Saturday, June 16, 2018

83. Myanmar Astronomy (8)


မြန်မာနက္ခတ္တဗေဒ  ()
                       
မြန်မာဗေဒင်ဆိုင်ရာ နေချိန်စံနစ်။ (အဆက်)

၈။ မြန်မာနာရီ (Myanmar Clock)

နေနာရီကဲ့သို့ မျက်မြင်နေချိန် ကိုပြသော မြန်မာကျော်နာရီအား NOAA နည်းစံနစ် အသုံးပြု၍ တည်နေရာ အလိုက် နေ့တာ/ ညဥ့်တာ တန်ဖိုးများမှ တွက်ယူနိုင်ကြောင်း ပြခဲ့ပြီး ဖြစ်သည်။ ဒေသလတ္တီတွဒ် တန်ဖိုးနှင့် ရာသီချိန်ခါ အလိုက်ပြောင်းလဲသောမျက် မြင်နေချိန်မှ အချိန်ညှိကိန်းကို နှုတ်လျှင် ဖျမ်းမျှနေချိန် ရသည်။ ဖျမ်းမျှနေချိန်မှ ဒေသပြင်ဆင်ချက် နှုတ်ယူခြင်းဖြင့် အများသုံး စံတော်ချိန် အဖြစ်သို့ပြောင်းနိုင်ကြောင်း ယ္ခင်ဆွေးနွေးခဲ့ပြီးသော အောက်ပါညီမျှခြင်း များအရ မှတ်သားသိရှိနိုင်သည်။  

ဖျမ်းမျှနေချိန် = မျက်မြင်နေချိန် - အချိန်ညှိကိန်း                         
 Local Mean Time = True Solar Time - EoT

ဇုံစံတော်ချိန် =  ဖျမ်းမျှနေချိန် - ဒေသချိန်ပြောင်းပြင်ချက်           
Zonal Standard Time = Local Mean Time Loc. Corr.

အထက်ဖေါ်ပြပါ အတိုင်း မြန်မာစံတော်ချိန် အားဖြင့် ဒေသတခု၏ နေထွက်ချိန်နှင့် နေဝင်ချိန်တို့ကို ရှေးဦးစွာ တွက်ယူပြီး မြန်မာ ကျော် နာရီ နှင့် အင်္ဂဝိဇ္ဇာ အခါတို့ အဖြစ်ပိုင်းခြား တွက်ယူလေ့ရှိသည်။ မြန်မာနာရီ ပရိုဂရမ်တွင် MMtime-Now, Std2MM, MM2Std နှင့် Locate ဟူ၍ ၄-မျက်နှာ (4-sheets) ပါဝင်သည်။ MMtime-Now သည် အချိန်နှင့် တပြေးညီ အင်္ဂဝိဇ္ဇာအခါ နေ့၈-ပါးနှင့် /ညဥ့် ၈-ပါးနှင် ၈-ပဟိုရ် နာရီတို့ကို တွက်ချက်ဖေါ်ပြသည်။ တွက်လိုသောဒေသ၏ တည်နေရာကို ရှေးဦးစွာ ဖြည့်သွင်း ထားရန် လိုသည်။ ပရိုဂရမ်သည် Fig. AstroTime-21 တွင် ရန်ကုန်မြို့ အတွက် 2018-06-30, 12h10m10s အခိုက်အတန့်၌ မြန်နာရီ တန်ဖိုးသည် မွန်းတည့် ၂-ချက်တီးကျော် -နာရီ -ဗီဇနာ -ခရာ ဟူ၍ တွက်ချက်ဖေါ် ပြပေးသည်။ ဤတွင် မြန်မာနာရီကို -ဆင့်ဖေါ်ပြထား -ဆင့်ဖွဲ့သော် ၆၀-နာရီ -ပါဒ် -ဗီဇနာ -ပြန် -ခရာ ဖြစ်သည်။


အကယ်၍ စံတော်ချိန်ကို ရိုက်သွင်းပြီး ထိုအခိုက်အတန့်ရှိ မြန်မာကျော်နာရီအား သိရှိလိုလျှင် Std2MM sheet ကိုသုံးရန် ဖြစ်ပါ သည်။ ဤတွင် တည်နေရာ၊ ရက်စွဲနှင့် အချိန်တို့ကို ရိုက်သွင်းထားရန် လိုအပ်သည်။ ဥပမာ ပြထားသော Fig. AstroTime-22 တွင်ရန်ကုန်မြို့ အတွက် 1948-11-03, 15h200m00s အခိုက်အတန့်၌ မြန်နာရီ တန်ဖိုးသည် နေလွဲ ၃-ချက်တီးကျော် -နာရီ ၄၆-ဗီဇနာ ၁၀-ခရာ ဟူ၍ တွက်ချက်ဖေါ် ပြပေးသည်။

အချိန့်သော ရှေးကျသည့် မွေးချိန်မှတ်တမ်း များတွင် မြန်မာကျော်နာရီဖြင့် မှတ်သားထားသည်ကို တွေ့ရတတ် ပါသည်။ ခေတ်သုံး ဂြိုဟ်သွားများဖြင့် ဇာတာဖွဲ့ယူရန် အတွက် အဆိုပါ မြန်မာကျော်နာရီ မှ မြန်မာစံတော်ချိန် သို့ပြောင်းယူရန် လိုအပ်ပါသည်။ ဤ လို အပ်ချက်အတွက် MM2Std sheet သို့ပြောင်း ၍တွက်ယူရန် ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် 1948-11-03 နေ့ မြန်မာကျော်နာရီ အားဖြင့် နေလွဲ ၃-ချက်တီးကျော် ၀-နာရီ ၄၆-ဗီဇနာ ၁၀-ခရာ တန်ဖိုးကို Fig. AstroTime-23 ၌ပြထားသည့် အတိုင်း ရိုက်သွင်းခဲ့လျှင် ပရိုဂရမ်က ထိုအခိုက်အတန့်ရှိ စံတော်ချိန်မှာ 15h00m00s ဖြစ်ကြောင်း ပြသမည် ဖြစ်သည်။ မြန်မာကျော်နာရီကို ရိုက်သွင်းရာ၌  အောက်ပါ သင်္ချာတို့အား ပူးတွဲဖေါ်ပြပါ ကျော်နာရီများအစား ရိုက်သွင်းပေးရန် လိုအပ်ပါသည်။ 
 
Midnight 2          =1       သန်းခေါင် -ချက်တီးကျော်
Night 3                =2       ညဥ့် -ချက်တီးကျော်              Sunrise 4           =3       နေထွက် -ချက်တီးကျော်
Day 1                 =4         နေတက် -ချက်တီးကျော်
Noon 2              =5          မွန်းတည့် -ချက်တီးကျော်
Day 3                 =6          နေလွဲ -ချက်တီးကျော်
Sunset 4            =7         နေဝင် -ချက်တီးကျော်
Night 1              =8             ညဥ့် ၁ချက်တီးကျော်

               
 (ဥပမာတွင် နေလွဲ -ချက်တီးကျော် ဖြစ်၍ 6 သင်္ချာကို ရိုက်သွင်းထားသည်။)

တည်နေရာ အမှတ်စဉ်များကို Fig. AstroTime-24 ၌ ပြထားသကဲ့သို့ Locate sheet မှရယူနိုင်ပါသည်။
အကယ်၍ ဇယားတွင် ပါ ဝင်ခြင်း မရှိသောမြို့တမြို့၏ လတ္တီတွဒ်နှင့် လောင်ဂျီတွဒ် တို့ကို အသုံးပြုလိုပါလျှင် 0 ရိုးတွင် ရိုက်သွင်း ခေါ်ယူနိုင်ပါသည်။




Messenger: Aye Win Kyaw                                                            SMS: 09 459 824 750
16-06-2018                                                                                    
ဆက်ရန်  
Updated on 30-06-2018