Friday, February 23, 2018

64. Tithi, Nakhat, Yoga and Karana for the year 2018-2020



2018 မှ 2020 အထိ တိထီ၊ နက္ခတ်၊ ယုဂ် နှင့် ကရိုဏ်း စဝင်ချိန် - ပြီးဆုံးချိန်များ။

ပို့စ်-၁၂ နှင့် ၁၃ တို့တွင် 2016 ခုနှစ်အတွက် တိထီ နှင့် နက္ခတ် ဝင်ချိန် ပြီးဆုံးချိန် တို့ကို တိထီစက်ဖြင့် တွဲ ဖက် အသုံးပြုနိုင်ရန် တင်ခဲ့ပါသည်။ အဆိုပါ တိထီ နှင့် နက္ခတ် ပြောင်းလဲမှု များကို 2017 ခုနှစ် အတွက် မွမ်းမံ တွက် ချက်၍ ပို့စ်-၂၇ တွင် ထပ်မံတင်ထား ခဲ့သည်။ ဤပို့စ်တွင် 2018 မှ 2020 အထိ တွက်ချက်၍ ယုဂ်နှင့် ကရိုဏ်းတို့ကို ထပ်မံဖြည့်စွက် ထားပါသည်။ ဒေသမရွေး သုံးစွဲနိုင်ရန်အတွက် Fig. TNYK-1 တွင် ပြထားသည့်အတိုင်း လိုအပ်သော အချိန်ပိုင်းဇုံ ပြောင်းလဲထည့်သွင်း ထားယုံမျှဖြင့် နေ့စွဲနှင့် အချိန်အားလုံးအား သက်ဆိုင်ရာ ဒေ သစံတော်ချိန်တန်ဖိုး အရပြသသွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ အတွက် 6.5 စင်္ကာပူ အတွက် 8 နှင့် နေ့တာချွေတာချိန် အသုံးပြုသော နိုင်ငံတို့ အတွက် သတ်မှတ်ချက်များ အတိုင်း ထည့်သွင်းပေးရန် ဖြစ်သည်။

 

နေ့စဉ်တိထီ ပြောင်းချိန်များနှင့် တိထီစက်တို့ တွဲဖက်ပြထားသည်ကို Fig. TNYK-2 တွင် တွေ့နိုင်ပါသည်။ တစ်နေ့ကို ၂၄-ပိုင်းခွဲဝေထားသော တိထီစက်ကို ဇယားနှင့်တကွ အောက်ပိုင်းတွင် ဆက်လက်ဖေါ်ပြ ထားပါသည်။



 

နေ့စဉ် စန်းစီးနက္ခတ် ပြောင်းလဲမှုများကို Fig. TNYK-3 တွင် လည်းကောင်း၊ ယုဂ်နှင့် ကရိုဏ်း ပြောင်းလဲချိန်တို့အား Fig. TNYK-4 လည်းကောင်း အသီးသီး ဖေါ်ပြထားပါသည်။ လက်ဝဲဖက်ရှိ ဇယားများသည် ယ္ခုရောက်ဆဲ အခိုက်အ တန့်ရှိ တန်ဖိုးတို့ကို ဖေါ်ပြ၍ လက်ယာဖက် ဇယားရှိ အစိမ်းရောင် ဆဲလ်များတွင် -နှစ်အတွင်း မိမိလိုရာ ရက်နှင့် ချိန်တွင် ရှိမည့် တန်ဖိုးတို့ကို ရှာဖွေဖေါ်ပြ ပေးမည် ဖြစ်ပါသည်။ အလိုရှိ သောဇယားကို TithiSek, Nakhat နှင့် Yog-Kar sheet တစ်ခုခု သင့်လျှော်ရာကို ရွေးချယ်ကြည့်ရှုရန် ဖြစ်ပါသည်။

 

ကျမ်းကိုးစာရင်း။
၁။ တိထီစက်- ဦးမင်းနိုင်
၂။ သဗ္ဗမင်္ဂလာ အခါပေးကျမ်း (ကန်ဦးမူ)
၃။ မုဟုတ္တ မင်္ဂလာအခါပေးကျမ်း - ဒေါက်တာကံညွန့်
၎။ MUHURTHA (ELECTIONAL ASTROLOGY) – B.V. RAMAN
  

Telegram userID: AWKyaw                                                            SMS: 09 459 824 750