ကောင်းကင်အမြင် ဇာတာခွင် ၁၃
၂၂။ စတယ်လာရီယံတွင် ဒိသျှစက်သို့ကြည့်ခြင်း။
ယ္ခင်ပို့စ်တွင် ရန်ကုန်မြို့၏ 2017-08-02 ညနေဆည်းဆာချိန် ရှိပကတိ ကောင်းကင်သို့ ကြည့်ရှုခဲ့ပါသည်။ ကောင်းကင်အမြင် ကြည့်ရှုရာ၌ နေ၊ လ၊ ကြယ်တာရာတို့၏ တည်နေရာ အသီးသီးကို မိုးကုတ်စက်ဝိုင်း၊ မွန်းတည့်စက်ဝိုင်း၊ အစရှိသော စက်ဝိုင်း များသို့ ရည်ညွှန်းကြည့်ရှုခြင်းသည် အလေ့အကျင့်ကောင်း တရပ်ဖြစ်သည်။ ဆော့ဖ်ဝဲတွင် ရည်ညွှန်းစက်ဝိုင်းများ ဖွင့်ရန် F4 ကိုနှိပ်ခြင်းဖြင့်
Sky viewing options ကောင်းကင်ကြည့်ဖို့
စိတ်ကြိုက်ရွေးရန် အတွက် Landscape
အောက်၌ Guereins မြက်ခင်းပြင်မှ Ocean
ပင်လယ်ပြင်သို့ ပြောင်းသည်။ Markings အောက်၌ Equator
အီကွေတာ၊ Meridian မွန်းတည့်စက်ဝိုင်း Horizon မိုးကုတ်စက်ဝိုင်း နှင့် Ecliptic နေသွားလမ်း တို့ကို Fig. Sky-45 တွင်ပြထားသည့် အတိုင်း ဖွင့်သည်။ ဤကဲ့သို့ဖွင့် လျှင် အီကွေတာကို အပြာရောင်ဖြင့် လည်းကောင်း၊ မွန်းတည့်စက်ဝိုင်းအား အစိမ်းရောင်ဖြင့် လည်းကောင်း၊ မိုးကုတ်စက်ဝိုင်းကို ပင်လယ်ရေပြင် နယ်နိမိတ်ဖြင့် လည်းကောင်း၊ နေသွားလမ်းအား အနီရောင်ဖြင့် လည်းကောင်း အသီးသီးတွေ့မြင် ရမည်ဖြစ်သည်။ ထို့ပြင်
ကောင်းကင်အီကွေတာ စံနစ်ဂရစ် စက်ဝိုင်းများဖွင့်ထားရန် E ကိုနှိပ်သည်။
ရှေးဦးစွာ မွန်းတည့်စက်ဝိုင်း အပါအဝင် အရှေ့ဖက်ခြမ်းကို ကြည့်ရန် E အမှတ်ကို မောက်စ်ဖြင့် ဒရက်ဂ်လုပ်ဆွဲယူ၍ စက္ကရင် အလယ်အောက်နားတွင် နေရာချသည်။ ဝဲဖက်စွန်း၌ N နှင့် ယာဖက်စွန်းတွင် S တို့ အသီးသီး တည်ရှိလျှက် ထိပ်တည့်မှတ် Z အပါအဝင် မွန်းတည့်စက်ဝိုင်းကို မြင်နိုင်ရန် မောက်စ်၏ရိုလာအား နောက်သို့ဆွဲယူချုံ့လျှင် Fig. Sky-46 ၌ပြထားသကဲ့သို့ အရှေ့ စက်လုံးခြမ်းကို မြင်နိုင်မည် ဖြစ်သည်။ မြေပြင်တွင် အရှေ့အရပ်သို့ မျက်နှာမူလျှက် မော့ကြည့်သော မြင်ကွင်းဖြစ်သည်။ ကလစ် လုပ်ရွေးချယ်ထားသော ဇေဋ္ဌနက္ခတ်ကို အီကွေတာစံနစ်တွင် မဟာဝိသုဝမှ အစပြု၍ တက်ထောင့်မှန်
(Right Ascension)
နှင့် ကြန္တီ (Declination) တို့တိုင်းတာပုံအား တွေ့မြင်နိုင်ပါသည်။
အလားတူပင် နေသွားလမ်းစံနစ်၌ မဟာဝိသုဝ မှစတင်လျှက်နေသွားလမ်းကြောင်းအတိုင်းလောင်ဂျီတွဒ် (Longitude) နှင့်လတ္တီတွဒ် (Laitude)
တို့အား မည်ကဲ့သို့ တိုင်းတာသည်ကို Fig. Sky-47 တွင်တွေ့မြင်နိုင် ပါသည်။ လက်ဝဲဖက် အထက်စွန်း၌ ဖေါ်ပြထားသော တက်ထောင့်မှန်၊ ကြန္တီ၊ လောင်ဂျီတွဒ် နှင့် လတ္တီတွဒ်တန်ဖိုးတို့
သည် ကြယ်နက္ခတ်တို့ အတွက်
ကာလအချိန်တိုအတွင်း ပြောင်းလဲမှု မရှိသော်လည်း နေ၊ လ နှင့် ဂြိုဟ်တို့အတွက် နေ့စဉ်နှင်
့အ မျှ ပြောင်းလဲလေ့ရှိကြောင်း တွေ့မြင်နိုင်ပါသည်။
အီကွေတာစံနစ်နှင့် နေသွားလမ်းစံနစ် တို့တွင် မဟာဝိသုဝမှ စတင်တိုင်းတာကြောင်း ဖေါ်ပြခဲ့သော်လည်း ဝိသုဝကို မမြင်နိုင်ခြင်း ကြောင့် Fig. Sky-48 တွင်ပြထားသကဲ့သို့ မောက်စ်ဖြင့် ထပ်မံစကေး ချုံ့ကြည်ရာတွင် စူဠဝိသုဝကို သာတွေ့နိုင်ကြောင်း သိရသည်။ ထို့ကြောင့် မဟာဝိသုဝသည် မမြင်နိုင်သော အဒိသျှစက်၌ တည်ရှိမည် ဖြစ်ကြောင်းသိရှိ နိုင်သည်။ Fig. Sky-47 တွင် မိုးကုတ်စက်ဝိုင်း တလျှောက် W ကို စက္ကရင်၏ အရှေ့ဖက် အောက်ပိုင်းအလယ်သို့ ရောက်အောင် ဒရက်ဂ် လုပ်ယူပါက Fig. Sky-49 တွင်ပြထားသည့် အတိုင်းတွေ့ရမည်။ ဤပုံသည် မြေပြင်တွင် အနောက်အရပ်သို့ မျက်နှာမူလျှက် မော့ ကြည့်သော မြင်ကွင်း ဖြစ်သည်။ ဓူဝံကြယ် Polaris နှင့် မြောက်အရပ် N တို့သည် ယာဖက်တွင်လည်းကောင်း တောင်အရပ် S သည် ဝဲဖက်၌လည်းကောင်း အသီးသီး တည်ရှိကြကြောင်း တွေ့ရမည်။
ဒိသျှစက် ခွင်လုံးပြည့် မြင်နိုင်ရန်
အနောက်အရပ်သို့ ခေါင်းပြုလဲလျှောင်း ကြည့်ရှုသော် တွေ့ရမည့် မြင်ကွင်းကို Fig. Sky-50 ၌ပြ ထားသည်။ ဤအနေအထားတွင် မွန်းတည့်စက်ဝိုင်းကို
မြောက်-တောင်ပြေးနေသည့် မွန်းတည့်မျဉ်းအဖြစ် မြင်ရသောကြောင့် မွန်း တည့်ဖြတ်ကျော်သည့်
အခိုက်အတန့်ကို ကြည့်ရှုရန် အကောင်းဆုံးဖြစ်သည်။ မွန်းတည့်မျဉ်းကို ဖြတ်ကျော်ဆဲ ကောင်းကင်ဝတ္တု
တခု၏ အချက်အလက်တွင် အောက်ဖေါ်ပြပါ ထူးခြားသော တည်နေရာ တန်ဖိုးတို့ကို တွေ့နိုင်သည်။
ဓူဝံကြယ်၏အောက်(P-N) တွင်မွန်းတည့်လျှင်
အောက်မွန်းတည့်ခြင်း (Lower Meridian Transit) ဟု ခေါ်လျှက် အထက် (P-Z-Q-S)
၌ မွန်းတည့်လျှင် အထက်မွန်းတည့်ခြင်း
(Upper
Meridian Transit) ဟုခေါ်တွင်
သည်။
(က) အထက်မွန်းတည့်၌
နာရီထောင့် Hour Angle သုည
နာရီ
(ခ) အောက်မွန်းတည့်တွင်
နာရီထောင့် ၁၂ နာရီ
(ဂ) ထိပ်တည့်မှတ်၏ မြောက်ဖက်
(Z-P-N)
တွင် မွန်းတည့်သော် အဇ္ဇမတ် Azimuth ၀ ဒီဂရီ၊ နှင့် တောင်ဖက် (Z-Q-S)
၌ မွန်းတည့်လျှင် အဇ္ဇမတ် ၁၈၀ ဒီဂရီ
မြောက်အရပ်သို့ မျက်နှာမူ၍ ကြည့်သော် Fig. Sky-51 တွင်ပြထားသကဲ့သို့ W ကိုဝဲဖက် E အားယာဖက်တို့၌ မြင်မည်။ ဓူဝံကြယ် သည်မျက်မြင်အားဖြင့်
မြောက်အရပ် လတ္တီတွဒ် တန်ဖိုးရှိ အမြင့်၌ နေရာမရွေ့ပဲ တည်ငြိမ်နေသည် ဟုတွေ့မြင်ကြရ သော်လည်း
ကြက်ခြေခတ်ပါသော တိုင်းတာရေး မှန်ပြောင်းဖြင့် ကြည့်ရှုလျှင် အလွန်နှေးကွေးသည့် ရွေ့နှုန်းဖြင့်
ရွေ့လျှက်ရှိကြောင်း တွေ့ရ မည်။ ပုံတွင်ပြထားသည့် အတိုင်းကလစ်လုပ် ထားကြည့်လျှင်လည်း
နာရီထောင့်၊ အဇ္ဇမတ် နှင့် မြင့်ထောင့် တန်ဖိုးတို့ စက္ကန့်ပိုင်း များ ဖြေးညှင်းစွာ
ပြောင်းလဲနေကြောင်း တွေ့ရမည်။
တောင်အရပ်သို့
မျက်နှာမူ ကြည့်ရှုလျှင် Fig. Sky-52 အတိုင်း မွန်းတည့်မျဉ်း၊ အီကွေတာ၊ နေသွားလမ်း တို့
ဆက်စပ်ထည်ရှိ ပုံကို တွေ့ရမည်။ ကောင်းကင် တောင်ဝင်ရိုးစွန်းသည် လတ္တီတွဒ် တန်ဖိုးအရ
S၏အောက်၌ မြုတ်ကွယ်နေသော်လည်းမိမိတို့မြောက်ဖက်ခြမ်း၌နေထိုင်သူတို့အတွက်တောင်ဝင်ရိုးစွန်းဖြင့်အလွန်နီးကပ်စွာ တည်ရှိသော တံငါ့ကွန်တိုင်
ကြယ်စုကိုလည်း မြင်တွေ့နိုင်ကြပါသည်။
ဖေါ်ပြခဲ့ပြီးသော
ရက်စွဲ၊ အချိန် ၏ကောင်းကင်မြင်ကွင်း နမူနာကို
လေ့လာကြည့်ရှုပြီးလျှင် အခြားသော ရက်စွဲ၊ အချိန် ၏ကောင်း ကင်မြင်ကွင်းအား စတယ်လာရီယံတွင်
အလွယ်တကူ ကြည့်ရှုသွား နိုင်ဖွယ်ရာ ရှိပါသည်။
Telegram userID: AWKyaw SMS: 09 459 824 750
29-10-2017 ဆက်ရန်
Updated on 30-10-2017
No comments:
Post a Comment