Tuesday, January 31, 2017

32. Horoscope: a Sky Map (4)

ကောင်းကင်အမြင် ဇာတာခွင် (၄)


ဒေသအလိုက် ကောင်းကင်မြင်ကွင်းတွင် နေသွားလမ်း၏ အနေအထား အချိန်နှင့်အမျှ မည်ကဲ့သို့ ပြောင်းလဲ တတ်သည်ကို တွေ့ ခဲ့ကြပြီး ဖြစ်ပါသည်။ တစ်နေ့တာအတွင်း အနေအထား ပြောင်းလဲမှုများသည် နေ၏ရာ သီစက်ပေါ်ရှိ တစ်နှစ်တာ ရွေ့လျှားမှုရှိခြင်း ကြောင့် တစ်နေ့လျှင် အကြမ်းဖျင်း ၄-မိနစ် (၁-ဒီဂရီ ) နှုန်းခန့် စော၍ စော၍ ဖြစ်ပေါ်လာလေ့ ရှိပါသည်။ နေ့နှင့်ညဉ့်တို့ပိုင်းခြား မှု ရုံးသုံးအချိန် မှတ်သားသုံးစွဲမှု စသည်တို့ သည် နေ၏သွားလာခြင်းကို ရည်ညွှန်းမြဲဖြစ်သည်။ အဆိုပါ နေချိန်အကြောင်းကို ရှေ့၌ အသေးစိတ် ဆွေးနွေး သော အခါတွင် အရပ်သုံးအချိန်သည် ကောင်းကင်၌ တွေ့မြင်နိုင်သည့် မျက်မြင်နေ၏ သွားနှုန်းအားအခြေခံ ညှိယူသော ဖျမ်းမျှနေအားဖြင့် သတ်မှတ်သုံးစွဲကြောင်း တွေ့ရှိလာမည် ဖြစ်သည်။ ကြယ် နက္ခတ်စက်အား နောက်ခံပြု၍လှည့်ပတ် ရွေ့လျှားလျှက်ရှိသော ကမ္ဘာသည် ဗဟိုချက်ရှိနေကိုလည်း လှည့်ပတ်လျှက်ရှိရာ တစ် နှစ်တာ ကာလပြည့်ချိန်၌ နေရက် (Solar days) ၃၆၅.၂၄၂၂ ရက် နှင့် ကြယ်ရက် (Sidereal days) ၃၆၆.၂၄၂၂ ရက် ဟုရေတွက်ရရှိသည်။

ကြယ်တစ်လုံး မွန်းတည့်ချိန်မှ နောက်တစ်ကြိမ် မွန်းတည့်ချိန်အထိ ကြယ်ရက် ၁-ရက်ဟု သတ်မှတ်ပြီး နက္ခ တ္တဗေဒဆိုင်ရာ တိုင်း တာတွက်ချက်မှုတို့၌ အသုံးပြုလေ့ ရှိပါသည်။ နေရက်က နေ့နှင့်ညဉ့်တို့ကို ပိုင်းခြားပြ သသော်လည်း ကြယ်ရက်သည် တစ်နှစ် တာအတွင်း အနည်းငယ်စီပြောင်းလဲ လေ့ရှိသည့်အတွက် နေ့နှင့်ညဉ့် ဟူ၍ မရှိပါ။ ကြယ်ရက် ၁-ရက်ကို ကြယ်ချိန်တာ အားဖြင့် ၂၄-နာရီ ပိုင်းခြားပြီး နေချိန်ကာလ ၂၃-နာရီ ၅၆- မိနစ် ခန့်ဖြင့်ညီမျှသည်။ ကြယ်ချိန်တာမှ နေချိန်တာသို့ ပြောင်းရန် မြှောက်ကိန်း ၃၆၆.၂၄၂၂/၃၆၅.၂၄၂၂= ၁.၀၀၂၇၃၇၉ ကိုအသုံးပြု၍ ရှာယူနိုင်သည်။ ကြယ်ချိန်သည် တစ်သမတ် ကမ္ဘာလည်နှုန်း၏ အတို်င်းအ တာ ဖြစ်ခြင်းကြောင့် ကြယ် နက္ခတ် တာရာ တို့ မွန်းတည့်ခြင်း သန်းခေါင်မျဉ်းသို့ ဖြတ်ခြင်း စသည့်ဖြစ်ရပ်များ အား တွက်ချက်ရာ တွင် အသုံးပြု လေ့ရှိပါသည်။ နေချိန်ကို သန်းခေါင်၌ သုညနာရီမှ စတင်ရေတွက် လေ့ ရှိသော်လည်း ကြယ်ချိန်ကို မွန်းတည့်မျဉ်း သို့ မဟာဝိသုဝမှတ် ဖြတ်သန်းသည်မှ စတင်ရေတွက်သည်။ န က္ခတ်တာရာကြည့် မျှော်စင်များ၌ ကြယ်ချိန်ပြနာရီတို့ကို ကြယ်ချိန် နှုန်းသုံးသည့် သံပါတ်မောင်း စက်ဖြင့် လည်ပတ်သုံးစွဲသည်။

ဤပို့စ်တွင် ဇာတာဖွဲ့ယူရာ၌ ကြယ်ချိန်၏ အရေးပါ အရာရောက်ပုံ နှင့် ကောင်းကင်၌ မည်ကဲ့သို့ မှတ်သား တိုင်းတာသည် ကိုတင် ပြရန်ရှိသဖြင့် ရှေးဦးစွာ Fig. Sky-15 ၌ ဖေါ်ပြပြီးသော ကောင်းကင်မြင်ကွင်း၏ SwissHoro version 2.2 ဖြင့် တွက်ချက်ရရှိသည့် ရလာဒ်အား ပြသထားပါသည်။

၈။ အီကွေတာ တလျှောက်အရွေ့ကို တိုင်းတာခြင်း။

ကောင်းကင်မြင်ကွင်း Fig. Sky-16 ၏ အပြာရောင်ဖြင့် ပြထားသည့် အီကွေတာ စက်ဝိုင်းပေါ်တွင် 0, 1, 2, 3, …, 22, 23 စသည့် အမှတ်အသားတို့မှာ မြန်မာအခေါ် စက်အံသာ၊ ခေတ်သုံး နက္ခတ္တဗေဒတွင် တက် ထောင့်မှန် (Right Ascension) ဖြစ်ပါသည်။ အ ဆိုပါ အတိုင်းအတာကို မဟာဝိသုဝ အမှတ်မှ စတင်ခြင်း ကြောင့် ထိုအမှတ်သည် RA=0h (24h) ဖြစ်သည်။ အီကွေတာသည် မည် သည့် ဒေသတွင်မဆို အစဉ်အမြဲ အရှေ့စူးစူးကို ဖြတ်လျှက် ထွက်ပြီး မွန်းတည့်မျဉ်းအား Q ၌ဖြတ်၍ အနောက်စူးစူးအား ဖြတ်၍ ဝင်ပြီးနောက် သန်းခေါင်မျဉ်ကို Q’ တွင်ဖြတ်သည်။ ကမ္ဘာ့လည်ခြင်းကို ကိုယ်စားပြုသော အီကွေတာသည် အထက်ဖေါ်ပြ ပါအမှတ်တို့အားဖြတ်လျှက် မပြောင်းလဲသောနှုန်းဖြင့် တက်လာထွက်ပေါ်သည့် သဘောကြောင့် တက်ထောင့် မှန် ဟုခေါ်ခြင်း ဖြစ်သည်။


ပြထားသော အခိုက်အတန့်တွင် Fig. Sky-16 ၌ ဒိသျှစက် ရှိ RA: 7h, 8h, …, 23h, 0h(VE), 1h,…, 3h, 4h တို့နှင့် Fig. Sky-17 တွင် အဒိသျှစက် ရှိ RA: 5h, 6h, …, 16h တို့အား တွေ့နိုင်ပါသည်။ အဆိုပါ ကောင်းကင်၌ရှိသည့် အတိုင်းအတာ အမှတ်အ သားတို့သည် စက်လုံး၏ အရှေ့မှ အနောက်သို့ လည်ပတ်ခြင်း နှင့် အတူတွဲလျှက် လိုက်ပါနေကြောင်း သိရှိနိုင်ပါသည်။ အီကွေ တာကို မူလစက်ဝိုင်းအဖြစ် ထားရှိလျှက် ကောင်းကင်မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတို့အား ဖြတ်လျှက်ဆွဲသားနိုင်သော ထပ်ဆင့်စက်ဝိုင်း ပေါ်တွင် ကောင်းကင်ဝတ္တုတို့ တောင်-မြောက် အတိုင်းအတာ ဖြစ်သည့် ဒီကလိုင်နေးရှင်း ခေါ် ကြန္တီ-ဒိဂ် အံသာ (Dec=Declination) ကို တောင်-မြောက် ခွဲခြား၍ မှတ်သားလေ့ရှိသည်။ 

၉။ အီကွေတာနှင့် ဒေသမွန်းတည့်မျဉ်းတို့ ဆက်စပ်ခြင်း။

တက်ထောင့်မှန်ပြ စကေးစက်ဝိုင်းကြီးနှင့် ဒေသတခုခုကို ဆက်စပ်ရာတွင် မွန်းတည့်မျဉ်း၌ ဖြတ်လျှက်ရှိသည့် တန်ဖိုးသည် အလွန် အရေးပါသော မှတ်တမ်း ဖြစ်ပါသည်။ ဇာတာခွင်၌ တွက်ထုတ်ဖေါ်ပြထားသည့် ဒေသန က္ခတ်ချိန် (LST=Local Sidereal Time) သည် မွန်းတည့်မျဉ်း၏ တက်ထောင့်မှန် တန်ဖိုး (RAMC= Right Ascension of Medium Coeli) ပင် ဖြစ်ပါသည်။ ဂြိုဟ်သွားပြ က္ခဒိန်ရှိလျှင် အချိန်ပိုင်းဇုံ၊ ဒေ သလောင်ဂျီတွဒ် တို့အသုံးပြု၍ လိုသော အချိန်နာရီ၏ ဒေသကြယ်ချိန်ကို လွယ်ကူစွာ တွက်ယူနိုင် ပါသည်။ ဒေသတစ်ခု၏ စံတော်ချိန်မှ တွက်ယူသည့် ဒေသနက္ခတ်ချိန်သည် လဂ်နှင့်ဘာဝများ တွက်ရာတွင် မရှိမဖြစ် လိုအပ်သ ကဲ့သို့ အပြန်အလှန်အားဖြင့် မွန်းတည့်မည့် ကြယ်တစ်လုံး၏ RA ကို ဒေသနက္ခတ်ချိန် အဖြစ် ယူလျှက် ထိုမှတဖန် သက်ဆိုင်ရာ ဒေသစံတော်ချိန် ရှာယူခြင်းသည် ကြယ်တစ်လုံးလုံး၏ မွန်းတည့် မည့်အ ချိန် တွက်ယူရန် အဓိကတွက်နည်း ဖြစ်သည်။

နမူနာဇာတာရှိ ဒေသနက္ခတ်ချိန်ကို အောက်ပါအတိုင်း လွယ်ကူစွာ တွက်ယူနိုင်ပါသည်။

Myanmar Standard Time    = 13h41m44s   
Myanmar Time Zone          =- 6h30m00s
UT                                     =  8h11m44s
Convert to sidereal interval =  8h13m05s    (8h11m44s x 1.0027379)
18-1-2017: GST0               = +7h50m22s    (ae_2017.pdf)
Greenwich Sidereal Time    = 16h03m27s
Local longitude                  = +6h24m48s    (9612’ / 15)
Local Sideral Time             = 22h28m15s


ဒေသနက္ခတ်ချိန်ကို သိရှိခြင်းအားဖြင့် Astrology on the sphere (7) လဂ်ကောက်ကိန်း ပုစ္ဆာတွင် ဖေါ်ပြ ခဲ့သည့်အတိုင်း မဓျ လဂ် အားတွက်ယူနိုင် သကဲ့သို့ ရှေ့တွင် ဒေသလတ္တီတွဒ်ကို ထည့်သွင်း တွက်ချက်ခြင်း အားဖြင့် ဥဒယလဂ်တန်ဖိုးများအား နေပီ ယာ၏ ပုံသေနည်းဖြင့် တွက်ချက်ပုံကို တင်ပြသွားမည် ဖြစ်ပါ သည်။ ထိုအခါတွင် ပုံများ၌ ဖေါ်ပြထားသည့်အတိုင်း ဒေသနက္ခတ် ချိန်၌ ၉ဝဒီဂရီ (6h) ပေါင်းခြင်းဖြင့် ရရှိ မည့် အရှေ့မိုးကုတ် စက်ဝိုင်း၏ တက်ထောင့်မှန် (RAEH=Right Ascension of Eastern Horizon) ကို အသုံးပြု တွက်ချက်သွားရမည် ဖြစ်ပါသည်။

တစ်နည်းအားဖြင့် ဒေသနက္ခတ်ချိန်ကို မဟာဝိသုဝအမှတ် VE မွန်းတည့်မျဉ်းအား ဖြတ်ကျော်ပြီး ကြာသော အချိန်တာဖြစ်ကြောင်း ကို လည်းသိရှိနိုင်သည်။ မွန်းတည့်မျဉ်းမှ အီကွေတာတစ်လျှေက် အနောက်သို့ ပတ်၍ တိုင်းသော တန်ဖိုးကို နာရီထောင့် (Hour Angle) ဟုခေါ်သည်။ ထို့ကြောင့် ဒေသနက္ခတ်ချိန်သည် မွန်းတည့် မျဉ်း၏ RA ဖြစ်သကဲ့သို့ VE ၏နာရီထောင့် (Local Hour Angle of Aries) လည်းဖြစ်သည်။ တခါတရံ VE ကို Aries ဟူ၍လည်း သုံးစွဲကြလေ့ ရှိပါသည်။

AyeWinKyaw Blogpost 32.pdf

ayewinkyaw@ymail.com                                              SMS: 09 459 824 750
31-1-2017                                                                                          ဆက်ရန်


Thursday, January 26, 2017

31. Horoscope: a Sky Map (3)



ကောင်းကင်အမြင် ဇာတာခွင် (၃)

Astrology on the Sphere, Horoscopy using Excel နှင့် ဤ Horoscope a Sky Map ပို့စ်တို့ဖြင့် စတင်၍ ဗေဒင်ဆိုင်ရာ နက္ခတ္တဗေဒပညာ အသုံးချပုံကို မျှဝေခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ကမ္ဘာပေါ်တွင် ရှိရှိသမျှသော သဘာဝအတိုင်း မွေးဖွားခြင်း၊ ခွဲစိတ်မွေးဖွားရန် အချိန်ရွေးခြင်း၊ မင်္ဂလာအခါ အမျိုးမျိုး ရွေးချယ်ခြင်း၊ ငလျှင်လှုပ်-ကြီးကျယ်သော ပျက်စီးမှု-တို့ ကြိုတင်ခန့်မှန်း ခြင်း၊ နိုင်ငံရေးဆိုင်ရာ ရွေး ကောက်ပွဲ ရလာဒ် ကြိုတင်ခန့်မှန်ခြင်း အစရှိသည့် ဖြစ်ရပ်မျိုးစုံတို့ကို နေရာမရွေး ဒေသမရွေး အချိန် အခါ မရွေး ဇာတာဖွဲ့ယူ ဟောပြော/ဒီဇိုင်းပြုလုပ် နိုင်ရန်အတွက် ဖြစ်ပါသည်။ ဇာတာဖွဲ့ ဆော့ဖ်ဝဲ များစွာရှိကြသော် လည်း မိမိလို သော ပုံစံအနေအထား အချက်အလက်တို့ဖြင့် ပြည့်စုံသော တွက်ချက်မှုနှင့် အခွင်ပြသပုံများ မရှိသည့် အခါလည်း တွေ့ရတတ် ပါသည်။

ဤကဲ့သို့ လိုအပ်ချက် ရှိလာခဲ့သော် စိတ်ချယုံကြည်ထိုက်သော ဂြိုဟ်သွားကို အခြေခံလျှက် လိုအပ်ချက်များ ဖြင့် ပြည့်စုံ သည့် SwissHoro ကဲ့သို့ ဇာတာဖွဲ့ရန် ပရိုဂရမ်အား မိမိပိုင်နိုင်စွာ အသုံးပြုနိုင်သည့် သင်္ချာကို နောက်ခံ၍ စိတ်ကြိုက်ပြင်ဆင် ရေးသား နိုင်ရေးသည် ဤပို့စ်များ၏ ရည်ရွယ်ထားချက် တစ်ခုလည်း ဖြစ်ပါ သည်။ SwissHoro သည်လည်း တစ်ဦးတစ်ယောက်၏ စိတ်ကြိုက်ဖြင့် ကိုက်ညီမှုရှိခြင်မှ ရှိမည်ဖြစ်သည်။ ဤမှရှေ့တွင် အဆိုပါ ပရိုဂရမ်၏ မွမ်းမံပြင်ဆင်ချက်များအား အခြေခံ သဘောတရား နှင့် တွက်ချက်ပုံ အ ဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြ သွားမည်ဖြစ်ရာ ပြီးစီးပြည့်စုံသော အခါ လေ့လာသူသည် မိမိလိုရာစိတ်ကြိုက် ပုံစံသို့ ပြောင်းလဲသုံးစွဲ သွားနိုင်မည် ဖြစ်ပါသည်။

၆။ ကမ္ဘာအနှံ့ နက္ခတ်ကြည့်ရှုရာ၌ တွေ့ရှိချက်ကို ချုံ၍သုံးသပ်ခြင်း

ဇာတာခွင် တစ်ခု တွက်ချက်ရာတွင် အဓိကအဆင့် ၂-ဆင့် ဖြစ်သည့်
(၁) ဂြိုဟ်ဘုတ္တိဖြတ် (Interpolation of planet positions) ခြင်း နှင့်
(၂) ဘာဝစက် တွက်ချက် (Computation of houses) ခြင်း
တို့ကို ယ္ခုကြည့်ရှုခဲ့သော မြင်ကွင်းများမှ အောက်ပါအတိုင်း တွေ့ရှိသုံးသပ် နိုင်ပါသည်။ ဆက်လက်ဖေါ်ပြမည့် ကောင်းကင်မြင် ကွင်းများ၌ ကြယ်အလင်းအား သတ်မှတ်ချက်အား 3 သို့ပြောင်းလဲထား၍ မှိန်သောကြယ်တို့ ကို ဖျောက်ထားပါသည်။

အဆင့်(၁) သည် ကမ္ဘာပေါ်ရှိ နေရာဒေသ အမျိုးမျိုး၏ ကောင်းကင်မြင်ကွင်းသည် မည်သို့ပင်ပြောင်းလဲ နေ စေကာမူ တစ်ခုသော အခိုက်အတန့်၌ ဂြိုဟ်အားလုံး၏ ရာသီစက်၊ နက္ခတ်စက်ပေါ်ရှိ တည်နေရာသည် တူညီ နေမည် ဖြစ်သည်။ ဥပမာ 18-1-2007 နေ့၌ မြန်မာစံတော်ချိန် 14:30h ရှိဂြိုဟ်နေသည် ကမ္ဘာ့စံတော်ချိန် 08:00h ၊ စင်္ကာပူစံတော်ချိန် 16:00h၊ မဲလ်ဘုန်း (သြစတေးလျား) စံတော်ချိန် 18:00h၊ ဆန်ဖရန်စ္စစကို (PST-Pacific Time) စံတော်ချိန် 00:00h နှင့် ဗြူအယ်နိုအေးရီးစ် (အာဂျင်တီးနား) စံတော်ချိန် 05:00h တို့ရှိ စင်္ကြာဝဠာ နောက်ခံသော ဂြိုဟ်နေတန်ဖိုးတို့ တူညီနေကြသည်။ ထို့ကြောင့် ကမ္ဘာသုံးဂြိုဟ်သွား တစ်ခုခု မှ 08:00h UT ရှိ တည်နေရာတို့ကို တွက်ယူလျှင် အဆိုပါဒေသ အားလုံးအတွက် အသုံးပြုနိုင်မည် ဖြစ်သည်။

မည်သည့်မြို့ရွာ အတွက်မဆို ထိုဒေသ၏ ဖေါ်ပြပါ စံတော်ချိန်များမှ ကမ္ဘာ့စံတော်ချိန်သို့ ပြောင်းလျှင်08:00h သာရမည်ဖြစ်၍ ဂြိုဟ်ဘုတ္တိဖြတ်ခြင်း သည် တူညီမည်ဖြစ်သည်။ ဒေသဆိုင်ရာ လတ္တီတွဒ်နှင့် လောင်ဂျီတွဒ်တို့ ကို အသုံးပြုရန် မလိုအပ်ပဲ အချိန် ပိုင်းဇုံ၏ တန်ဖိုးကို သိရှိ ထားယုံမျှဖြင့် လုံလောက်ပါသည်။ ကောင်းကင် တစ်ခွင် ရှိဂြိုဟ်တို့၏ တည်နေရာပုံရိပ်ကို ဖမ်းယူသော သ ဘောဟုလည်း ဆိုနိုင်ပါသည်။ ရာသီခွင်တွင် လော လောဆယ် မတွက်ချက်ရသေးသည့် လဂ်များမှလွဲ၍ ဂြိုဟ်နေအားလုံး တူနေ မည် ဖြစ်သည်။ ထို့ကြောင့် န ဝင်း အပါအဝင် ကျန်သော ဝဂ္ဂရပ်တည်မှုများ ဥစ်၊ နိစ်၊ ကသစ်၊ တို့အပြင် ဂြိုဟ်အချင်းချင်း အမြင် သည် လည်း တူညီနေမည် ဖြစ်သည်။ ဒေသအလိုက်တည်ရှိသည့် မိုးကုတ်စက်ဝိုင်းနှင့် မွန်းတည့်မျဉ်းတို့ ကွာခြားမှု က ဇာတာတစ် ခုချင်း၏ အကျိုးပေးခြားနားခြင်းကို ပြသလိမ့်မည်ဖြစ်ကြောင်း ရှေ့၌တင်ပြမည့် ဘာဝစက်က ခွဲခြားပြုပြင်သွားကြောင်းကို တွေ့ရ မည်ဖြစ်သည်။

အာကာသ ထူခြားဖြစ်စဉ် တစ်ရပ်ဖြစ်သော လကြတ်ခြင်း (Lunar Eclipse) နှင့် သဘောခြင်းတူပါသည်။ ကမ္ဘာ၏အရိပ် သည် ကားချပ်သဘွယ်ဖြစ်သော လပေါ်သို့ကျရောက်ခြင်း ဖြစ်၍ လကိုမြင်နိုင်သော်ကြတ်ခြင်း ကို မြင်ရမည်။ လအားမြင်တွေ့နိုင်သော ဒေသမဟုတ်ခဲ့လျှင် မမြင်နိုင်ပါ။ ကမ္ဘာ့စံတော် ချိန်အားဖြင့် ဖမ်းစ၊ ကြတ်လယ်၊ လွတ်ဆုံး အချိန်တို့ကို သိရှိလျှင် ဒေသအသီးသီး အတွက် အချိန်ပြောင်း သုံးစွဲကြည့်ရှုရန်သာ လိုအပ်သည်။

အဆင့်(၂) သည် အာကာသ ထူခြားဖြစ်စဉ် နေကြပ်ခြင်း (Solar Eclipse) နှင့် သဘောခြင်း တူသော ကြောင့် လိုရာဒေသ၏ လ တ္တီတွဒ်နှင့် လောင်ဂျီတွဒ်တို့ကို အချိန်ပိုင်းဇုံ တန်ဖိုးဖြင့် တွဲဖက်အသုံးပြု ရမည် ဖြစ်ပါသည်။ နေရိပ်ကန်တော့ချွန်သည် ကမ္ဘာ့မျက် နှာပြင်ပေါ်တွင် တကြိမ်နှင့်တကြိမ်မတူသော လမ်း ကြောင်း ငယ်ဖြင့် ရွေ့လျှားလေ့ရှိခြင်းကြောင့် ကြည့်လိုသူများသည် နေကြတ် ချိန်၌ ကြတ်သည်ကို မြင်နိုင် သည့် ဒေသသို့ သွားရောက်ကြည့်ရှု ကြရသည်။

အလားတူပင် ပြသခဲ့သော ကောင်းကင်မြင်ကွင်းများသည် ဒေသတစ်ခုစီတွင် မိုးကုတ်စက်ဝိုင်း၊ မွန်းတည့် မျဉ်းတို့ကို နှိုင်းရတည်ရှိ သည့် ဂြိုဟ်များချိတ်ဆွဲလျှက်သား ကောင်းကင်စက်လုံး၏ တည်နေရာ မှတ်တမ်း ပင် ဖြစ်သည်။ ထို့ကြောင့် တည်နေရာဆိုင်ရာ အချက်အလက် (Location information) မှန် ကန်တိကျရန် အထူးအရေးကြီး လာပါသည်။ ဤတွင် ကြည့်ရှုသူ၏ အထက်/အောက် ရှိ ကောင်းကင်မြင်ကွင်း နှစ်ခုစလုံး ကို ဆက်စပ်ကြည့်ရှုရန် လိုအပ်သဖြင့် နမူနာအဖြစ်ဖေါ်ပြမည့် ရန်ကုန်မြို့အတွက် ခြေတည့်မှတ်ကို မူတည် ရရှိသော မြင်ကွင်းကို ဆွဲသားအသုံးပြု သွားပါမည်။ အထူးသတိပြုရန် အချက်မှာ ဤမြင်ကွင်းသည် Fig. Sky-8 ၌ ဖေါ် ပြခဲ့သည့် ၁၂-နာရီအကြာရှိ ကောင်းကင်နှင့် တူညီခြင်း မရှိပါ။

ရန်ကုန်မြို့၏ ထိပ်တည့်မှတ်သည် Lat=16d46' N နှင့် Lon=96d12' E တည်နေရာတွင် ရှိပါသည်။ ဆန့် ကျင်ဖက် ဖြစ်သည့် ခြေ တည့်မှတ်မှာ Lat=16d46' S နှင့် Lon=180-96d12' =83d48' ’W တွင် တည်ရှိ သဖြင့် ထိုကောင်းကင်ကိုခေါ်ယူ ကြည့်ရှုခဲ့လျှင် မမြင်နိုင်သော စက်လုံးခြမ်း၏ မြင်ကွင်းကို တွေ့ရှိနိုင် ပါ သည်။ ဤစိတ်ကူးဖြင့် ဖန်တီးထားသော တည်နေရာ၏ အချိန်ပိုင်းဇုံ အတွက်ရှာ သော် (+6.5h)-12h = -5.5h ကိုရရှိသည်။ ဤအချိန်ပိုင်းဇုံကို ကွန်ပျူတာတွင် ပေးထားခြင်း မရှိသဖြင့် -5h (75dW) သို့မဟုတ်  -6h (90dW) တစ်ခုခုအား အသုံးပြု ကြည့်ရှုနိုင်ပါသည်။ သာမန် ကောင်းကင်မြင်ကွင်းသည် မြောက်အရပ်သို့ ဦးခေါင်းတည်၍ ပက်လက်အနေအထားဖြင့် မိုးကုတ်စက်ဝိုင်း၏ အထက်သို့ ကြည့်ရှုဖြင်း ဖြစ်သည်။ Yan- gon Nadir ဟု အမည်ပေးထားသော အ ဆိုပါပုံများမှာ တစ်ချိန်တည်း၌ မြောက်အရပ်သို့ ဦးခေါင်းတည်ပြီး မှောက်လျှက်သား အနေအထားဖြင့် မိုးကုတ်စက်ဝိုင်း၏အောက် (မမြင်နိုင်သော) မြင်ကွင်းသို့ ကြည့်ခြင်းဟု ယူဆနိုင်ပါသည်။ ဤသို့ဖန်တီးရန် တောင်ဖက်ခြမ်းမြင်ကွင်းအား ၁၈၀ ဒီဂရီ လှည့်ပြီးE နှင့် W လေဘယ်လ် များကို ပြောင်းလဲ တပ်ဆင်ထားပါသည်။


၇။ ရည်ညွှန်းမှတ်များနှင့် နေသွားလမ်းကြောင်း၏ တည်နေရာ ပြောင်းလဲခြင်း

ရှေးဦးစွာ ကောင်းကင်နှင့် မိုးကုတ်စက်ဝိုင်းပေါ်တွင် တိုင်းတာရေတွက်မှု လွယ်ကူစေရန် စိတ်ကူးဖြင့် ရည် ညွှန်းမှတ်များကို ဒေသမ ရွေး တပြေးညီ လုပ်ဆောင်နိုင်ရန် ထားရှိရမည် ဖြစ်ပါ သည်။ Fig. Sky-13 ၌ ပြ ထားသော မိုးကုတ်စက်ဝိုင်း အထက်ရှိ ဒိသျှစက် မြင်ကွင်းတွင် အရပ်လေးမျက်နှာ အမှတ်အသားများနှင့် တောင်-မြောက်ဆက်သော မွန်းတည့်စက်ဝိုင်း၊ အရှေ့-အနောက်ဆက် သည့် ပင်မ မတ်ရပ်စက်ဝိုင်း၊ ထိုစက် ဝိုင်း၂-ခု ဖြတ်မှတ် ထိပ်တည့်မှတ် Z၊ အီကွေတာနှင့် မွန်းတည့်စက်ဝိုင်း ဖြတ်မှတ် Q တို့ကို အသီးသီး ဖေါ်ပြ ထားသည်။ အီကွေတာသည် အစဉ်အမြဲ အရှေ့နှင့် အနောက်မှတ်တို့ကို ဖြတ်သွားသည်။


အနီရောင်ဖြင့် ပြထားသော နေသွားလမ်းသည် အပြာရောင်ရှိသော အီကွေတာအား တောင်ဖက်မှ မြောက်ဖက် သို့ တက်စဉ်ဖြတ် သော အမှတ်သည် မဟာဝိသုဝမှတ် ဖြစ်ပြီး မွန်းတည့်စက်ဝိုင်းအား ဖြတ်သည့်အမှတ်သည် MC ခေါ် မဓျလဂ် ဖြစ်သည်။ ဤ အ ခိုက်အတန့်တွင် နေသွားလမ်းသည် မိုးကုတ်စက်ဝိုင်း၏ အရှေ့မြောက် ယွန်းယွန်း မှထွက်ပေါ်လျှက် ထိုအမှတ်ကို ဥဒယလဂ် ဟု ခေါ်တွင်ပြီး အနောက်မိုးကုတ်စက်ဝိုင်းသို့ တောင် ယွန်းယွန်း၌ ဝင်ရောက်ရာ ထိုအမှတ်အား အတ္ထလဂ် ဟုခေါ်တွင်သည်။ လနှင့် ကြာသပတေး တို့မှလွဲ၍ ဂြိုဟ် အားလုံး မြင်ကွင်းတွင် ရှိနေကြသည်။

မိုးကုတ်စက်ဝိုင်း အောက်ရှိ မမြင်နို်င်သည့် စက်လုံးခြမ်း အဒိသျှစက်ကို ပြသော Fig. Sky-14 ၌ အရှေ့နှင့် အနောက်မှတ်တို့ကို ဝဲ ယာပြောင်းလဲ ပြသထားပြီး အီကွေတာသည်် အရှေ့နှင့် အနောက်တို့အား ဖြတ်မြဲ ဖြတ်နေသော်လည်း သန်းခေါင်စက်ဝိုင်းကိုခြေ တည့်မှတ် n ၏ မြောက်ဖက် Q’ (Fig. Sky-13 ၏ဆန့်ကျင် ဖက်) ၌ ဖြတ်သွားသည် ကိုတွေ့ရမည်။

ယ္ခင်မြင်ကွင်း၏ အနောက်တောင် အရပ်တွင် မိုးကုတ်စက်ဝိုင်း အောက်သို့ဝင်ရောက်ခဲ့သည့် နေသွားလမ်း သည် ဝဲဖက်အနောက်တောင်မှ ပြန်လည်တက်လာ၍ မွန်းတည့်စက်ဝိုင်း အား ခြေတည့်မှတ်၏ မြောက်ဖက်
၌ ဖြတ်လျှက် ယာဖက်အရှေ့မြောက်ဖက်တွင် တဖန် မိုးကုတ်စက်ဝိုင်းသို့ ဝင်သည်။ မွန်းတည့်စက်ဝိုင်းကို ဖြတ်သောအမှတ်အား ပါတာလ လဂ်ဟုခေါ်သည်။ ဒိသျှစက်တွင် အ ရှေ့မြောက်မှ ထွက်ပေါ်ခဲ့ပြီး အနောက် တောင် လားရာအတိုင်း ဦးတည်သွားခဲ့ပြီး အနောက်မြောက် ယွန်းယွန်းသို့ ဝင်ရောက်ခဲ့ သည့် နေသွားလမ်း သည် ဤအဒိသျှစက်၌ အနောက်တောင်မှ ဆက်လက်ထွက်ပေါ်၍ အရှေ့မြောက် လားရာအတိုင်း ဦးတည် သွားလျှက် အရှေ့မြောက် ယွန်းယွန်းသို့ ဝင်ရောက်ခြင်းဖြင့် တစ်ပတ်လည် အဆုံးသတ်သည်။ အတ္ထလဂ်မှ ပါတာလလဂ်ကို ဖြတ် လျှက် ဥဒယလဂ်သို့ ဝင်ခြင်းဖြစ်သည်။

မိုးကုတ်စက်ဝိုင်း အောက်တွင် တောင်ဖက်သို့ ရောက်ရှိနေသည့် နေသွားလမ်းသည် မြောက်ဖက်သို့ ဖြတ်ခြင်း ကြောင့် ဇလဝိသုဝ အမှတ် အဖြစ်တွေ့ရှိ နိုင်သည်။ ပင်မ မတ်ရပ်စက်ဝိုင်း၏ အောက်ထက်ဝက်ကိုလည်း ဤ တွင် မြင်တွေ့နိုင်ပါသည်။




ayewinkyaw@ymail.com                                       SMS: 09 459 824 750
26-1-2017                                                                                    ဆက်ရန်
Updated on 30-1-2017

Monday, January 23, 2017

30. Horoscope: a Sky Map (2)



ကောင်းကင်အမြင် ဇာတာခွင် (၂)

၅။ အခြားတစ်ဖက်ခြမ်းရှိ နက္ခတ်စက်ကို ကြည့်ရှုခြင်း။

ကောင်းကင်အမြင်ကို လေ့လာကြည့်ရှု ရာတွင် ဆရာကြီး မင်းသုဝဏ်၏ မိုးပေါ်မှာကြယ်တလုံး နက္ခတ်ကြည့်နည်း သင်ပြသော စာအုပ်သည် အသက်အရွယ်မရွေး အားထားရန် အကောင်းဆုံးနှင့် အလွယ်ကူဆုံး ဖြစ်ခြင်းကြောင့် ပြီးခဲ့သော ပို့စ်တွင် အွန်လိုင်းမှ ဒေါင်းလုပ်ချ ရရှိခဲ့သည့် ebook ကိုပြန်လည် မျှဝေခဲ့ပါသည်။ အဆိုပါ ပို့စ်တွင်ပင် ကမ္ဘာ့အီကွေတာ ဒေသအပါအဝင် ဖြစ်သော ဂရင်းနစ်၏ အရှေ့ခြမ်း မြောက်ဖက်ရှိ ရန်ကုန်မြို့၊ တောင်ဖက်ရှိ မဲလ်ဘုန်းမြို့နှင့် အနောက်ခြမ်း မြောက်ဖက် ဆန်ဖရန်စ္စစကိုမြို့၊ တောင်ဖက် ဗြူအယ်နိုအေးရီးစ်မြို့ ဟူသော အရပ်လေးမျက်နှာရှိ မြို့ကြီး ၅-မြို့ တို့၏ ကောင်းကင်မြင်ကွင်း ပြောင်းလဲမှုများအား UT 8h အခိုက်အတန့်၌ ပြသခဲ့ပါသည်။ အကယ်၍ ထိုအချိန်က မြေပြင်အောက်တွင် ရောက်ရှိနေခဲ့သော အခြားတစ်ဖက်ခြမ်းရှိ နက္ခတ်စက်ကို ပြည့်စုံမှု ရှိစေရေးအတွက် ကြည့်လိုသည် ဆိုပါလျှင် ထိုမှနေ့ထက်ဝက် တနည်းအားဖြင့် ၁၂-နာရီအကြာရှိ အဆိုပါ ဒေသအသီးသီး၏ ကောင်းကင်မြင်ကွင်းတို့ကို ခေါ်ယူကြည့်ရှုနိုင်ပါ သည်။ ပို၍ တိကျစွာ ဖေါ်ပြရမည်ဆိုလျှင် နက္ခတ်စက်၏ ကြယ်တလုံးလုံးသည် ဒေသတစ်ခု၏ မွန်းတည့်မျဉ်းကို ဖြတ်ကျော်ရာမှ နောက်တကြိမ် ဖြတ်ကျော်ရန် အထိကြာသော အချိန်ကာ လမှာ 23h56m ခန့်ရှိသဖြင့် ထိုကာလ၏ ထက်ဝက် 11h58m ဟုလည်း ယူနိုင်ပါသည်။ သို့ရာတွင် ၁၂-နာရီကာလ အကြာယူ လျှင်လည်း မြင်ကွင်းသိသာစွာ ပြောင်းလဲသွားမည် မဟုတ်ပါ။

ပြသမည့် မြင်ကွင်းများ၌် အရှေ့မိုးကုတ်စက်ဝိုင်းတွင် ထွက်ပေါ်သော ရာသီခွင်မှ စတင်ရေတွက်သော် ခုနစ်ခုမြောက် ရာသီခွင် သည် အနောက်တွင် ဝင်သည့်ရာသီ ဖြစ်လေ့ရှိ သောကြောင့် မြင်နိုင်သော ရာသီခွင် ၇-ခုအား အမည်တပ် ဖေါ်ပြထားပါသည်။ ရာသီ စက်တလျှောက်ရှိ ထင်ရှားလူသိများသည့် နက္ခတ်အမည်တို့ကို လည်းပြသထား ပါသည်။ ကမ္ဘာ့မြောက်ဖက်ခြမ်းရှိ ရန်ကုန် မြို့၊ စင်္ကာပူမြို့နှင့် ဆန်ဖရန်စ္စစကိုမြို့ တို့၏ကောင်းကင်တွင် ခုနစ်စင်ကြယ်၏ အင်္ဂါကြယ်မှ ကြာသပတေးကြယ်ကိုဖြတ်၍မျဉ်းတ ကြောင်းဆွဲသော် ဓူဝံကြယ်ကို ရှာဖွေတွေ့ရှိ နိုင်ကြောင်း ပြသထားသည်။ အလွန်လူသိများသော သွာတိနှင့် စိတြ ကြယ်တို့ကို ခု နစ်စင်ကြယ်၏ အမြီးကွေးကို ့ဖြတ်၍ဆွဲသည့် မျဉ်းကွေးပေါ်၌ ရှာဖွေတွေ့ရှိ နိုင်ကြောင်းကိုလည်း ပြသထားပါသည်။

 Fig. Sky-8: ရန်ကုန်မြို့၏ ကောင်းကင်မြင်ကွင်း။


 Fig. Sky-9: စင်္ကာပူမြို့၏ ကောင်းကင်မြင်ကွင်း။



Fig. Sky-10: မဲလ်ဘုန်းမြို့၏ ကောင်းကင်မြင်ကွင်း။

Fig. Sky-11: ဆန်ဖရန်စ္စစကိုမြို့၏ ကောင်းကင်မြင်ကွင်း။


 Fig. Sky-12: ဗြူအဲနိုးအေးရီးမြို့၏ ကောင်းကင်မြင်ကွင်း။

AyeWinKyaw Blogpost 30.pdf

ayewinkyaw@ymail.com                                   SMS: 09 459 824 750
23-1-2017
                                                                                          ဆက်ရန်