Friday, March 16, 2018

65. Signs and Kakshyas for the year 2018-2020



2018 မှ 2020 အထိ ရာသီ နှင့် ကက္ခရှ စဝင်ချိန် ပြီးဆုံးချိန်ဇယား

ပို့စ်-၆၂ တွင် SwissHoro v-4 ကိုတင်ခဲ့ရာ၌ ဖြည့်စွက်ချက် အနေဖြင့် အမှတ် ၇။ မူလဇာတာ၏ အဋ္ဌဝဂ္ဂ ဇယားကို တွက်ချက်၍ 2018-2020 ကောဇာဂြိုဟ်စီးဖြင့် တွဲပြခြင်း။ ဟူ၍ ပါရှိခဲ့ပါသည်။ ကောဇာဂြိုဟ်စီး ကို Blogpost 14 မှ Sidereal Ephemeris 2016-2020 နိရာယနဂြိုဟ်သွားတို့ဖြင့် ရာသီပြောင်းနှင့် ကက္ခရှပြောင်း ချိန်တို့အား Fig. SHv-4 Ashtakavarga transit ပုံ တွင်ပြထားသည့် အတိုင်းစီစဉ် ပြသခဲ့ပါသည်။ သို့ရာတွင် ကွန်ပျူတာပေါ်ရှိ MS Office Excel တွင် မှန်ကန်စွာ တွေ့ရသော်လည်း မိုဘိုင်းဖုန်း၌ WPS Office နောက်ခံဖြင့် သုံးစွဲချိန်အလိုက် ပြုပြင်ဖေါ်ပြခြင်း မရှိကြောင်း တွေ့ခဲ့ရပါသည်။ အဆိုပါ တန်ဖိုးနှစ်ခု တို့သည် ကောဇာဖြင့် ဟောပြောရာတွင် လွန်စွာအရေးပါ သကဲ့သို့ ဇာတာ၏ အဋ္ဌဝဂ္ဂအရ အနာဂါတ်အတွက် အချိန်အခါကောင်း ကိုရွေးချယ် ဆောင်ရွက်ရန် များစွာအထောက်အကူ ဖြစ်စေနိုင်ပါသည်။ သို့ဖြစ်၍ SignsKakshyas 2018-2020.xlsx တွင် အချိန် နှင့် တပြေးညီ ပြောင်းလဲချိန်နှင့် လိုအပ်သော နေရက်၊ အချိန် အတွက် ပြောင်းလဲချိန်တို့ကို တွက်ချက် ဖေါ်ပြထားပါသည်။ ဝဲဖက်ရှိ SignKakshya sheet Fig. SH-1 တွင် လတ်တလော နေ့၊ အချိန်၌ ပြောင်းလဲချိန်များကို အဝါနောက်ခံ ဇယားဖြင့် ပြထားလျှက် လိုအပ်သော နေ့၊ အချိန် ကိုရိုက်သွင်း၍ ထိုအခိုက်အတန့်၌ ပြောင်းလဲချိန်တို့ကို အပြာနောက်ခံဇယားဖြင့် ပြသထားရှိပါသည်။



အကယ်၍ တနင်္ဂနွေနှင့် ပဉ္စတားဂြိုဟ်တို့၏ ရာသီအလိုက် ပြောင်းလဲမှုများကို ကြည့်လိုလျှင် Tables sheet သို့ပြောင်း၍ Fig. SH-2 တွင် ပြထားသည့် ဇယား၌ ရှာဖွေကြည့်ရှုနိုင်ပါသည်။ ဤတွင် တနင်္ဂနွေဂြိုဟ် မိန်ရာသီသို့ရောက်ရှိစဉ် 3.75 ဒီဂရီစီရှိသော ကက္ခရှ အစိတ်အပိုင်း ၈-ခုသို့ ပြောင်းရွှေ့သည့် နေ့၊ အချိန်တို့ကို ပြထားသည်။ တနင်္လာဂြိုဟ်သည် နေ့စဉ်ကက္ခရှ ၃-ခုမှ ၄ခုထိတက်လေ့ ရှိခြင်းကြောင့် ရောက်ဆဲတန်ဖိုးကို အပြာရောင် နောက်ခံရှိသော ဇယား၌သာ ကြည့်ရှုရန် ဖြစ်ပါသည်။ အသုံးပြုမည့်တည်  နေရာ၏ အချိန်ပိုင်းဇုံကို မြန်မာနိုင်ငံ အတွက် 6.5h စင်္ကာပူ အတွက် 8h နှင့် နေ့တာ ချွေတာချိန်(DST) အသုံးပြုသော နိုင်ငံတို့အတွက်သတ်မှတ်ချက်များ အတိုင်း ထည့်သွင်းပေးရန် ဖြစ်သည်


Telegram userID: AWKyaw                                                             SMS: 09 459 824 750