Monday, October 30, 2017

58. Horoscope, a Sky Map 14



ကောင်းကင်အမြင် ဇာတာခွင် ၁

 ၁၃၇၉ ခုနှစ်အတွက် ဆေးပေါင်းခချိန်။

မိမိတို့၏နက္ခတ်ဆရာတော် အရှင်သုဒဿန သည်နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလပြည့်နေ့ ဆေးပေါင်းခ ချိန်သို့  ရောက်လျှင် နက္ခတ်ဝါသနာရှင်များ စုဝေးလျှက် မယ်ဇလီဖူး၊ မယ်ဇလီညွန့် ခူးဆွတ်ပြီး တစ်နှစ်ပတ် လည်လုံးကျန်းမာရေး  ကောင်းကြစေရန် သုတ်စားပွဲကို မပျက်မကွက် ဦးဆောင်ကျင်းပလေ့ ရှိပါသည်။ အာ စရိယ ဝါဒအရ ကြိုတင်၍ ခူးဆွတ်ထားခြင်း မပြုရသည့်ပြင်တိ   ထီပြည့်သော စန်းနှင့်ကြတ္တိကာနက္ခတ်တို့ ယှဉ်သည့်အချိန် နီးကပ်လာသည့် အခါမှသာ မယ်ဇလီပင်ကို ရှာ၍ခူးဆွတ်ခြင်း ကိုဆောင်ရွက် ကြ ရလေ့ရှိ 
ပါ သည်။ မယ်ဇလီဖူး၊ မယ်ဇလီရွက်နု တို့ကိုအများနည်းတူ သုတ်စားသည့် အပြင်ပို၍အစွမ်းထက်စေရန် အစိမ်းအနည်းငယ်စီ စတိအဖြစ် စားကြရသည်။ ဆေးပေါင်းခပွဲ စုဝေးချိန်၌အစွမ်း ထက်မြက်သောဆေး နည်းများဖလှယ်ခြင်း၊ စုဆောင်းထားသည် ဆေး မြစ်များ အပြန်အလှန်လက်ဆောင်ပေးခြင်း၊ ဆေးမြစ်များ သွေးယူသုံးစွဲခြင်း၊ စသည့်ဆေးဖက်ဆိုင်ရာ ကိစ္စရပ်များ  ဆောင်ရွက်ကြသည်။ ဆေးပေါင်းခချိန်ကို တန်ဆောင်မုန်လပြည့်နေ့ တိထီ ၃၀-ပြည့်၍ တိထီပြိုချိန်တွင် ကြတ္တိကာဖျောက်ဆိပ် ကြယ်နက္ခတ်ဖြင့် ယှဉ်သော အချိန်ကိုယူသည်။  ယ္ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့၌ တိထီပြည့် (Phase=0.99) ရှိ စန်းသည် Fig. Sky-53-54 တွင်ပြထားသည့် အတိုင်း ည၇-နာရီ၊ ၃၀-မိနစ် ဝန်းကျင်တွင် ကြတ္တိကာနှင့် ယှဉ်လျှက် အရှေ့အရပ်မှ နက္ခတ် တာရာပေါင်းစုံ ခြံရံလျှက် ထွန်းလင်းတောက်ပ စွာဖြင့်ဆေးပေါင်းခချိန်အဖြစ် ထွက်ပေါ် နေမည်ဖြစ်ပါသည်။




Telegram userID: AWKyaw                                             SMS: 09 459 824 750
30-10-2017                                                                                               ဆက်ရန်
 



No comments: