Wednesday, February 1, 2017

33. Horoscope: a Sky Map (5)

ကောင်းကင်အမြင် ဇာတာခွင် (၅)


၉။ ကောင်းကင်ဝတ္တုတို့၏ ရွေ့လျှားပုံနှစ်မျိုး

ပြသခဲ့ပြီးသော ကောင်းကင်မြင်ကွင်းတွင် အလင်းပေးဂြိုဟ် (Luminaries) နေနှင့်လ၊ ကြယ်တာရာတို့ကဲ့သို့ အမြင်ရှိသည့် ဂြိုဟ် အစစ်အမှန် (True Planets) အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနှင့် စနေ၊ မမြင်နိုင် သည့် အရိပ်ဂြိုဟ် (Shadowy Planets) ရာဟုနှင့် ကိတ်တို့သည် ကြယ် နက္ခတ် တို့နောက်ခံရှိ စက်လုံးကြီး ပေါ်တွင် နေ့စဉ် လှည့်ပတ်နေကြောင်း တွေ့ရှိ ခဲ့ကြပါသည်။ အလားတူ မြင်ကွင်းကို နေ့စဉ်ရက်ဆက် လေ့လာ ကြည့်ရှုသော အခါတွင် အောက်ပါအတိုင်း ရွေ့လျှားပုံနှစ်မျိုး ရှိကြောင်းတွေ့မြင် နိုင်ပါသည်။

(က) နေ့နှင့်ညဉ့်တို့ ဖြစ်ခြင်းသဘော အရွေ့(Diurnal motion)။

နေ လ ဂြိုဟ်တို့နှင့် ကြယ် နက္ခတ်တာရာ အားလုံးတို့သည် နေ့ထက်ဝက်ခန့်အတွင်း အရှေ့မှထွက်၍ မွန်း တည့် ပြီး အနောက်အ ရပ်၌ ဝင်ရောက်ကွယ်ပျောက်သွားသော အရွေ့ဖြစ်သည်။ အချို့သော ဝင်ရိုးစွန်းဝန်း ကျင်ရှိ လတ္တီတွဒ်တန်ဖိုးအလိုက် မည်သည့်အ ခါမှ မဝင်သော ဓူဝံကြယ်၊ ကြေးမုံတာရာ၊ ခုနစ်စဉ်ကြယ်တို့ အပါအဝင် ကြယ်တာရာတို့သည်လည်း နေထွက်ချိန်များ၌ ပျောက် ကွယ်သွားကုန် ကြပါသည်။ နေ၏အ ရွေ့ကိုစွဲ၍ မိုးကုတ်စက်ဝိုင်းအထက်၌ အရှေ့မှ အနောက်သို့ ရွေ့ခြင်းကို နေ့တာပိုင်း၌ ရွေ့ သည့် စက်ဝန်းပိုင်း (Duirnal arc) နှင့် အောက်ဖက်တွင် အနောက်မှအရှေ့သို့ ရွေ့သည်ကို ညဉ့်တာပိုင်း၌ ရွေ့သော စက်ဝန်း ပိုင်း (Nocturnal arc) ဟူ၍ ခေါ်တွင်ပါသည်။ ဤသို့ နေ့စဉ်ရက်ဆက် သာမန်အားဖြင့် တွေ့မြင်ကြရသော အရွေ့ အား မြန်မာ နက္ခတ္တဗေဒ မှတ်တမ်းများတွင် အဖြောင့်သွားဟု တင်စားခေါ်ဝေါ်သည်။

