Sunday, January 24, 2016

2. SwissHoro V-2.2 download

SwissHoro version 2.1 ကို အချို့သော mobile device များပေါ်တွင် အသုံးပြုသော အခါ မြန်မာဖွန့် အား ကောင်းစွာဖေါ်ပြခြင်း မရှိသဖြင့် အားလုံးကို English font ဖြင့်ပြောင်းလဲ ရေးသားထားသော SwissHoro version 2.2 ကို အောက်ပါလင့်များမှ ရယူ နိုင်ပါသည်။

1. Casting Horoscope on Android Mobile

မိုဘိုင်းဖုန်းမှာ ဖွဲ့ဇာတာ

နက္ခတ်ဗေဒင်ကို လေ့လာသူ ဟောပြောနေ သူတို့အတွက် တြိစက္ကဇာတာ တစ်စောင်အား မှန်ကန်တိကျ စွာဖြင့် အချိန်တိုအတွင်း တွက်ထုတ်နိုင်ရန် အထူး အရေးကြီး ပါသည်။ ယ္ခုအခါ မွေးချိန်ကို အတိအကျ သိ ရှိခြင်း မွေးဖွားရာဒေသ၏ တည် နေရာပြသည့် လတ္တီတွဒ်နှင့်လောင်ဂျီတွဒ်တို့အား တိကျစွာသိရှိနိုင်ခြင်း စ သည့် အချက် များကြောင့် နေ့စဉ်ဂြိုဟ်သွား ပြက္ခဒိန် (Ephemeris) တခုခု အားသုံးစွဲလျှက် မှန်ကန်၍ တိကျသော ဇာတာခွင်ကို လွယ်ကူစွာ ဖွဲ့ယူနိုင်ပြီဖြစ်ပါသည်။ အချိန်တိုအတွင်း တွက်ထုတ်ရန် မှာမူ ကွန်ပျူတာ ၏ အကူအညီကို ရယူနိုင် သော်လည်း ပို၍လက်တွေ့ကျသည်မှာ စမတ် မိုဘိုင်းဖုန်း၊ တက်ဘလက် စသည့်လက် ကိုင် ကိရိယာ (Mobile device) များပေါ်၌ ချက်ချင်း တွက်ထုတ်နိုင်ရန် စီစဉ်ခြင်း ဖြစ်ပါသည်။ ဤလို အပ်ချက်ကို ဖြည့်စွမ်းသည့် အနေဖြင့် မိုက်ခရိုဆော့ဖ်အိက်ဆဲလ် (version 2007/2010) တွင် ရေး သား ထားသော ၁၉ဝ၁-ခု မှ ၂ဝ၂ဝ-ခု အထိ နှစ်ပေါင်း ၁၂ဝ အ တွက် ဂြိုဟ်သွား များကို ထည့်သွင်း ထားသည့် SwissHoro စပရက်ဒ်ရှိ (Spreadsheet) ပရိုဂရမ် ၁၂ခု အား အောက်ပါ လင့်များအ ရ ဒေါင်းလုပ်ရယူ သုံး စွဲနိုင်မည် ဖြစ်ပါသည်။