Monday, February 29, 2016

8. Horoscopy using Excel (6)

 ဗေဒင်ကို အိက်ဆဲလ်နဲ့ တွက်မလား (၆)

၈။ ဂြိုဟ်သွားပြက္ခဒိန် တစ်စောင်ပြုလုပ်ခြင်း

ဗေဒင်ဆိုင်ရာ တွက်ချက်မှုများစွာကို လုပ်ဆောင်လာသော အခါတွင် ဂြိုဟ်စင်တန်ဖိုးတို့အား ဒဿဿ မကိန်းဖြင့် ဖေါ်ပြထားရှိသည့် ဂြိုဟ်သွားပြက္ခဒိန် တစ်စောင်ရှိထားရန် အထူးလိုအပ် လာပါသည်။ SwissHoroVer-2.1 ပရိုဂရမ်ဖိုင်တိုင်းတွင် ၁ဝ-နှစ်စာ သာယနဂြိုဟ်စင် တန်ဖိုးများကို ဖေါ်ပြထားသည့် ephe2011-2020 ကဲ့သို့သော sheet အားတွဲလျက် တွေ့နိုင်ပါသည်။ ပရိုဂရမ်ဖိုင် အားလုံး၌ပါရှိသော ephe0000-0000 sheet တိုင်းတွင် ကောဇာနှင့် ဟူးရားဇာတာခွင် တွက်ယူရန် 2016-2020 ၅-နှစ်စာ သာယနဂြိုဟ်စင် များကိုလည်း ထပ်ဆင့်တွဲလျက် ပေးထားပါသည်။ ထို့ကြောင့် ယ္ခု 2016 ခုနှစ်အတွက် ဂြိုဟ်သွားပြက္ခဒိန် တစ်စောင် ပြုလုပ်နည်း အဆင့်ဆင့်ကို အိက်ဆဲလ် လေ့ကျင့်ခန်း တစ်ခု အနေဖြင့်
ပြုလုပ်ကြည့်ပါမည်။

Thursday, February 25, 2016

7. Horoscopy using Excel (5)

 ဗေဒင်ကို အိက်ဆဲလ်နဲ့ တွက်မလား (၅)

၆။ IF ဖန်ရှင်ကို အသုံးချခြင်း

ပုံ-၉။ တွင် ဖေါ်ပြထားသော ဥပမာရှိ ဆဲလ် E2 ၌ ညီမျှခြင်း =WEEKDAY(D2) ရေးခြင်းအားဖြင့် Sunday = 1, Mon-day = 2, … အစ ရှိသောနေ့ ကိုယ်စားပြု ဂဏန်းများကို ပြသစေနိုင်ပါသည်။ အကယ်၍ F2 ၌ ပုံ။ ၅-၁၅ တွင် ဖေါ်ပြ ထား သကဲ့သို့ ညီမျှခြင်း IF(E2=1,"တနင်္ဂနွေနေ့",IF(E2=2,"တနလာနေ့", IF(E2=3,"အဂါနေ့", IF(E2=4, "ဗုဒ္ဓဟူးနေ့", IF(E2=5,"ကြာသပတေးနေ့",IF(E2=6,"သောကြာနေ့", "စနေနေ့")))))) ကိုရေးသားထားလျှင် မည်သည့်နေ့ ဖြစ်သည်ကိုတိုက်ရိုက် ပြ သပေးနိုင် ကြောင်းတွေ့ ရမည် ဖြစ်သည်။


Wednesday, February 24, 2016

6. Horoscopy using Excel (4)

ဗေဒင်ကို အိက်ဆဲလ်နဲ့ တွက်မလား (၄)

၅။ အသုံးများသော ဖန်ရှင်များ

အိက်ဆဲလ်တွင် အသုံးများသော ဖန်ရှင်များကို အောက်ပါအတိုင်း အုပ်စု ၄-စု ခွဲခြားထားနိုင်ပါသည်။
၁။ သင်္ချာတွက်ချက်မှု ဆိုင်ရာ Math and trigonometry functions ဖန်ရှင်များ။
၂။ ပြက္ခဒိန် ရက်စွဲပိုင်းဆိုင်ရာ Date and time functions ဖန်ရှင်များ။
၃။ စာတန်းများ ပေါင်းစပ်၊ ခွဲဝေခြင်း ဆိုင်ရာ Text functions ဖန်ရှင်များ နှင့်
၎။ ကျိုးကြောင်းဆင်ခြင်၊ ဆုံးဖြတ်ခြင်းဆိုင်ရာ Logical functions ဖန်ရှင်များ ဖြစ်သည်။


Tuesday, February 23, 2016

5. Horoscopy using Excel (3)

 ဗေဒင်ကို အိက်ဆဲလ်နဲ့ တွက်မလား (၃)

၎။ အချက်အလက်များ ထည့်သွင်း တွက်ချက်ခြင်း


ဖိုင်အသစ် တစ်ခုခုကိုဖွင့်ပြီး အောက်ပါ အချက်အလက်များအား ရိုက်သွင်း၍ တွက်ချက်မှု ကိုစတင်နိုင်ပါ သည်။ ရှေးဦးစွာ ရက်စွဲတစ်ခုကို အိက်ဆဲလ်တွင် အတိုကောက်အားဖြင့် မည်သို့ဖေါ်ပြနိုင်သည်ကို ကြည့် ရှုရန်အတွက် ပုံ-၈။ တွင်ပြထားသကဲ့သို့ A1, B1, C1 ဆဲလ်တို့၌ ထည့်သွင်းမည့် အချက်အလက်၏ ခေါင်း စီးအဖြစ် နှစ်၊ လ နှင့် ရက် တို့ ကိုရိုက်ထည့်၍ အစိမ်းရောင်နောက်ခံချယ်ထားသည်။ ဤတွင် ဇော်ဂျီဝမ်း (Zawgyi-One) မြန်မာဖွန့်ကို အသုံးပြုထားပါသည်။ မြန်မာစာကို မရိုက်မီ လိုသောဆဲလ်/ဆဲလ်နယ် ကိုဇော်ဂျီဖွန့်သုံးမည်ဖြစ်ကြောင်း ကြိုတင်ရွေးချယ် ကြေငြာထားရှိရန် လိုပါသည်။ D1 တွင်ရလာဒ်၏ခေါင်း စီး အဖြစ် ရက်စွဲ ကိုရိုက်ထည့်၍ (အပြာရောင်)နောက်ခံ ချယ်ထားသည်။ တွက်လိုသော အချက်အလက် အဖြစ် A2 တွင် 2013 ကို၎င်း၊ B2 တွင် 10 နှင့် C2 တွင် 1 တို့ကို၎င်း၊ ရိုက်ထည့်ပါ။ ရိုး 2  မှအချက်အလက် သုံးခု A2, B2, C2 ကိုရွေးချယ်ပြီး ယာဖက်အောက်ထောင့်ရှိ လက်ကိုင်ကြက်ခြေ (Handle) ကို ရိုး 3 နှင့် 4 တို့ကိုဖုံးလွှမ်း သွားအောင် ဖိဆွဲချခြင်း  အားဖြင့် တူညီသော အချက်အလက်ကို ရိုး 3 နှင့် 4 သို့ကူးယူနိုင် သည်။ ဤတွင် လိုအပ်သောအချက်အလက်တို့ကို ရိုက်သွင်းခြင်း (Data entry) အလုပ်ပြီးဆုံးသည်။

Friday, February 19, 2016

4. Horoscopy using Excel (2)

ဗေဒင်ကို အိက်ဆဲလ်နဲ့ တွက်မလား (၂)

၂။ ရွေးချယ်ဆဲတက်ဘ် ဆိုင်ရာမီနျူးများကို အသုံးပြုခြင်း

        သုံးစွဲသူ၏ လိုအပ်ချက်အရ ရွေးချယ်သော မီနျူးအလိုက် ပုံ-၃။ တွင်ပြထားသည့် အတိုင်းသက်ဆိုင်ရာ ဖဲပြားမီနျူးပွင့်ကျလာသည်။ ဤပုံတွင် (၁) ဖိုင်ကိုင်တွယ်ရန် File မီနျူး၊ (၂) အချက်အလက်များ ကူး၊ ဖြတ်၊
နေရာချ၊ အနေအထားပြင်၊ စသည်တို့လုပ်ဆောင်ရန် Home မီနျူး၊ (၃) ဆွဲပြီးပုံ၊ ဇယား၊ ပုံစံကားချပ်၊ စ သည်တို့ကို ခေါ်ယူထည့်သွင်းရန် Insert မီနျူး (၄) စာမျက်နှာ၏ အနေအထား ကိုပြင်ခြင်း၊ ဘောင်ညှိခြင်း  
နောက်ခံထည့်ခြင်း၊ စသည် လုပ်ဆောင်ချက်တို့ကို ရွေးချယ်ရန် Page Layout မီနျူး အစရှိ သည်တို့အား
တွေ့မြင်နိုင်သည်။

   

Thursday, February 18, 2016

3. Horoscopy using Excel (1)


ဗေဒင်ကို အိက်ဆဲလ်နဲ့ တွက်မလား (၁)




   
နက္ခတ်ဗေဒင်ပညာအား နှစ်ရှည်လများ လေ့လာလိုက်စားလာသောအခါ ဟောပြောမှုကိုအထောက်အကူပြုမည့် ဂြိုဟ်ပြောင်း၊နက္ခတ်ပြောင်း၊တိထီပြောင်း၊လဂ်ပြောင်းစသည့်တွက်ချက်မှုများလုပ်ဆောင်ရရှိသည့်အသင့်ပြင်ဇယားတို့ကိုလိုအပ်လာတတ်ပါသည်။ အင်တာနက်တွင် အလားတူဇယားများ သာမက အခြားသော ဗေဒင်ဆောဖ်ဝဲ များစွာကို ရရှိနိုင်သော်လည်း မိမိစိတ်တိုင်းကျသောရလာဒ်နှင့်အနေအထားတို့ဖြင့်တိုက်ရိုက်ကိုက်ညီမှု မရှိကြောင်း တွေ့ရတတ်ပါသည်။ ဤသို့ကြုံတွေ့ရသောအခါတွင်အိက်ဆဲလ်ကိုအသုံးပြု၍ ဗေဒင်တွက်ချက်နည်းအား လေ့လာ လေ့ကျင့်ခြင်းဖြင့် စိတ်ကြိုက်ဇယားနှင့်ပရိုဂရမ်ငယ်များကိုယ်တိုင်ဖန်တီးနိုင်စွမ်းရှိလာကြောင်း တွေ့ရပါလိမ့်မည်။အထက်ဖေါ်ပြပါပုံသည် SwissHoro ver-2.1 ဖိုင်တစ်ခုခုမှ ယ္ခု 2016 ခုနှစ်အတွက် ကူးယူပြုလုပ်ထားသော ဂြိုဟ်သွားပြက္ခဒိန်၏ နမူနာပုံစံ ဖြစ်ပါသည်။