Thursday, December 29, 2016

23. Astrology on the sphere (7)



စက်လုံးပေါ်မှာ ဗေဒင်တွက်မလား (၇)

၉။ ထောင်မှန်စက်လုံးတြိဂံ ဥပမာ (၂) လဂ်ကောက်ကိန်း ပုစ္ဆာ။ ။

နက္ခတ်ဗေဒင် လေ့လာသူများ အတွက် ဇာတာတစ်စောင် ဖွဲ့ယူရာတွင် လဂ်နှင့်ဘာဝတို့ မှန်ကန်စွာ တွက်ချက်ပြီး ဂြိုဟ်များကို နေ ရာတကျ ထည့်သွင်းဖေါ်ပြရန်မှာ အထူးအရေးကြီးသည့် လုပ်ဆောင်ချက် တစ်ရပ်ဖြစ်ပါသည်။ လဂ်ဟု အတိုချုပ် အားဖြင့်ခေါ် ဆို လေ့ရှိသည့် ဥဒယလဂ်၏ တွက်လိုသော အချိန်ရှိ အရှေ့မိုကုတ် စက်ဝိုင်းမှ ထွက်ပေါ်စ ရာသီ၊ ဒီဂရီ၊ မိနစ် စသည်နှင့် မဓျလဂ် ဟူသော အထက်မွန်းတည့်မျဉ်း သို့ဖြတ်ဆဲ ရာသီ၊ ဒီဂရီ၊ မိနစ် စသည် တို့ကို မှန်ကန်စွာ တွက်ချက်ရှာ ဖွေနည်းသည် ခိုင်မာ သော နက္ခတ္တဗေဒ သဘောတရားအပေါ် အခြေခံပြီး တိကျသည့် အချက်အလက်များ ထည့်သွင်းတွက်ချက် နိုင်ရန်မှာ လွယ်ကူ သော အလုပ်တစ်ခုဟု ဆိုနိုင်ပါသည်။ လဂ်နှင့် ဘာဝများကို အစဉ်အလာအားဖြင့် သံဒိဋ္ဌ ပြက္ခဒိန်မှ နေသွားတက္ကာလနှင့် လဂ် ကောက်ကိန်းကို အသုံးပြုခြင်း အားဖြင့်လည်းကောင်း ကန်ဦးဆယ့်နှစ်မြို့ ဇာတာကောက်ကိန်း ကဲ့သို့ တွက်ရိုးကို အသုံးပြုခြင်း အားဖြင့် လည်းကောင်း တွက်ချက်ခဲ့ကြသည်။ မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့ တည်ထောင်ပြီး သည့်နောက် ဗေဒင် ဆိုင်ရာ အချိန်သဘောတရားများကို လေ့လာ အခြေခံ၍ ဒေသကြယ်ချိန် (Local Sidereal Time) စံနစ်အား လက်ခံပြောင်းလဲ သုံးစွဲခဲ့ သည်။ ကြယ်ချိန်သည် လွယ်ကူ လျှင်မြန် မှန်ကန်စွာ တွက်ချက်နိုင်သော အချိန်အမျိုးအစား ဖြစ်၍ သမရိုးကျအားဖြင့် လဟီးရီး၏ လဂ်နှင့်ဘာဝ ကောက် ကိန်း (Lahiris Table of Ascendants) ကဲ့သို့သော ဇယားမျိုးမှ လဂ်နှင့် ဘာဝတို့ကို အချိုးချတွက်ချက်၍ ဇာတာဖွဲ့ ဟောပြောခဲ့ကြ ပါသည်။

သို့ရာတွင် ယ္ခုအခါတွင် မွေးချိန်ကို တိကျသော မှတ်တမ်းများမှ ရရှိ၍ ဒေသ၏ တည်နေရာကို ဖေါ်ပြသည့် လတ္တီတွဒ်နှင့် လောင် ဂျီတွဒ် တို့ကို မို ဘိုင်းဖုန်း ပေါ်တွင် ဂူဂယ်မြေပုံမှ တိကျစွာ ရရှိနိုင်သဖြင့် နီးစပ်ရာ လတ္တီတွဒ် တန်ဖိုးအားဖြင့် ကြိုတင်တွက်ချက် ပေးထားသော ကောက်ကိန်းဇ ယားကို အသုံးပြုခြင်းထက် ရှေ့တွင်ဖေါ်ပြမည့် သိပ္ပံသုံးသင်္ချာ တွက်စက်ကို အသုံးပြု ရယူခြင်းက ပို၍ဆီလျှော်သော ဖြေရှင်းနည်းစံနစ်ဖြစ်ပါသည်။ ထို့ပြင် လဂ်ကောက်ကိန်းတို့တွင် နေသွားလမ်း၏ တိမ်းစောင်းသောထောင့် (Obliquity) ကို ပုံသေတန်ဖိုး တစ်ခုခုအား အသုံးပြု တွက်ချက်ပေး လေ့ရှိသည်။ ဥပမာ လဟီးရီး၏ ဇယားများတွင် (Obliquity =23°27”) ကို အသုံးပြု ထားကြောင်း တွေ့နိုင်ပါသည်။ သင်္ချာ တွက်စက်ဖြင့် တိုက် ရိုက်တွက်ယူသော အခါတွင် အချိန်အခါအလိုက် အနည်းငယ်စီ ပြောင်း လဲမှု ရှိသော (Ref: 1) ကိုထည့်သွင်း တွက်ချက်နိုင် ပါသည်။ ဤပို့စ်တွင် ထောင့်မှန်စက်လုံးတြိဂံ တစ်ခုဖြေရှင်းပုံကို အဓိက အားဖြင့် တင်ပြလိုခြင်းကြောင့် ဒေသကြယ်ချိန် အလိုက် ဥဒယလဂ်နှင့် မဓျလဂ်တို့၏ တန်ဖိုး များ တွက်ချက်ပုံကိုသာ ကြည့်ရှုမည် ဖြစ်ပြီး ကြယ်ချိန်တွက်ချက်ပုံ အသေးစိတ်ကို အချိန်သဘောတရား ကဏ္ဍတွင် ရှင်းလင်း တင်ပြသွားပါမည်။ 

လွန်ခဲ့သော နှစ်ပေါင်း ၄၀-ကျော်မှ အစပြု၍ မြန်မာနက္ခတ်ဗေဒင် လောကတွင် အသုံးများခဲ့သည့် လဟီးရီး လဂ်ကောက်ကိန်း၏ ရှေ့မျက်နှာဖုံးကို Fig. Sphere-51 ၌တွေ့နိုင်ပါသည်။ Fig. Sphere-52 ၏လက်ဝဲဖက်တွင် မဓျလဂ် ခေါ် MC ကောက်ရန်ဇယား ကိုတွေ့နိုင်၍ လက်ယာဖက်၌ ကမ္ဘာ့လတ္တီတွဒ် သုညတန်ဖိုးရှိ ဒေသများအတွက် ဥဒယလဂ် ကောက်ဇယား အားတွေ့နိုင်ပါသည်။


  


မဓျလဂ် ကောက်ကိန်းတွင် ဒေသကြယ်ချိန် 0h နာရီအတွက် သာယနလဂ်မှာ 0° ဖြစ်၍ 6h နာရီအတွက် သာယနလဂ်မှာ 90° ဖြစ် လျှက် 12h နာရီအတွက် သာယနလဂ်မှာ 180° ဖြစ်ပြီး 18h နာရီအတွက် သာယနလဂ်မှာ 270° အသီးသီး ဖြစ်သည့်အတွက် ပုံ သေနည်းသုံး ဖြေရှင်းရန် မလိုအပ်ပဲ ပုံသေအယန တန်ဖိုး 23° နှုတ်လျှက် 11S7°0”, 2S7°0”, 5S7°0”, 8S7°0” ဟူ၍ Fig. Sphere-53 တွင် ဖေါ်ပြထားကြောင်း တွေ့နိုင်ပါသည်။

သင်္ချာတွက်စက်ကို အသုံးပြု၍ ဥပမာအနေဖြင့် Fig. Sphere-54 တွင်ပြထားသည့် ကြယ်ချိန် 9h28m အ တွက် ပုံသေနည်း ရေးချ ပုံ နှင့် အသေးစိတ် တွက်ချက်ပုံတို့အား Fig. Sphere-55 နှင့် Fig. Sphere-56 တို့တွင် တွေ့နိုင်ပါသည်။


 


တွက်ချက်မှုတွင် ရှေးဦးစွာ ကြယ်သွားနာရီကို ၁၅-ဖြင့်မြှောက်ခြင်းဖြင့် ဒီဂရီနှင့် ဒဿမဒီဂရီသို့ ပြောင်းသည်။ cos Omega ၏တန် ဖိုး မှာ ပြောင်းလဲမှု မရှိခြင်းကြောင့် Min ဖြင့် စက်ထဲ၌ မှတ်ထားစေပြီး လိုသည့်အခါတိုင်း MR ဖြင့်ခေါ်ယူ အသုံးပြု သွားရန်ဖြစ် သည်။ AC ကီးဖြင့် တွက်ချက်မှု အားလုံးကို မရှင်းမခြင်း မှတ်ထားသည့် တန်ဖိုးအား ခေါ်ယူသုံးစွဲ နေနိုင်မည် ဖြစ်ပါသည်။ ထည့် သွင်းပြီးသည့် ဂဏန်းများ ပြန်လည်ပြင်ဆင် လိုပါလျှင် C ကီး အသုံးပြု၍ ပြင်နိုင်၍ C ကီး သည် မှတ်ထားသည့် တန်ဖိုးကို မပျက် စေနိုင်ပါ။

ဤ ဥပမာ (၂) တွင် 0°-90°, 90°-180°, 180°-270°, 270°-360° (0°) ကိန်းစိတ် ၄-ခုစလုံး ( 4 quadrants) အတွက် အချိုးတို့ ၏တွက်ချက်ရ တန်ဖိုးများမှ ပြန်လှန်တန်ဖိုး (sin-1, cos-1, tan-1)  ရှာရာ၌ ကိန်းစိတ်အမှန်သို့ ရရှိစေရန် အရေးကြီးပါသည်။ ထည့် သွင်းသော ကြယ်ချိန်တန်ဖိုးရှိသည့် ကိန်းစိတ်၌ပင် တွက်ပြီးသည့် သာယနလဂ် ၏တန်ဖိုး ရှိရပါမည်။ အပြန်အလှန်ပြောင်းလဲ တွက် ချက်မှုတွင်လည်း သာယနလဂ် တန်ဖိုးရှိသည့် ကိန်းစိတ်တွင်ပင် ကြယ်ချိန် ၏တန်ဖိုး ရှိရပါမည်။ ထို့ကြောင့် ပြန်လှန်တန်ဖိုး ရှာပြီး အဆင့်၌ ကိန်းစိတ်အလိုက် ပေါင်း ထည့်ပေးရန် (0, 180, 180, 360) ကိန်းသေ ၄-ခုကို ပေးထားခြင်း ဖြစ်ပါသည်။ ဖေါ်ပြထားသော ဥပမာ တွက်ချက်ပုံတွင် ထည့်သွင်းတန်ဖိုး ကြယ်ချိန်=142° သည် ဒုတိယကိန်းစိတ် 90°-180° အတွင်းရှိခြင်းကြောင့် တွက်ရပြန် လှန်တန်ဖိုး သာယနလဂ် အမှန် ရရှိစေရန် ပေါင်း ကိန်း 180 ကို အသုံးပြု ထားကြောင်း တွေ့ရမည် ဖြစ်ပါသည်။
အလားတူ မဓျလဂ်ကောက်ကိန်း ဇယား တစ်ခုလုံးကို Fig. Sphere-56 တွင် ပြထားသည့်အတိုင်း သင်္ချာတွက်စက်ဖြင့် တွက်ချက် မည်ဆိုပါက အကြိမ်ပေါင်း 45x8= 360 မှ တွက်ရန်မလိုအပ်သော ၄-ကြိမ်နှုတ်လျှင် 354 ကြိမ် တွက်ရန် လိုအပ်သည်။ အကယ် ၍ အိက်ဆဲလ်ကို အသုံးပြု တွက်ချက်မည် ဆိုပါလျှင် ညီမျှခြင်း တစ်ခု၌ သင့်တော်သော ကိန်းစိတ်အလိုက် ပြင်ဆင်ချက် အတွက် IF condition ကို ထည့်သွင်း ရေးသားလျှက် ဒရက်ဂ် လုပ်ဆွဲချ ဖြည့်သွင်းယုံမျှသာ လုပ်ဆောင်ရမည် ဖြစ်ပါသည်။

လတ္တီတွဒ် သုညတန်ဖိုးရှိ ဒေသများအတွက် ဥဒယလဂ် ကောက်ဇယားကို ထပ်မံတွက်ချက်ရန် မလိုအပ်ပါ။ မဓျလဂ်ကောက်ရန် ဇယားကို တည်နေရာ ပြောင်း၍ ရေးသွင်းပေးလျှင် အပြည့်အစုံ ဇာယားကို ရနိုင်ပါသည်။ အထက်တွင် ဖေါ်ပြခဲ့သော မဓျလဂ် တွက်စဉ်က အထက်မွန်းတည့် စက်ဝိုင်းနှင့် မဟာဝိသုဝအမှတ် (Vernal Equinox) တို့၏ ဆက်စပ်တိုင်းတာသော တန်ဖိုးဖြစ် သည့် ဒေသကြယ်ချိန်ကို အသုံးပြု ခဲ့ပါသည်။ လတ္တီတွဒ် သုညတန်ဖိုးရှိ ဒေသတွင် တောင်နှင့် မြောက် ကောင်းကင်ဝင်ရိုးများ သည် မြေပြင်၌ တည်ရှိကြခြင်းကြောင့် အရှေ့မိုးကုတ်စက်ဝိုင်းသည် မွန်းတည့်စက်ဝိုင်း၏ အရှေ့ဖက် 6h သို့မဟုတ် 90° ကွာဝေး သော နာရီစက်ဝိုင်း တစ်ခုဖြစ်ကြောင်း တွေ့နိုင်ပါသည်။ ထို့ကြောင့် မဓျလဂ်ဇယား၏  6h ရှိဇယား တန်ဖိုးများသည် လတ္တီတွဒ် သုညဒီဂရီ အတွက် လဂ်ကောက်ကိန်းတွင် 0h နေရာ၌ Fig. Sphere-57 နှင့် Fig. Sphere-58 တွင် ပြထားသကဲ့သို့ ရွှေ့ပြောင်း ရေးသား နေရာချ ထားရန်သာ လိုအပ်အပ် ပါသည်။

  


လတ္တီတွဒ်တန်ဖိုး တခုခုရှိသော ဒေသအတွက် ဥဒယလဂ်ကို တွက်ရန်မှာ နောက်ထပ် ညီမျှခြင်း၃-ခု ဖြင့်လတ္တီတွဒ်ဆိုင်ရာ ပြင်ဆင် ချက်အား ထည့်သွင်းတွက်ချက်ရန် လိုအပ်မည် ဖြစ်၍ ကောင်းကင်စက်လုံး၏ ကိုသြဒီနိတ်စံနစ် များကိုလေ့လာပြီးစီး သည့်အခါ၌ ဆက်လက် ရှင်းလင်းတင်ပြ သွားမည်ဖြစ်ပါသည်။

Ref: 2. TABLE OF ASCENDANTS ON NIRAYANA BASIS by N.C. LAHIRI
AyeWinKyaw Blogpost 23.pdf    
                                    


ayewinkyaw@ymail.com                                       SMS: 09 459 824 750
29-12-2016                                                                                ဆက်ရန်



No comments: