Monday, August 20, 2018

89. Predictive Astrology reference books - 2


နက္ခတ်ဗေဒင် အဟောပိုင်းအတွက် စာအုပ်အညွှန်း -

မြန်မာ နက္ခတ်ဗေဒင်ပညာ စာဖတ်ပရိသတ် အတွက် ဇောတိသဝေဒ မဂ္ဂဇင်း၊ နက္ခတ္တရောင်ခြည် မဂ္ဂဇင်း စသည့် ဂမ္ဘီရပညာ ဆိုင်ရာ မဂ္ဂဇင်းများကို ဖတ်ရှုခွင့် ရရှိ၍ ဗေဒင်အသိပညာ တိုးတက်ကြွယ်ဝမှု ရလာကြရသည်။ ထို့အတူ ကမ္ဘာ့ နက္ခတ်ဗေဒင် နှင့် ဂမ္ဘီရပညာ များကို အိန္ဒိယနိုင်ငံမှ လစဉ်ထုတ်ဝေသော နက္ခတ်ဗေဒင်ပညာ မဂ္ဂဇင်း (The Astrological Magazine) အားဖတ်ရှုခွင့် ရရှိကြခြင်း ကြောင့် အရှေ့တိုင်း နက္ခတ်ဗေဒင် (Vedic Astrology) ဆိုင်ရာ ဗဟုသုတ ကြွယ်ဝမှုကို ရရှိလာကြရပါသည်။ အဆိုပါ နက္ခတ်ဗေဒင် မဂ္ဂဇင်းကို 1895 ခုနှစ်တွင် ပရော်ဖက်ဆာ ဘီ သူရိယ နရိန်ရောင်း (Professor B. Suryanarain Rao) စတင်တည်ထောင် ထုတ်ဝေ ခဲ့သည်။ ပရော်ဖက်ဆာ ရောင်း ကွယ်လွန်ပြီးနောက် မြေးဖြစ်သူ ဒေါက်တာ ဘီ ဗွီ ရာမန် (Dr. B. V. Raman) က ဆက်လက် ထုတ် ဝေခဲ့သည်။ တဖန် ဒေါက်တာ ရာမန် ကွယ်လွန်ပြီးနောက် ဒေါက်တာ ရာမန်၏ သမီးဖြစ်သူ ဂယတရိ ဒေဝီ ဝသုဒေဗ် (Gayatri Devi Vasudev) က ဆက်လက် ၍ ယခုတိုင် ထုတ်ဝေ လျက်ရှိသည်။ မိမိသည် အဆိုပါ လစဉ်ထုတ် မဂ္ဂဇင်းကို စင်္ကာပူတွင် စီရန်ဂွန်း ခေါ် အိန္ဒိယပြည်လေး (Little India) သို့ လစဉ် မပျက်မကွက် သွားရောက်ဝယ်ယူ စုဆောင်းခဲ့သည်။ အိန္ဒိယ နိုင်ငံသို့ အလုပ်တာဝန် ဖြင့် မကြာခဏ သွားရောက်ခဲ့ရာတွင် တကြိမ်သွားလျှင် ၃-ပတ် လှည့်လည်နေထိုင် ခြင်းကြောင့် မိမိ၌မရှိသေးသည့် ဗေဒင်စာအုပ် တို့ကို ရှာဖွေစုဆောင်း ခွင့်ရရှိ ခဲ့သည်။


နက္ခတ်ဗေဒင်ကို အလေးအနက် လေ့လာလိုက်စား သူတဦးအတွက် ဖေါ်ပြပါ မဂ္ဂဇင်းများ အပြင် ပရော်ဖက်ဆာရောင်း နှင့် ဒေါက် တာ ရာမန် တို့၏ ရှေးသက္ကတ ဘာသာရေး ဗေဒင်စာပေမှ အင်္ဂလိပ်ဘာသာ သို့ပြန်ဆိုရေးသားထား သည့်စာအုပ်တို့သည် တန်ဖိုး မဖြတ်နိုင်သော ဗေဒင်ရည်ညွှန်းစာပေ စာရင်း၏ ထိပ်ဆုံး၌ ထားရှိလေ့လာ ဘွယ်ရာဖြစ်ပါသည်။ Fig. Predictive-3 တွင်ဖေါ်ပြထား  သော လင့်မှ Fig. Predictive-4 ၌ပြထားသည့် ပရော်ဖက်ဆာရောင်း ၏စာအုပ် ၉-အုပ်ကို ဒေါင်းလုပ်ရယူ နိုင်ပါသည်။

1.      An Introduction to the Study of Astrology - B Suryanarayana Row 1900
2.      Brihat Jataka English Translation- B Suryanarain Row 1919 LR
3.      Chappanna or Prasana Sastra - B Suryanarain Rao 1946
4.      Jaimini Sutras - B Suryanarain Rao 1949
5.      Jaimini Sutras - B Suryanarain Rao 1955
6.      Jataka Chandrika - B Suryanarayana Row 1900
7.      Sarvartha Chintamani with English Translation - B Suryanarayana Row 1899
8.      Stri Jataka or Female Horoscopy - B Suryanarain Rao 1931 LR
9.      The Astrological Self Instructor - B Suryanarain Rao 1893




တဖန် Fig. Predictive-5 တွင် ဖေါ်ပြထားသော လင့်မှ Fig. Predictive-6 ၌ပြထားသည့် ဒေါက် တာ ရာမန် ၏စာအုပ် ၉-အုပ်ကိုလည်း ဒေါင်းလုပ်ရယူ နိုင်ပါသည်။

1.      300 important combinations,b.v. raman.pdf 
2.      B.V.Raman - How to Judge Horoscope - Vol1.pdf
3.      B.V.Raman How to Judge Horoscope - Vol2.pdf
4.      Bhavartha Ratnakara.pdf
5.      Sri Notable Horoscopes.pdf
7.      Hindu Predictive Astrology - B. V. Raman.pdf
8.      Muhurtha – B. V. Raman.pdf
9.      Astrology For Beginners - B. V. Raman.pdf


ဇာတာကြီးဟု ခေါ်ဆိုလေ့ရှိသည့် သိရီပတိပဒ္ဓတိကျမ်း လာတွက်နည်းဖြင့် အလားတူသော ဒေါက်တာ ရာမန် ၏ ဂြိုဟ်အားနှင့် ဘာဝအား တွက်ယူနည်း (Graha and Bhava Balas) စာအုပ်ကိုလည်း ဒေါင်းလုပ်ဝက်ဘ်ဆိုက် တခုတွင် ဖရီးရယူ နိုင်ကြောင်း  တွေ့ရှိဘူးပါသည်။ SwissHoro v-4 တွင် ဖြည့်စွက်ထည့်သွင်း ထားသော အဋ္ဌဝဂ္ဂ စံနစ်ကို အသေးစိတ် ဖေါ်ပြထားသည့် ဒေါက် တာရာမန်၏ အဋ္ဌဝဂ္ဂ စံနစ်ဖြင့် ဟောပြောနည်း (Ashtakavarga System of Prediction) စာအုပ်ကို ဖရီးဒေါင်းရန် ဆိုက်ကို မတွေ့ ဘူးသေးပါ။

ပရော်ဖက်ဆာရောင်း၏ စာအုပ်များတဲတွင် အမှတ်စဉ်() ဇာတကစန္ဒြိကကျမ်းမှာ ဒသာဖြင့် 
ဟောပြောလသူတို့အတွက် အလေးထားလေ့လာ ဖတ်ရှုသင့်သော စာအုပ်ဖြစ်သည်။ အမှတ်စဉ်()  
သဗ္ဗတ္ထစိန္တာမဏိကျမ်းမှာ ဆရာကြီး ဦးဘိုးမြိုင်၏ စာအုပ်ကိုဝယ်မသူတို့အတွက် အားထားဖတ်ရှု 
ရမည့်စာအုပ် ဖြစ်ပါသည်။ ဒေါက် တာ ရာမန်၏ စာအုပ်များ အနက် အမှတ်စဉ်() တွင် ယုဂ်များအ
ကြောင်း အသေးစိတ် ဖေါ်ပြထားသည်ကို တွေ့နိုင်ပါသည်။ အမှတ်စဉ်() နှင့် () ကိုဖတ်ရှုလျှင်
ဇာတာတစောင်၏ ဘာဝ ၁၂-ပါးအတွက် ဟောချက်ထုတ်ရန် နည်းစံနစ်များကို တွေ့ရှိမှတ်သား 
နိုင်ပါသည်။အမှတ်စဉ်() သည် ဆရာကြီး လျှပ်စစ်ဗေဒင် ဦးအုန်းသင်၏ နက္ခတ္တဝေဒန္တ စိန္တာမဏိကျမ်း 
ကဲ့သို့နမူနာ ဇာတာများဖြင့် ဟောနည်းအပြည့်အစုံ ကိုဖေါ်ပြထား သည့်စာအုပ်ဖြစ် ပါသည်။
ဇေမိနီ  နည်းစံနစ်ဖြင့် ဟောပြောနည်းမှာ သမရိုးကျနည်း စံနစ်တို့နှင့်မတူ အလွန်ထူးခြားသည့် စံနစ်တခု ဖြစ်ပါသည်။


Messenger: Aye Win Kyaw                                                                                  SMS: 09 459 824 750
20-08-2018                                                                                                                          ဆက်ရန်