မြန်မာနက္ခတ္တဗေဒ
(၆)
မြန်မာဗေဒင်ဆိုင်ရာ
နေချိန်စံနစ်။ (အဆက်)
၆။ ရှစ်ပဟိုရ်
နာရီတွက်ခြင်း။
နေနာရီသည် ရာသီဥတု
အခြေအနေ ပေးမှသာလျှင် အသုံးပြုနိုင်သော အချိန်ပြ ကိရိယာ တစ်ခုဖြစ်သည်။ ရာသီမရွေး မျက်မြင် နေ ချိန်ကို သိရှိအသုံးပြု
နိုင်ရန်အတွက် ရှေးဘုရင်များ လက်ထက်တွင် နာရီတော်မှုး ခန့်အပ်တွက်ချက်၍ ရှစ်ပဟိုရ် နာရီအဖြစ်
စည်တီးကြေငြာသော အစဉ်အလာ ရှိခဲ့သည်။ နေ့ဖက်တွင် ၄-ပဟိုရ်၊ ညဥ့်ဖက်၌ ၄-ပဟိုရ် တစ်နေ့ ၈-ပဟိုရ် တီးခတ်လျှက် ပဟိုရ်များ အကြားတွင် ကျရောက်သော အချိန်တို့ကို ပဟိုရ်မှ
စွန်းထွက်သည့် နာရီပိုင်းအား ကျော်နာရီဟု ခေါ်ဝေါ်သတ်မှတ် ခဲ့သည်။ ရှစ်ပ ဟိုရ် တို့ကိုမျက်မြင်နေ၏
ထွက်ခြင်း၊ ဝင်ခြင်း၊ မွန်းတည့်ခြင်းနှင့် သန်း ခေါင်သို့ ရောက်ခြင်းစသော ဖြစ်စဉ်များကို
စွဲ၍သတ်မှတ်ခဲ့ ကြသည်။ အဓိက အားဖြင့် နေထွက်ချိန်
ရှိနာရီထောင့် (Hour Angle of Sun at Sunrise) ကို အပိုဒ်-၅ ရိုး ၃၀ ၌တွက်ချက် ရရှိခဲ့ပြီး
နောက် နှစ်ဆတိုးခြင်းဖြင့် နေ့တာကိုရသည်။ ၂၄-နာရီမှ
နေ့တာအား နှုတ်ခြင်းဖြင့် ညဥ့်တာကို ရသည်။
နေထွက်ခိုက်ကို
နေထွက် ၄-ချက်တီး (Sunrise 4) နေထွက်ရာမှ မွန်းမတည့်မီ
အလယ်သို့ ရောက်ရှိလျှင် နေတက် ၁-ချက်တီး (Day 1) နေမွန်းတည့်ချိန်ကို မွန်းတည့်
၂-ချက်တီး (Noon 2) ထိုမှ မွန်းတည့်ပြီး
နေမဝင်မီ အလယ်သို့ ရောက်ရှိချိန်အား
နေလွဲ ၃-ချက်တီး (Day 3)
နှင့် နေဝင်ခိုက်ကို နေဝင်
၎-ချက်တီး (Sunset 4) ဟူ၍ နေ့တာပိုင်း
အားခွဲ ခြမ်းစိတ်ဖြာ ခေါ်ဝေါ် ခဲ့ကြသည်။ ညဥ့်
ပိုင်းကိုလည်း နေဝင် ၄-ချက်တီး တွင်
ညဥ့်တာ၏ လေးပုံတပုံကို ဆင့်ကာဆင့်ကာ ပေါင်းသွားခြင်းဖြင့် ညဥ့် ၁-ချက်တီး (Night 1) သန်းခေါင် ၂-ချက်တီး (Midnight 2) ညဥ့် ၃-ချက်တီး (Night 3) နှင့်နေထွက် ၄-ချက်တီး တို့အား ရရှီသည်။ အဆိုပါ ၈-ပဟိုရ်တို့ ကို Fig. Astro-Time-14
တွင် ပြီးခဲ့သော ပို့စ်-၈၀ ရှိ Fig.
AstroTime-13 ၏ နောက်ဆက်တွဲ တွက်ချက်မှု အဖြစ် ဖေါ်ပြထားသည်။ ပုံတွင် မဟာဝိသုဝနေ့နှင့် ယဉ်စွန်းတန်းနေ့များ အတွက် မြန်မာစံတော်ချိန်
နေ့၁၂-နာရီရှိ မြန်မာကျော်နာရီ များကိုအောက်ပါ အ တိုင်းတွက်ချက်
ဖေါ်ပြထားပါသည်။ ဥပမာ အမရပူရတွင် မဟာဝိသုဝနေ့၌ မြန်မာစံတော်ချိန် 12h00m00s သည် မြန်မာ နေတက် ၃-ချက်တီးကျော် ၇နာရီ သုညဗီဇနာ
၅၆ခရာ ဖြစ်သည်။ အဆိုပါ မြန်မာစံတော်ချိန်သည် ဥတ္တရ ယဉ်စွန်းနေ့၌ နေတက် ၃-ချက်တီးကျော် ၈နာရီ ၆ဗီဇနာ ၂၇ခရာ ဖြစ်သည်။ ဒက္ခိဏယဉ်စွန်းနေ့တွင် ကျေိာနာရီ
၆နာရီ ၃၄ဗီဇနာ ၂၃ခရာ ဖြစ်သည်။
မြန်မာနာရီသည် ရာသီချိန်ခါ အလိုက် နေ့တာနှင့် ညဥ့်တာ အတို/အရှည် ပြောင်းလဲပုံကို Fig. AstroTime-15 တွင်ဖေါ်ပြ ထား သည်။ မဟာဝိသုဝနေ့နှင့် ဇလဝသုဝနေ့ တို့ရှိ မြန်မာနာရီ ပိုင်းခြားပုံကို
Fig. AstroTime-16 တွင်ပြထားသည်။ ဤရက်များတွင် နေ့တာနှင့်ညဥ့်တာ
ညီကြခြင်းကြောင့် ပုံတွင်ပြထား သကဲ့သို့ နေ့ပဟိုရ်/ညဉ့်ပဟိုရ်တို့သည်
စက် ၃-နာရီ=မြန်မာ ၇နာရီ၃၀ဗီ ဇနာ စီရှိကြသော်လည်း
အချိန်ညှိကိန်းနှင့် ဒေသမှစံတော်ချိန် ပြောင်းပြင်ဆင်ချက် တို့ကြောင့် မွန်းတည့်သည်
12h နှင့် သန်းခေါင်သည် 00h မဟုတ်တော့ကြောင်း တွေ့နိုင်သည်။ အထူးမှတ်သား ဖွယ်ရာမှာ ဒေသမျက်မြင်နေချိန် သည်မွန်းတည့်သောအ
ချိန်၌ အစဉ်အမြဲ စက်12h00m00s မြန်မာ 30n00b00k စီရှိပြီး သန်းခေါင်တွင် စက်00h00m00s မြန်မာ 00n00b00k နာရီစီ အ သီးသီးရှိကြသည်။
အန္တောဝီထိ ဥတ္တရယဉ်စွန်းသို့ နေရောက်ရှိချိန်တွင် နေ့တာ နေ့ပဟိုရ်
တို့သည် ညဥ့်တာ ညဥ့်ပဟိုရ် တို့ထက်ရှည်လျှား သည် ဖြစ်၍ ရှစ်ပဟိုရ် တီးချိန်ရှိ မျက်မြင်နေ၏
အနေအထားတို့ကို Fig. AstroTime-17 တွင်တွေ့နိုင်ပါသည်။ ဆန့်ကျင်ဖက်
အနေအ ထားအဖြစ် Fig. AstroTime-18 ၌ ဗာဟီရဝီထိ ဒက္ခိဏယဉ်စွန်းသို့
နေရောက်ရှိချိန် တွင်ရှစ်ပဟိုရ် တီးချိန်ရှိ မျက်မြင်နေ၏ တည် နေရာတို့ကို မြင်နိုင်ပါသည်။
မြန်မာနာရီကို ယ္ခုအခါ သုံးစွဲမှု နည်းပါးလာပြီ ဖြစ်သော်လည်း စက်နာရီအားဖြင့် ရှစ်ပဟိုရ်နာရီ
တို့ကို သိထားခြင်းအားဖြင့် အချို့သော မြန်မာရိုးရာ အသုံးချပညာရပ် တို့၌သုံးစွဲရန်
အခွင့်အလမ်းများ ရှိလာနိုင်ပါသည်။ ဥပမာအားဖြင့် နေ့တစ်နေ့ကို ဆွေပြည်တက်တုန်းခါ၊ အောင်သာနေမွန်းတည့်၊
ငါ့ရှင်သုံးချက်တီး၊ နံလာနေထွက်ဝင် ဟူ၍ဓာတ်ကြီးလေးပါးဖြင့် ပိုင်းခြားရာတွင် ဆွေပြည်
၃ဂါ ၅တေးနေ့ စိန်ပန်း ပထဝီဓာတ်အချိန်၊ အောင်သာ ၁နွေ ၆ကြာ ဦးသာ ဝါယောဓာတ်၊ ငါ့ရှင်
၂လာ ရာဟု ကိုရှာ တေဇောဓာတ် နှင့် နံလာ စနေ ၄ဟူး ဒန်းလှ အာပေါဓာတ် ဟူ၍ အင်္ဂဝိဇ္ဇာယတြာကျမ်း
များ၌ဖေါ်ပြထားပါသည်။
No comments:
Post a Comment