Sunday, January 24, 2016

1. Casting Horoscope on Android Mobile

မိုဘိုင်းဖုန်းမှာ ဖွဲ့ဇာတာ

နက္ခတ်ဗေဒင်ကို လေ့လာသူ ဟောပြောနေ သူတို့အတွက် တြိစက္ကဇာတာ တစ်စောင်အား မှန်ကန်တိကျ စွာဖြင့် အချိန်တိုအတွင်း တွက်ထုတ်နိုင်ရန် အထူး အရေးကြီး ပါသည်။ ယ္ခုအခါ မွေးချိန်ကို အတိအကျ သိ ရှိခြင်း မွေးဖွားရာဒေသ၏ တည် နေရာပြသည့် လတ္တီတွဒ်နှင့်လောင်ဂျီတွဒ်တို့အား တိကျစွာသိရှိနိုင်ခြင်း စ သည့် အချက် များကြောင့် နေ့စဉ်ဂြိုဟ်သွား ပြက္ခဒိန် (Ephemeris) တခုခု အားသုံးစွဲလျှက် မှန်ကန်၍ တိကျသော ဇာတာခွင်ကို လွယ်ကူစွာ ဖွဲ့ယူနိုင်ပြီဖြစ်ပါသည်။ အချိန်တိုအတွင်း တွက်ထုတ်ရန် မှာမူ ကွန်ပျူတာ ၏ အကူအညီကို ရယူနိုင် သော်လည်း ပို၍လက်တွေ့ကျသည်မှာ စမတ် မိုဘိုင်းဖုန်း၊ တက်ဘလက် စသည့်လက် ကိုင် ကိရိယာ (Mobile device) များပေါ်၌ ချက်ချင်း တွက်ထုတ်နိုင်ရန် စီစဉ်ခြင်း ဖြစ်ပါသည်။ ဤလို အပ်ချက်ကို ဖြည့်စွမ်းသည့် အနေဖြင့် မိုက်ခရိုဆော့ဖ်အိက်ဆဲလ် (version 2007/2010) တွင် ရေး သား ထားသော ၁၉ဝ၁-ခု မှ ၂ဝ၂ဝ-ခု အထိ နှစ်ပေါင်း ၁၂ဝ အ တွက် ဂြိုဟ်သွား များကို ထည့်သွင်း ထားသည့် SwissHoro စပရက်ဒ်ရှိ (Spreadsheet) ပရိုဂရမ် ၁၂ခု အား အောက်ပါ လင့်များအ ရ ဒေါင်းလုပ်ရယူ သုံး စွဲနိုင်မည် ဖြစ်ပါသည်။
ဤပရိုဂရမ်ကို အသုံးပြုနည်းအား အတူပါရှိသော Using SwissHoro ver-2.1.pdf တွင် ဖတ်ရှုနိုင်ပါသည်။ နက္ခတ်ဗေဒင် အသိုင်း အဝိုင်း၌ အသိအမှတ် ပြုခြင်းကြောင့် ဤတွက်ချက်မှုတွင် သုံးစွဲထားသော ဆွစ်ဂြိုဟ် သွားသည် ဝက်ဘ် စာမျက်နှာ (  http://www.astro.com/swiss eph/swepha_e.htm  ) ၌ ဖေါ်ပြထား သည့် ae_yyyy.pdf များပါတန်ဖိုးတို့ နှင့် အလား တူသော ဒဿသမကိန်း တန်ဖိုးရှိ သာယနဂြိုဟ်စင်များ ဖြစ်ပါသည်။ ဝင်းဒိုးစ် ကွန်ပျုတာရှိ အိက်ဆဲလ် တွင် တွက်ချက်သော အခါ ပရိုဂရမ်၏ Data sheet ၌ အမည်၊ ခရစ် သ က္ကရာဇ် အားဖြင့် မွေးနေ့၊ မွေးချိန်၊ မွေးဖွားရာဒေသနှင့် ဟောပြောမည့် ဒေသစသည် တို့ကို ထည့်သွင်းပြီး Chart sheet သို့ပြောင်း၍ တွက်ချက်ဖေါ်ပြ ထားသော ဇာတာခွင်ကို စစ်ဆေးရန် ဖြစ်ပါသည်။ ပထမဦးစွာ စတင်တွက်ယူသော အခါ၌ အမြဲဖေါ်ပြစေလိုသည့် ခေါင်းစီးကိုမိမိ၏ စိတ်ကြိုက် ပြင်ဆင်ထား ရန်နှင့်ဟောပြောမည့် ဒေသဆိုင်ရာ အမှတ်စဉ်တို့အား ထည့်သွင်း ထားရန် လိုအပ်ပါသည်။

ဇာတာတွင် မြန်မာ နှစ်၊လ၊ရက်နှင့် မြန်မာရိုးရာကျော်နာရီ တို့ကို ခေါင်းစီး၌ ဖေါ်ပြလျှက် ဒုတိယခြားနားခြင်း အား အသုံးပြု ၍ ဘု တ္တိဖြတ် ( Second difference interpolation ) ထားသော တနင်္လာဂြိုဟ်၊ ရိုးရိုးအချိုးချ ဘုတ္တိဖြတ် ထားသည့် ကျန် သောဂြိုဟ် တို့နှင့်တကွ မန္ဒိ၊ ယမကဏ္ဍက စသော ဂြိုဟ်ငယ် တို့ကို တွက် ချက် ပြထားပါသည်။ ဘာဝများ နှင့် လိုသောနေ့ စွဲအတွက် ပိုင်း ခြားထားသော ဝိသောတ္တရီ ဒသာ တို့ကို ဇယား ချဖေါ်ပြပြီး ရောက်ဆဲကောဇာ ဂြိုဟ်ခွင် ( Transit Chart  တွင် ဟောပြော သည့် နေရာဒေသ ၌ ထွက်ပေါ်ဆဲဖြစ်သည့် လဂ် ( Ascendant ) ကို တပ်ထားသော ဟူးရားဇာတာ (Horary Chart) တို့အား
 ဖေါ်ပြထားပါသည်။

ယ္ခုအခါ မိုဘိုင်းဖုန်းများတွင် အိတ်ဆဲလ်၏ *.xlsx ဖိုင်များကို ဖွင့်ယူတည်းဖြတ် နိုင်စွမ်းရှိသော အပ္ပလီကေး ရှင်း (Mobile Appli-cations) များစွာရှိသော်လည်း Androiod ဖုန်းပေါ်၌ WPS Office ကိုရွေးချယ် အသုံးပြု တွက်ချက်ရန် အသင့်လျှော် ဆုံးဖြစ်
ကြောင်း တွေ့ရှိရ၍ အသုံးပြုနည်း အဆင့်ဆင့်အား SwissHoro on Androiod.pdf တွင် ဖေါ်ပြထားပါသည်။ အသုံးများသော မိုဘိုင်းဖုန်း အမျိုးအစား ဖြစ်သည့် iPhone, iPad စသည့် iOS ကိရိယာတို့၌ အလားတူ အပ္ပလီကေးရှင်း များ ကိုအသုံးပြုနိုင်
သော်လည်း Androiod ဖြင့်နှိုင်း ယှဉ်လျှင် ခြားနားသော ဖိုင်ကိုင်တွယ်မှု စံနစ်ရှိသည့်အပြင် ဖိုင် ကိုဒေါင်းလုပ် ချရန် အရွယ်အစား ကြီးမား တတ်ခြင်း iOS ဗာရှင်အပေါ် မူတည်၍ အပ္ပလီကေးရှင်း ဗာရှင်အား ရွေးချယ်ရတတ်ခြင်းစသည် တို့ကြောင့် အလျဉ်းသင့်
 သောအခါတွင် ဆက်လက်ရှင်းလင်း တင်ပြသွားမည် ဖြစ်ပါသည်။

2 comments:

Unknown said...

Thank's Sir

Unknown said...

ကျေးဇူးပါဆရာ