Tuesday, November 29, 2016

17. Astrology on the Sphere (1)

                                                                                                                      Zawgyi version
 စက္လံုးေပၚမွာ ေဗဒင္တြက္မလား ()
                                              
နကၡတ္ေဗဒင္ ပညာကို အေျခခံမွ စတင္၍ အေသးစိတ္ ေလ့လာလို သူမ်ားသည္

() စက္လံုးႀတိဂံသခ်ၤာျဖင့္ ေလ့လာတြက္ခ်က္ျခင္း
() ကမၻာေပၚရွိ ေဒသတစ္ခု၏ တည္ေနရာကို သတ္မွတ္ျခင္း
() ေကာင္းကင္အျမင္ကို ေဆာ့ဖ္ဝဲျဖင့္ ေလ့လာၾကည့္ရႈျခင္း
() အိက္ဆဲလ္ျဖင့္ တြက္ခ်က္မႈ အကူအညီ ရယူျခင္း
() ျမန္မာ့ နကၡတ္ေဗဒင္ တြက္ရိုးမ်ား ဆန္းစစ္ေလ့လာျခင္း
() ေဗဒင္ဆိုင္ရာ အခ်ိန္အမ်ိဳးမ်ိဳး ဆက္စပ္ပံုကို ေလ့လာျခင္း
() ထူျခားေသာ အသံုးခ်ေဗဒင္ အပိုင္းမ်ားကို ေလ့လာျခင္း

စသည့္နည္းစံနစ္တို႕၏ ေထာက္ကူမႈ ႏွင့္ အသံုးျပဳပံုတို႕ကို သိရွိထားရန္ လိုအပ္ပါသည္။

ဤဘေလာ့ဂ္၏ အစပိုင္းတြင္ ေဗဒင္ကို အိက္ဆဲလ္နဲ႕ တြက္မလား ပို႕စ္မ်ားျဖင့္ အမွတ္စဥ္()ကို စ၍တင္ခဲ့ပါသည္။ ယၡဳ တင္ျပ မည့္ ပို႕စ္တြင္နကၡတ္ေဗဒင္ ေလ့လာမႈ၌ လြန္စြာအေရးပါေသာ အမွတ္စဥ္() နကၡတ္ေဗဒင္သုံး စက္လံုး ႀတိဂံသခ်ၤာကို ဆက္ လက္ ေဆြေႏြး သြားပါမည္။ စက္လံုး၏ အေျခခံမ်ားကို ေလ့လာရာတြင္ လိုအပ္ေသာ အတိုင္းအတာျဖင့္ ျပည့္စံုသည္အခါ တိုင္း က်န္အပိုင္းတို႕ကို အလ်ဥ္းသင့္သလို ထည့္သြင္းေဖၚျပ သြားမည္ျဖစ္ပါသည္။ အားလံုးကို တီးေခါက္မိသည့္ အခါတြင္ ေအာက္ပါ နမူနာမ်ား၌ ေဖၚျပထားေသာ နကၡတ္ေဗဒင္ဆိုင္ရာ လက္ေတြ႕အသံုးခ်ပံုတို႕ႏွင့္ အလားတူေသာ တြက္ခ်က္မႈအမ်ိဳးမ်ိဳးကို အလြယ္ တကူ လုပ္ေဆာင္သြားႏိုင္ ဘြယ္ရာရွိပါသည္။

၁။ နကၡတ္ေဗဒင္ဆိုင္ရာ လက္ေတြ႕ အသံုးခ်ပံု အခ်ိဳ႕

နမူနာ ၁။ ျမန္မာ့စဥ္လာ မဟာသႀကၤန္ တြက္ရိုး

မိမိတို႕ ျမန္မာနကၡတၱေဗဒ ပညာဆိုင္ရာ တြက္ရိုးမ်ားသည္ ႏွစ္ေပါင္းရာေထာင္ခ်ီသည့္ အခ်ိန္အခါက ေပၚေပါက္ခဲ့ေသာ သူရိယ သိဒၶႏၱက်မ္း သရက်မ္း စေသာ အတြက္က်မ္းလာနည္း စံနစ္မ်ားမွ ေပါက္ဖြားလာျခင္း ျဖစ္ပါသည္။ ျမန္မာျပကၡဒိန္ တြက္ခ်က္ရာ၌ အေရးႀကီးေသာ မဟာသႀကၤန္အက်ႏွင့္အတက္ ေန(တနဂၤေႏြၿဂိဳဟ္) (တနလၤာၿဂိဳဟ္) ထိုမွတြက္ရ တိထီ ႏွင့္ နကၡတ္၊ အျခား ေသာ ေနသြား၊ လသြားႏႈန္းတို႕ကို ႏိႈင္းယွဥ္ေသာ ဗိုလ္()ပါး၊ ၿဂိဳဟ္စင္မ်ားတြက္ရန္ မစ် သိဃၤ ဘဂဏမ်ား စသည္တို႕သည့္ အဆို ပါက်မ္းႀကီးတို႕၌ ေဖၚျပေသာ ကိန္းဂဏန္း နည္းစံနစ္တို႕ကို အေျခခံ၍ တြက္ခ်က္ရ ေလ့ရွိပါ သည္။ ဇာတာတစ္ေစာင္ကို လက္ရိုး ျဖင့္ ဖြဲ႕ရာတြင္ ၿဂိဳဟ္စင္တြက္ရိုး၊ ေနထြက္ေနဝင္၊ လဂ္ဘာဝ တြက္ျခင္းစေသာ နည္းတို႕ကို ဆန္းစစ္ ေလ့လာေသာအခါ စက္လံုး ႀတိဂံသခ်ၤာနည္းကို ေရွးအခါကပင္ အလြတ္ က်က္မွတ္ နားလည္ရန္ လြယ္ကူသည့္ ပံုစံျဖင့္ ခ်မွတ္၍ အသံုးျပဳထားသည္ကို ေတြ႕ ႏိုင္ပါသည္။ ပံု Fig. Sphere-1   ျမန္မာသကၠရာဇ္၏ ႏွစ္တစ္ႏွစ္ ကူးေျပာင္းေသာ အခိုက္အတန္႕ကိုတြက္ခ်က္သည့္ မဟာသ ႀကၤန္အတက္ တြက္ပံုအား ျပသထားပါသည္။ 

မဟာသႀကၤန္က်ခ်ိန္တြက္ယူနည္းသည္တက္ခ်ိန္တြက္ယူနည္းကဲ့သို႕လြယ္ကူမႈမရွိပဲကမဇယားေခၚေရွးေခတ္သံုး ဆိုင္းဇယား (Sine table) တစ္ခုတည္းကို အသံုးျပဳ၍ ေထာင့္မွန္ စက္လံုးႀတိဂံဆိုင္ရာ တြက္ခ်က္မႈ တို႕အား ေျဖရွင္းသြားျခင္း ျဖစ္သည္။ တြက္ ခ်က္မႈ အဆင့္ဆင့္ကို Fig. Sphere-2  ျပထားပါသည္။ တြက္ရိုးအေျခခံ ရွိသူမ်ားသည္ ပူးတြဲပါ Maha Thingyan Akya Atet.xlsx တြင္ အသံုးျပဳ ထားေသာ ပံုေသနည္းမ်ားအား CTRL-~ ကို ႏွိပ္ျခင္းျဖင့္ ေလ့လာေတြ႕ရွိ ႏိုင္ပါသည္။ (Password = Tulsi2016)
 





နမူနာ ၂။ ျမန္မာရိုးရာ စိုက္ပ်ိဳးေရး လမ္းညႊန္

ေရွးျမန္မာတို႕သည္ တႏွစ္တာ ေဆာင္ရြက္ရန္ ရွိသည့္ လုပ္ငန္းေဆာင္တာမ်ား၏ အခ်ိန္ဇယားကိုႏွစ္မကူးမီ ထုတ္ေဝေလ့ရွိေသာ မဟာသႀကၤန္စာ ေပၚတြင္ မ်ားစြာအားထား ေလ့ရွိၾကပါသည္။လယ္ယာစိုက္ပ်ိဳးေရးကို လုပ္ေဆာင္ေသာ သူတို႕သည္ စိုက္ပ်ိဳးရန္သင့္ေလွ်ာ္ေသာအခ်ိန္အခါေကာင္းမ်ားကိုေကာင္းကင္နကၡတ္တို႕ ဝင္ထြက္သြားလာမႈအား ၾကည့္ရႈလွ်က္ ေဆာင္ရြက္ၾကေလ့ရွိပါသည္။ Fig. Sphereတြငနံနက္လင္းအားႀကီး ေဖ်ာက္ဆိပ္ေပၚသည့္ ေကာင္းကင္၏ အေနအထားကို Stellerium software မည္ကဲ့သို႕ ရွာေဖြၾကည့္ရႈ ႏိုင္သည္ကိုျပထားျခင္းျဖစ္ပါသည္။ေဖ်ာက္ဆိတ္ၾကယ္ေပၚေသာအခိ်န္အခါသည္မိုးစတင္ရြာေတာ့မည္ဟူေသာ ခန္႕မွန္းခ်က္ျဖစ္၍\ရွင္းလင္းထားၿပီလယ္ယာေျမတို႕တြင္မိုးဦးသီးႏွံတို႕ကိုခ်ထားရေတာ့မည္အခ်ိန္ျဖစ္ေၾကာင္း သတိေပး ႏိႈးေဆာ္ျခင္း ျဖစ္သည္။  

 

နမူနာ ၃။ ေနသြားလမ္း အေျခခံ၍ တြက္ခ်က္ျခင္း

ေနသြားသည္ ရာသီစက္တေလွ်ာက္ တေန႕လွ်င္ တစ္ဒီဂရီႏႈန္း ခန္႕ေရြ႕ျခင္းေၾကာင့္ ေနထြက္ေနဝင္ေျပာင္းလဲျခင္း ေန႕တာညဥ့္တာေျပာင္းလဲျခင္း စသည္တို႕ ျဖစ္ေပၚရာမွ ေန၏ေရာင္ျခည္ က်ေရာက္ေသာ လားရာသည္လည္း ေျပာင္းလဲေလ့ရွိပါသည္။ ရန္ကုန္ျမိဳ႕ရွိ မဟာဝိဇယ ေစတီ၏ အေရွ႕မုဒ္ႏွင့္ အေနာက္ မုဒ္ဦးတို႕ရွိ ေနဝင္ေပါက္ ႏွစ္ခုမွ ေနေရာင္ျခည္တန္းသည္ အတြင္းလႈိဏ္ဗဟို၌ရွိေသာ ဆင္းတုေတာ္တို႕၏ မ်က္ႏွာေတာ္ ေပၚသို႕ ႏွစ္စဥ္ ျမန္မာႏွစ္ဆန္းတစ္ရက္ေန႕ ေနတက္ ရွစ္နာရီခြဲႏွင့္ မြန္းလြဲ သံုး နာရီခြဲ ခန္႕တို႕တြင္ က်ေရာက္ေစရန္ မည္ကဲ့သို႕ စီစဥ္ထားရွိသည္ကို ပံု Fig. Sphere-4 ႏွင့္ 5 တြင္ ေတြ႕ျမင္ႏိုင္ပါသည္။ အဆိုပါ တြက္ခ်က္မႈတြင္ ေထာင့္မွန္စက္လံုးႀတိဂံ တစ္ခုကို ဖြဲ႕စည္း ေျဖရွင္းထားျခင္း ျဖစ္ပါသည္။



 

နမူနာ ၄။ လဂ္ႏွင့္ ဘာဝမ်ား တြက္ခ်က္ျခင္း

ေခတ္သံုးနည္းတြင္ ၾကယ္ခ်ိန္ကို အသံုးျပဳ၍လည္းေကာင္း ျမန္မာတြက္ရိုး၌ ေနသြားခ်ိန္အား အသံုးျပဳ၍ လည္းေကာင္း အေရွ႕အ ရပ္၌ ထြက္ဆဲမွတ္ ဥဒယလဂ္၊ အေနာက္အရပ္၌ ဝင္ဆဲမွတ္ အတၳလဂ္၊ မြန္းတည့္ဆဲ မစ်လဂ္ႏွင့္ သန္းေခါင္ျဖတ္ဆဲ ပါတာလလဂ္၊ အမည္ရွိေသာ ကိန္းဘာဝ ေလးခုကို ေထာင့္မွန္စက္လံုး ႀတိဂံမ်ား အသံုးျပဳ၍ တြက္ခ်က္ေလ့ ရွိပါသည္။ Fig. Sphere-6 မည္ကဲ့ သို႕ ရွာေဖြတြက္ခ်က္ထားပံု ျဖစ္ပါသည္။ အျပန္အလွန္ အားျဖင့္ ေန၊ လ၊ ၿဂိဳဟ္တစ္လံုးလံုး ေဒသတစ္ခု၏ အေရွ႕အရပ္မွထြက္ ေပၚလာခ်ိန္ ကိုလည္း ေျဖရွင္းတြက္ခ်က္ ႏိုင္ပါသည္။

 



နမူနာ ၅။ နကၡတ္ မြန္းတည့္ခ်ိန္ ရွာယူျခင္း

ေနသြားႏွင့္ ၾကယ္သြား အခ်ိန္စံနစ္မ်ား ေလ့လာၿပီးသည့္အခါ နကၡတ္တစ္လံုးသည္ တစ္ခုေသာ ေဒသ၏ မြန္းတည့္မ်ဥ္း၌ မည္ သည့္အခ်ိန္ႏွင့္ မည္သည့္အျမင့္္တြင္ မြန္းတည့္မည္ကို စက္လံုးႀတိဂံအား ေျဖရွင္းရန္ မလိုပဲ အလြယ္တကူ တြက္ယူႏိုင္ပါသည္။ Fig. Sphere-7 တြင္ ဓနသိဒၶနကၡတ္ ထားဝယ္အနီး ေဒသ၏ ထိပ္တည့္မွတ္ အနီးမွျဖတ္သန္း မြန္းတည္ျခင္းကို တြက္ခ်က္ရွာေဖြ ထားပံု ျဖစ္ပါသည္။
ayewinkyaw@ymail.com ,                                        SMS: 09 459 824 750
29-11-2016                                                                               ဆက္ရန္။
Updated on 12-08-2017


--------------------------------------------------------------------------------------------------
Unicode version

စက်လုံးပေါ်မှာ ဗေဒင်တွက်မလား (၁)

နက္ခတ်ဗေဒင် ပညာကို အခြေခံမှ စတင်၍ အသေးစိတ် လေ့လာလိုသူများ သည်

(၁) စက်လုံးတြိဂံ သင်္ချာဖြင့် လေ့လာတွက်ချက်ခြင်း
(၂) ကမ္ဘာပေါ်ရှိ ဒေသတစ်ခု၏ တည်နေရာကို သတ်မှတ်ခြင်း
(၃) ကောင်းကင်အမြင်ကို ဆော့ဖ်ဝဲဖြင့် လေ့လာကြည့်ရှုခြင်း
(၄) အိက်ဆဲလ်ဖြင့် တွက်ချက်မှု အကူအညီ ရယူခြင်း
(၅) မြန်မာ့ နက္ခတ်ဗေဒင် တွက်ရိုးများ ဆန်းစစ်လေ့လာခြင်း
(၆) ဗေဒင်ဆိုင်ရာ အချိန်အမျိုးမျိုး ဆက်စပ်ပုံကို လေ့လာခြင်း
(၇) ထူခြားသော အသုံးချဗေဒင် အပိုင်းများကို လေ့လာခြင်း

စသည့်နည်းစံနစ်တို့၏ ထောက်ကူမှု နှင့် အသုံးပြုပုံတို့ကို သိရှိထားရန် လိုအပ်ပါသည်။

ဤဘလော့ဂ်၏ အစပိုင်းတွင် ဗေဒင်ကို အိက်ဆဲလ်နဲ့ တွက်မလား ပို့စ်များဖြင့် အမှတ်စဉ်(၄)ကို စ၍တင်ခဲ့ပါသည်။ ယ္ခု တင်ပြမည့် ပို့စ်တွင် နက္ခတ်ဗေဒင် လေ့လာမှု၌ လွန်စွာအရေးပါသော အမှတ်စဉ်(၁) နက္ခတ်ဗေဒင်သုံး စက်လုံး တြိဂံ သင်္ချာကို ဆက်လက် ဆွေနွေး သွားပါမည်။ စက်လုံး၏ အခြေခံများကို လေ့လာရာတွင် လိုအပ်သော အတိုင်းအတာဖြင့် ပြည့်စုံသည် အခါတိုင်း ၌ ကျန် အပိုင်းတို့ကို အလျဉ်းသင့်သလို ထည့်သွင်းဖေါ်ပြ သွားမည်ဖြစ်ပါသည်။ အားလုံးကို တီးခေါက်မိသည့် အခါတွင် အောက်ပါ နမူနာ များ၌ ဖေါ်ပြထားသော နက္ခတ်ဗေဒင်ဆိုင်ရာ လက်တွေ့အသုံးချပုံတို့နှင့် အလားတူသော တွက်ချက်မှုအမျိုးမျိုးကို အလွယ်တကူ လုပ်ဆောင်သွားနိုင် ဘွယ်ရာရှိပါသည်။

၁။ နက္ခတ်ဗေဒင်ဆိုင်ရာ လက်တွေ့ အသုံးချပုံ အချို့။

နမူနာ ၁။ မြန်မာ့စဉ်လာ မဟာသင်္ကြန် တွက်ရိုး။

မိမိတို့ မြန်မာနက္ခတ္တဗေဒ ပညာဆိုင်ရာ တွက်ရိုးများသည် နှစ်ပေါင်းရာထောင်ချီသည့် အချိန်အခါက ပေါ်ပေါက်ခဲ့သော သူရိယ သိဒ္ဓန္တကျမ်း သရကျမ်း စသော အတွက်ကျမ်းလာနည်း စံနစ်များမှ ပေါက်ဖွားလာခြင်း ဖြစ်ပါသည်။ မြန်မာပြက္ခဒိန် တွက်ချက်ရာ၌ အရေးကြီးသော မဟာသင်္ကြန်အကျနှင့်အတက် နေ(တနင်္ဂနွေဂြိုဟ်)၊ လ(တနင်္လာဂြိုဟ်) ထိုမှတွက်ရ တိထီ နှင့် နက္ခတ်၊ အခြား သော နေသွား၊ လသွားနှုန်းတို့ကို နှိုင်းယှဉ်သော ဗိုလ်(၆)ပါး၊ ဂြိုဟ်စင်များတွက်ရန် မစျ သိင်္ဃ ဘဂဏများ စသည်တို့သည့် အဆို ပါကျမ်းကြီးတို့၌ ဖေါ်ပြသော ကိန်းဂဏန်း နည်းစံနစ်တို့ကို အခြေခံ၍ တွက်ချက်ရ လေ့ရှိပါ သည်။ ဇာတာတစ်စောင်ကို လက်ရိုးဖြင့် ဖွဲ့ရာတွင် ဂြိုဟ်စင်တွက်ရိုး၊ နေထွက်နေဝင်၊ လဂ်ဘာဝ တွက်ခြင်းစသော နည်းတို့ကို ဆန်းစစ် လေ့လာသောအခါ စက်လုံးတြိဂံ သင်္ချာနည်းကို ရှေးအခါကပင် အလွတ်ကျက်မှတ် နားလည်ရန် လွယ်ကူသည့် ပုံစံဖြင့် ချမှတ်၍ အသုံးပြုထားသည်ကို တွေ့ နိုင်ပါ သည်။ ပုံ Fig. Sphere-1  ၌ မြန်မာသက္ကရာဇ်၏ နှစ်တစ်နှစ် ကူးပြောင်းသော အခိုက်အတန့်ကိုတွက်ချက်သည့် မဟာသင်္ကြန်အ တက် တွက်ပုံအား ပြသထားပါသည်။ 

မဟာသင်္ကြန်ကျချိန် တွက်ယူနည်းသည် တက်ချိန်တွက်ယူနည်း ကဲ့သို့ လွယ်ကူမှုမရှိပဲ ကမဇယား ခေါ် ရှေးခေတ်သုံး ဆိုင်းဇယား (Sine table) တစ်ခုတည်းကို အသုံးပြု၍ ထောင့်မှန် စက်လုံးတြိဂံဆိုင်ရာ တွက်ချက်မှု တို့အား ဖြေရှင်းသွားခြင်း ဖြစ်သည်။ တွက် ချက်မှု အဆင့်ဆင့်ကို Fig. Sphere-2  ပြထားပါသည်။ တွက်ရိုးအခြေခံ ရှိသူများသည် ပူးတွဲပါ Maha Thingyan Akya Atet. xlsx တွင် အသုံးပြု ထားသော ပုံသေနည်းများအား CTRL-~ ကို နှိပ်ခြင်းဖြင့် လေ့လာတွေ့ရှိ နိုင်ပါသည်။ (Password = Tulsi2016)




နမူနာ ၂။ မြန်မာရိုးရာ စိုက်ပျိုးရေး လမ်းညွှန်။

ရှေးမြန်မာတို့သည် တနှစ်တာ ဆောင်ရွက်ရန် ရှိသည့် လုပ်ငန်းဆောင်တာများ၏ အချိန်ဇယားကို နှစ်မကူးမီ ထုတ်ဝေလေ့ရှိသော မဟာသင်္ကြန်စာ ပေါ်တွင် များစွာအားထား လေ့ရှိကြပါသည်။လယ်ယာစိုက်ပျိုးရေးကို လုပ်ဆောင်သော သူတို့သည် စိုက်ပျိုးရန် သင့်လျှော်သော အချိန်အခါကောင်းများကို ကောင်းကင်နက္ခတ်တို့ ဝင်ထွက်သွားလာမှုအား ကြည့်ရှုလျှက် ဆောင်ရွက်ကြလေ့ရှိပါ
သည်။ Fig. Sphere-3 တွင် နံနက်လင်းအားကြီး ဖျောက်ဆိပ်ပေါ်သည့် ကောင်းကင်၏ အနေအထားကို Stellerium software ၌ မည်ကဲ့သို့ ရှာဖွေကြည့်ရှု နိုင်သည်ကို ပြထားခြင်း ဖြစ်ပါသည်။ ဖျောက်ဆိတ်ကြယ် ပေါ်သောအချိန်အခါသည် မိုးစတင်ရွာတော့ မည် ဟူသော ခန့်မှန်းချက် ဖြစ်၍ ရှင်းလင်းထားပြီး လယ်ယာမြေ တို့တွင် မိုးဦးသီးနှံတို့ကို ချထားရတော့မည့် အချိန်ဖြစ်ကြောင်း သတိ ပေး နှိုးဆော်ခြင်း ဖြစ်သည်။





နမူနာ ၃။ နေသွားလမ်း အခြေခံ၍ တွက်ချက်ခြင်း။

နေသည် ရာသီစက်တလျှောက် တစ်နေ့လျှင် တစ်ဒီဂရီနှုန်း ခန့်ရွေ့ခြင်းကြောင့် နေထွက်နေဝင်ပြောင်းလဲခြင်း နေ့တာညဉ့်တာ ပြောင်းလဲခြင်း စသည်တို့ ဖြစ်ပေါ်ရာမှ နေ၏ရောင်ခြည် ကျရောက်သော လားရာသည်လည်း ပြောင်းလဲလေ့ရှိပါသည်။ ရန်ကုန်မြို့ရှိ မဟာဝိဇယ စေတီ၏ အရှေ့မုဒ်နှင့် အနောက်မုဒ် ဦးတို့ရှိ နေဝင်ပေါက် နှစ်ခုမှ နေရောင်ခြည်တန်းသည် အ တွင်းလှိုဏ်ဗဟို၌ တည် ထားကိုးကွယ်သော ဆင်း တုတော်တို့၏ မျက်နှာ တော် ပေါ်သို့ နှစ်စဉ် မြန်မာနှစ်ဆန်း တစ်ရက်နေ့ နေတက်ရှစ်နာရီခွဲနှင့် မွန်းလွဲသုံးနာရီခွဲ ခန့်တို့တွင်ကျ
ရောက်စေရန် မည်ကဲ့သို့ စီစဉ်ထားရှိ သည်ကို ပုံ Fig. Sphere-4 နှင့် 5 တွင် တွေ့မြင် နိုင်ပါသည်။ အဆိုပါ တွက် ချက်မှုတွင် ထောင့်မှန်စက်လုံး တြိဂံ တစ်ခုကို ဖွဲ့စည်း ဖြေရှင်းထားခြင်း ဖြစ်ပါ သည်။ 



နမူနာ ၄။ လဂ်နှင့် ဘာဝများ တွက်ချက်ခြင်း။

ခေတ်သုံးနည်းတွင် ကြယ်ချိန်ကို အသုံးပြု၍လည်းကောင်း မြန်မာတွက်ရိုး၌ နေသွားချိန်အား အသုံးပြု၍ လည်းကောင်း အရှေ့အ ရပ်၌ ထွက်ဆဲမှတ် ဥဒယလဂ်၊ အနောက်အရပ်၌ ဝင်ဆဲမှတ် အတ္ထလဂ်၊ မွန်းတည့်ဆဲ မစျလဂ်နှင့် သန်းခေါင်ဖြတ်ဆဲ ပါတာလလဂ်၊ အမည်ရှိသော ကိန်းဘာဝ လေးခုကို ထောင့်မှန်စက်လုံး တြိဂံများ အသုံးပြု၍ တွက်ချက်လေ့ ရှိပါသည်။ Fig. Sphere-6 ၌ မည်ကဲ့ သို့ ရှာဖွေတွက်ချက်ထားပုံ ဖြစ်ပါသည်။ အပြန်အလှန် အားဖြင့် နေ၊ လ၊ ဂြိုဟ်တစ်လုံးလုံး၏ ဒေသတစ်ခု၏ အရှေ့အရပ်မှထွက် ပေါ်လာချိန် ကိုလည်း ဖြေရှင်းတွက်ချက် နိုင်ပါသည်။ ထိုမှ တဆင့် ဂြိုဟ်တစ်လုံးချင်း၏ ဘာဝစက်များ ကိုလည်းတွက်ချက်နိုင်မည် ဖြစ်ပါသည်။



နမူနာ ၅။ နက္ခတ် မွန်းတည့်ချိန် ရှာယူခြင်း။

နေသွားနှင့် ကြယ်သွား အချိန်စံနစ်များ လေ့လာပြီးသည့်အခါ နက္ခတ်တစ်လုံးသည် တစ်ခုသော ဒေသ၏ မွန်းတည့်မျဉ်း၌ မည် သည့် အချိန်နှင့် မည်သည့်အမြင့်တွင် မွန်းတည့်မည်ကို စက်လုံးတြိဂံအား ဖြေရှင်းရန် မလိုပဲ အလွယ်တကူ တွက်ယူနိုင်ပါသည်။ Fig. Sphere-7 တွင် ဓနသိဒ္ဓနက္ခတ် ထားဝယ်အနီး ဒေသ၏ ထိပ်တည့်မှတ် အနီးမှဖြတ်သန်း မွန်းတည်ခြင်းကို တွက်ချက်ရှာဖွေ ထားပုံ ဖြစ်ပါသည်။




Maha Thingyan Akya-Atet.xlsx
AyeWinKyaw Blogpost 17.pdf


ayewinkyaw@ymail.com ,                                       SMS: 09 459 824 750
29-11-2016                                                                                          ဆက်ရန်။

No comments: