Wednesday, March 2, 2016

9. Horoscopy using Excel (7)

ဗေဒင်ကို အိက်ဆဲလ်နဲ့ တွက်မလား (၇)


၉။ သာယနမှ နိရာယန ဂြိုဟ်သွားပြက္ခဒိန် သို့ပြောင်းယူခြင်း။

နိရာယနစံနစ်သို့ ပြောင်းရန် နှစ်သက်ရာမဟာဝိသုဝအမှတ် (Vernal Equinox) ၏ ရွေ့လျားမှု တနည်း အားဖြင့် အယနဟုခေါ်တွင်သော(Precession of Equionox) တန်ဖိုးကိုနှုတ်ယူခြင်း ဖြင့်ရယူနိုင်ပါသည်။ နက္ခတ်ဗေဒင် တွက်ချက်ဟောပြောသူတို့အသုံးများသည့် အယနအမျိုးအစားမှာအောက်ဖေါ်ပြပါ အတိုင်း ၄-မျိုးရှိပါသည်။

(၁) မြန်မာ သူရိယသိဒ္ဓ န္တ အယန (SuriyaSiddhanta Ayana)
(၂) အင်န်စီလဟီးရီ၏ အယန (Lahiri’s Ayana)
(၃) ဒေါက်တာဘီဗီရာမန်၏ အယန (Raman’s Ayana)
(၄) ကရစ္စနားမူရ်တီး၏ အယန (Khrisnamurty’s Ayana)