Sunday, October 2, 2016

15. Downloading files to mobile & making softcopy of charts



ဖိုင်များ မိုဘိုင်းသို့ ဘယ်လိုဒေါင်းပြီး ရလာဒ်ဘယ်လို ထုတ်ပေးမလဲ
                                        
ဤ Blog ၏ ပထမဆုံး Post ဖြစ်သည့် Casting Horoscope on Android မိုဘိုင်းဖုန်းမှာ ဖွဲ့ဇာတာပရိုဂရမ် ကိုတင်ခဲ့သည်မှာယခု ၉-လတိုင်ပြီဖြစ်သော်လည်း အချို့သော နက္ခတ်ဗေဒင် ဝါသနာရှင်များမှာ ဒေါင်း လုပ်ချခြင်းနှင့် ရလာဒ်ဇာတာခွင်ကိုသိမ်းဆည်းခြင်း မျှဝေခြင်း စသည်တို့ လုပ်ဆောင်ရာ၌ အခက်အခဲ ရှိနေကြောင်း သိရပါသည်။

၁။ Blogpost များကို Firefox, Opera Mini စသည့် mobile browser တစ်ခုခုဖြင့် ဖွင့်လျှင်ဖွင့်ချင်း View 
    mobile version mode ဖြင့် နောက်ဆုံးတင်ထားသော ပို့စ်ကို အပေါ်ထိပ်ဆုံး ထားရှိ 
    လျှက် ဖေါ်ပြလာသည်ကို တွေ့ရမည် ဖြစ်သည်။ (Fig-1, Fig-2)


ဆက်ရန် .....................

၂။ လိုရာပို့စ်သို့ လွယ်ကူစွာသွားနိုင်ရန် စာမျက်နှာ အောက်ဆုံးသို့ဆင်းလျှက် View web version 
    ကိုတက်ပ် လုပ်ပါ။ ယာဖက် တွင် ဘလောဂ်စါရင်း Blog Archive အပါအဝင် စာမျက်နှာအပြည့် 
    အား ဖေါ်ပြသည်ကိုတွေ့ရမည်။ (Fig-3, Fig-4)  



၃။ ဘလောဂ်စါရင်းအား ချဲ့ယူ၍ January လ၌တင်ခဲ့သော ပို့စ် ၂-ခုကိုဒေါင်းရန် ရွေးပါ။ Links for 
    downloading SwissHoro Ver-2.1 ကိုတက်ပ်လုပ် ရွေးချယ်နိုင်ရန် ထပ်မံချဲ့ယူပါ။ (Fig-5, Fig-6)



၎။ ဖိုင်တစ်ခုချင်းကို ရွေးချယ်၍ ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ ဖိုင်အမည်ပေါ်တွင် တက်ပ်လုပ်ရာမှ ပေါ်လာ 
    သည့် Dropbox စာမျက်နှာ၏ ယာဖက်ထောင့်စွန်းရှိမျှားကို တက်ပ်လုပ်ပါ။ (Fig-7, Fig-8)



၅။ Direct Download ကိုရွေးချယ်ပါ။ ဒေါင်းလုပ်ချပြီးလျှင် ဖိုင်ကိုသိမ်းဆည်းမည့် တည်နေရာ Directory 
    အမည်ကို ဖေါ်ပြလာလျှင် မှတ်သား၍ OK နှိပ်ပါ။ ဤတွင် Phone Storage/sdcard0/Download
    ဖြစ်သည်။ (Fig-9, Fig-10)
 

၆။ ဒေါင်းလုပ်ချခြင်း ပြီးဆုံးလျှင် Phone Storage ၏ Download Folder သို့သွားရောက်ဖွင့်ကြည့် 
    လျှင် ဒေါင်းလုပ်ရရှိသော ဖိုင်ကို တွေ့ရမည် ဖြစ်သည်။ (Fig-11, Fig-12)



၇။ ဤ Download Folder တွင် အခြားသော ဒေါင်းလုပ်ချထားသည့် ဖိုင်များနှင့်ရောနှောလျှက် တည် 
    ရှိခြင်းကြောင့် ပိုမိုလွယ်ကူစွာ ခေါ်ယူအသုံးပြုနိုင်စေရန် အတွက် SD card တွင် 
    သီးခြား Folder တစ်ခုဖွင့်၍ ဥပမာ။ SwissHoro Ver-2.1 ဟုအမည်ပေးပြီး သိမ်းဆည်း ထားနိုင်   
    သည်။ ဖိုင်ကိုပြောင်းရွေ့ရန်မှာ မူလဖိုင်ပေါ်တွင် ဖိထားရွေးချယ်လျှက် Cut ကိုရွေး၍ ဖြတ် 
    ထုတ်ပြီး ဖိုင်ထည့် သွင်းမည့် Folder ၌ Paste နှိပ်ပြီး ကပ်ယူရန် ဖြစ်သည်။ (Fig-13, Fig-14)



၈။ ဇာတာဖွဲ့ တွက်ချက်ရန် ဖိုင်တစ်ခုကို ဖွင့်သောအခါ ယခင်ထည့်သွင်းခဲ့သော အချက်အလက်ဖြင့် တွက်  
    ထားသည့် ဇာတာခွင်ကို ဖွင့်ပြလာမည် ဖြစ်သည်။ ယာဖက်အောက်စွန်းကို နှိပ်ကြည့်လျှင် ဖိုင်တွင်ပါ 
    ဝင်သော Sheet များ၏စာရင်းကို ပြသမည် ဖြစ်သည်။ ဤတွင် Data, Chart, ephe2011-2020 ဖြစ်၍ 
    ephe2011-2020 သည် ဖိုင်ခေါင်းစီး၌ ဖေါ်ပြထားသည့် ဆယ်နှစ်စာအတွက် သာယနဂြိုဟ် တန်ဖိုး 
    များ ဖြစ်သည်။ ထို့အပြင် ပရိုဂရမ်ဖိုင်တိုင်းတွင် ကောဇာဂြိုဟ်ခွင်နှင့် ဟူးရားဇာတာ တွက်ချက်နိုင်ရန်  
    2015 မှ 2020 အထိ ၆-နှစ်စာဂြိုဟ်စင်တန်ဖိုးကိုလည်း ထည့်သွင်းဖေါ်ပြထားကြောင်း တွေ့နိုင်ပါ
   သည်။ (Fig-15, Fig-16)



၉။ ဇာတာအသစ် တစ်စောင်ဖွဲ့ယူနိုင်ရန် ရှေးဦးစွာ Data sheetကိုရွေးချယ်၍အချက်အလက်များရိုက်
    သွင်းရန် ဖြစ်ပါသည်။(မှတ်ချက်။ ။ ephe2011-2020 sheet သို့သာမန်အားဖြင့် သွားရောက်ရန် 
    မလိုအပ်ပါ။) Post 1 ၏ SwissHoro on Android တွင် အသေးစိတ် ဖေါ်ပြခဲ့သည့် အတိုင်း 
    အချက်အလက်များကို ပြည့်စုံစွာ ရိုက်သွင်းပါ။

    အချက်အလက်များ ရိုက်သွင်းပြီးစီးလျှင် Enter ကိုနှိပ်ပါ။ Chart sheet သို့ပြောင်း၍ ဖွဲ့ထားသော 
    ဇာတာခွင်ကို ကြည့်ရှု့စစ်ဆေး ဟောပြော နိုင်ပြီဖြစ်သည်။ အချက်အလက်သစ်များ ရိုက်သွင်းပြီးတိုင်း 
    ပရိုဂရမ်သည် ဇာတာခွင်ကို အသစ်တဖန်ပြန်လည်တွက်ချက်သည့်အပြင် ဟူးရားဇာတာကို လည်း ပြင် 
    ဆင်တွက်ချက်ပေးသည်ကို တွေ့ရမည် ဖြစ်သည်။ လိုအပ်လျှင် ဇွန်းမ် ညှိ၍ ဇာတာခွင် တခွင် 

    လုံး မြင်ကွင်းအတွင်း ဝင်အောင် (Fit to Window) ပြုလုပ်ပါ။ (Fig-17, Fig-18)



၁၀။ မှတ်တမ်းအဖြစ် ထားရှိရန် Screeshot ကိုနှိပ်ခြင်းဖြင့် စက္ကရင်ပေါ်ရှိ ဇာတာခွင်အား ဖမ်းယူပါ။ 
      Screeshot option ပါဝင်ခြင်းမရှိသော မိုဘိုင်းဖုန်းများတွင် Low volume button နှင့် Power button 
      တို့ကိုတပြိုင်နက်ထည်း တွဲ၍နှိပ်ခြင်း အားဖြင့်လည်း စက္ကရင်၏ကော်ပီကို ရယူနိုင်ပါသည်။ အကယ်၍ 
      ဖမ်းယူရရှိသောပုံကို တဆက်ထည်း မျှဝေလိုပါလျှင် Notificationsဆောင်ရွက်ချက် အသိပေးစာတမ်း 
      များရှိ Screen captured တွင် Share ကိုတက်ပ်လုပ်ပါ။ (Fig-19, Fig-20)


၁၁။ ပေါ်လာသော Choose an action မှ Zapya, Xender, Flash transfer စသည့် မိုဘိုင်းဖုန်းချင်း  
      ဖိုင်ကူးပြောင်းခြင်း အပ္ပလီကေးရှင်းတခုခု ကိုသုံးစွဲ၍ အခြားဖုန်း တလုံးသို့ ပြောင်းလို 
     ကပြောင်းပေး  နိုင်ပါသည်။ ဖမ်းယူရရှိထားသော ဇာတာပုံကို ဖုန်း၏ Phone Storage > DCIM > 
     Screenshots Folder တွင် သိမ်းဆည်းထားကြောင်း ကိုလည်းတွေ့နိုင်ပါသည်။ လတ်တလော
     ပြောင်းပေးရန် မရှိခဲ့လျှင် နောင်တချိန်ချိန် ပြောင်းလိုသည့်အခါ အဆိုပါ Folder ကိုရည် ညွှန်းပြောင်း
     ပေးနိုင်ပါသည်။ (Fig-21)



၁၂။ တွက်ပြီးဇာတာခွင်ကို အသုံးပြုပြီး စီးသောအခါ ယာဖက်အထက်ရှိ ကြက်ခြေကို ရွေးချယ်ခြင်း 
      အားဖြင့်ဖိုင်အား ပိတ်ပစ်နိုင်ပါသည်။ မေးလာသော မေးခွန်းအား Don’t save ဟုဖြေလျှင် ယခင် 
      ဖွင့်စဉ်ကရှိခဲ့သော အချက်အလက် အဟောင်းများအတိုင်း ရှိမြဲရှိနေပါမည်။ အကယ်၍ Save 
      ဟုဖြေဆိုခဲ့လျှင် နောက်ဆုံးထည့်သွင်းခဲ့သည့် အချက်အလက် အသစ်များ အတိုင်းဖိုင်ကိုသိမ်းဆည်း 
     မည် ဖြစ်ပါသည်။ (Fig-22)


ကောင်းသော အလေ့အကျင့် တစ်ခုမှာ SD card တွင် Horoscopes ဟုသီးခြား Folder တစ်ခုဖွင့်၍ ယခင် ဖမ်းယူရရှိထားသော ဇာတာပုံများကို Rename ဖြင့် သင့်လျှော်သော အမည်ပေးပြီး စုပေါင်း သိမ်းဆည်း ထားခြင်း ဖြစ်ပါသည်။ အထက်တွင် ဖေါ်ပြထား သည့် အဆင့်များအတိုင်း စံနစ်တကျ လုပ်ဆောင်နိုင်ပါလျှင် ဇာတာတစ်စောင်ကို ၁၀-မိနစ်အတွင်း တွက်ထုတ်နိုင်ပြီး စာရွက်အ ပေါ်ချတွက်စရာမလို ပင်ပမ်းမှုမရှိပဲ Mobile Platform တွင်အဆင်သင့် ဟောပြောနိုင်သွားမည် ဖြစ်ပါသည်။

2 October, 2016


No comments: