Friday, December 30, 2016

24. Astrology on the sphere (8)




စက်လုံးပေါ်မှာ ဗေဒင်တွက်မလား (၈)

၁၀။ မြေပြင်စက်လုံး Terrestrial Sphere

ကမ္ဘာမြေကြီးကို Fig. Sphere-59 ၌ ပြထားသကဲ့သို့ ချင်းဝက် 6371 km သို့မဟုတ် 3959 miles ခန့် ရှိသော စက်လုံးကြီး တစ် ခုအဖြစ် ယူဆနိုင်လျှက် Fig. Sphere-60 တွင် ဝင်ရိုးကို ထောင့်မတ်ကျသည့် တစ်ခုတည်းသော အီကွေတာစက်ဝိုင်းကြီး နှင့် အာ တိတ်စက်ဝိုင်း Arctic Circle, ဥတ္တရယဉ်စွန်းတန်း Tropic of Cancer, ဒက္ခိဏယဉ်စွန်းတန်း Tropic of Capricon, အန္တာတိတ် စက်ဝိုင်း Antarctic Circle တို့ အပါအဝင် များစွာသော စက်ဝိုင်းလေး များအဖြစ် မှတ်ယူဆွဲသားကြောင်း တွေ့ရှိနိုင်သည်။ မြေ ပြင်စက် လုံးကို လေ့လာဖို့ အခမဲ့ ဒေါင်းလုပ်ချ ရယူနိုင်တဲ့ ရနိုင်တဲ့ Google Earth ဆော့ဖ်ဝဲက အသင့်တော်ဆုံး ဖြစ်ပါ သည်


အချင်းဝက် တန်ဖိုးသိရှိသော စက်လုံးတစ်ခုအဖြစ် ကမ္ဘာလုံးကို ယူဆနိုင်သကဲ့သို့ မိုးကုတ်စက်ဝိုင်း၏ အ ထက်နှင့် အောက်ရှိ ကောင်းကင်ကြီးအား အလွန့်အလွန်ကြီးမားသော ချင်းဝက်ရှိသည့် စက်လုံးကြီး တစ်ခု အဖြစ် ယူဆမှတ်သား လေ့ရှိကြသည်။ သို့ရာတွင် စက်လုံးတခု ပေါ်တွင်မှတ်သား တိုင်းတာမှုများ လုပ်ဆောင် သော အခါ၌ အရွယ်အစားကို ထည့်သွင်းတွက်ချက် လေ့ မရှိဘဲ စက်ဝန်းပိုင်း တစ်ခုခုကို ဗဟိုရှိဝင်ရိုးပေါ်တွင် ခံဆောင်သော ထောင့်တန်ဖိုးများ အားဖြင့်သာ ရေတွက်ပိုင်းခြား လေ့ရှိသည်။ Fig. Sphere-60 တွင် ပြထား သည့်အတိုင်း ကမ္ဘာပေါ်၌ တည်နေရာ ကွာခြားမှုများကို လတ္တီတွဒ်နှင့် လောင်ဂျီတွဒ် ဒီဂရီ၊ မိနစ်၊ စသည်ဖြင့် အသုံးပြု တိုင်းတာသော အစဉ်အလာရှိသည်။ ကောင်းကင်စက်လုံး အကြောင်းကို လေ့လာသည့် အခါ၌ လည်း တည် နေရာ၊ အကွာအဝေး၊ စသည်တို့ကို ထောင့်တန်ဖိုးများ အားဖြင့်သာ တိုင်းတာတွက်ချက် သွား သည်ကို တွေ့ရမည်ဖြစ်သည်။ ယ္ခု ကဲ့သို့ စက်လုံးတစ်ခု၏ အစိတ်အပိုင်း ဆိုင်ရာ ဂျီသြော်မေထြီ ပေါ်တွင် အခြေခံလျက် စက်လုံးပေါ်ရှိ အမှတ်နှစ်ခုအကြားဆက်စပ် မှုများကို ရှာသောအခါ၌ အထက်တွင် ဖေါ်ပြခဲ့ သည့်အတိုင်း စက်ဝိုင်းကြီးများ၏ စက်ဝန်းပိုင်းတို့ဖြင့် ဖွဲ့စည်းဖြစ်ပေါ်လာသော စက် လုံးတြိဂံ တစ်ခုမှ အ နားများ၏ ဆက်စပ်မှုကို ဖြေရှင်းသည့် စက်လုံးတြိဂံသချ်ာအား အသုံးပြု၍ တွက်ချက်ရန် လိုအပ်သည်။ သို့ရာ တွင် အချိန်ဆက်စပ်မှုနှင့် ပတ်သက်သော တွက်ချက်မှုများကိုမူ တြိဂံဖွဲ့စည်းဖြေရှင်း ရန်မလိုအပ်ဘဲ သာမာန်ပေါင်းခြင်း နှုတ်ခြင်း အတွက်အချက်များကို သုံးခြင်းဖြင့်သာ ဖြေရှင်းသွားနိုင်ကြောင်း တွေ့ရမည် ဖြစ်သည်။

ကောင်းကင်စက်လုံး ဟူ၍ခေါ်တွင် နိုင်သော ကမ္ဘာကြီး၏ အစိတ်အပိုင်း ဖြစ်သည့် မြန်မာနိုင်ငံ ဝန်းကျင်၌ တည်နေရာတစ်ခု အား လတ္တီတွဒ်နှင့် လောင်ဂျီတွဒ်တို့ အားဖြင့်တိုင်းတာ ပုံကို Fig. Sphere-61 တွင် တွေ့ နိုင်ပါသည်။ အချိန်၏ သဘောတရားကို လေ့ လာရာ၌ နေ၊ လ၊ နက္ခတ်တာရာ တို့အား ရည်ညွှန်းလျှက် ကမ္ဘာပေါ်ရှိ တည်နေရာများနှင့် ဆက်စပ်လျက်ရွေ့ လျှားပုံတို့ကို တွက် ချက်နိုင်ရန် ရှေးဦးစွာ ပထဝီ ပညာရပ် ဆိုင်ရာ တည်နေရာတို့ အကြောင်းအား ပြန်လည် ဆန်းစစ်ရန် လိုသည်။ Fig. Sphere-62 တွင် ကမ္ဘာ့ဝင်ရိုး ကို ထောင့်မတ်ကျလျက်ရှိသော အီကွေတာ စက်ဝိုင်းကြီးအား မူလစက်ဝိုင်း (Primary circle) တခုအဖြစ် တွေ့နိုင် လျှက် ကမ္ဘာပေါ်ရှိ အရှေ့နှင့်အနောက် တည်နေရာကွာခြားချက် ဖြစ်သည့် A နှင့် B ၏ လောင်ဂျီ တွဒ်တန်ဖိုး ခြားနားခြင်းအား (၁) မူလ စက်ဝိုင်းပေါ်ရှိ စက်ဝန်းပိုင်းတို့ အားဖြင့် လည်းကောင်း၊ (၂) အီကွေ တာကို ထောင့်မတ်ကျသော လောင်ဂျီတွဒ် ထပ်ဆင့်စက် ဝိုင်း (Secondary circle) နှစ်ခုတို့၏ကြား ဝင်ရိုး စွန်း၌ ခံဆောင်သော ထောင့်အားဖြင့် လည်းကောင်း၊ အသီးသီး တိုင်းတာနိုင် ကြောင်းကို ပြသထားသည်။
 

Fig. Sphere-63နှင့် Fig. Sphere-64 တို့တွင် အီကွေတာမှအပ အခြားသော စက်ဝိုင်းလေးများမှာ မြောက် လတ္တီတွဒ်နှင့်တောင် လတ္တီတွဒ် စက်ဝိုင်းများ ဖြစ်ကြသည်။ အီကွေတာမှ မြောက်ဖက်သို့တိုင်းသော မြောက် လတ္တီတွဒ်နှင့် တောင်ဖက်သို့ တိုင်းတာ သော တောင်လတ္တီတွဒ် တို့ကို ပုံတွင်ပြထား သည့်အတိုင်း ဝင်ရိုးကို ဖြတ်သော စက်ဝိုင်းကြီး တလျှောက်တိုင်းတာသည်။



မူလစက် ဝိုင်းဖြစ်သည့် အီကွေတာ စက်ဝိုင်းကြီးအား ထောင့်မတ်ကျလျက် ဝင်ရိုးကိုဖြတ်၍ ဆွဲသော ထပ်ဆင့်စက်ဝိုင်းကြီး များမှာ လောင်ဂျီတွဒ် စက်ဝိုင်းများ ဖြစ်ကြသည်။ ခေတ်သစ် နက္ခတ္တဗေဒ ဆိုင်ရာ တိုင်းတာမှုများစွာကို ပြုလုပ်သော အင်္ဂလန်နိုင်ငံရှိ ဂရင်း နစ်နက္ခတ် တာရာကြည့်မျှော်စင် (Greenwich observatory) အားဖြတ်၍ဆွဲသည့် လောင်ဂျီတွဒ် စက်ဝိုင်းကို ဂရင်းနစ်စံမွန်းတည့် မျဉ်း သို့မဟုတ် ပင်မမွန်းတည့်မျဉ်း (Prime meridian) ဟုခေါ်ပြီး လောင်ဂျီတွဒ်တန်ဖိုးအားဖြင့် သုညဒီဂရီ ဟုသတ်မှတ်သည်။ ကမ္ဘာပေါ်ရှိ ဒေသတခုခု၏ အရှေ့၊အနောက် တည်နေရာကို အဆိုပါ ဂရင်းနစ် မွန်းတည့်မျဉ်းအား မူတည်တိုင်းတာသည်။ Fig. Sphere-65 တွင် ဂရင်းနစ်မှ အရှေ့သို့ ၁၈ဝ ဒီ ဂရီ (0° -180°E) အထိတိုင်းတာပုံ နှင့် Fig. Sphere-66 ၌ ဂရင်းနစ်မှ အနောက် သို့ ၁၈ဝ ဒီဂရီ (0° -180°W) အထိတိုင်းတာပုံ အသီးသီးကို တွေ့နိုင်သည်။

တူညီသော လောင်ဂျီတွဒ် တန်ဖိုးရှိသည့် ဒေသများ တွင် နေ၊ လ၊ ကြယ် တစ်လုံးလုံးသည် တပြိုင်နက်ထည်း မွန်းတည့်ခြင်း၊ သန်း ခေါင်သို့ ရောက်ရှိခြင်း စသည်တို့ကို ကြုံတွေ့ရသည်။ အရှေ့ဘက်သို့ ပို၍ကျရောက်သော ဒေသတစ်ခုတွင် အဆိုပါ မွန်းတည့် ခြင်း၊ သန်းခေါင်သို့ ရောက်ရှိခြင်း စသည်တို့ကို အချိန်စောလျက် တွေ့ကြုံရလေ့ရှိပြီး အနောက်ဘက်သို့ပို၍ ကျရောက်သည့် ဒေ သတစ်ခု၌ အဆိုပါ ကောင်းကင်ဖြစ်ရပ် တို့ကိုအ ချိန်စောလျက် တွေ့ကြုံကြရသည်။


ရန်ကုန်မြို့၏ မြောက်လတ္တီတွဒ် တန်ဖိုး 16°46’N ကို တိုင်းတာပုံအား Fig. Sphere-67 တွင်တွေ့နိုင် သည်။  ဒေသတစ်ခု၏ လတ္တီ တွဒ်သည် ထိုဒေသအတွက် နေ၊ လ၊ ကြယ် တို့ထွက်ချိန်၊ ဝင်ချိန်များ တွက် ချက်ရာ၌ အသုံးပြုရန် လိုအပ်သော တန်ဖိုးတစ်ခု ဖြစ် သည်။ ဒေသတစ်ခု၏ အချိန်ဆိုင်ရာ တွက်ချက်မှုများ၌ လောင်ဂျီတွဒ်တန်ဖိုးသည် မရှိမဖြစ် အသုံးပြုရမည့် တန်ဖိုးတစ်ရပ် ဖြစ် သည်။ ရန်ကုန်မြို့၏ အရှေ့လောင် ဂျီတွဒ် တန်ဖိုးဖြစ်သည့် 96°12’E ကို တိုင်းတာပုံအား Fig. Sphere-68 တွင် တွေ့နိုင်သည်။  တိုင်းနိုင်ငံ တစ်ခုရှိ မြို့ရွာဒေသအားလုံး တစ်နေရာနှင့် တစ်နေရာ ဆက်သွယ်ရာ၌ အဆင် ပြေမှု ရှိစေရန် ဒေသကိုယ်စား ပြုသော စံတော်ချိန် မွန်းတည့်မျဉ်း တစ်ခုအားသတ်မှတ်လျက် တူညီသော စံတော်ချိန် နာရီကို တစ်ပြေးညီ သုံး စွဲလေ့ရှိကြရာ မြန်မာနိုင်ငံ၏ စံတော်ချိန်မှာ အရှေ့လောင်ဂျီတွဒ် 97°30’E မျဉ်းကို ရည်ညွှန်းသုံးစွဲ ထားသည်။


အချိန်ဆိုင်ရာ တွက်ချက်မှုများတွင် လောင်ဂျီတွဒ် တန်ဖိုးများကို ဒီဂရီ၊ မိနစ် စသည်အားဖြင့် ပြဆိုသည်ထက် အချိန်ယူနစ် ဖြစ် သည့် နာရီ၊ မိနစ် ကိုသုံးခြင်းအားဖြင့် ပိုမိုလွယ်ကူအဆင်ပြေစေကြောင်း တွေ့ရမည် ဖြစ်သည်။ မြန်မာစံတော်ချိန်မျဉ်း၏ လောင်ဂျီ တွဒ် တန်ဖိုးဖြစ်သော 97°30’Eနှင့် ညီမျှသည့် 6h30mE သို့မဟုတ် +6.5h ဟူ၍ သုံးစွဲလေ့ရှိသည်။ တွက်ချက်ရာ၌ လွယ်ကူမှု ရှိ စေရန်အတွက် အရှေ့လောင်ဂျီတွဒ်ကို (+) လက္ခဏာ၊ အနောက်လောင်ဂျီတွဒ်အား (-) လက္ခဏာ သတ်မှတ်ချက်ဖြင့် ပြဆိုလေ့ရှိ သည်။ ထို့နည်းတူ ရန်ကုန်မြို့၏ လောင်ဂျီတွဒ်ကို တန်ဖိုး 96°12’E နှင့်ညီမျှသော အချိန် 6h24m48sE သို့မဟုတ် +6h24m48s ဖြင့် လည်း ပြဆိုလေ့ရှိသည်။

ရန်ကုန်မြို့၏ တည်နေရာကို လတ္တီတွဒ်နှင့် လောင်ဂျီတွဒ် တို့အားဖြင့် Fig. Sphere-69 တွင် ပြထားသကဲ့သို့ တိုင်းတာ ဖေါ်ပြနိုင် ၍ ဂရင်းနစ်၏ အနောက်ဖက်ခြမ်းရှိ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယား ပြည်နယ်ရှိ ဆန်ဖရန်စစ္စကိုမြို့၏ တည်နေရာကို Fig. Sphere-70 ၌ ပြထားသကဲ့သို့ တိုင်းတာဖေါ်ပြ နိုင်ပါသည်။ ဖေါ်ပြပါ ပုံများတွင် ရန်ကုန်မြို့၏ မွန်းတည့်မျဉ်းသည်  မြန်မာစံတော် ချိန် မွန်းတည့်မျဉ်း၏ အရှေ့ဖက်၌ကျရောက်လျက် ဆန်ဖရန်စ္စစကိုမြို့၏ ဒေသမွန်းတည့် မျဉ်းသည် ကာလီဖိုးနီးယား စံတော်ချိန် မျဉ်း၏ အရှေ့ဖက်၌ကျရောက် တည်ရှိကြောင်း တွေ့ရမည် ဖြစ်သည်။ ဒေသ တစ်ခုခု၏ မွန်းတည့်မျဉ်းသည် ထိုတိုင်းနိုင်ငံအတွက် သတ်မှတ်ထားသော စံတော်ချိန်မျဉ်း၏ အရှေ့ဖက်သို့ ကျရောက်သည်၊ အနောက်ဖက်သို့ ကျရောက်သည် ကိုလည်း အချိန် ဆိုင်ရာ တွက်ချက်မှုများ လုပ်ဆောင်ရာ၌ အထူးအရေးပါသောကြောင့် သတိပြု မှတ်သားထားရန် လိုအပ်ပါသည်။




                                        
ayewinkyaw@ymail.com                                       SMS: 09 459 824 750
30-12-2016                                                                                     ဆက္ရန္