Sunday, October 15, 2017

56. Horoscope, a Sky Map 12



ကောင်းကင်အမြင် ဇာတာခွင် ၁၂

သရဝဏ် (Sravana-စိုင်ပစ်မျှား) ကို လက်ဝဲ-အထက် နှင့် အဘိဇိ (Abhijit-စိုင်) အား အရှေ့ဖက် တက်ဆဲတွင် တွေ့  မြင်ရာ မှ လက်ယာ-အထက်ဖက်သို့ ကြည့်သောအခါ ဗြိ စ္ဆာရာသီ-ကြယ်နဂါး နှင့်အတူ လ၊ စနေဂြိုဟ် တို့ကိုပါ တွေ့ရ  မည် ဖြစ်သည်။ စတယ်လာရီယံတွင် မိမိစိတ်ဝင်စားသော ကောင်းကင်ဝတ္တု တခုခုကို ကလစ်လုပ်ကြည့်လျှင်  ထိုဝတ္တု နှင့်စပ်လျဉ်းသည့် အချက် အလက်များအားလက်ဝဲ-အထက်ထောင့်၌ ဖေါ်ပြမည် ဖြစ်လျှက် ဖျောက်လိုသော် မောက်စ်  ၏ယာခလုပ်အား နှိပ်ခြင်းအား ဖြင့်
ဖျောက်နိုင်သည်။

၂၁။ နက္ခတ္တဗေဒ ဆိုင်ရာအချက်အလက်များ ခေါ်ကြည့်ခြင်း။

ဆယ့်ငါးလုံးရ၊ နုရာဓ၊ နဂါ့လည်ဆစ်လို။ ငါးလုံးမှန်လှ၊ ကြယ်ဇေဋ္ဌ၊ နဂါ့ချက်ခေါ်ဆို။ လေးလုံးမှန်လှ၊ ကြယ်မူလ၊ နဂါ့မြီး ဖျားဆို။ ဟုရှေးစာဆို ရှိသည့် ကြယ်နဂါး၏ အနုရာဓ နက္ခတ်တွင် ပါဝင်သည့် အလွန်လင်းသော Antares ကြယ်ကို က လစ်လုပ်ပါက Fig. Sky-41 တွင်ပြထားသကဲ့သို့ အဆိုပါကြယ်နှင့် စပ်လျဉ်းသည့် အချက်အလက်တို့အား မြင်တွေ့နိုင်မည်ဖြစ်သည်။ အရေးကြီး
သော အချက်အလက် အချို့မှာ

Magnitude                      ကြယ်၏အလင်းအား
RA/DE                             တက်ထောင့်မှန်-ကြန္တီ
G. longitude/latitude    ဂယ်လက်တစ် လတ္တီတွဒ်-လောင်ဂျီတွဒ်
Hour angle/DE              ကြယ်နာရီထောင့်-ကြန္တီ
Az/Alt                              အဇ္ဇမတ်-မြင့်ထောင့်

တို့ဖြစ်ကြသည်။ တက်ထောင့်မှန်သည် အီကွေတာတလျှောက် ဝိသုဝမှအကွာအဝေး၊ ကြန္တီမှာ အီကွေတာ၏ တောင်/မြောက် အ  ကွာအဝေး တို့ဖြစ်သည်။ ဤတွင် ကြယ်နာရီထောင့် တန်ဖိုး 22h59m44s သည် အဆိုပါကြယ်၏ ဒေသမွန်းတည့်စက်ဝိုင်းကို ဖြတ် ကျော်ပြီးကြာမြင့်သည့်ကာလဖြစ်ရာ တနည်းအားဖြင့် နောက်တကြိမ် မွန်းတည့်ရန် 01h00m16s သာလိုတော့ကြောင်းကို လွယ် ကူစွာ သိရှိနိုင်သည်။ အဇ္ဇမတ်-မြင့်ထောင့် တို့သည် ကွင်းဆင်းကြည့်ရှု ရာတွင် မိုးကုတ်စက်ဝိုင်းနှင့် မြောက်အရပ်တို့ကို ရည်ညွှန်း လျှက် ကြည်လိုသော ကြယ်အား မည်သည့်အရပ်နှင့် အမြင့်တို့တွင် ရှာဖွေတွေ့ရှိ နိုင်သည်ကို ဖေါ်ပြသည်။ 

