Saturday, August 26, 2017

55. Horoscope, a Sky Map 11

 ကောင်းကင်အမြင် ဇာတာခွင် ၁၁

၂၀။ ရန်ကုန်မြို့၏ ကောင်းကင်မြင်ကွင်း အားကြည့်ခြင်း။

တည်နေရာကို ရန်ကုန်မြို့အဖြစ် ပြောင်းလဲရွေးချယ် ပြီးချိန်တွင် တွေ့ရမည့် မြင်ကွင်းအား Fig. Sky-37 ၌ တွေ့နိုင်ပါသည်။ ကြည့် သောအချိန်နာရီမှာ ညနေဆည်းဆာ နှောင်းပိုင်းဖြစ်သည်။ နေဝင်ပြီးသည့်နောက် ညဥ့်ကောင်းကင်၏ တန်းဆာဖြစ်သည့် ကြယ် ဂြိုဟ်နှင့်နက္ခတ်တာရာတို့အနက်နီးရာမှဝေး\လင်းရာမှမှိန်အစဉ်လိုက်ထွက်ပေါ်လာသည်ကိုစောင့်ဆိုင်းကြည့်ရှုသည့်မြင် ကွင်းမှာ နက္ခတ်တာရာ ဝါသနာရှင်များ အတွက်လွန်စွာ တန်ဖိုးရှိလှပါသည်။ အကယ်၍နံနက်အာရုဏ်တက်အချိန်၌ကြည့်ရှုခွင့် ကြုံပါက အလားတူလင်းရောင်ခြည်တိုး လာသည်နှင့်အမျှ ကောင်းကင်ဝတ္တုတို့သည် ဝေးရာမှနီး မှိန်ရာမှလင်း အစဉ်လိုက် ပျောက်ကွယ်ကြောင်းတွေ့နိုင်ပါ သည်။ ကွင်းဆင်း၍ နက္ခတ်အမြင် ကြည့်သူတို့သည့် နေထက်အံသာရင့်သော ဂြိုဟ်များကို လိုက်မဝင်မီကြည့်ရှုနိုင်ရန်ညနေဆည်းဆာတွင်လည်းကောင်း နေ၏အောက်=အံသာနုသည့် ဂြိုဟ်တို့အားနံနက်ဆည်းဆာ ၌လည်းကောင်း အသီး သီး အချိန်မှီ စောင့်ဆိုင်းကြည့်ရှု ကြရန်လိုအပ်ပါသည်။

နေလုံးကွယ်ပျောက်ရာမှလုံးဝအလင်းရောင်ပျောက်၍ ညဥ့်အမှောင်ရောက်သည့် အချိန်ပိုင်းကို ဆည်းဆာ ခေါ်သည်။ တဖန်ည်းဆာအား ၃-ပိုင်းထပ်မံ ခွဲဝေသတ်မှတ် လေ့ရှိသည်။ မိုးကုတ်စက်ဝိုင်းမှ ၆-ဒီဂရီအတွင်း (0-6 degree) ကိုမြို့ပြသုံးဆည်း ဆာ(Civil  Twilight) ဟုခေါ်၍ နက္ခတ်ကြည့ သူတို့အတွက်ဂြိုဟ်နှင့် အလွန်လင်းသော ကြယ်ကြီးမျာထွက်ပေါ်လာသည်ကို  စောင့်၍ကြည  သော အချိန်ဖြစ်သည်။နံနက်ဆည်းဆာ၌လည်းအလားတူဂြိုဟ်နှင့် ကြယ်ကြီးတို့အား မြင်တွေ့နိုင်သော အချိန်
ဖြစ် သည်။ထို ၆-ဒီဂရီမှ ၁၂-ဒီဂရီအတွင်း (6-12 degree) အား ရေကြောင်းပြသုံးဆည်းဆာ (Nautical Twilight) ဟုခေါ်လျှက် အတော် အတန်လင်း ၍ ထင်ရှားသော ရေကြောင်းတိုင်းတာရာ၌ သုံးသည့်ကြယ်တို့ကိုပါ တွေ့မြင်နိုင်သည်။ တဖန် ၁၂-ဒီဂရီမှ ၁၈-ဒီဂရီ အ တွင်း (12-18 degree) ကို နက္ခတ္တသုံးဆည်းဆာ ဟုခေါ်ဆိုရာ ထို့အောက်နိမ့်သော အချိန်အခါ၌ ကောင်းကင်သည် ညဥ့်အမှောင်သို့ လုံးဝဥဿုံရောက်ရှိသည်။ နက္ခတာရာကြည့် မှန်ပြောင်းဖြင့် ကွင်းဆင်းကြည့်ရှု သူတို့အတွက် အလွန်မှိန်သော ကြယ်များ ဝေး လံဒေသရှိ နက်ဗျူလေ စသည်တို့ ကြည့်ရှုနိုင်သည့်အချိန်ဖြစ်သည်။



ယ္ခုကဲ့သို့ဆည်းဆာအချိန်တွင်ရောင်ပြန်ဟပ်၍ပြန့်ကြဲနေသောအလင်းများ၊လရောင်နှင့်တကွယိုင်လင်းတန်း
များ စသည်တို့ ၏ဖုံးလွှမ်းမှု ရှိလျှင်သော် လည်းကောင်း၊ နေရောင်လွှမ်းခြုံ ထားသည့် နေ့ဖက်တွင် လည်းေ ကာင်း ဂြိုဟ် နှင့် နက္ခတ်တာရာတို့ကို မြင်တွေ့လိုလျှင် လေထုအားဖယ်ရှား သည့်တော်ဂယ်မီနျူးကိုကလစ် လုပ်ခြင်း၊ တနည်းအားဖြင့် A ကိုနှိပ်ခြ င်းစသည်ကို ပြုလုပ်ခြင်း အားဖြင့် Fig. Sky-38 ၌ပြထားသည့် အတိုင်း ကြယ်နက္ခတ်တို့ နောက်ခံရှိသည့် ကောင်းကင်မြင်ကွင်းအား တွေ့လာရမည်ဖြစ်သည်။ စတယ် လာရီယံသည် စဖွင့်လျှင်ဖွင့်ချင်း တောင်ဖက်မိုးကုက်စက်ဝင်းနှင့် တကွကောင်းကင် မြင်ကွင်းကို ပြလေ့ ရှိသည်။



နက္ခတ်အမြင် ကြည့်သူများသည် အရှေ့အရပ်သို့လှည့်၍ ကောင်းကင်ဝတ္တုတို့နှင့်အတူထွက်ပေါ်လာသည့် နောက်ခံရာသီစက် နက္ခတ်စက် အစရှိသည်တို့ကို စတင်ကြည့်ရှုလေ့ရှိကြသည်။ ယ္ခုရောက်ဆဲ တောင် အရပ်သို့ မြင်ကွင်းမှ အရှေ့ဖက်အရပ်မြင်ကွင်း သို့ရွှေ့ပြောင်းရန် Fig. Sky-39 တွင် ပြထားသည့် ကာဆာ သို့မဟုတ် မောက်စ် ခလုပ်များကို အသုံးပြုနိုင်သည်။ ရိုလာမောက်စ်ကို  ရှေ့တိုးလျှင်ချဲ့ခြင်း နောက်ဆုတ် လျှင် ချုံ့ခြင်း တို့ကိုပြုလုပ်နိုင်သည်။ ၀တ္တုတခုခု၏ နက္ခတ္တဆိုင်ရာ အမည်၊ တည်နေရာ၊ အစရှိသော အ ချက် အလက်များကို သိရှိလိုလျှင် မောက်စ်ဖြင့် ဝဲကလစ်လုပ် ကြည့်ရှုနိုင်၍ ယာကလစ်ပြုလုပ်ပါလျှင် အချက် အလက် တို့ ကိုဖျောက်မည်။ Fig. Sky-40 တွင် အရှေ့အရပ်သို့ မျက်နှာမူလျှင် တွေ့ရမည့် မြင်ကွင်းဖြစ်၍ သရဝဏ် (စိုင်ပစ်မျှား) နှင့် အဘိဇိ (စိုင်) နက္ခတ်တို့ကို ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။







Telegram userID: AWKyaw                                         SMS: 09 459 824 750
26-8-2017                                                                                   
ဆက်ရန်