Friday, September 23, 2016

14. Sidereal Ephemeris for 2016-2020



2016 မှ 2020 အထိ နိရာယန ဂြိုဟ်သွားပြက္ခဒိန်
                                        
၁။ SwissHoro ပရိုဂရမ်များဖြင့် ဇာတာခွင်ချ၍ ဟောပြောရာတွင် လိုရာနေ့စွဲအတွက် ဒသာပိုင်းခြားပြီး
 မေးသောနေ့ စွဲ ဒေသ နှင့်အချိန်တို့အတွက် ဖွဲ့ထားသော ဟူးရားဇာတာခွင်ဖြင့် တွဲဖက်ဟောပြောရန်   
 စီစဉ်ထားရှိခဲ့ပါသည်။ သို့ရာတွင် အနာဂါတ်နေ့စွဲ တခုခုအတွက်  ဒသာဖြင့် တွဲဖက်ဟောပြောရန် ကော 
 ဇာဂြိုဟ်သွားကို စီစဉ်ပေးနိုင်ခြင်း မရှိခဲ့ပါ။

၂။ အဆိုပါ လိုအပ်ချက်ကို ဖြည့်စွက်သည့် အနေဖြင့် ယခု 2016 မှ 2020 အထိ နိရာယန ဂြိုဟ်သွားပြက္ခဒိန် စီစဉ်တွက်ထုတ်ထားခြင်း ဖြစ်ပါသည်။ အောက်ဖေါ်ပြပါပုံများမှာ WPS Office ထည့်သွင်းထားပြီးသော မို ဘိုင်းဖုန်းပေါ်၌ တွေ့မြင်နိုင်သော စာမျက်နှာများ ဖြစ်ပါသည်။


Saturday, September 17, 2016

13. Horoscopy using Excel (11)

ဗေဒင်ကို အိက်ဆဲလ်နဲ့ တွက်မလား (၁၁)

၁၂။ တိထီတလုံးနေချိန်ကို ထပ်မံစိတ်ခွဲဝေပြီး ဒေသချိန်ပြောင်း၍ တွက်ယူခြင်း

ဆရာဦးမင်းနိုင်၏ သရောဒယ တိထီစက် သင်ခန်းစာ ပို့ချချက်များ စာမျက်နှာ ၅၁၊  စာစဉ်အမှတ်(၈) တိထီ တို့ကိုအနုစိတ်ဝေ ဖန်ခြင်းအပိုင်းတွင် တိထီတစ်လုံး၌ တည်ရှိနေချိန်အား ၂၄-ပိုင်းထပ်မံခွဲဝေ၍ ယုဝအရပ်၊ အကျိုးပေးသောအရောင် စသည်တို့ ယူဆသုံးစွဲပုံကို ပြသထားကြောင်း တွေ့နိုင်ပါသည်။ တိထီတစ်လုံး၌ ရပ်တည်သောအချိန်သည် ၂၄-နာရီမှ အတိုးအလျော့ရှိခြင်း ကြောင့် တည်ရှိနေချိန်ကာလ အပိုင်းအခြားအား ၂၄-ပိုင်းအညီအမျှ ပိုင်း၍ အောက်ပါ အဆင့်များအတိုင်း တွက်ချက်ဖေါ်ပြနိုင်ပါ သည်။ တွက်ချက်ရရှိသော အချက်အလက်တို့ကို ပုံအားဖြင့် မိုဘိုင်းဖုန်းတစ်လုံးပေါ်၌ ပုံ-၇၆။ အတိုင်း တွေ့ရမည် ဖြစ်ပါသည့်။

Post ကို ဆက်လက် ဖတ်ရှုရန်  AyeWinKyaw Blogpost 13.pdf ဖိုင်တွင် ကြည့်ပါရန်။