Fig. Sky-42 တွင် လ၏ ရောက်ဆဲအခိုက်အတန့်ရှိ အချက်အလက်များနှင့်တကွ မောက်စ်ဖြင့် အကြီးချဲ့ကြည့်ရှု ရာ၌ တွေ့ရမည့်  မြင်ကွင်းဖြစ်သည်။ လ၏ တိထီအလင်းအားမှာ 76.5% ရှိခြင်းကြောင့် ကြယ် နက္ခတ် တာရာ တို့အားကြည့်ရှုရန် မသင့်လျှော်သော် လည်း လမျက်နှာပြင်ကို အသေးစိတ် လေ့လာကြည့်ရှုရန် ကောင်းမွန်သည့် အချိန်အခါဖြစ်သည်။


လ၏ အောက်အနီးတွင် ရှိသော စနေဂြိုဟ်ကို မောက်စ်ဖြင့် ချဲ့ယူကြည့်ရှုလျှင် Fig. Sky-43 ၌ပြထားသည့်အတိုင်း အရံဂြိုဟ် တို့ နှင့်တကွ မြင်နိုင်သည်။ စနေဂြိုဟ်တွင် ထူးခြားဆန်းကြယ်သော ကွင်းပြားများရှိလျှက် အရံဂြိုဟ်ပေါင်း ၆၂-ခုတွင် အမည်ပေးထား သည့်ဂြိုဟ် ၅၃-ခုရှိရာ ဤပုံတွင်  Dione, Enceladus, Reha, Tethys, Mimas နှင့် Titan -လုံးတို့ကို မြင်နိုင်သည်။ စနေဂြိုဟ်၏ ဂြိုဟ်ရံများသည် ကွင်းဆင်းကြည့်လျှင် အဆ ၃၀ ချဲ့နိုင်သည့် သီအိုဒိုလိုက် မှန်ပြောင်းဖြင့်ပင် မြင်နိုင်ခြင်း မရှိပေ။ အရံဂြိုဟ် Titan သည် ဗုဒ္ဓဟူးဂြိုဟ်ထက် ကြီးသောအရွယ်ရှိ၍ နေစင်္ကြာဝဠာ၌ ဒုတိယ အကြီးဆုံး အရံဂြိုဟ် ဖြစ်သည်။ ဂြိုဟ်ကိုယ်ထည် အရွယ်အား ဖြင့် ကြာသပတေးဂြိုဟ်သည် အကြီးမားဆုံးဟု သတ်မှတ်ကြလေ့ ရှိသော်လည်း စနေဂြိုဟ်၏ ကွင်းပြားအားလုံးဖြန့်ကျဲနယ်ပယ်ကို ထည့်သွင်းစဉ်းစားလျှင် စနေကိုသာ အကြီးဆုံး ဂြိုဟ်တစ်လုံးအဖြစ် နက္ခတ်ဗေဒင် သုတေသီအချို့မှ သတ်မှတ်ကြသည်။ ဂြိုဟ်စစ် ထိုး အနိုင်အရှုံး ဆုံးဖြတ်ရာ၌ ဂြိုဟ်တို့၏ အရွယ်ကို ယခုအခါ ထည့်သွင်းတွက်ချက် လာကြသည်။
 
လတ်တလော အရှေ့ဖက်ခြမ်း မြင်ကွင်းတွင် ကြာသပတေးဂြိုဟ်အား မြင်နိုင်ခြင်း မရှိပါ။ အနောက်ဖက်ခြမ်း သို့မဟုတ် မိုးကုတ် စက်ဝိုင်း၏အောက် မမြင်နိုင်သော အစိတ်အပိုင်းတို့၌ ရောက်ရှိနေနိုင်ဖွယ်ရာ ရှိသည်။ အလွယ်ကူဆုံး နည်းလမ်းမှာ လက်ဝဲဖက် မတ်ရပ်မီနျူးမှ Search Window ကိုခေါ်ယူခြင်း တနည်းအားဖြင့် ဖြတ်လမ်းကီး F3 ကိုနှိပ်လျှက် လိုသည့်ဂြိုဟ်၏ အမည်အား ရိုက် ထည့်ခြင်း ဖြစ်၏။ ဤတွင် Jupiter ကိုရှာရာ အနောက်ဖက်ခြမ်း ကောင်းကင်၌ တွေ့ရှိရလျှက် Fig. Sky-44 တွင်ပြထားသည့် အ ချက်အလက်အရ မွန်းတည့်စက်ဝိုင်းကို ဖြတ်ကျော်ခဲ့သည်မှာ 2h31m ကြာခဲ့ပြီဖြစ်၍ အဇ္ဇမတ် 242 ဒီဂရီနှင့် မြင့်ထောင့် 46 အသီး သီးရှိခြင်းကြောင့် အနောက်တောင်ဖက် ကောင်းကင်၏ အလယ်ခန့်၌ တည်ရှိကြောင်း သိနိုင်သည်။

နေစင်္ကြာဝဠာတွင် ဂြိုဟ်တို့၌ အရံဂြိုဟ်များ (လများ) ရှိနေကြောင်းကို ကြာသပတေးဂြိုဟ်၏ လုံးဝန်းကြီးမား၍ သိသာထင် ရှား သော Galilean moons များဖြစ်သည့် Io, Callisto, Europa နှင့် Ganymede လေးလုံးမှ အစပြု၍ တွေ့ရှိခဲ့ကြသည်။ ပုံ တွင် ဂြိုဟ်ငယ် Amalthea သည် ဂြိုဟ် Io ဖြင့်ထပ်ဆဲ အခိုက်အတန့် ဖြစ်၍ မြင်တွေ့နိုင်ခြင်း မရှိသော်လည်း  နောက်နာရီ အနည်းငယ်တွင် ခေါ်ယူကြည့်ရှုပါက သိသာသော အရွေ့ရှိခြင်းကြောင့် မြင်တွေ့လာနိုင်မည် ဖြစ်သည်။ လက်တွေ့ကွင်း ဆင်း၍ ကောင်းကင်အမြင်ကို ကြည့်ရှုသောအခါ အဆိုပါ Galilean moons လေးလုံးအား သီအိုဒိုလိုက် မှန်ပြောင်းဖြင့် လွယ် ကူစွာ တွေ့မြင်နိုင်ပြီး နာရီအနည်းငယ်အတွင်း၌ သိသာစွာ အနေအထားပြောင်းလဲ တည်ရှိကြောင်း တွေ့မြင်နိုင်ကြပါသည်။ ကြာသပတေး ဂြိုဟ်ကြီးတွင် အရံဂြိုဟ်ပေါင်း ၆၉-ခု ရှိကြောင်း မှတ်တမ်းများအရ သိရှိရပြီး Ganymede မှာ နေစင်္ကြာဝဠာရှိ အရံဂြိုဟ် အားလုံးအနက် အကြီးမားဆုံး ဖြစ်၍ ဗုဒ္ဓဟူး နှင့် စနေ၏အရံဂြိုဟ် Titan တို့ထက်ပင် ပို၍ကြီးကြောင်း အဆိုရှိ သည်။

အထက်ဖေါ်ပြပါ ဥပမာများအရ နက္ခတ်အမြင် ကွင်းဆင်းကြည့်ရှုရန် ပြင်ဆင်ရာတွင် စတယ်လာရီယံ ကိုအသုံးပြု၍ ကြည့်ရှုရန် သင့်လျှော်သောနေ့ရက်၊ အချိန်အခါအလျှောက် မြင်တွေ့သွားနိုင်မည့် ဂြိုဟ်နှင့် ကြယ်နက္ခတ်များ၏ တည်နေရာ၊ ရွေ့လျားမှု အစရှိ သည်တို့အား ကြိုတင်လေ့လာ ပြင်ဆင်ထားနိုင်ပါသည်။

References:


Telegram userID: AWKyaw                                                        SMS: 09 459 824 750
15-10-2017                                                                                                       
ဆက်ရန်



No comments: