Monday, May 15, 2017

50. Horoscope, a Sky Map 6



ကောင်းကင်အမြင် ဇာတာခွင် ၆

တစ်ခုသော ရက်စွဲနှင့်အချိန် အခိုက်အတန့်၌ တွက်ချက်ရရှိသော ဂြိုဟ်စင်နှင့် နဝင်းစီး၊ နက္ခတ်စီး၊ တိထီ၊ ယုဂ်၊ ကရိုဏ်း၊  
ဒသာနှစ်ကြွင်း အစရှိသောတန်ဖိုး အသီးသီးသည် ကမ္ဘာမြေအနှံ့တွင် တပြိုင်နက်ထည်း မွေးဖွားလာကြ သူတို့အတွက် တူညီကြမည်ဖြစ်သည်။ ဥပမာ အားဖြင့် Fig. Sky-23 တွင် ဖေါ်ပြထားသော ရက်စွဲ၊ အချိန်နှင့် ဒေသတို့၌ မွေးဖွားကြသူတို့ အတွက်ရလာဒ် တူများကို ရရှိကြမည် ဖြစ်သည်။ ထို့အပြင် ဂြိဟ်တို့၏  ဥစ်၊ ကသစ်၊ နိစ်၊ မိတ်၊ ရန် နှင့်တကွ ဂြိုဟ်တို့နေေ ရာင်ဖုံး လျှက်အတ္ထ ဖြစ်ခြင်း၊ ပဉ္စတားဂြိုဟ် အချင်းချင်း စစ်ထိုးပြီး နိုင်ခြင်း ရှုံးခြင်း၊ စသည်တို့ လည်းကွာခြားမှု မရှိကြပါ။


သို့ရာတွင် မွေးဒေသအလိုက် လတ္တီတွဒ်၊ လောင်ဂျီတွဒ် တို့ကိုအသုံးပြု၍ လဂ်နှင့်တကွ ဘာဝအသီးသီး တွက်ချက် ပိုင်းခြားသော အခါ လဂ် ၁၂-ပါးနှင့်တကွ အကျိုးပေး ခြားနားသည့် ဇာတာခွင်တို့အား ရရှိလာကြမည် ဖြစ်သည်။ ဒေသတစ်ခု အတွက် ဘာဝတို့ ၏ တည်နေရာနှင့် ပိုင်းခြားပုံ အသေးစိတ် တို့ကို ကောင်းကင်အမြင် အနေဖြင့် ဆက်လက်ရှင်းလင်း ဖေါ်ပြလိုပါသည်။

၁၁။ မြင်နိုင်သော စက်လုံးခြမ်းနှင့် မမြင်နိုင်သော စက်လုံးခြမ်း ရှိဘာဝများ။





တွက်ချက်သော အခိုက်အတန့်ရှိ ရန်ကုန်မြို့၏ မြင်နိုင်သော စက်လုံးခြမ်း (ဒိသျှစက်) ကို Fig. Sky-24 ၌ တွေ့နိုင်ပါသည်။
အနောက်မိုးကုတ်စက်ဝိုင်းနှင့် ရာသီစက်တို့ ဖြတ်သော အမှတ်မှာ ၇-တန့်၊ ပထနီဘာဝ၏မဇ္ဈ အလယ်မှတ် ဖြစ်သည်။ တနည်း
အားဖြင့် လဂ်မှ ၁၈၀ဒီဂရီ ကွာဝေးသည့် အမှတ်ဖြစ်သည်။ မွန်းတည့်စက်ဝိုင်းနှင့် ရာသီစက်တို့ ဖြတ်သည့်အမှတ်မှာ ၁၀-တန့်၊ ကမ္မ ဘာဝ၏မဇ္ဈ အလယ်မှတ် ဖြစ်လျှက် ၇-တန့်မှ ၉၀ဒီဂရီ ခန့် အကွာတွင် တည်ရှိသည်။ ရာသီစက်ရောက်ဆဲ အနေအထားအရ အပို အလို အနည်းငယ် ရှိခြင်းဖြစ်သည်။  
 
၁၀-တန့်မှ ၇-တန့်ကို နှုတ်ရတန်ဖိုး(၁) ဟုထားလျှင်
တန်ဖိုး(၁)၏ သုံးပုံတစ်ပုံကို ၇-တန့်တွင်ပေါင်းလျှင် ၈-တန့်၊ မရဏဘာဝမဇ္ဈ ရသည်။
တန်ဖိုး(၁)၏ သုံးပုံတစ်ပုံကိုပင် ၈-တန့်တွင် ထပ်ပေါင်းလျှင် -တန့်၊ သုဘဘာဝမဇ္ဈ ရသည်။
တန်ဖိုး(၁)၏ သုံးပုံတစ်ပုံကိုပင် ၉-တန့်တွင် ထပ်ပေါင်းလျှင် ၁၀-တန့် တန်ဖိုးဖြင့် ပြန်ကိုက်ညီရမည်။

တဖန် ၁-တန့်၊ လဂ်မှ ၁၀-တန့်ကို နှုတ်ရတန်ဖိုး(၂) ဟုထားသော်
တန်ဖိုး()၏ သုံးပုံတစ်ပုံကို ၁၀-တန့်တွင်ပေါင်းလျှင် ၁၁-တန့်၊ လာဘဘာဝမဇ္ဈ ရသည်။
တန်ဖိုး()၏ သုံးပုံတစ်ပုံကို ၁၁-တန့်တွင် ထပ်ပေါင်းလျှင် ၁၂-တန့်၊ ဗျယဘာဝမဇ္ဈ ရသည်။
တန်ဖိုး(၂)၏ သုံးပုံတစ်ပုံကို ၁၂-တန့်တွင် ထပ်ပေါင်းလျှင်၁-တန့် တန်ဖိုးဖြင့် ပြန်ကိုက်ညီရမည်။

တန်ဖိုး(၁) နှင့် တန်ဖိုး() တို့၏ ပေါင်းရခြင်းသည် ၁၈၀ဒီဂရီ ဖြစ်သည်။ မဇ္ဈတန်ဖိုးတို့ကို ဖျမ်းမျှတွက်ယူခြင်း အားဖြင့် ဘာဝတစ်ခုမှ နောက်တစ်ခုသို့ ပြောင်းသော သန္ဓိတန်ဖိုးများကို အသီးသီး ရရှိသည်။

အထက်တွင် ဖေါ်ပြခဲ့သော မြင်နိုင်သော စက်လုံးခြမ်း၏ အောက်ထက်ဝက်မှာ မမြင်နိုင်သည့် စက်လုံးခြမ်း (ဒိသျှစက်) ဖြစ်၍ ၁-တန့်၊  လဂ်မှ ၇-တန့်၊ ပထနီဘာဝမဇ္ဈ အထိ ဘာဝများ တည်ရှိပုံအား Fig. Sky-25 တွင် ပြထားသည်။ ဤတွင် ၂-တန့်၊ ကဋုမ္ပ ဘာ ဝမဇ္ဈ၊ ၃-တန့်၊ သဟဇဘာဝမဇ္ဈ၊ ၄-တန့်၊ ဗန္ဓုဘာဝမဇ္ဈ၊ ထိုမှဆက်လက်ပြီး ၅-တန့်၊ ပုတြဘာဝမဇ္ဈ၊ ၆-တန့်၊ အရိ ဘာဝမဇ္ဈ၊ နောက်ဆုံး ၇-တန့်၊ ပထနီဘာဝမဇ္ဈ တို့၌ ပြန်၍ ကိုက်ညီသည်အထိ ဆက်စပ်တွက်ချက် ပုံတို့ကို တွေ့နိုင်ပါ သည်။ သက်ဆိုင်ရာ မဇ္ဈတန် ဖိုး အသီးသီးတို့၏ ဖျမ်းမျှတန်ဖိုးများ ရှာယူခြင်း အားဖြင့် ၁-၂သန္ဓိ၊ ၂-သန္ဓိ၊ ၃-၄သန္ဓိ၊ ၄-၅သန္ဓိ၊ ၅-၆ သန္ဓိ၊ ၆-၇သန္ဓိ၊ စသည်ဖြင့် သန္ဓိတန်ဖိုး အသီးသီး ရရှိသည်။


၁၂။ ရာသီခွင်ရှိ တည်နေရာနှင့် ဘာဝစက် ရပ်တည်မှု တို့နှိုင်းယှဉ်ခြင်း။


သာမန်အားဖြင့် ၁၂-ရာသီခွင်တွင် လဂ်တည်သောရာသီ ပြောင်းသည်နှင့်အမျှ ဘာဝရေတွက်မှုလည်းလိုက်၍  ပြောင်းလဲသည်ဟု ယူဆနိုင် ဖွယ်ရာရှိသည်။ သို့ရာတွင် အထက်ပါ တွက်ချက်မှု သင်္ချာသဘောအရ ဘာဝမဇ္ဈတန်ဖိုးသည် ရာသီ၏ အလယ်တွင် တစ် ထပ်တည်း  မကျပဲ ရာသီအစပိုင်း၌ တည်ရှိနိုင် (အံသာနုခြင်း) သကဲ့သို့၊ အဆုံးပိုင်း၌လည်း တည်ရှိ (အံသာရင့်ခြင်း) နိုင်ပါသည်။ ထို့ကြောင့် အံသာနုသော ဇာတာများတွင် ဘာဝစက်၌ အချို့ဂြိုဟ်တို့သည် ရှေ့ခွင်သို့ တက်၍တည်ရှိကြ၍ အံသာရင့်သည့် ဇာ တာတို့တွင် နောက်ခွင်သို့ ဆုတ်လျှက်တည်ရှိကြ သည်ကိုတွေ့နိုင်ပါသည်။ အံသာ မနုမရင့် အလယ်အလတ်ရှိသည့် ဇာတာတို့၌ ဘာဝစက်တွင် ဂြိုဟ်တို့၏ တည်နေရာ ပြောင်းလဲသည်ကို မတွေ့ရတတ်ပါ။

ဘာဝဂြိုဟ်နေတို့ကို ကြည့်ရှုဆင်ခြင်ခြင်း အားဖြင့် ဒိသျှစက်ရှိဂြိုဟ်တို့မှ တိုက်ရိုက်အလင်းကို ခံယူရရှိလျှက် အဒိသျှစက်ရှိ ဂြိုဟ် များမှ သွယ်ဝိုက်သော အလင်းအား ခံယူရရှိပုံ၊ အရှေ့အရပ် မြေပြင်မှ အထက် ၁၅ဒီဂရီ-၄၅ဒီဂရီ အတွင်းသည် ၁၂-တန့်၊ ဗျယ၊ အနောက်အရပ် ဝင်လုဆဲဆဲ မြေပြင်မှ အထက် ၁၅ဒီဂရီ-၄၅ဒီဂရီ အတွင်းသည် ၈-တန့်၊ မရဏ၊ ထိုအရပ် ၌ပင် မြေပြင်မှအောက် ၁၅ဒီဂရီ-၄၅ဒီဂရီ အတွင်းသည် ၆-တန့်၊ အရိ၊ စသည့် ဒုဋ္ဌာန ဟူသော မကောင်းသည့် ဘာဝတို့မှ လာသည့် အလင်းတန်း စသည် စသည်ဖြင့် ကြံဆလျှက် ဟောပြောရာ၌ အထောက်အကူ ရယူနိုင်ပါသည်။ ကျန်ရှိသော ဘာဝတို့သည် သုဋ္ဌာနဘာဝများ ဖြစ်သည့် အလျှောက် ထိုအရပ်တည်နေရာတို့မှ လာသောအလင်းတန်းတို့၏ ကောင်းသောသဘာဝ တို့ကိုထည့်သွင်း စဉ်းစားလေ့ရှိသည်။

၁၃။ တူညီသော ဂြိုဟ်နေများကို မည်သည့်အခါ တွေ့မလဲ။

ဆေးရုံတစ်ရုံတည်း တစ်ခန်းထည်းတွင် တစ်နေ့ထည်း တစ်ချိန်ထည်း မိခင်နှစ်ဦးမှ မွေးဖွားသော ကလေးငယ် နှစ်ယောက်တွင်သာ တူညီသော ဂြိုဟ်လဂ်ဘာဝ တို့ကိုတွေ့ရှိနိုင်သည်။ မွေးဖွားချိန် အလွန်နီးကပ်လျှင် လူမျိုးခြား မိခင်တို့မှ ဖွားမြင်စေကာမူ ဘဝတစ် သက်တာဖြစ်ရပ်များ တူညီကြသည့် နက္ခတ်အမွှာ (Astro-twins) များ ဖြစ်လာကြသည်။ မွေးချိန်နှစ်ခု နီးကပ်လေလေ ဖြစ်ရပ်များပို ၍ တူညီလေလေ ဖြစ်ကြောင်းကို နက္ခတ်ဗေဒင် သုတေသနမှတ်တမ်း များအရ သိရှိနိုင်ပါသည်။

တစ်မိထည်းဖွား အမွှာများတွင်လည်း အလွန်နီးစပ်သော ဇာတာများရှိကြသည်။ အချို့မှာ မွေးချိန်ခြားနားခြင်း ၁၀-၁၅မိနစ်အတွင်း လဂ်ပြောင်းသွားသော်လည်း ဘာဝစက်ဂြိုဟ်နေများ တူနေသေးကြောင်း တွေ့ရပါသည်။ မိဿရာသီအဆုံးတွင် မွေးသူနှင့် ပြိဿ ရာသီအစ၌မွေးသူ အမွှာညီအစ်အတွင် လဂ်ရာသီအရ နေထိုင်ပြောဆို ကြံစည်တွေးခေါ်ပုံ တို့ကွာခြားသော်လည်း နှစ်ယောက်စ လုံး မြိုပြအင်ဂျင်နီယူများ ဖြစ်လျှက် ယေဘုယျ ဖြစ်ရပ်များတူညီကြောင်း တွေ့ခဲ့ဖူးပါသည်။



မိဘများ၏ ဂြိုဟ်နေအချို့ သားသမီးတို့၌ ပါရှိနေတတ်ကြောင်း တွေ့နိုင်ပါသည်။ ဂြိုဟ်အချို့၏ ရာသီအနေ အထား ဘာဝရပ်တည် မှုတို့ အမွေရရှိထားသည့် သားသမီး တို့တွင် မူလဂြိုဟ်နေရှိထားသူ မိခင်ဖခင် တို့နှင့်ထိုအချက်များတွင် တူညီမှုများ ရှိနေကြောင်း ကိုလည်း ဂရုစိုက်၍ လေ့လာခဲ့လျှင် တွေ့ရှိမှတ်သား နိုင်ပါသည်။



တူညီသော ဂြိုဟ်နေများကို တစ်ဦးနှင့်တစ်ဦး တစိမ်းပြင်ပြင် ဖြစ်လျှက်တွေ့ဆုံ လက်ထပ်၍ ရာသက်ပန် ပေါင်းဖက်ကြသော အိမ်ထောင်ဖက် ဇနီးမောင်နှံတို့၌ တွေ့ရသည်။ ဖူးစာဖက်မှန်သူ မဟုတ်လျှင်
 ဂြိုဟ်နေလည်းမတူ ရေရှည်လည်း မပေါင်းသင်းဖြစ်ကြကြောင်း တွေ့နိုင်ပါသည်။ ထို့ကြောင့် ရှေး လူကြီးများက ဇာတာချင်းတိုက်ပြီးမှ မင်္ဂလာအခါ ရက်ကောင်းရက်မြတ်ကို ရွေးချယ်လေ့ရှိကြခြင်း
 ဖြစ်သည်။



AyeWinKyawBlogpost 50.pdf

Telegram userID: AWKyaw                                                                                  SMS: 09 459 824 750
15-5-2017                                                                                                                          
ဆက်ရန်