Tuesday, December 27, 2016

22. Astrology on the sphere (6)



၈။ ေထာင္မွန္စက္လံုးႀတိဂံ ဥပမာ (၁) ေနဝင္ေပါက္ ပုစၦာ

ို႕စ္အမွတ္ (၁) ၏ Fig. Sphere-4 ႏွင့္ 5 ေနသြားလမ္း အေျခခံ၍ တြက္ခ်က္ျခင္း နမူနာကို ႏွစ္စဥ္ ျမန္မာႏွစ္ဆန္း (၁) ရက္ေန႕ နံနက္ေနတက္ ၈-နာရီခြဲခန္႕၌ အေရွ႕မုဒ္ရွိ ေနဝင္ေပါက္ ႏွင့္ မြန္းလြဲ ၃-နာရီခြဲခန္႕တြင္ အေနာက္မုဒ္ရွိ ေနဝင္ေပါက္ မ်ားသို႕ ဝင္ ေရာက္လွ်က္ လိႈဏ္၏ဗဟိုတြင္ တည္ထားကိုးကြယ္သည့္ ျမတ္စြာဘုရား၏ မ်က္ႏွာေတာ္ေပၚသို႕ ေနေရာင္ျခည္ က်ေရာက္ေစရန္ မည္သို႕တြက္ခ်က္ စီစဥ္ထားသည္ကို တင္ျပပါမည္။
လာမည့္ ၂၀၁၇-ခုႏွစ္ ျမန္မာ ၁၃၇၈-ခုႏွစ္ကုန္ၿပီး ၁၃၇၉-ခုႏွစ္၏ ႏွစ္ဆန္း (၁) ရက္ေန႕သည္ ဧၿပီလ ၁၇-ရက္ ေန႕တြင္က် ေရာက္သည္။ ထိုေန႕ ေနတက္ ၈-နာရီခြဲခန္႕၌ ေနသည္ Fig. Sphere-41 တြင္ ျပထားသည့္အတိုင္း အေရွ႕မုဒ္ဦး အထက္ရွိ ေနဝင္ေပါက္ ကို ျဖတ္ေက်ာ္မည္ ျဖစ္သည္။ ေနဝင္ေပါက္ႏွင့္တကြ အေရွ႕မုဒ္ဦးတို႕ သည္ ေတာင္(S) - ဦးေခါင္းေပၚတည့္တည့္အမွတ္ (Z) - ေျမာက္(N) တို႕ကို ျဖတ္ေသာ မြန္းတည့္စက္ဝိုင္း (Meridian circle) အား ေထာင့္မတ္က်သည့္ ပင္မမတ္ရပ္စက္ဝိုင္း (Prime Vertcal) ေပၚ၌ တည္ရွိၾကသည္။

 Z ၌ ေထာင့္မွန္ျဖစ္ေသာ စက္လံုးႀတိဂံကို ေျဖရွင္းရန္ အတြက္ Napier ၏ ဥပေဒမ်ားအား အသံုးျပဳ၍  သိကိ္န္း ဒီကလိုင္ေနးရွင္း (d) ႏွင့္ လတၱီတြဒ္ (f) တို႕မွ Fig. Sphere-42 တြင္ မသိေသးသည့္ ေထာင့္ျမင့္ (h) ႏွင့္ နာရီေထာင့္ (t) မ်ားကို ရွာယူရန္ လိုအပ္ ေသာ ပံုေသနည္းတို႕အား ရွာျပထားပါသည္။ အနား ၃-ဖက္ႏွင့္ ေထာင့္ ၃-ခုတို႕၏ အေခၚအေဝၚႏွင့္ သတ္မွတ္ခ်က္တို႕ကို ေရွ႕ လာမည့္ က႑မ်ား၌ ကိုၾသဒီနိတ္စံနစ္ တို႕ကို ေလ့လာသည့္ အခါတြင္ အေသးစိတ္ ရွင္းလင္းတင္ျပ သြားမည္ျဖစ္ပါသည္။



ဧၿပီလ ၁၇-ရက္ေန႕ရွိ ဒီကလိုင္ေနးရွင္း တန္ဖိုးကို Fig. Sphere-43 ႏွင့္ 44 တြင္ျပထားသည့္ Nautical Almanac of the stars-2017 အတြက္လင့္မွ ေဒါင္းလုပ္ခ် ရယူ၍ မဟာဝိဇယေစတီ၏ လတၱီတြဒ္ တန္ဖိုးကို Fig. Sphere-45 ၌ျပထား သကဲ့သို႕ မိုဘိုင္း ဖုန္းေပၚရွိ Google Maps မွ ရယူႏိုင္ပါသည္။ ျမန္မာစံေတာ္ခ်ိန္ နံနက္ ၆-နာရီခြဲ (0h U.T.) ရွိ ဒီကလိုင္ေနးရွင္း တန္ဖိုးျဖင့္ ဦးစြာ တြက္ထုတ္ရာ၌ ေနျဖတ္ေက်ာ္ခ်ိန္ကို နံနက္ ၈-နာရီ ၃၆-မိ နစ္ ဟု ေတြ႕ရွိလာမည္ ျဖစ္၍ ပိုမိုတိက်သည့္ ရလာဒ္ကို အလိုရွိခဲ့ ပါလွ်င္ ျမန္မာ နံနက္ ၈-နာရီခြဲ (2h U.T.) ရွိ ဒီကလိုင္ေနးရွင္း တန္ဖိုးျဖင့္ ထပ္မံတြက္ခ်က္ ရယူႏိုင္ပါသည္။

Classic Calculator သိပၸံသံုး သခ်ၤာတြက္စက္သို႕ ေထာင့္တန္ဖိုးမ်ား ထည့္သြင္းလွ်က္ ဒီဂရီ-မိနစ္-စကၠန္႕ မွ ဒႆမဒီဂရီ သို႕ ေျပာင္းျခင္း (သို႕မဟုတ္) နာရီ-မိနစ္-စကၠန္႕ မွ ဒႆမနာရီ သို႕ေျပာင္းျခင္း စသည့္အဆင့္၌ သုညမိနစ္၊ သုညစကၠန္႕ တို႕ကို ရိုက္ သြင္းရာတြင္ ေအာက္တြင္ ေဖၚျပထား သကဲ့သို႕ ေနာက္ဆံုးသုညကို ခ်န္လွပ္ထား ႏုိင္ေသာ္လည္း အလယ္သုညကိုမူ အစီအစဥ္ အတိုင္း ရိုက္ထည့္ရန္ လုိအပ္ပါသည္။ ခ်ိန္ကိုက္ ၾကည့္ရႈႏိုင္ရန္ ၾကားအဆင့္မ်ား၌ ေတြ႕ရမည့္ တန္ဖိုးတို႕ကို ေဖၚျပထားပါသည္။
Fig. Sphere-46 တြင္ ေထာင့္ျမင့္ (h) ၏တန္ဖိုး ရွာရာတြင္ ေနာက္ဆံုးရလာဒ္မွာ ဒႆမကိန္းျဖစ္၍ SHIFT ခံ၍ ° ‘ “  ကိုႏိွပ္ၿပီး ဒီဂရီ-မိနစ္-စကၠန္႕ သို႕ျပန္လည္ ေျပာင္းေပးရန္ လိုအပ္ေၾကာင္း ေတြ႕ႏိုင္ပါသည္။

                          26°5’48” > 26, ° ‘ “, 5, ° ‘ “, 48, ° ‘ “  = 26.09666666
                          26°0’48” > 26, ° ‘ “, 0, ° ‘ “, 48,  ° ‘ “ = 26.01333333
                          26°5’0”  > 26, ° ‘ “, 5, ° ‘ “                = 26.08333333

Fig. Sphere-47 ႏွင့္ 48 တို႕တြင္ ေနျဖတ္ေက်ာ္ခ်ိန္သည္ ေနမြန္းတည့္သို႕ ေရာက္သည္အထိ နာရီပိုင္း မည္မွ်လိုေသးသည္ (t) ကို တြက္ျပထားပါသည္။  



အထက္ေဖၚျပပါ စက္လံုးႀတိဂံ ေျဖရွင္းခ်က္ ရလာဒ္မ်ားမွ Fig. Sphere-49 တြင္ျပထား သကဲ့သို႕ ဘုရားဖူးသူမ်ားသို႕ ဘုရား မ်က္ ႏွာေတာ္ ေပၚသို႕ ေနအတိအက် က်ေရာက္မည့္ ျမန္မာစံေတာ္ခ်ိန္ တြက္ခ်က္ပံုႏွင့္ ေရာင္ျခည္စုေစရန္ ၾကားခံထားသည့္ မွန္ဘီ လူးအား ျဖတ္သန္းၿပီး တည့္မတ္စြာ က်ေရာက္ေစရန္ အလင္းယိုင္ျခင္း အတြက္ ျပင္ဆင္ခ်က္ ထည့္သြင္းပံုတို႕ကို Fig. Sphere-50 ၌ ရွင္းလင္းတင္ျပထားပါသည္။


====================================================

စက်လုံးပေါ်မှာဗေဒင်တွက်မလား (၆)

၈။ ထောင်မှန်စက်လုံးတြိဂံ ဥပမာ (၁) နေဝင်ပေါက် ပုစ္ဆာ။

ပို့စ်အမှတ် (၁) ၏ Fig. Sphere-4 နှင့် 5 နေသွားလမ်း အခြေခံ၍ တွက်ချက်ခြင်း နမူနာကို နှစ်စဉ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ နံနက်နေတက် ၈-နာရီခွဲခန့်၌ အရှေ့မုဒ်ရှိ နေဝင်ပေါက် နှင့် မွန်းလွဲ ၃-နာရီခွဲခန့်တွင် အနောက်မုဒ်ရှိ နေဝင်ပေါက် များသို့ ဝင် ရောက်လျှက် လှိုဏ်၏ဗဟိုတွင် တည်ထားကိုးကွယ်သည့် မြတ်စွာဘုရား၏ မျက်နှာတော်ပေါ်သို့ နေရောင်ခြည် ကျရောက်စေရန် မည်သို့တွက်ချက် စီစဉ်ထားသည်ကို တင်ပြပါမည်။ လာမည့် ၂၀၁၇-ခုနှစ် မြန်မာ ၁၃၇၈-ခုနှစ်ကုန်ပြီး ၁၃၇၉-ခုနှစ်၏ နှစ်ဆန်း (၁) ရက်နေ့သည် ဧပြီလ ၁၇-ရက် နေ့တွင်ကျ ရောက်သည်။ ထိုနေ့ နေတက် ၈-နာရီခွဲခန့်၌ နေသည် Fig. Sphere-41 တွင် ပြထားသည့် အတိုင်း အရှေ့မုဒ်ဦး အထက်ရှိ နေဝင်ပေါက် ကို ဖြတ်ကျော်မည် ဖြစ်သည်။ နေဝင်ပေါက်နှင့်တကွ အရှေ့မုဒ်ဦးတို့ သည် တောင်(S) - ဦးခေါင်းပေါ်တည့်တည့်အမှတ် (Z) - မြောက်(N) တို့ကို ဖြတ်သော မွန်းတည့်စက်ဝိုင်း (Meridian circle) အား ထောင့်မတ်ကျ သည့် ပင်မမတ်ရပ်စက်ဝိုင်း (Prime Vertcal) ပေါ်၌ တည်ရှိကြသည်။

 Z ၌ ထောင့်မှန်ဖြစ်သော စက်လုံးတြိဂံကို ဖြေရှင်းရန် အတွက် Napier ၏ ဥပဒေများအား အသုံးပြု၍  သိကိန်း ဒီကလိုင်နေးရှင်း (d-Delta) နှင့် လတ္တီတွဒ် (j-Phi) တို့မှ Fig. Sphere-42 တွင် မသိသေးသည့် ထောင့်မြင့် (h) နှင့် နာရီထောင့် (t) များကို ရှာယူရန် လိုအပ် သော ပုံသေနည်းတို့အား ရှာပြထားပါသည်။ အနား ၃-ဖက်နှင့် ထောင့် ၃-ခုတို့၏ အခေါ်အဝေါ်နှင့် သတ်မှတ်ချက်တို့ကို ရှေ့ လာမည့် ကဏ္ဍများ၌ ကိုသြဒီနိတ်စံနစ် တို့ကို လေ့လာသည့် အခါတွင် အသေးစိတ် ရှင်းလင်းတင်ပြ သွားမည်ဖြစ်ပါသည်။







ဧပြီလ ၁၇-ရက်နေ့ရှိ ဒီကလိုင်နေးရှင်း တန်ဖိုးကို Fig. Sphere-43 နှင့် 44 တွင်ပြထားသည့် Nautical Almanac of the stars-2017 အတွက်လင့်မှ ဒေါင်းလုပ်ချ ရယူ၍ မဟာဝိဇယစေတီ၏ လတ္တီတွဒ် တန်ဖိုးကို Fig. Sphere-45 ၌ပြထား သကဲ့သို့ မိုဘိုင်း ဖုန်းပေါ်ရှိ Google Maps မှ ရယူနိုင်ပါသည်။ မြန်မာစံတော်ချိန် နံနက် ၆-နာရီခွဲ (0h U.T.) ရှိ ဒီကလိုင်နေးရှင်း တန်ဖိုးဖြင့် ဦးစွာ တွက်ထုတ်ရာ၌ နေဖြတ်ကျော်ချိန်ကို နံနက် ၈-နာရီ ၃၆-မိ နစ် ဟု တွေ့ရှိလာမည် ဖြစ်၍ ပိုမိုတိကျသည့် ရလာဒ်ကို အလိုရှိခဲ့ ပါလျှင် မြန်မာ နံနက် ၈-နာရီခွဲ (2h U.T.) ရှိ ဒီကလိုင်နေးရှင်း တန်ဖိုးဖြင့် ထပ်မံတွက်ချက် ရယူနိုင်ပါသည်။

Classic Calculator သိပ္ပံသုံး သင်္ချာ တွက်စက်သို့ ထောင့်တန်ဖိုးများ ထည့်သွင်းလျှက် ဒီဂရီ-မိနစ်-စက္ကန့် မှ ဒဿမဒီဂရီ သို့ ပြောင်းခြင်း (သို့မဟုတ်) နာရီ-မိနစ်-စက္ကန့် မှ ဒဿမနာရီ သို့ပြောင်းခြင်း စသည့်အဆင့်၌ သုညမိနစ်၊ သုညစက္ကန့် တို့ကို ရိုက် သွင်းရာတွင် အောက်တွင် ဖေါ်ပြထား သကဲ့သို့ နောက်ဆုံးသုညကို ချန်လှပ်ထား နိုင်သော်လည်း အလယ်သုညကိုမူ အစီအစဉ် အတိုင်း ရိုက်ထည့်ရန် လိုအပ်ပါသည်။ ချိန်ကိုက် ကြည့်ရှုနိုင်ရန် ကြားအဆင့်များ၌ တွေ့ရမည့် တန်ဖိုးတို့ကို ဖေါ်ပြထားပါသည်။
Fig. Sphere-46 တွင် ထောင့်မြင့် (h) ၏တန်ဖိုး ရှာရာတွင် နောက်ဆုံးရလာဒ်မှာ ဒဿမကိန်းဖြစ်၍ SHIFT ခံ၍ °-¢-² ကိုနှိပ်ပြီး ဒီဂရီ-မိနစ်-စက္ကန့် သို့ပြန်လည် ပြောင်းပေးရန် လိုအပ်ကြောင်း တွေ့နိုင်ပါသည်။

                          26°5¢48s > 26, °-¢-², 5, °-¢-², 48, °-¢-²= 26.09666666
                          26°0¢48s > 26, °-¢-², 0, °-¢-², 48,  °-¢-² = 26.01333333
                          26°5¢0s  > 26, °-¢-², 5, °-¢-²                 = 26.08333333

Fig. Sphere-47 နှင့် 48 တို့တွင် နေဖြတ်ကျော်ချိန်သည် နေမွန်းတည့်သို့ ရောက်သည်အထိ နာရီပိုင်း မည်မျှလိုသေးသည် (t) ကို တွက်ပြထားပါသည်။ 






အထက်ဖေါ်ပြပါ စက်လုံးတြိဂံ ဖြေရှင်းချက် ရလာဒ်များမှ Fig. Sphere-49 တွင်ပြထား သကဲ့သို့ ဘုရားဖူးသူများသို့ ဘုရား မျက် နှာတော် ပေါ်သို့ နေအတိအကျ ကျရောက်မည့် မြန်မာစံတော်ချိန် တွက်ချက်ပုံနှင့် ရောင်ခြည်စုစေရန် ကြားခံထားသည့် မှန်ဘီ လူးအား ဖြတ်သန်းပြီး တည့်မတ်စွာ ကျရောက်စေရန် အလင်းယိုင်ခြင်း အတွက် ပြင်ဆင်ချက် ထည့်သွင်းပုံတို့ကို Fig. Sphere-50 ၌ ရှင်းလင်းတင်ပြထားပါသည်။




                                       

ayewinkyaw@ymail.com                                           SMS: 09 459 824 750
27-12-2016                                                                                      ဆက်ရန်



 


No comments: