Wednesday, March 2, 2016

9. Horoscopy using Excel (7)

ဗေဒင်ကို အိက်ဆဲလ်နဲ့ တွက်မလား (၇)


၉။ သာယနမှ နိရာယန ဂြိုဟ်သွားပြက္ခဒိန် သို့ပြောင်းယူခြင်း။

နိရာယနစံနစ်သို့ ပြောင်းရန် နှစ်သက်ရာမဟာဝိသုဝအမှတ် (Vernal Equinox) ၏ ရွေ့လျားမှု တနည်း အားဖြင့် အယနဟုခေါ်တွင်သော(Precession of Equionox) တန်ဖိုးကိုနှုတ်ယူခြင်း ဖြင့်ရယူနိုင်ပါသည်။ နက္ခတ်ဗေဒင် တွက်ချက်ဟောပြောသူတို့အသုံးများသည့် အယနအမျိုးအစားမှာအောက်ဖေါ်ပြပါ အတိုင်း ၄-မျိုးရှိပါသည်။

(၁) မြန်မာ သူရိယသိဒ္ဓ န္တ အယန (SuriyaSiddhanta Ayana)
(၂) အင်န်စီလဟီးရီ၏ အယန (Lahiri’s Ayana)
(၃) ဒေါက်တာဘီဗီရာမန်၏ အယန (Raman’s Ayana)
(၄) ကရစ္စနားမူရ်တီး၏ အယန (Khrisnamurty’s Ayana)


ဤတွင် နေ့စဉ်အမှတ်စဉ်(၁) မြန်မာအယနကို တွက်ထုတ်ပြီး သာယနဂြိုဟ်စင် တန်ဖိုးတစ်ခုချင်းမှ နှုတ် ယူခြင်းဖြင့် တွက်ယူပြပါမည်။ သူရိယသိဒ္ဓ န္တကျမ်းတွင် မဟာဝိသုဝအမှတ်သည်၁-နှစ်လျှင် ၅၄စက္ကန့်
နှုန်းဖြင့် မြဲသောရာသီစက် ၏အစမှတ်ရှိရာမှ အနောက်ဖက်သို့ ရွေ့လျားနေသည်ဟု ပြဆိုထားသည်။ အဆိုပါ တွက်ရိုးအရ မဟာဝိသုဝအမှတ် နှင့် မြဲသောရာသီစက်၏ အစမှတ်တို့သည် နက္ခတ်တွက်ရိုး ဆိုင်ရာ ကလိယုဂ်ဟူသော အချိန်အပိုင်းအခြားကြီး တစ်ခု၏ စတင်ချိန်၌ တစ်ထပ်တည်း ကျရောက်ခဲ့သည်။ သို့အတွက် ထိုအချိန်မှ စတင်ရေ တွက်သော ဣဋ္ဌသာဝန (Savana) ရက်ပေါင်းအားဖြင့် တွက်ယူလေ့ ရှိသည်။ အတိုနည်းအားဖြင့် သာဝနကို ပုံ-၂၃။ ၏ ကော်လံ D တွင်ပြထား သည့် ၁၉ဝဝ-ခုနှစ်၏ အစမှ ရေ တွက်သော ရက်ပေါင်း DN တွင် 1826554 ကို ပေါင်းခြင်းဖြင့် ရရှိနိုင်သည်။ တွက်ချက် ခြင်း မှန်ကန်မှု ကို စစ်ဆေးလိုပါလျှင် သာဝနတန်ဖိုးတွင် ၅-ပေါင်း၍ ၇-ဖြင့်စားရသောအကြွင်းအား ကျရောက်ရာနေ့ ဖြင့် ချိန် ကိုက်ကြည့်ခြင်း စစ်ဆေးနိုင်ပါသည်။ ကျမ်းအရ နှစ်ပေါင်း4320000 ရှိသောကလိယုဂ် တစ်ခုတွင် ရက်
ပေါင်း 1577917828 ရှိခြင်းကြောင့် ၁-နှစ်၌ရှိသော ရက်ပေါင်း SolDays မှာ 365.258756481481 ဖြစ်ပါ
သည်။ နေ့စဉ် အယန တွက်ယူရန် ပုံသေနည်းချ၍ ဖေါ်ပြရလျှင်
အယန (degree) = 0.015*(( 1826554+DN)/SolDays-3512) ဖြစ်ပါသည်။

2016 ခုနှစ် အတွက် နိရာယနဂြိုဟ်သွား တစ်စောင် ပြုလုပ်နည်းအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) Sheet2 ၏အမည်ကို Sidereal ဟုပြောင်းပြီး Tropical sheet မှကူးယူထားသော ခေါင်းစဉ်အား Sidereal Swiss Ephemeris – GMT 0 hour (Myanmar Ayana) ဟုပြောင်းပါ။ (ပုံ-၂၃)


(၂) Sidereal sheet ၏ဆဲလ် A3 တွင် = ကိုရိုက်ပြီး Tropical sheet သို့ပြောင်းလျှက် A3 တွင်ကလစ် လုပ်၍ Enter ရိုက်ပါ။ Sidereal ၏ဆဲလ် A3 တွင် Tropical ၏ A3 မှ Y ကိုကူးယူပြီး ဖြစ်သည်။ ထို့နည်း တူ B3 မှ E3 အထိ Tropical  ရှိ M, D, DN, GST တို့ကို Sidereal သို့ကူးယူပါ။ A3:E3 ဆဲလ် ၅-ခု ကို ရွေးထားပါ။ (ပုံ-၂၄)



(၃) E3 ၏ ယာဖက်အောက်စွန်းရှိ လက်ကိုင်ကို မောက်စ်ဖြင့်ဖိဆွဲ၍ ရိုး 370 အထိဆွဲချပါ။ တစ်နှစ်စာ Y, M, D, DN, GST တန်ဖိုးများကို ကူးယူပြီးဖြစ်မည်။ (ပုံ-၂၅)


(၄) ဆဲလ် A371 တွင် SolDays ဟုရိုက်ပြီး C371 ၌ =1577917828/4320000 ကိုရိုက်၍ Enter ခေါက် ပါ။ ရိုး 371၏ C, D, E ကိုရွေး၍ Home>Merge & Center ကိုကလစ်လုပ်လျှင် တစ်နှစ်တွင်ရှိသည့် သာဝ နရက်ပေါင်း 365.258756481481 ကိန်းသေတန်ဖိုးကို ရမည်။ အစိမ်းရောင် File ခေါင်းစဉ်အောက်ရှိ Cell address ထည့်ရန် နေရာတွင် SolDays ဟုရိုက်ထည့်၍ သာဝနရက်ကိန်းသေကို အမည်ပေးထားပါ။ (ပုံ-၂၆)


(၅) ဆဲလ် F3 တွင် မြန်မာအယနတွက်ရန် ညီမျှခြင်း =0.015*((1826554+D)/SolDays-3512) ကိုရိုက် ၍ Enter ခေါက်ပါ။ (ပုံ-၂၇)


(၆) F3 ကိုကလစ်လုပ်ရွေးထားပြီး ပုံသေနည်းကို ဒရက်ဂ်လုပ် ဆွဲချခြင်းဖြင့် F370 အထိကူးယူပါ။(ပုံ-၂၈)

 
(၇) G3 ကိုရွေး၍ = ရိုက်ပြီး Tropical sheet ၏ G3 ကိုကလစ်လုပ်ခြင်းဖြင့် သာယနတနင်္ဂနွေ တန်ဖိုးအား ကူးယူပါ။ G3 မှ ပုံသေနည်းကို ဒရက်ဂ်လုပ် ဆွဲယူခြင်းဖြင့်ဆဲလ် N3 အထိ ကျန်သော သာယနဂြိုဟ်များကို ကူးယူပါ။ (ပုံ-၂၉)

(၈) G3 ရှိညီမျှခြင်းတွင် ကာဆာကိုယာဖက် ကပ်လျှက်ချပြီး -F3 ဟုဖြည့်စွက်ပါ။ ပြီးလျှင် Tropical!F3-F3 ကို highlight လုပ်ရွေးချယ်ပြီး CTRL+C ဖြင့်ကူးယူရန် ဖြစ်သည်။ ထို့နောက် ဆက်လက်၍ +IF( ဟုရိုက် ပြီး CTRL+V ဖြင့် Tropical!F3-F3 ကိုကပ်ယူပါ။ ,360,0) ဟုဆက်ရိုက်ပါ။  ကပ်ထားသော Tropical!F3-F3 တွင် - ကို highlight လုပ်၍ < ဖြင့်အစားထိုးပြီး Tropical!F3

=Tropical!F3-F3+IF(Tropical!F3  ကိုရရှိမည်ဖြစ်သည်။ ဆဲလ် H3 မှ N3  အထိ အထက် ပါအတိုင်း
တစ်ခုချင်း ပြင်ဆင်လျှင် အောက်ပါ ညီမျှုခြင်း အသီးသီးကိုရရှိမည် ဖြစ်သည်။



= Tropical!G3-F3+IF(Tropical!G3

= Tropical!H3-F3+IF(Tropical!H3

  . . . . . . .

= Tropical!N3-F3+IF(Tropical!N3 

 (ပုံ-၃၀)


(၉) ထို့နောက် G3:N3 ကိုရွေးချယ်လျှက် ရိုး 370 အထိ ဒရက်ဂ်လုပ် ဆွဲချခြင်းဖြင့်ကူး၍ ဖြည့်ယူပါ။ (ပုံ-၃၀ နှင့် ၃၁)


(၁ဝ) တိထီ နှင့် နက္ခတ် တို့ကိုတွက်ယူရန် ကော်လံ I ကိုရွေးချယ်၍ Insert ၂-ခါနှိပ်ပါ။ I ၏ခေါင်းစီးကို Tithi ဟု အမည်ပေး၍ J ၏ခေါင်းစီးအား Nakhat ဟုအမည်ပေးပါ။ I3 တွင် 
=((H3-G3)+IF(H3
 တိထီကို H3 ရှိ The Moon မှ G3 ရှိ The Sun အားနှုတ်ပြီး တွက်ယူသော ပုံသေနည်း ကိုရိုက်ထည့်ပါ။ J3 တွင် လည်း စန်းစီးနက္ခတ်ရှာရန် =H3*0.075 ပုံသေနည်း ကိုရိုက်ထည့်ပါ။ (ပုံ-၃၂)


 
(၁၁) ဆဲလ် I3:J3 ကို highlight လုပ်ရွေးချယ်ပြီး ရိုး 370 အထိ ဒရက်ဂ်လုပ် ဆွဲချခြင်းဖြင့် ကူးယူပါ။ ရာသီ ရုပ် နက္ခတ်ရုပ်တို့ နောက်ခံတလျှောက် တိုင်းတာသည့် ဂြိုဟ်စင်၊ တိထီ နှင့် နက္ခတ် တန်ဖိုးတို့မှ အခြား
 သော လိုရာတွက်ချက်မှု အမျိုးမျိုးကို ပြုလုပ်ရန် အဆင်သင့်ဖြစ်သည့် နိရာယနဂြိုဟ်သွား ပြက္ခဒိန် Ephemeris 2016 .xlsx ကို သိမ်းဆည်းရန် ဖြစ်သည်။ (ပုံ-၃၃)


ပြုလုပ်ပြီးစီးခဲ့သော Ephemeris 2016.xlsx ဖိုင်ကို နမူနာကြည့်ရန်။

၁၀။ အခြားသော အယနဖြင့် နိရာယန ဂြိုဟ်သွားပြက္ခဒိန် သို့ပြောင်းယူခြင်း

(က) အင်န်စီလဟီးရီ၏ အယနဖြင့်တွက်ရန် D3 ရှိ DN တန်ဖိုးကို ရည်ညွှန်း၍ F3 ၌
=22.4744431279561+0.382561251961218*(DN-367)/10000
ညီမျှခြင်းအား ရိုက်ထည့်ရန် ဖြစ်သည်။

(ခ) ဒေါက်တာဘီဗီရာမန်၏ အယနဖြင့်တွက်ရန် D3 ရှိ DN တန်ဖိုးကို ရည်ညွှန်း၍ F3 ၌
=21.0284131279561+0.382561251961217*(DN-367)/10000
ညီမျှခြင်းအား ရိုက်ထည့်ရန် ဖြစ်သည်။

(ဂ) ကရစ္စနားမူရ်တီး၏ အယနဖြင့်တွက်ရန် D3 ရှိ DN တန်ဖိုးကို ရည်ညွှန်း၍ F3 ၌
=22.3778621279561+0.382561251961227*(DN-367)/10000
ညီမျှခြင်းအား ရိုက်ထည့်ရန် ဖြစ်သည်။

အထက်တွင် ဖေါ်ပြခဲ့သကဲ့သို့ မြန်မာအယန ရွေ့နှုန်းသည် ၁-နှစ်လျှင် ၅၄” ဖြစ်ပြီး ခေတ်ပေါ်တိုင်းတာ နည်း စံနစ်များ အားဖြင့် ရရှိထားသော ဤအယန သုံးမျိုးတွင် ရွေ့နှုန်း ၅၀.၃” ခန့်ကို အသုံးပြုထားကြောင်း
 တွေ့ရမည်ဖြစ်ပါသည်။ လဟီးရီး၊ ရာမန် သို့မဟုတ် ကရစ္စနားမူရ်တီး အယနတန်ဖိုး တခုခုဖြင့် တွက်ချက် ရန် အဆင့်(၄) ကို ပြုလုပ်ရန် လိုအပ်ခြင်း မရှိပါ။ အဆင့်(၅) တွင်သာ လိုရာညီမျှခြင်း တစ်ခုခုကိုရိုက်ထည့် ရန် ဖြစ်ပါသည်။ ခေါင်းစီးကိုလည်း လိုအပ်သလို ပြောင်းပေးရန် ဖြစ်ပါသည်။

AyeWinKyaw Blogpost 09.pdf

ဆက်ရန်

No comments: