Friday, July 6, 2018

87. Myanmar Astronomy (12)


မြန်မာနက္ခတ္တဗေဒ  ()
                         
မြန်မာဗေဒင်ဆိုင်ရာ နေချိန်စံနစ်။ (အဆက်)

၁၃။ ဆပွတ်တိုင် နှင့် နိမိတ်တိုင်။

အင်္ဂဝိဇ္ဇာ နေ့/ညဥ့်အခါများ ပိုင်းခြားခွဲဝေပုံအား ကြည့်ရှုခဲ့ပြီးသည့်နောက် လက်တွေ့အားဖြင့် မည်ကဲ့သို့ အသုံးပြုသည်ကို ဆက် လက် လေ့လာလျှင် ဆပွတ်တိုင်ထူ၍ ဟောပြောကြသည်ကို တွေ့ကြရပါမည်။ ကျမ်းရင်းလင်္ကာ ()တွင် လိုရာဂြိုဟ်ရင်းကပ်၊ ဓာတ် မှန်ကိုထုတ်၊ မိတ်လည်းအုပ်၊ ဓာတ်ထုတ်မိတ်ကိုစီး၊ မိတ်ကြီးဓာတ်ကိုမံ၊ ဟူ၍ တနင်္ဂနွေ အတွက် အိုင်ထဲမြရွှေငွေ အစရှိသည့် တိုင်၅ တိုင်ထူလျက် ဟောရန်ပြဆို ထားသည်။ သို့ရာတွင် ၅တိုင်ဖြင့် ဟောပြောခြင်းသည် ခက်ခဲရှုတ်ထွေး၍ အမျှကြင် စသည့် မိတ်၊ ဓာတ် ၂-ပါး မူလ တပါးဖြင့် တိုင် ၃-တိုင်ဖြင့်သာ ဟောပြောအပ်ကြောင်း စာမျက်နှာ ၁၀-၁၅ တွင် အသေးစိတ် ဖေါ်ပြထားသည်။ 


အခါပိုင်းခြား ခွဲဝေမှုဇယား အရ ရောက်ဆဲအချိန်နှင့် တပြေးညီ ကျရောက်သောအခါ အတွက် ဆပွတ်တိုင်ကို Maharkala.xlsx  တွင် ထူပြထား ပါသည်။ မူလ၊ မိတ်၊ ဓာတ် ၃-ပါးယူ၍ ဟောသော စံနစ်သည်ပင် လက်တွေ့တွင် သုံးစွဲသူ နည်းပါးပြီး တတိုင်ထည်း သာ ထူ၍ ဟောပြောကြသည် ကိုတွေ့ရသည်။ အစဉ်အလာအားဖြင့် အခါကိုယူ၍ တိုင်ထူခြင်း၊ မေးလာသူ၏ မျက်နှာမူ ရာအရပ်ကိုယူ ၍ တိုင်ထူခြင်း၊ မေးသူယူ လာသောလက်ဆောင် သို့မဟုတ် ထူးခြားနိမိတ် တခုခုကို ခံယူ၍ တိုင်ထူခြင်း ဟူ၍ အဆင့်ဆင့် ယူရာ၌ ဤ တွင် အခါတိုင်ကို မူလ ဦးစားပေးလျက် အထက်၌ ဆပွတ်၉-ခိုင်ကို တင်ထားပါသည်။ ပြည့်စုံမှု ရှိစေခြင်း အလို့ငှါ မေးသူမျက်နှာ မူ ရာအရပ် ထူးခြားနိမိတ် စသည်ဖြင့် နိမိတ်ဂြိုဟ် ကိုအခြေပြုလျက် နိမိတ်တိုင် ထူ၍ဖြည့်စွက် ဟောပြောရန် စီစဉ်ထား ရှိပါသည်။

 ၁၄။ မဟာကာလဇာတာ။

ကျမ်းရင်းလင်္ကာ အပိုဒ် () တွင် ဖေါ်ပြထားသည့် သူရဇ္ဇက၊ စ၍စဉ်စီ၊ ရှစ်ခါညီ၊ ရှစ်လီဂြိုဟ်ပေါင်းပြ၊ ရာသီဆယ့်နှစ်ဝ၊ သင်္ချာယူ၍ဆ၊ဟုဆိုထားသည့် အတိုင်း ရောက်ဆဲအခါ၏ မဟာကာလဇာတာ ကိုအခါတိုင် နိမိတ်တိုင် တို့အထက်၌ Fig. AstroTime-35 တွင်ပြ ထား သကဲ့သို့ တွက်ချက်ထားပါသည်။ ကာလဇာတာကို ချရာ၌ ကောင်းကင်ရှိ ရောက်ဆဲကောဇာ တနင်္ဂနွေဂြိုဟ်ကို 1918-1920 အတွင်း ရှာဖွေအသုံးပြု နိုင်ရန် ပို့စ်-၁၄ တွင် ဖေါ်ပြခဲ့သည့် နိရာယန ဂြိုဟ်သွားပြက္ခဒိန် ကိုအခြေခံ တွက်ယူသုံးစွဲ ထားပါသည်။ ပရို ဂရမ်သည် အဆိုပါ နှစ်များအတွက် ရောက်ဆဲကောဇာ တနင်္ဂနွေမှ ရေတွက်ရရှိသည့် ကာလဂြိုဟ်နေများကို ဖေါ်ပြသွားမည် ဖြစ်ပါ သည်။       

ဒေသနေထွက်နေဝင် ပေါ်အခြေခံသည့် ဤပရိုဂရမ်ကို သုံးစွဲခြင်းမပြုမီ ရှေးဦးစွာ Locate sheet မှ တည်နေရာ ရည်ညွှန်းအမှတ် စဉ်ကို ထည့်သွင်းထားရန် ဖြစ်သည်။ နိမိတ်တိုင်၏ အလယ်အခြာကွက်၌ မိမိလိုရာ နိမိတ်ဂြိုဟ် (1-0/1-7) ကို ထည့်သွင်းထားနိုင်ပါ သည်။ အခါတိုင်နှင့် နိမိတ်တိုင်တို့၏ ဟောပြောမှု ဆိုင်ရာအယူအဆ များကို အင်္ဂဝိဇ္ဇာ စာအုပ်များစွာ၌ တွေ့နိုင်သော်လည်း မဟာ ကာလဇာတာခွင်ကို ဟောပြောရန်မှာ ရှေးမြန်မာ နက္ခတ်ဗေဒင်သုံး စုတ်အိမ်၊ ဥပါဒ်အိမ်၊ အောင်ပ၊ ကုလား မိတ်၊ ဦးညို၊ ခေမာ ရန် စသည် တို့ကို အခြေခံ ဆန်းစစ်ရမည် ဖြစ်ပါသည်။ သို့ဖြစ်၍ ပြည့်စုံသော ရည်ညွှန်းချက်များအား ကိုးကားနိုင်ရန် ကျမ်းရင်း၏ စာ မျက်နှာ ၆၄မှ ၁၂၅ထိ ကို ပူးတွဲ တင်ထားပါသည်။


    
Maharkala.xlsx  (WPS Office တွင် run ရန်)

6-07-2018
 



Wednesday, July 4, 2018

86. Myanmar Astronomy (11)


မြန်မာနက္ခတ္တဗေဒ  ()
                         
မြန်မာဗေဒင်ဆိုင်ရာ နေချိန်စံနစ်။ (အဆက်)

 ၁၂။ မဟာကာလဇာတာ လဂ်တပ်ခြင်း။

အင်္ဂဝိဇ္ဇာ ဋီကာကြီး အပိုဒ် (၆၃) မဟာကာလ အစင်အကြယ်အဖွင့် တွင်ချပြီးဂြိုဟ်ခွင်မှ တနင်္ဂနွေ၏ တည်နေရာကို ရည်ညွှန်း၍ လဂ် တပ်နည်းကို ဖေါ်ပြထားပါသည်။ လဂ်တပ်ရန်မှာ

နံနက် ပထမတခါ ဖြစ်လျှင် တနင်္ဂနွေနှင့် တစ်ရာသီတည်းတပ်၊
နံနက် နှစ်ခါဖြစ်လျှင် ရှေ့တခွင်တွင်တပ်၊
မွန်းတည့်ခါနီး သုံးခါဖြစ်လျှင် ရှေ့နှစ်ခွင်တွင်တပ်၊
မွန်းတည့်မည့်ဆဲဆဲ လေးခါဖြစ်လျှင် ရှေ့သုံးခွင်တွင်တပ်၊
မွန်းလွဲဆဲဆဲ ငါးခါမှာလည်း ရှေ့သုံးခွင်တွင်ပင်တပ်၊
မွန်းလွဲခါစ ခြောက်ခါဖြစ်လျှင် ရှေ့လေးခွင်တွင်တပ်၊
မွန်းလွဲကြီး ခုနစ်ခါဖြစ်လျှင် ရှေ့ငါးခွင်တွင်တပ်၊
နေဝင်ခါနီး ရှစ်ခါဖြစ်လျှင် ရှေ့ခြောက်ခွင်၌ တနင်္ဂနွေနှင့် သမသတ်တပ်၊

အထက်ပါ လဂ်တပ်နည်းအရ မိဿရာသီတွင် တနင်္ဂနွေ ရပ်တည်ဆဲလ၏ တနင်္ဂနွေနေ့ အခါ ၈-ပါးအတွက် လဂ်တပ်ပုံ နမူနာကို
Fig. AstroTime-31 တွင် တွေ့နိုင်ပါသည်။ ဆက်လက်၍ ဖေါ်ပြထားသည်မှာ ညဥ့်၌လည်း ဤနည်းနှင်နှင် ရှစ်ခါရ၏။ (လဂ်မှာ တန င်္ဂနွေ၏ နောက်တစ်ခွင် နှစ်ခွင် စသည်ဖြင့် တပ်ရာ၏)။ မဟာကာလ လဂ်တပ်ခြင်း သဘောကို ပိုမိုရှင်းလင်းစေရန် အလို့ငှါ တနင်္ဂ  နွေ ရပ်တည်သော အခွင်ကို မူတည်၍ လဂ်တပ်ခြင်း၊ ထိုတပ်သောလဂ်သည် မျက်မြင်သဘောအရ နေထွက်၊ နေဝင်၊ မွန်းတည့်၊ သန်းခေါင်၊ စသည့်အချိန်အခါ တို့၌ လဂ်ဖြင့်နှိုင်းရ အနေအထား မှန်ကန်မှုရှိကြောင်း Fig. AstroTime-32 တွင်ပြထားပါသည်။





ကျမ်းရင်းတွင် Fig. AstroTime-31 ၌ ဖေါ်ပြခဲ့သော နေ့အခါ ၈-ပါး၏ ဂြိုဟ်၊ လဂ် အပြည့်အစုံ ကို Fig. AstroTime-33 တွင် ပရိုဂရမ် အရ တွက်ထုတ် တင်ပြထားပါသည်။ ဇာတာခွင် တစ်ခုတွင် လဂ်သည် တစ်နေ့ ၂၄-နာရီတွင် တစ်ပတ် ၁၂-ခွင်လုံးသို့ လှည့်လည် ရပ်တည်သော သဘောကို ပေါ်လွင်စေရန် အတွက် လွန်ခဲ့သော သန်းခေါင်မှ ထိုနေ့နေထွက် အထိနှင့် ထိုနေ့နေဝင်မှ သန်းခေါင် အထိ ဖွဲ့စည်းမည့် မဟာကာလဇာတာခွင် တို့ကို Fig. AstroTime-34 တွင်ပြသ ထားပါသည်။ အထူးမှတ်သားဖွယ်ရာမှာ တနင်္ဂနွေ တည်ရှိသောအခွင်၊ ထိုမှ ၄-တန့်မြောက်အခွင်၊ သမသတ် ၇-တန့်မြောက်အခွင် နှင့် ၁၀-တန့်မြောက်အခွင်တို့၌ အခါ ၂-ခါစီအတွက် လဂ်များကို ချရမည်ဖြစ်သည်။





၁၃။ မဟာကာလဆိုင်ရာ ကောဇာ တနင်္ဂနွေ။

အစဉ်အလာအားဖြင့် ကောဇာတနင်္ဂနွေ၏ ရောက်ဆဲရာသီခွင် ကိုသုဒ္ဒဒိန်ရက် အရေအတွက်အားဖြင့် သတ်မှတ်ရန်နည်းအား ကျမ်း ရင်းတွင်ပြထားပါသည်။ သုဒ္ဒဒိန်ရက်ကို အိတ်က်ဆဲလ်တွင် လိုသောနေ့၏ ရက်အမှတ် Day number မှ နှစ်ဆန်း ၁-ရက်နေ့၏ DN ရက်အမှတ် ကိုနှုတ်ယူခြင်းဖြင့် လွယ်ကူစွာ ရနိုင်ပါသည်။ သို့ရာတွင် ဆွစ်ဂြိုဟ်သွားမှ လဟီးရီ၏ အယနနှုတ် ယူထားသော နိရာယ န တနင်္ဂနွေဂြိုဟ်စင် အားသုံး၍ ရာသီပြောင်း ရက်စွဲနှင့်အချိန်များကို လွယ်ကူစွာ တွက်ယူနိုင် ခြင်းကြောင့် သုဒ္ဒဒိန်ဖြင့် တွက်ယူနည်းအား ဤတွင်အသုံးမပြုပါ။

Messenger: Aye Win Kyaw                                                                                  SMS: 09 459 824 750
4-07-2018                                                                                                                                   
ဆက်ရန်