Sunday, April 30, 2017

48. Horoscopy using Excel 21



SwissHoro v-3.1 package

ဗေဒင်ကို အိက်ဆဲလ်နဲ့တွက်မလား၂၁
 
ဆွစ်ဂြိုဟ်သွားများ အပေါ်မူတည် တွက်ချက်သော SwissHoro v-2.1 နှင့် v-2.2 တို့ကို 2016 နှစ်စ၌ တင်ခဲ့ပြီးနောက် ယ္ခု ၁-နှစ် ၄-လအတွင်း ပြင်ဆင်မွမ်းမံလျှက်  SwissHoro v-3.1 အား တင်နိုင်ပြီ ဖြစ်ပါသည်။ WPS Office ရှိထားသော မိုဘိုင်းပေါ်၌ အချိန်တိုအတွင်း တြိစက္ကဇာတာ တစ်စောင်ကို တွက်ချက်ဟောပြော နိုင်ရန်ရည်ရွယ် ထားပါသည်။ တင်ပြီးခဲ့သော post 41 မှ post 47 အထိ ဖတ်ရှုထားပါလျှင် တွက်လိုရာ ခုနှစ်အလိုက် ၁၀-နှစ်စာအတွက် ဖိုင်တစ်ခုကို လွယ်ကူစွာ ရွေးချယ်သုံးစွဲနိုင် မည် ဖြစ်ပါသည်။

SwissHoro v-3.1




Telegram userID: AWKyaw                                                       SMS: 09 459 824 750
30-4-2017                                                                                                         ဆက်ရန်

Friday, April 28, 2017

47. Horoscopy using Excel 20



SwissHoro v-3.1 Horary

ဗေဒင်ကို အိက်ဆဲလ်နဲ့တွက်မလား၂၀   

ဇာတာတစ်စောင် ဖွဲ့ယူရာတွင် လိုအပ်သော အချက်အလက်၊ ဂြိုဟ်သွားနှင့်ကြယ်ချိန် တို့ထည့်သွင်းခြင်း၊ ရရှိသည့် ရလာဒ် မှ ဒသာစိတ်ခြင်း၊ ဘာဝပိုင်းခြားခြင်း၊ ဂြိုဟ်မြင်နှင့်ဘာဝသို့အမြင် တွက်ချက်ခြင်း အစရှိသော အဆင့်များကို အသုံးပြုထား သည့် ညီမျှခြင်းများ နှင့်တကွ လေ့လာခဲ့ပြီး ဖြစ်ပါသည်။ နည်းစံနစ်ကို အခြေခံမှ အစပြု၍ လေ့လာသိရှိ နိုင်စေရန် အလို့ငှာ ဂြိုဟ်သွားတစ်ခုချင်း ထည့်သွင်းရာ၌ ဖြစ်နိုင်ခြေရှိသော မတော်တဆအမှားများ တွေ့ရတတ်သဖြင့် လက်တွေ့ဟောပြောရာ ၌ အထောက်အကူ ရစေမည့် နည်းဟုမဆိုနိုင်ပါ။ ဇာတာတစောင်ကို ၅-၁၀ မိနစ်အတွင်း မိုဘိုင်းဖုန်းပေါ်တွင် လျှင်မြန်စွာ ဖွဲ့ ယူ၍ ဗေဒင်မေးလာသူ  တစ်ဦးပြီး နောက်တစ်ဦးကို ဟောပြောသွားနိုင်ရန် အထိရောက်ဆုံး နည်းလမ်းမှာ ယ္ခင်ဗာရှင်ဖြစ် သည့်  SwissHoro v-2.x တွင် ကဲ့သို့ ဒဿမ ဂြိုဟ်သွားဖြင့် ရှေ့ တွင်ဖေါ်ပြမည့် SwissHoro v-3.1 အတိုင်း ချိတ်ဆက်ပေး ခြင်း ဖြစ်ပါသည်။

၁၁။ ဗေဒင်သုံးနာရီ SwissHoro v-3.1 Horary


မွေးဇာတာများ တွက်ချက်နိုင်မည့် SwissHoro v-3.1 Package ကို မတင်မီ ရှေးဦးစွာ ဤဗာရှင်၏ လွယ်ကူမှု နှင့် ဟောပြော ရာ၌ ကောဇာနှင့် ဟူးရားအဖြစ် ထောက်ကူမှု စသည်တို့ကို မီးမောင်းထိုးပြမည့် Horary ဗာရှင်အား တင်ပြလိုပါသည်။ မိမိ တို့သည် နေ့စဉ်လုပ်ငန်း အရပ်ရပ်ကို ဆောင်ရွက်ရန် မိုဘိုင်းဖုန်းပေါ်တွင် ပြနေသည့် အချိန်ကို အမြဲရည်ညွှန်း နေကြရပါ သည်။ အလားတူပင် နက္ခတ်ဗေဒင်ကို စိတ်ဝင်စားသူ၊ လေ့လာလိုက်စားသူ၊ အသုံးချ၍ဟောပြောသူ၊ အားလုံးသည်လည်း မိမိ၏အာရုံတွင် အချိန်နှင့်အလိုက် ပြောင်းလဲလျှက်ရှိသည့် ရာသီ၊ ဂြိုဟ်၊ နက္ခတ်၊ ဝန်းကျင်ဖြင့် ဆက်စပ်ဆင်ခြင် သုံးသပ်  လေ့ရှိတတ်ကြပါသည်။ တနည်းအားဖြင့် ဗေဒင်သုံးနာရီ ဟုခေါ်ဆိုနိုင်သော ဟူးရားဇာတာခွင်တွင် ရာသီနှင့်ဂြိုဟ်နောက်ခံ၌ လဂ်တည်းဟူသော အက္ခရာ သည် လက်ဝဲရစ် လှည့်ပတ်ကျော်ဖြတ်ကြောင်း တွေ့နိုင်ပါသည်။ ဇာတာခွင်၌ လဂ်တခွင်
ရွှေ့ပြောင်းတိုင်း စ()၊ သာ()၊ ရွှေ()၊ ကူ()၊ အင်း()၊ ဝ()၊ သူ()၊ ဆန်()၊ ဖြူ()၊ တ()၊ တင်း()၊ ပေး() ဟူသော ရာ သီပိုင်ရှင်ဂြိုဟ် လင်္ကာအရ ဘာဝသ္ခင်ဂြိုဟ်တို့ သည်လည်းအစုံလိုက် ပြောင်းလဲကုန်ကြပါသည်။ ဂြိုဟ်တို့၏ ပိုင်ဆိုင်မှု အရ ကောင်းကျိုးဆိုးပြစ်များ ဆောင်သည့် ဗေဒင်အခြေခံမူအတိုင်း ဖြစ်စဉ်ဖြစ်ရပ်တို့ကို လိုက်လျှောညီထွေ ဟောရပါသည်။
ဇာတာခွင်ဖြင့် ဟောပြောရာတွင် လဂ်မှအတန့်ထောက်၍ ဆန်းစစ်ရရှိသော ရလာဒ်ကို စန္ဒြလဂ်၊ ၂-င်္လာမှ အတန့်ထောက်
ထပ်ဆင့်စစ်ဆေးပြီး အတည်ပြုသော အလေ့အကျင့်သည့် လိုက်နာသင့်သည့် အစဉ်အလာကောင်း တစ်ခုဖြစ်ပါသည်။

အထက်ဖေါ်ပြပါ ဗေဒင်သုံးနာရီသဘောဖြင့် ဖြစ်ရပ်အမျိုးမျိုးကို ဆင်ခြင်ဟောပြော၊ လေ့လာမှတ်သား၊ ကြိုတင်ခန့်မှန်း ရွေး ချယ်ဆောင်ရွက်နိုင်ရန် ဟူးရားဗာရှင်အား သီးခြားထားရှိ ခြင်းဖြစ်ပါသည်။ ဗာရှင် version-3.1 တွင် ဂြိုဟ်သွားများကို ၁၀-နှစ်စာအတွက် စီစဉ်စုစည်းEphyyyy-zzzz ဟူသော sheet ဖြင့် ထည့်သွင်းလျှက် Ephm ဟူသည့် အမည်သတ်မှတ်၍ လို
သော ရက်အမှတ်စဉ် အတွက် Vlookup ဖန်ရှင်ဖြင့် ခေါ်ယူသုံးစွဲ ထားခြင်းသာ ဖြစ်ပါသည်။ ဤပရိုဂရမ်တွင် ရက်စွဲနှင့်အချိန်
ကို NOW() ဖန်ရှင်ဖြင့် အလိုအလျှောက်ခေါ်ယူ ဖြည့်သွင်းခြင်းကြောင့် Fig. Excel-109 တွင်ပြထားသည့်အတိုင်း မိမိအ သုံးပြုမည့်တည်နေရာ၏ ရည်ညွှန်းအမှတ်စဉ်ကိုသာ ရိုက်သွင်းရန်လိုသည်။ ရောက်ဆဲဒသာ အပိုင်းအခြားကို တွက်ချက်သောနေ့အတွက် Fig. Excel-110 တွင် ပြသည့်အတိုင်း NOW() ဖန်ရှင်ကို အသုံးပြုထားသည်။ အကယ် ၍ နေ့စွဲတခုခု ကိုထည့်သွင်း အသုံးပြုခဲ့လျှင် မူလညီမျှခြင်းများကို ပြန်လည်ရိုက်သွင်း ထားနိုင်ပါသည်။ Fig. Excel-111 သည် အ လိုအလျှောက် ဖြည့်သွင်းပြီး ဂြိုဟ်သွားများနှင့် ဆက်လက်တွက်ချက်ပုံကို ပြသထားသည်။ Fig. Excel-112 တွင် နမူနာဟူးရား ဇာတာခွင်ကို ပြထားပါသည်။ အလားတူ ဇာတာမျိုးကို လိုသောအချိန်အခါတို့၌ ခေါ်ယူကြည့်ရှုလျှင် လဂ်၊ စန်း၊ဂြိုဟ် ပြောင်းများကို တွေ့ရပါ မည်။ စန်းသည် တစ်နေ့လျှင် နဝင်း ၉-လုံး ပြောင်းနေသည် ကိုတွေ့နိုင်ပါသည်။








Telegram userID: AWKyaw                                                       SMS: 09 459 824 750
28-4-2017                                                                                                   ဆက်ရန်