်။



  နောက်ခံရာသီရုပ် များဖွင့်၍ ကောင်းကင်သို့ကြည့်ခြင်း။

ရှေးနက္ခတ် ပညာရှင်တို့ သတ်မှတ်ထားခဲ့သော ရာသီရုပ်များ Constellation Arts ကိုဖွင့်ရန် R ကိုနှိပ်ပါ။ အနောက်တိုင်း ကောင်း ကင်အမြင် ကြည့်သူတိုင်း အတွက် ဒဏ္ဍာရီ ပုံပြင်များနှင့် တွဲလျှက် မှတ်သားကြည့်ရှု လေ့ရှိသည့် နောက်ခံအရုပ်များ Fig. Sky-58တွင် ပြထားသည့် အတိုင်းပေါ်လာမည် ဖြစ်သည်။ အဆိုပါ ကြယ်နက္ခတ်တို့ ဖြင့်ဖွဲ့စည်းထားသော အရုပ်များကဲ့သို့ မိမိတို့မြန်မာ့  နက္ခတ်တာရာရုပ်များ ရေးဆွဲလျှက် စိတ်ကြိုက်ပြောင်းလဲ ပြသရန် အတွက်လုံးပမ်းသူ ရှိခဲ့လျှင် ဖြစ်နိုင်ဖွယ်ရာ ရှိပါသည်။   



Telegram userID: AWKyaw                                                    SMS: 09 459 824 750
31-10-2017                                                                                                    
ဆက်ရန်