Tuesday, January 31, 2017

32. Horoscope: a Sky Map (4)

ကောင်းကင်အမြင် ဇာတာခွင် (၄)


ဒေသအလိုက် ကောင်းကင်မြင်ကွင်းတွင် နေသွားလမ်း၏ အနေအထား အချိန်နှင့်အမျှ မည်ကဲ့သို့ ပြောင်းလဲ တတ်သည်ကို တွေ့ ခဲ့ကြပြီး ဖြစ်ပါသည်။ တစ်နေ့တာအတွင်း အနေအထား ပြောင်းလဲမှုများသည် နေ၏ရာ သီစက်ပေါ်ရှိ တစ်နှစ်တာ ရွေ့လျှားမှုရှိခြင်း ကြောင့် တစ်နေ့လျှင် အကြမ်းဖျင်း ၄-မိနစ် (၁-ဒီဂရီ ) နှုန်းခန့် စော၍ စော၍ ဖြစ်ပေါ်လာလေ့ ရှိပါသည်။ နေ့နှင့်ညဉ့်တို့ပိုင်းခြား မှု ရုံးသုံးအချိန် မှတ်သားသုံးစွဲမှု စသည်တို့ သည် နေ၏သွားလာခြင်းကို ရည်ညွှန်းမြဲဖြစ်သည်။ အဆိုပါ နေချိန်အကြောင်းကို ရှေ့၌ အသေးစိတ် ဆွေးနွေး သော အခါတွင် အရပ်သုံးအချိန်သည် ကောင်းကင်၌ တွေ့မြင်နိုင်သည့် မျက်မြင်နေ၏ သွားနှုန်းအားအခြေခံ ညှိယူသော ဖျမ်းမျှနေအားဖြင့် သတ်မှတ်သုံးစွဲကြောင်း တွေ့ရှိလာမည် ဖြစ်သည်။ ကြယ် နက္ခတ်စက်အား နောက်ခံပြု၍လှည့်ပတ် ရွေ့လျှားလျှက်ရှိသော ကမ္ဘာသည် ဗဟိုချက်ရှိနေကိုလည်း လှည့်ပတ်လျှက်ရှိရာ တစ် နှစ်တာ ကာလပြည့်ချိန်၌ နေရက် (Solar days) ၃၆၅.၂၄၂၂ ရက် နှင့် ကြယ်ရက် (Sidereal days) ၃၆၆.၂၄၂၂ ရက် ဟုရေတွက်ရရှိသည်။

ကြယ်တစ်လုံး မွန်းတည့်ချိန်မှ နောက်တစ်ကြိမ် မွန်းတည့်ချိန်အထိ ကြယ်ရက် ၁-ရက်ဟု သတ်မှတ်ပြီး နက္ခ တ္တဗေဒဆိုင်ရာ တိုင်း တာတွက်ချက်မှုတို့၌ အသုံးပြုလေ့ ရှိပါသည်။ နေရက်က နေ့နှင့်ညဉ့်တို့ကို ပိုင်းခြားပြ သသော်လည်း ကြယ်ရက်သည် တစ်နှစ် တာအတွင်း အနည်းငယ်စီပြောင်းလဲ လေ့ရှိသည့်အတွက် နေ့နှင့်ညဉ့် ဟူ၍ မရှိပါ။ ကြယ်ရက် ၁-ရက်ကို ကြယ်ချိန်တာ အားဖြင့် ၂၄-နာရီ ပိုင်းခြားပြီး နေချိန်ကာလ ၂၃-နာရီ ၅၆- မိနစ် ခန့်ဖြင့်ညီမျှသည်။ ကြယ်ချိန်တာမှ နေချိန်တာသို့ ပြောင်းရန် မြှောက်ကိန်း ၃၆၆.၂၄၂၂/၃၆၅.၂၄၂၂= ၁.၀၀၂၇၃၇၉ ကိုအသုံးပြု၍ ရှာယူနိုင်သည်။ ကြယ်ချိန်သည် တစ်သမတ် ကမ္ဘာလည်နှုန်း၏ အတို်င်းအ တာ ဖြစ်ခြင်းကြောင့် ကြယ် နက္ခတ် တာရာ တို့ မွန်းတည့်ခြင်း သန်းခေါင်မျဉ်းသို့ ဖြတ်ခြင်း စသည့်ဖြစ်ရပ်များ အား တွက်ချက်ရာ တွင် အသုံးပြု လေ့ရှိပါသည်။ နေချိန်ကို သန်းခေါင်၌ သုညနာရီမှ စတင်ရေတွက် လေ့ ရှိသော်လည်း ကြယ်ချိန်ကို မွန်းတည့်မျဉ်း သို့ မဟာဝိသုဝမှတ် ဖြတ်သန်းသည်မှ စတင်ရေတွက်သည်။ န က္ခတ်တာရာကြည့် မျှော်စင်များ၌ ကြယ်ချိန်ပြနာရီတို့ကို ကြယ်ချိန် နှုန်းသုံးသည့် သံပါတ်မောင်း စက်ဖြင့် လည်ပတ်သုံးစွဲသည်။

ဤပို့စ်တွင် ဇာတာဖွဲ့ယူရာ၌ ကြယ်ချိန်၏ အရေးပါ အရာရောက်ပုံ နှင့် ကောင်းကင်၌ မည်ကဲ့သို့ မှတ်သား တိုင်းတာသည် ကိုတင် ပြရန်ရှိသဖြင့် ရှေးဦးစွာ Fig. Sky-15 ၌ ဖေါ်ပြပြီးသော ကောင်းကင်မြင်ကွင်း၏ SwissHoro version 2.2 ဖြင့် တွက်ချက်ရရှိသည့် ရလာဒ်အား ပြသထားပါသည်။

၈။ အီကွေတာ တလျှောက်အရွေ့ကို တိုင်းတာခြင်း။

ကောင်းကင်မြင်ကွင်း Fig. Sky-16 ၏ အပြာရောင်ဖြင့် ပြထားသည့် အီကွေတာ စက်ဝိုင်းပေါ်တွင် 0, 1, 2, 3, …, 22, 23 စသည့် အမှတ်အသားတို့မှာ မြန်မာအခေါ် စက်အံသာ၊ ခေတ်သုံး နက္ခတ္တဗေဒတွင် တက် ထောင့်မှန် (Right Ascension) ဖြစ်ပါသည်။ အ ဆိုပါ အတိုင်းအတာကို မဟာဝိသုဝ အမှတ်မှ စတင်ခြင်း ကြောင့် ထိုအမှတ်သည် RA=0h (24h) ဖြစ်သည်။ အီကွေတာသည် မည် သည့် ဒေသတွင်မဆို အစဉ်အမြဲ အရှေ့စူးစူးကို ဖြတ်လျှက် ထွက်ပြီး မွန်းတည့်မျဉ်းအား Q ၌ဖြတ်၍ အနောက်စူးစူးအား ဖြတ်၍ ဝင်ပြီးနောက် သန်းခေါင်မျဉ်ကို Q’ တွင်ဖြတ်သည်။ ကမ္ဘာ့လည်ခြင်းကို ကိုယ်စားပြုသော အီကွေတာသည် အထက်ဖေါ်ပြ ပါအမှတ်တို့အားဖြတ်လျှက် မပြောင်းလဲသောနှုန်းဖြင့် တက်လာထွက်ပေါ်သည့် သဘောကြောင့် တက်ထောင့် မှန် ဟုခေါ်ခြင်း ဖြစ်သည်။


ပြထားသော အခိုက်အတန့်တွင် Fig. Sky-16 ၌ ဒိသျှစက် ရှိ RA: 7h, 8h, …, 23h, 0h(VE), 1h,…, 3h, 4h တို့နှင့် Fig. Sky-17 တွင် အဒိသျှစက် ရှိ RA: 5h, 6h, …, 16h တို့အား တွေ့နိုင်ပါသည်။ အဆိုပါ ကောင်းကင်၌ရှိသည့် အတိုင်းအတာ အမှတ်အ သားတို့သည် စက်လုံး၏ အရှေ့မှ အနောက်သို့ လည်ပတ်ခြင်း နှင့် အတူတွဲလျှက် လိုက်ပါနေကြောင်း သိရှိနိုင်ပါသည်။ အီကွေ တာကို မူလစက်ဝိုင်းအဖြစ် ထားရှိလျှက် ကောင်းကင်မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတို့အား ဖြတ်လျှက်ဆွဲသားနိုင်သော ထပ်ဆင့်စက်ဝိုင်း ပေါ်တွင် ကောင်းကင်ဝတ္တုတို့ တောင်-မြောက် အတိုင်းအတာ ဖြစ်သည့် ဒီကလိုင်နေးရှင်း ခေါ် ကြန္တီ-ဒိဂ် အံသာ (Dec=Declination) ကို တောင်-မြောက် ခွဲခြား၍ မှတ်သားလေ့ရှိသည်။ 

၉။ အီကွေတာနှင့် ဒေသမွန်းတည့်မျဉ်းတို့ ဆက်စပ်ခြင်း။

တက်ထောင့်မှန်ပြ စကေးစက်ဝိုင်းကြီးနှင့် ဒေသတခုခုကို ဆက်စပ်ရာတွင် မွန်းတည့်မျဉ်း၌ ဖြတ်လျှက်ရှိသည့် တန်ဖိုးသည် အလွန် အရေးပါသော မှတ်တမ်း ဖြစ်ပါသည်။ ဇာတာခွင်၌ တွက်ထုတ်ဖေါ်ပြထားသည့် ဒေသန က္ခတ်ချိန် (LST=Local Sidereal Time) သည် မွန်းတည့်မျဉ်း၏ တက်ထောင့်မှန် တန်ဖိုး (RAMC= Right Ascension of Medium Coeli) ပင် ဖြစ်ပါသည်။ ဂြိုဟ်သွားပြ က္ခဒိန်ရှိလျှင် အချိန်ပိုင်းဇုံ၊ ဒေ သလောင်ဂျီတွဒ် တို့အသုံးပြု၍ လိုသော အချိန်နာရီ၏ ဒေသကြယ်ချိန်ကို လွယ်ကူစွာ တွက်ယူနိုင် ပါသည်။ ဒေသတစ်ခု၏ စံတော်ချိန်မှ တွက်ယူသည့် ဒေသနက္ခတ်ချိန်သည် လဂ်နှင့်ဘာဝများ တွက်ရာတွင် မရှိမဖြစ် လိုအပ်သ ကဲ့သို့ အပြန်အလှန်အားဖြင့် မွန်းတည့်မည့် ကြယ်တစ်လုံး၏ RA ကို ဒေသနက္ခတ်ချိန် အဖြစ် ယူလျှက် ထိုမှတဖန် သက်ဆိုင်ရာ ဒေသစံတော်ချိန် ရှာယူခြင်းသည် ကြယ်တစ်လုံးလုံး၏ မွန်းတည့် မည့်အ ချိန် တွက်ယူရန် အဓိကတွက်နည်း ဖြစ်သည်။

နမူနာဇာတာရှိ ဒေသနက္ခတ်ချိန်ကို အောက်ပါအတိုင်း လွယ်ကူစွာ တွက်ယူနိုင်ပါသည်။

Myanmar Standard Time    = 13h41m44s   
Myanmar Time Zone          =- 6h30m00s
UT                                     =  8h11m44s
Convert to sidereal interval =  8h13m05s    (8h11m44s x 1.0027379)
18-1-2017: GST0               = +7h50m22s    (ae_2017.pdf)
Greenwich Sidereal Time    = 16h03m27s
Local longitude                  = +6h24m48s    (9612’ / 15)
Local Sideral Time             = 22h28m15s


ဒေသနက္ခတ်ချိန်ကို သိရှိခြင်းအားဖြင့် Astrology on the sphere (7) လဂ်ကောက်ကိန်း ပုစ္ဆာတွင် ဖေါ်ပြ ခဲ့သည့်အတိုင်း မဓျ လဂ် အားတွက်ယူနိုင် သကဲ့သို့ ရှေ့တွင် ဒေသလတ္တီတွဒ်ကို ထည့်သွင်း တွက်ချက်ခြင်း အားဖြင့် ဥဒယလဂ်တန်ဖိုးများအား နေပီ ယာ၏ ပုံသေနည်းဖြင့် တွက်ချက်ပုံကို တင်ပြသွားမည် ဖြစ်ပါ သည်။ ထိုအခါတွင် ပုံများ၌ ဖေါ်ပြထားသည့်အတိုင်း ဒေသနက္ခတ် ချိန်၌ ၉ဝဒီဂရီ (6h) ပေါင်းခြင်းဖြင့် ရရှိ မည့် အရှေ့မိုးကုတ် စက်ဝိုင်း၏ တက်ထောင့်မှန် (RAEH=Right Ascension of Eastern Horizon) ကို အသုံးပြု တွက်ချက်သွားရမည် ဖြစ်ပါသည်။

တစ်နည်းအားဖြင့် ဒေသနက္ခတ်ချိန်ကို မဟာဝိသုဝအမှတ် VE မွန်းတည့်မျဉ်းအား ဖြတ်ကျော်ပြီး ကြာသော အချိန်တာဖြစ်ကြောင်း ကို လည်းသိရှိနိုင်သည်။ မွန်းတည့်မျဉ်းမှ အီကွေတာတစ်လျှေက် အနောက်သို့ ပတ်၍ တိုင်းသော တန်ဖိုးကို နာရီထောင့် (Hour Angle) ဟုခေါ်သည်။ ထို့ကြောင့် ဒေသနက္ခတ်ချိန်သည် မွန်းတည့် မျဉ်း၏ RA ဖြစ်သကဲ့သို့ VE ၏နာရီထောင့် (Local Hour Angle of Aries) လည်းဖြစ်သည်။ တခါတရံ VE ကို Aries ဟူ၍လည်း သုံးစွဲကြလေ့ ရှိပါသည်။

AyeWinKyaw Blogpost 32.pdf

ayewinkyaw@ymail.com                                              SMS: 09 459 824 750
31-1-2017                                                                                          ဆက်ရန်


No comments: