Thursday, May 31, 2018

77. Using Horary chart

SwissHoro v-4 Horary ကို ဘယ်လိုသုံးမလဲ။



SwissHoro package v-4 တွင်  ပါဝင်သော Horary ဗာရှင်ကို နက္ခတ်ဗေဒင် စတင်လေ့လာ သူတို့အတွက် မည်သို့အသုံးပြုရ မည်နည်း ဟူ၍မေးခွန်း ထုတ်ကောင်းထုတ်ကြမည် ဖြစ်သည်။ ဟူးရားဇာတာ တနည်းအားဖြင့် ပြဿနာဇာတာ တစ်စောင်ကို ပီပီ ပြင်ပြင် ကိုင်တွယ်ဟောပြောရန် အလုပ်မှာ လွယ်ကူမည် မဟုတ်ပါ။ အဆိုပါ ဇာတာမျိုးကို ဆန်းစစ်ရာတွင် အသုံးပြုရန် သဘောတ ရားများ ဖေါ်ပြသည့် ပြဿနာဇာတာ ဟောနည်းကျမ်း များစွာလည်း ရှိကြသည်။ အခြေခံအားဖြင့် ဖွားဇာတာ ဆန်းစစ်နည်း ဥပဒေ များနှင့် တူညီသော်လည်း ဂြိုဟ်မြင်ကဲ့သို့သော အပိုင်းတွင် အနောက်တိုင်းဆန်သော တာဂျကစံနစ်အား အသုံးပြုထား ကြောင်းတွေ့နိုင်သည်။ ထို့ကြောင့် စတင်ဟောပြောသူတို့အတွက် လွယ်လွယ်၊ မြန်မြန်နှင့် မှန်ကန်မှုရှိစွာ ဟောပြောနိုင်ရန် Fig. Horary-01 တွင် ဖေါ်ပြသော သဗ္ဗတ္ထ စိန္တာမဏိ ကျမ်းမှ ဥပဒေသတို့ကို ကိုးကား တင်ပြလိုပါသည်။  


အင်္ဂလိပ် ဘာသာသို့ Prof. Suryanarain Row သက္ကဋ္ဌမှ ပြန်ဆိုသော Sarwarthachintamani ကျမ်းကို ebook အဖြစ်ရှာဖွေ ဒေါင်းလုပ်ချ ရယူနိုင်သည်။ မြင်းကွန်းမှ ဆရာကြီးဦးဘိုးမြိုင်၏ သဗ္ဗတ္ထစိန္တမဏိ ဘာသာပြန်ကျမ်း ပ-ဒု-တ ၃တွဲ၊ ပင်ကိုယ်ရေးသား  သော ဗေဒတ္ထစိန္တမဏိ နှင့် ဇာတကစိန္တာမဏိ တို့မှာ နက္ခတ်ဗေဒင် လိုက်စားသူတို့တွင် ရှိသင့်သည့် ရည်ညွှန်းစာအုပ်များ ဖြစ်ကြ သည်။ ဤဥပဒေသ တို့သည် ပြဿနာဇာတာ တစ်စောင်ကို ကိုင်တွယ်ဟောပြောရာတွင် မူလဖွားဇာတာ ဟောနည်းသဘောများ အတိုင်း ဆန်းစစ်ဟူဆ ဟောပြောနိုင်ကြောင်း ဆိုထားသည်။ မိမိကိုယ်တိုင် ဟောခန်းဖွင့် ဟောပြောစဉ်က မူလဇာတာ တစ်စောင် ချင်းအတွက် မေးမြန်းသူ ရောက်ရှိလာချိန်ဖြင့် ဖွဲ့ယူထားသည် ဟူးရားဇာတာ တစ်စောင်ဖြင့် နှိုင်းယှဉ်ဆန်းစစ်လျှက် မူလနှင့်ပြဿ နာ တစ်ထပ်တည်းကျသော ဟောချက်တို့ အားပြုခိုင်မာစွာ ဟောဆိုခဲ့သည်။ မွေးချိန်တိကျစွာ မသိပဲ မေးမြန်းလာသူ မွေးချိန်ခန့် မှန်းခြေသာ သိရှိသော မေးလာသူတို့ကို ကျေနပ်လောက်သည့် ဟောချက်များ ပေးနိုင်ရန် ဟူးရားဇာတာက များစွာအထောက်အ ကူပေးခဲ့ပါသည်။ အချုပ်အားဖြင့် မူလဖွားဇာတာကို ဆန်းစစ်ဟောပြော ရာတွင်အတွေ့အကြုံ ရှိပြီးသား နက္ခတ်ဗေဒင် ဟောပြော သူတစ်ဦးသည် အဆိုပါ မူလဇာတာဟော ဥပဒေများကိုသာ အခြေခံလျှက် ဟူရားဇာတာဖြင့် တွဲဖက်ဆန်းစစ် ဟောပြောရာမှ မိမိ ကိုယ်မိမိ ယုံကြည်မှု ပို မိုတိုးတက် လာသည်ကို တွေ့မြင်ကြ ရမည်ဖြစ်ပါသည်။
 



စောဒက တက်ဖွယ်ရာ ရှိသည်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာရှိ ဖွားဇာတာပါ ဂြိုဟ်နှင့်လဂ် တည်နေရာတို့သည် ယ္ခုလတ်တ  လော ကောင်းကင်နှင့် မြေပြင်ဆက်စပ် မှုကိုပြသည့် ဟူးရားဇာတာရှိ ဂြိုဟ်လဂ်တို့ဖြင့် မည်ကဲ့သို့ဆင်တူနေ၍ တထပ်တည်းကျ သည့်ဟောချက်များ ကိုထုတ်ဆိုနိုင်သလဲ ဟူ၍ဖြစ်သည်။ ဤတွင် အသေအချာ ဆန်းစစ်လေ့လာသော အခါ ဂြိုဟ်လဂ်တို့ ဆင် တူခြင်း မဟုတ်ပဲ ဆန်းစစ်ဟောချက်များ ဆင်တူနေခြင်း ဖြစ်ကြောင်း တွေ့ရမည် ဖြစ်သည်။ ဆင်တူသော ဥပမာတစ်ခုကို ဖေါ်ပြရ လျှင် ဖူးစာဖက်မှန်၍ သ္မီး မြေး မြစ် တို့ဖြင့် ပြည့်စုံသည့် အိမ်ထောင်ဖက်တို့၏ ဇာတာနှစ်စောင်အား ယှဉ်ကြည့်လျှင် ဂြိုဟ်လဂ်တို့ ဆင်တူလျှက် တူညီသော ဘဝခရီးလမ်းကြောင်း ကိုဖေါ်ပြကြောင်း တွေ့ရမည်ဖြစ်သည်။ အမှန်အားဖြင့် အဆိုပါ ဇာတာရှင် နှစ်ဦး သည် သီးခြားမိသားစု တစ်စုစီ၏ မတူညီသော ပတ်ဝန်းကျင်တို့မှ ပေါက်ဖွားကြီးပြင်း လာခဲ့ကြခြင်း ဖြစ်သည်။

ဟူရားဇာတာ၏ အသုံးချမှုကို လက်တွေ့ ဥပမာတစ်ခုဖြင့် တင်ပြလိုပါသည်။ ထူးခြားသော ဖြစ်ရပ်တစ်ခုခု၏ ရှေ့ဖြစ်လာနိုင်မည် ရ လဒ်ကို ကြိုတင်ဆန်းစစ် ခန့်မှန်းရန် Fig. Horary-02တွင်ပြထားသကဲ့သို့တည်နေရာ အချက်အလက်အား ထည့်သွင်းကြည့်ရှုနိုင် သည်။ ဤဇာတာမှာ မိမိတို့ မိသားစု ဂုတ်ထိပ်တံတားသို့ မီးရထားဖြင့် အပျော်ခရီး ထွက်ရာ၌ တွေ့ကြုံခဲ့သည့် ပြဿနာတစ်ရပ်ကို ဆန်းစစ်ရန် တွက်ကြည့်ခဲ့သော ဇာတာခွင် ဖြစ်သည်။ အပြန်ခရီးတွင် လမ်းဘေးတောမီးမှတဆင့် ရထားခေါင်းတွဲ မီးစွဲပြီး နောင်ချို သို့ အဝင် ကားလမ်းမကို ကျော်ဖြတ်စဉ် ရပ်တန့်သွားခဲ့သည်။ နိုင်ငံခြား တိုးရစ်တွဲတွင် လိုက်ပါစီးနင်း ခဲ့ခြင်းဖြစ်ရာ ရထားရပ်လျှင် ရပ်ချင်း အမေရိကန် အမျိုးသားကြီး တစ်ဦးနှင့် အမေရိကန် အမျိုးသ္မီးကြီး တစ်ဦး မှလွဲ၍ ကျန်တိုးရစ်များ အားလုံး ရထားခေါင်းတွဲ ပြင်ဆင်မှု ပြီးစီးရန် မသေချာ မရေရာ ဟုဆိုကာ ကြုံရာကားစီးပြီး ခရီးဆက်ရန် ထွက်ခွာသွားကြသည်။ 



အမျိုးသားကြီးနှင့် အမျိုးသ္မီးကြီး တို့ချန်ရစ်ခဲ့ခြင်း အကြောင်းမှာ အခမဲ့တိုးရစ်ဂိုက် အဖြစ်ကူညီနေသူ စင်္ကာပူမှ အလည်လာသော သားငယ်တာရာမှ တဆင့်မိမိတို့ မိသားစု ကလတ်တလော ကောင်းကင်ကားချပ်အရ ရထားသည် မကြာမီ ခရီးဆက်နိုင်မည်ဖြစ် ကြောင်း ပြောပြထားခြင်း ကြောင့်ဖြစ်သည်။ ရထားသည် မြို့နယ်မီးသတ်မှ ငြိမ်းသတ်ပေးနိုင်၍ -နာရီခန့် နောက်ကျပြီး ခရီးဆက် ထွက်ခွာခဲ့သည်။ ဇာတာ၌ ကြဋ်စရလဂ်၏ ယောဂကာရက ၃ဂါသည် ၁၀-တန့်မိမိအိမ်တွင်ရပ်လျှက် လဂ်နှင့် -တန့်၊ -တန့် မိမိ ပိုင် ဗြိစ္ဆာသို့ မြင်ထားသည်။ ဝါဟနဘာဝအိမ်ရှင်နှင့် ဝါဟနကာရက ၆ကြာသည် အားကောင်းစွာဖြင့် ၁နွေ၊ ၄ဟူး တို့ဖြင့် ယှဉ်၍ရပ် တည်နေသည်။ လဂ်သ္ခင် စန်းသည် -တန့်တွင် ပင်ပမ်းဆင်းရဲ နှောင့်နှေးမှုကို ဖြစ်စေတတ်သော စနေနှင့် -တန့်၌ ရပ်တည်သည်။ဥပစ္စယယုဂ် ရသော အာယုကာရက စနေသည် -တန့်မိမိပိုင်အာယုဘာဝ သို့ပြန်မြင်ပြီး ခရီးဆက်နိုင်ရေးကို အားဖြည့်ထားသည်။

Messenger: Aye Win Kyaw                                                                                  SMS: 09 459 824 750
31-05-2018                                                                                                                          
ဆက်ရန်