Sunday, January 14, 2018

63. SwissHoro v-4


ဆွစ်ဟော်ရို ဗာရှင် 3 မှ 4 သို့ မွမ်းမံပြင်ဆင်ခြင်း။



ဗာရှင် 3 ကိုပိုမိုလွယ်မှကူ အဆင်ပြေစွာ သုံးစွဲနိုင်ရန် ပြင်ဆင်ချက်အချို့ ထည့်သွင်း၍ ပြည့်စုံသော ဟောပြောမှုများ ပြုလုပ်ရန် လို အပ်ချက်ဖြစ်သော အဋ္ဌဝဂ္ဂစံနစ် အားဖြည့်စွက်လျှက် ဗာရှင် 4 အဖြစ်သို့ စီစဉ်ထားပါသည်။ ပြုလုပ်ထားသော ပြင် ဆင်မှုများမှာ

၁။ တည်နေရာ အချက်အလက် ဇယားကို သီးခြား sheet တစ်ခု စီစဉ်ထားရှိခြင်း၊
၂။ မြန်မာသက္ကရာဇ် ၁၃၈၀-ခုနှစ် အတွက် ပြက္ခဒိန်ပြောင်းရန် ကိန်းကိုဖြည့်စွက်ခြင်း၊
၃။ မွေးဖွားအချက်အလက်များ ရိုက်သွင်းရန် ပိုမိုလွယ်ကူသော အစီအစဉ် ထားရှိခြင်း၊
၎။ ပြည့်စုံသော ဟောပြောမှု ပြုလုပ်နိုင်ရန် မန္ဒိဂြိုဟ် ပြန်လည်ထည့်သွင်းခြင်း၊
၅။ နေရောင်ဖုံးလွှမ်း၍ အတ္ထဖြစ်သော ဂြိုဟ်တို့ကို ဖေါ်ပြခြင်း၊
၆။ စစ်ထိုးလျှက်ရှိသော ပဉ္စတားဂြိုဟ်တို့ကို ဖေါ်ပြခြင်း၊
တို့နှင့် ဖြည့်စွက်ချက် အနေဖြင့်
၇။ မူလဇာတာ၏ အဋ္ဌဝဂ္ဂ ဇယားကို တွက်ချက်၍ 2018-2020 ကောဇာဂြိုဟ်စီးဖြင့် တွဲပြခြင်း။
တို့ဖြစ်သည်။

နှစ်ပေါင်း ၁၂၀ အတွက် ဇာတာဖွဲ့ရန် ဖိုင် ၁၂-ခုနှင့် ပြဿနာအခါဇာတာ အတွက် -ခု၊ စုစုပေါင်း ဖိုင် ၁၃-ခုကို အောက်ပါလင့်များမှ ဒေါင်းလုပ်ချ ရယူနိုင်ပါသည်။

SwissHoro v-4 1901-1910 

SwissHoro v-4 1911-1920

 SwissHoro v-4 1921-1930

 SwissHoro v-4 1931-1940

 SwissHoro v-4 1941-1950

 SwissHoro v-4 1951-1960

 SwissHoro v-4 1961-1970

 SwissHoro v-4 1971-1980

 SwissHoro v-4 1981-1990

 SwissHoro v-4 1991-2000

 SwissHoro v-4 2001-2010

 SwissHoro v-4 2011-2020

 SwissHoro v-4 Horary



ရှေးဦးစွာ Locate sheet ကိုရွေးချယ်၍ ဇာတာဖွဲ့ လိုသောမြို့၏ အမှတ်စဉ်ကို မှတ်သားပါ။ ဇယားတွင် ပါဝင်ခြင်း မရှိပါက အမှတ်စဉ် သုညလိုင်းတွင် ရိုက်သွင်းရန် ဖြစ်သည်။အသုံးများသည့် မြို့၏ တည်နေရာကို အောက်ခြေရှိ Custom location records တွင် အမှတ် စဉ် 186 မှ 200 တွင် ရိုက်သွင်းထားပြီး ခေါ်ယူတွက်ချက် နိုင်သည်။ အစိမ်းရောင် ဆဲလ်များ၌သာ ရိုက်သွင်းရန် ဖြစ်ပါသည်။


Comp  sheet ကိုရွေးချယ်လျှက် အမည်၊ ဒသာတွက် လိုသောရက်စွဲ၊ မွေးရက်စွဲ၊ မွေးချိန်၊ မွေးဒေသ၊ ဟောပြောမည့် ဒေသ နှင့် အယန အမျိုးအစားတို့ကို ရိုက်သွင်းပါ။ လာမည့် မြန်မာသက္ကရာဇ် ၁၃၈၀ အတွက် ပြက္ခဒိန် ပြောင်းရန်ကိန်းကို ထည့်သွင်းပြီးဖြစ် သည်။ နောင်လာမည့် ၁၃၈၁-၁၃၈၂ ခုနှစ်များ အတွက် ပြောင်း ကိန်းများ သိရှိလာလျှင် အချိန်မီ ဖြည့်သွင်း ရန်လိုအပ်ပါသည်။



Chart sheet တွင် တွက်ချက်ပြီး တြိစက္ကဇာတာ ခွင်ကိုကြည့်လျှင် မန္ဒိဂြိုဟ်စင် ကိုတွေ့နိုင်ပါသည်။ ထို့ပြင် အတ္ထဖြစ်သော ဂြိုဟ် စာရင်းနှင့် -အံသာအတွင်း တည်ရှိကြ သည့် ပဉ္စတာရာဂြိုဟ် စာရင်းတို့ကို လည်းရှာဖွေ ဖေါ်ပြထားကြောင်း တွေ့နိုင်သည်။ ဇာတာခွင်ကို ဆန်းစစ်ဟောပြောရာ၌ ဥစ်၊ နိစ်၊ မိတ်၊ ရန်၊ တို့ရမရကို စစ်ဆေးယုံမျှမက နေရောင်ဖုံး၍ အားလျော့ခြင်း၊ စစ်နိုင်သော ဂြိုဟ်သည် ကောင်းကျိုးပိုပေးပြီး စစ်ရှုံးသည့်ဂြိုဟ်သည် ဆိုးပြစ်များ ပေးနိုင်သည်ကို အထူးဆင်ခြင်ရန် လိုပါသည်။


Ashtaka sheet ကို Dr. B. V.Raman Ashtakavarga System of Prediction စာအုပ်အား ရည်ညွှန်းလျှက် တွက်ချက်ဖေါ်ပြ ထားပါ သည်။ အဆိုပါ စာအုပ်၏ မြန်မာပြန်မူကို လည်းကောင်း၊ ဗြို့ဟဇ်ဇာတကကျမ်း၊ ဇာတက ပါရိဇာတကျမ်း၊ ဖလဒီပိကာကျမ်း စသည့် သက္ကဋ္ဌမှ မြန်မာပြန် ဆိုထားသည့် ကျမ်းတို့အား လည်းကောင်း မှီငြမ်းလျှက် အဋ္ဌဝဂ္ဂ စံနစ်၏ အခြေခံ သဘောတရားများ ကိုလေ့ လာနိုင်ပါသည်။ ဝဲဖက်ဆုံး၌ ပရာသရထကဝဂ္ဂ (Prastharashtakavarga) ကို ကောဇာဂြိုဟ်တို့ စီးနင်းမှုအား အသေးစိတ် ဟောပြော နိုင်ရန် သောရီ၊ ဂုရု၊ ဘောမ၊ သူရဇ္ဖ၊ သောကြ၊ ဗုဒ္ဓ၊ စနြေ္ဒာ၊ လဂ် ဟူသော -ပိုင်း အညီအမျှ ခွဲဝေပိုင်းခြားလျှက် ရောက်ဆဲကောဇာ ဂြိုဟ်စီး ရာသီ၊ ကက္ခရှ (Kakshyas) ခေါ်ရှစ်ပုံတစ်ပုံတွင် ရပ်တည်သော ကာလပိုင်းအား တွက်ချက်ဖေါ်ပြ ထားသည်။ ဇယား၏ခေါင်း စီးတွင် ဆယ့်နှစ်ရာသီကို ပုံသေထားလျှက် လဂ်အလိုက် ပြောင်းလဲမှုရှိသော ဆယ့်နှစ်ဘာဝအား ဂရုစိုက် ရည်ညွှန်းကြည့်ရှုရန် လို အပ်ပါသည်။

ယာဖက်ခြမ်းတွင် သဗ္ဗဋ္ဌကဝဂ္ဂကို တွက်ချက်ဖေါ်ပြရာ၌ ဂြိုဟ်တစ်လုံးချင်းစီ၏ ရာသီ/ဘာဝအလိုက် ရရှိသည့် ကောင်းကျိုးပေးနိုင်မှု အတိုင်းအတာ ဗိန္ဒုအရေအတွက်အား ဖေါ်ပြထားသည်။ ရာသီတစ်ခုချင်းရှိ ဂြိုဟ်အားလုံးမှ စုပေါင်းရရှိသည့် ကောင်းမှတ်အရေအ တွက်ကို အနည်းဆုံးရှိသင့်သော အရေအတွက်ဖြင့် နှိုင်းယှဉ်ပြထားသည်။ ဤစံနစ်တွင် သာမန်တွက်ရ ကောင်းမှတ်ရေမှ ရပ်တည်  သောရာသီအလိုက် တြိကောဏသောဓနာ (Trikona reduction) နှင့် ဧကဓိပတျသောဓနာ (Ekadhipatya reduction) ဟူသည့် တွက် ချက်မှု ၂-ဆင့်ထပ်မံ ပြုလုပ်ခြင်းဖြင့် သန့်စင်သည့်ကောင်းမှတ် တန်ဖိုးတို့ဖြင့် ပြသသော (Reduced Sarvashtakavarga) သာဓနာ ၂-ပါးပြုပြီး သဗ္ဗဋ္ဌကဝဂ္ဂ ကိုရရှိသည်။ ထိုမှဆက်လက်၍ မဏ္ဍာလသောဓနာ တွက်ချက်မှုတို့အား လုပ်ဆောင်လျှက် အဋ္ဌဝဂ္ဂဒသာ နှင့် အာယုဒါယ သက်တမ်းတွက်ချက်ခြင်း တို့ကိုရှာဖွေရန် ဖြစ်သည်။

ဋ္ဌဝဂ္ဂနည်းစံနစ်သည် ဇာတာတစ်စောင်ကို ဆန်းစစ်ဟောပြောရာ၌ ဝိသောတ္တရိဒသာနှင့် တွဲဖက်လျှက် ကောဇာဂြိုဟ်သွားဖြင့် ဖြစ် ချိန်ပျက်ချိန်တို့ အသေးစိတ် ချိန်ဆရာတွင် လွန်စွာအသုံးဝင်သော နည်းလမ်းဖြစ်ကြောင်း အသုံးပြုကြည့်ခြင်းဖြင့် သိရှိနိုင်ပါသည်။
 

ဟောပြောမှုများ ပြုလုပ်ရာတွင် ဒသာနှင့် ကောဇာတို့ တွဲဖက်အဖြေထုတ်လျှက် ရလာဒ်၏ မှန်ကန်မှုကို ဟူးရားဇာတာချ လျှက် ဖြစ်နိုင်ခြေ ချိန်ကိုက်ခြင်းသည် အလွန်သင့်လျှော်သော နည်းစံနစ်ဖြစ်သည်။ ဟူးရားဇာတာတွက်ချက်ရန် လိုအပ် ချက်မှာ ဟောသည့်ဒေသကို သတ်မှတ်ယုံမျှဖြင့် အလိုအလျှောက် တွက်ချက်ဖေါ်ပြ သွားမည်ဖြစ်ပါသည်။




Telegram userID: AWKyaw                                                          SMS: 09 459 824 750
1
4-1-2018                                                                                      ဆက်ရန်