(ခ) နေ လ ဂြိုဟ်တို့၏ ရာသီစက်တလျှောက် အရွေ့ (Annual motion)။

ကောင်းကင်ကို အသေအချာ စောင့်ကြည့်သောအခါတွင် လ သည် တစ်နေ့ထက်တနေ့ နောင်ခံကြယ်စု အချို့ တစ်လျှောက် အနောက်မှ အရှေ့ကို့ ၁၂-ဒီဂရီခန့် ရွေ့လေ့ရှိကြောင်း တွေ့နိုင်သည်။ တစ်လပြီးလျှင် နောက်လ များ၌လည်း ထိုလမ်းကြောင်း တစ်လျှောက်ပင် ရွေ့လျှားလေ့ရှိ ကြောင်းတွေ့ နိုင်ပါသည်။ ကျန်သောဂြိုဟ်တို့ သည်လည်း ထိုလမ်းကြောင်း တစ်ဝိုက်တွင်ပင် ရွေ့လျှားလျှက်ရှိကြောင်းလည်း တွေ့လာကြရမည် ဖြစ်ပါ သည်။ အမှန်အားဖြင့် ထိုရွေ့လျားရာ လမ်းကြောင်း၏ ဗဟိုချက်ဟု ဆို နိုင်သည့် ရည်ညွှန်းလမ်းကြောင်း ကြီးသည် တောက်ပလွန်းသော ရောင်ခြည်ကြောင့် ရွေ့လျှားရာ လမ်းကြောင်းကို တွေ့မြင်နိုင် ခြင်းမရှိသည့် နေသွားလမ်း ခေါ် နေရွေ့လျှားရာ လမ်းကြောင်း ဖြစ်ပါသည်။ ရှေးအခါက လနှင့်မြင်နိုင်သော ဂြိုဟ်တို့သည် နေ သွားလမ်း ၏ တစ်ဖက်တစ်ချက် ၈-ဒီဂရီ အတွင်းရွေ့လျှားနေကြကြောင်း မှတ်တမ်းတင်ကြပြီး ထိုခါး ပတ်သဏ္ဍာန် လမ်းကို ရာသီ စက် (Zodiac) ဟု ခေါ်တွင်ခဲ့ကြသည်။ ရာသီစက်ဝန်းသည် ၃၆၀-ဒီဂရီ ရှိ၍ ၃၀-ဒီဂရီ စီပိုင်းခြားလျှက် ၁၂-ရာသီဟူ၍လည်း သတ် မှတ်ကြသည်။ တဖန် ၁၃-ဒီဂရီ၊ ၂၀-မိနစ်စီ ပိုင်းခြား ပြန်၍ နက္ခတ် ၂၇-လုံး ဖြင့်လည်း မှတ်သားခဲ့ကြသည်။

နေ၏ရွေ့လျှားခြင်းသဘောကို မနက်အာရုံတက် နေမထွက်ခင်် အရှေ့အရပ်၌ နောက်ခံ ရာသီ နက္ခတ်ရုပ်တို့ မကွယ်ပျောက်မီ မှတ်သားခြင်း အားဖြင့်သော် လည်းကောင်း၊ ညနေ နေဝင်ပြီးခါစ အနောက်အရပ်တွင် ထွက် ပေါ်ခါစ ရာသီ နက္ခတ်ရုပ်တို့အား ကြည့်ရှု မှတ်သားခြင်း အားဖြင့်သော် လည်းကောင်း တစ်နေ့လျှင် တစ်ဒီဂရီ ခန့် ရွေ့လျှားလျှက်ရှိကြောင်း တွေ့မြင်နိုင်ပါသည်။ ကြယ်တာရာ တို့ကဲ့သို့ လုံးဝန်းသော အစက်အပျောက်ငယ် ဂြိုဟ်ငါးလုံးကို ပဥ္စတာရာ သို့မဟုတ် ပဥ္စတားဂြိုဟ် ဟုခေါ်လေ့ရှိ သည်။ ဂြိုဟ်များသည် ကြယ်များထက် ကမ္ဘာနှင့် ပိုမိုနီးကပ်ကြခြင်းကြောင့် အာရုံတက် ကြယ်တို့ကွယ်ပျောက် ပြီးသည့််အချိန်တွင် အရှေ့၌ လည်း ကောင်း၊ ညနေခင်း နေဝင်ဆည်းဆာ ကြယ်များထွက်ပေါ်လာခြင်း မပြုမီ အနောက်တွင် လည်းကောင်း အ သီးသီး စောင့်ကြည့်ခြင်း အားဖြင့် လွယ်ကူစွာ တွေ့မြင်နိုင် ကြပါသည်။ ဂြိုဟ်တို့၏ အနေအထားကို မှတ်မိ သိရှိပြီး နောက်တွင် ညဉ့်လယ် ခေါင်ပင် ဖြစ်သော်လည်း တစ်သမတ်ထည်း လင်းထိန်နေသည့် ဂြိုဟ်များကို မှိတ်တုတ်မှိတ်တုတ် တစ်ဖြတ်ဖြတ်လင်းနေသည့် ကြယ်တို့အကြား၌ လွယ်ကူစွာ ခွဲခြားကြည့်မြင် သွားနိုင် မည် ဖြစ်ပါသည်။ နေ လ ဂြိုဟ်တို့သည် ကောင်းကင်စက်လုံး၏ အဖြောင့် သွားသော လားရာမှ ဆန့်ကျင် ဖက်သို့ ရွေ့လျှားခြင်းကြောင့် မြန်မာ့စဉ်လာအားဖြင့် ဖီလာသွားဟူ၍ ခေါ်ဝေါ်ကြလေ့ ရှိပါသည်။

ဇာတာခွင်တွင် ဂြိုဟ်စာရင်း ဝင်သော်လည်း အမှန်တကယ် မမြင်နိုင်သော ဂြိုဟ်နှစ်လုံးမှာ ရာဟုနှင့် ကိတ်တို့ ဖြစ်ကြသည်။ လ ရွေ့သွားသော လမ်းကြောင်းဖြစ်သည့် စက်ဝိုင်းကြီးသည် နေသွားလမ်း စက်ဝိုင်းကြီးကို သမသတ်အမှတ် နှစ်ခု၌ ဖြတ်မိသည်။ တောင်မှမြောက်သို့ တက်စဉ်ဖြတ်သော အမှတ်ကို ရာဟု ဟူ၍ခေါ်ဆို၍ မြောက်မှတောင်သို့ ပြန်ဆင်းသည့် အမှတ်အား ကိတ် ဟု ခေါ်ဝေါ် သတ်မှတ်သည်။ ရာဟု သို့မဟုတ် ကိတ် အနီးဝန်းကျင် လုံလောက်သော အနေအထားသို့ နေရောက်ရှိလျှင် နေ ကြတ်တတ်၍ လရောက်ရှိသောအခါ လကြတ်တတ်ပါသည်။

၁၀။ နေသွားလမ်း  ဝန်းကျင်၌ ဂြိုဟ်တို့သွားလာခြင်း

ဂြိုဟ်တို့သွားလာခြင်းကို လေ့လာရာ၌ ဂြိုဟ်သွားပြက္ခဒိန်၌ ဖေါ်ပြထားသော တည်နေရာ အချက်အလက်နှင့် ကောင်းကင်အမြင် တို့ကို နှိုုင်း ယှဉ်ကြည့်ရှုနိုင်ရန် Swiss Ephemeris ae_2017.pdf မှ ကောက်နှုတ်ချက် အား Fig. Sky-18 တွင် ပြသထားပါသည်။


ဂြိုဟ်သွားပြက္ခဒိန်တွင် ဖေါ်ပြထားသော တည်နေရာတို့မှာ သာယနလောင်ဂျီတွဒ် တန်ဖိုးများ ဖြစ်သည်။ Fig. Sky-19 တွင် မဟာ ဝိသုဝမှတ် VE မှစတင် မှတ်သားသော သာယနလောင်ဂျီတွဒ် ၁၅-ဒီဂရီခြား တန်ဖိုးများ ကို ပြသထားခြင်းကြောင့် Fig. Sky-18 ၏အောက်ခြေပိုင်း၌ ဖေါ်ပြထားသော နေ နှင့် ကြာသပတေးမှလွဲ၍ ကျန်သောဂြိုဟ် ၄-လုံးတို့၏ အတိုင်းအတာများဖြင့် ကောင်းကင် ကားချပ်၌ ပြသထားသော အနေအထား တို့ကို နှိုင်းယှဉ်ကြည့်ရှုခြင်းဖြင့် လက်တွေ့နှင့်မျက်မြင် ကိုက်ညီမှုရှိကြောင်း တွေ့ရှိနိုင်ပါ သည်။ လနှင့် ကြာသ ပတေးဂြိုဟ် တို့အတွက် လက်တွေ့ကိန်းဂဏန်းတန်ဖိုးနှင့် မျက်မြင်ကိုက်ညီမှု ရှိခြင်းသဘောကို Fig.Sky-20 တွင် ဆန်းစစ်ကြည့်ရှု နိုင်ပါသည်။

ဤတွင် အထူးမှတ်သားရန် အချက်မှာ နေသွားလမ်းကြောင်းပေါ်တွင် သာယနလောင်ဂျီတွဒ် တန်ဖိုးများကို သာ ပြသထား၍ ၃၀-ဒီ ဂရီလျှင် ၁-ရာသီစီ ပိုင်းခြားဖေါ်ပြ ထားခြင်းမရှိပါ။ သာယနရာသီစက်၏ စတင်ရာ မဟာဝိသုဝဖြတ်မှတ်သည် တစ်နှစ်လျှင် ၅၀.၂၃ စက္ကန့်နှုန်းဖြင့် အနောက်ဖက်သို့ ဖြေးညှင်းစွာ ရွေ့လျှက်ရှိ ခြင်းကြောင့် သာယနရာသီ ဟူသည်မှာ တည်မြဲသော နောက်ခံကြယ်စု မရှိပါ။ ထို့ကြောင့် ရာသီအပိုင်းအခြား များသည်လည်း မမြဲသော သဘောရှိ၍ စိတ်ကူးဖြင့်သာ ပိုင်းခြားထားခြင်း ဖြစ်ပါသည်။


အရှေ့တိုင်းသုံး နက္ခတ်ဗေဒင်ပညာသည် မြဲသောကြယ် နက္ခတ် ရာသီရုပ်တို့ကို နောက်ခံထားရှိသည့် စံနစ် ဖြစ်သည်။ နိရာယန ရာသီစက် (Sidereal or Fixed Zodiac) ခေါ် မိမိတို့သုံးစွဲလျှက်ရှိသော ရာသီစက်၏ အစကို သိရှိရန် Fig. Sky-21 ၌ပြထားသည့် အတိုင်း Swiss ၏သာယနဂြိဟ်သွားမှ တွက်ရဂြိုဟ်စင်တို့မှ အယနတန်ဖိုးအား နှုတ်ယူခြင်းဖြင့် ရရှိနိုင်ပါသည်။ အစဉ်အမြဲ ပြောင်းလဲမှုမရှိသည့် မိဿသည် ဆိပ်ရုပ်၊ ပြိဿသည် နွားရုပ် စသည်ဖြင့် ဆိုင်ရာ ရာသီရုပ်တို့ သဘာဝအတိုင်း လက်တွေ့အဟော သ ဘောနှင့် ပြည့်စုံမှု ရှိသည့် ဖေါ်ပြပါ ရာသီသင်္ကေတ ပိုင်နက်အတွင်း၌  Fig. Sky-15 မှဇာတာခွင် (ယ္ခင်ပို့စ်) ရှိ ဂြိုဟ်တို့၏ နိရာ ယန လောင်ဂျီတွဒ် တန်ဖိုးများဖြင့် ကိုက်ညီလျှက်ရှိကြောင်း ကိုလည်းတွေ့ရှိနိုင်ပါသည်။ တည်မြဲသော ရာသီ တို့၏ နယ်နိမိတ်အပိုင်း အခြားတို့၏  အမှတ်အသားမရှိ သော်လည်း ဂြိုဟ်စင်တန်ဖိုးအရ ရာသီတစ်ခုမှ နောက်တစ်ခုသို့ ကူးပြောင်းသောနေ့၏ ကောင်း ကင်တည်နေရာ အနီးရှိ ကြယ်တစ်လုံးလုံးဖြင့် မှတ်သား ထား ရှိနိုင်ပါသည်။ နမူနာဇာတာတွင် စနေသည် ဗြိစ္ဆာရာသီ ဆုံးခါနီး၌ တည်ရှိပြီး အင်္ဂါသည် ကုမ်ရာသီအဆုံး တွင် ရောက်ရှိနေကြောင်း တွေ့နိုင်ပါသည်။



Fig. Sky-22 တွင် ကြာသပတေးသည် ကန်ရာသီ၏အဆုံး၌ ရောက်ရှိနေကြောင်း တွေ့ရှိနိုင်ပါသည်။ ဖေါ်ပြ ပါပုံများတွင် မိုးကုတ် စက်ဝိုင်း၏ အထက်၌ ၇-ရာသီနှင့် အောက်တွင် ၇-ရာသီ ရောက်ရှိနေကြလျှက် အရှေ့ (E) နှင့် အနောက် (W) ဆက်သောမျဉ်း သည် ရာသီစက်ဝန်းကို နှစ်ပိုင်းအညီအမျှ ပိုင်းဖြတ်ကြောင်း သိရှိနိုင် ပါသည်။

AyeWinKyaw Blogpost 33.pdf

ayewinkyaw@ymail.com                                       SMS: 09 459 824 750
1-2-2017                                                                                   ဆက်ရန််

No comments: