Monday, February 29, 2016

8. Horoscopy using Excel (6)

 ဗေဒင်ကို အိက်ဆဲလ်နဲ့ တွက်မလား (၆)

၈။ ဂြိုဟ်သွားပြက္ခဒိန် တစ်စောင်ပြုလုပ်ခြင်း

ဗေဒင်ဆိုင်ရာ တွက်ချက်မှုများစွာကို လုပ်ဆောင်လာသော အခါတွင် ဂြိုဟ်စင်တန်ဖိုးတို့အား ဒဿဿ မကိန်းဖြင့် ဖေါ်ပြထားရှိသည့် ဂြိုဟ်သွားပြက္ခဒိန် တစ်စောင်ရှိထားရန် အထူးလိုအပ် လာပါသည်။ SwissHoroVer-2.1 ပရိုဂရမ်ဖိုင်တိုင်းတွင် ၁ဝ-နှစ်စာ သာယနဂြိုဟ်စင် တန်ဖိုးများကို ဖေါ်ပြထားသည့် ephe2011-2020 ကဲ့သို့သော sheet အားတွဲလျက် တွေ့နိုင်ပါသည်။ ပရိုဂရမ်ဖိုင် အားလုံး၌ပါရှိသော ephe0000-0000 sheet တိုင်းတွင် ကောဇာနှင့် ဟူးရားဇာတာခွင် တွက်ယူရန် 2016-2020 ၅-နှစ်စာ သာယနဂြိုဟ်စင် များကိုလည်း ထပ်ဆင့်တွဲလျက် ပေးထားပါသည်။ ထို့ကြောင့် ယ္ခု 2016 ခုနှစ်အတွက် ဂြိုဟ်သွားပြက္ခဒိန် တစ်စောင် ပြုလုပ်နည်း အဆင့်ဆင့်ကို အိက်ဆဲလ် လေ့ကျင့်ခန်း တစ်ခု အနေဖြင့်
ပြုလုပ်ကြည့်ပါမည်။


(၁) SwissHoro 2011-2020 Ver-2.1 ကိုဖွင့်ပြီး ephe2011-2020 sheet အား ကလစ်လုပ် ရွေးထားပါ။
အိက်ဆဲလ်ဖိုင် အသစ်တစ်ခုကိုလည်း File>New ဖြင့်ဖွင့်ပါ။ ထိုဖိုင်သစ်ကို Ephemeris 2016 ဟူသော အမည်ဖြင့် သိမ်းဆည်းထားပါ။ View>Arrange All အားကလစ်လုပ်၍ Horizontal ရေဒီယိုဘတ်တွန် ကိုရွေးထားပါ။ ဖိုင်သစ်ကအထက် ဖိုင်ဟောင်းကအောက် တည်လျက်မြင်ကွင်း၌ ပေါ်နေမည်။ (ပုံ-၁၇။)


(၂) ဖိုင်ဟောင်းမှ A1:M2 ကိုရွေးချယ်ပြီး CTRL-C (Control နှင့် C တွဲနှိပ်လျက်) ဖြင့် ခေါင်းစဉ်အားကူးယူ ပါ။ ဖိုင်သစ်၏ A1 ဆဲလ်ကိုရွေးလျက် CTRL-V (Control နှင့် V တွဲနှိပ်လျက်) ဖြင့်ကပ်ယူပါ။ Enter နှိပ်၍အ ဆုံးသပ်ပါ။ (ပုံ-၁၈။)

 
(၃) ဖိုင်ဟောင်းမှ ယာဖက် Scroll Bar ဖြင့် 2015-12-31  မှစတင်ကူးယူရန် အတွက် A1830 ရောက်သည် အထိ ဆင်း၍ ထိုဆဲလ်ကို ကလစ်လုပ် ရွေးထားပါ။ (ပုံ-၁၉။)


(၄) ဆက်လက်၍ Scroll Bar ဖြင့် 2017-1-1  ၏အချက်အလက် တည်ရှိသောရိုး 2197 ရောက်သည်အထိ ဆင်း၍ Shift တခုခုကို နှိပ်ထားပြီး M2197 အား CTRL-C ဖြင့် ကလစ်လုပ်၍ တစ်နှစ်စာအတွက် အချက် အလက် အားလုံးကို ကူးယူပါ။ (ပုံ-၂ဝ။)

(၅) ဖိုင်သစ်ရှိဆဲလ် A3 ကိုရွေး၍ CTRL-V ဖြင့်ကပ်ယူပါ။ ဖိုင်ဟောင်း၏ ခေါင်းစီးတစ်နေရာတွင် ကလစ်လုပ် ၍ ယာဖက်ရှိ ကြက်ခြေကို နှိပ်လျက် ဖိုင်ကိုပိတ်ပါ။ ဖိုင်ဟောင်းတွင် ပြင်ဆင်မှုများ ရှိနိုင်သဖြင့် မပိတ်မီ သိမ်း ဆည်းမည်လား ဟူသောမေးခွန်းအား No ကို ကလစ်လုပ်ပြီးဖြေပါ။ (ပုံ-၂၁။)


(၆) Sheet1 တွင်ယာကလစ်လုပ်၍ sheet အမည်ကို ပြောင်းရန် Rename အားရွေးပြီး Tropical_Pos ကိုရိုက်ထည့်ပါ။ ခေါင်းစီးကိုလည်း Tropical Swiss Ephemeris – GMT 0 hour ဟူ၍ပြောင်းထားပါ။ CTRL-S နှိပ်၍ ဖိုင်ကိုသိမ်းဆည်းပါ။ (ပုံ-၂၂။)

 
တွက်ရ သာယနဂြိုဟ်စင်များသည် ရွေ့လျားရာသီစက် နောက်ခံ (Moveable Zodiac) ပေါ်၌ရှိသော တန်ဖိုး များ ဖြစ်သည့်အလျှောက် အနောက်တိုင်းသုံး ဇာတာခွင်များဖွဲ့ယူရန် မွေးချိန်အရဘုတ္တိဖြတ်(interpolation) ၍ တိုက်ရိုက် သုံးစွဲရန်ဖြစ်သည်။ သာယနဂြိုဟ်များကို နေနှင့်တကွ ကျန်ဂြိုဟ်များ၊ ဒေသတစ်ခု၏ မိုးကုတ် စက်ဝိုင်းမှ ထွက်ခြင်း သို့မဟုတ် ဝင်ခြင်းစသည်တို့ကို တွက်ချက်ရာတွင်လည်း အသုံးပြုရလေ့ ရှိပါသည်။
မြန်မာအပါအဝင် အရှေ့တိုင်းသုံး ဇာတာခွင်များတွက်ချက်ရန် ဆက်လက်ဖေါ်ပြမည့် နည်းအားဖြင့် တည် မြဲသောရာသီရုပ်နောက်ခံ (Fixed Zodiac) ပေါ်ရှိတန်ဖိုးများ အဖြစ်ပြောင်းလဲပြီးမှ သုံးစွဲနိုင်မည် ဖြစ်ပါသည်။

AyeWinKyaw Blogpost 08.pdf
                                                               ဆက်ရန် 




No comments: