Wednesday, July 4, 2018

86. Myanmar Astronomy (11)


မြန်မာနက္ခတ္တဗေဒ  ()
                         
မြန်မာဗေဒင်ဆိုင်ရာ နေချိန်စံနစ်။ (အဆက်)

 ၁၂။ မဟာကာလဇာတာ လဂ်တပ်ခြင်း။

အင်္ဂဝိဇ္ဇာ ဋီကာကြီး အပိုဒ် (၆၃) မဟာကာလ အစင်အကြယ်အဖွင့် တွင်ချပြီးဂြိုဟ်ခွင်မှ တနင်္ဂနွေ၏ တည်နေရာကို ရည်ညွှန်း၍ လဂ် တပ်နည်းကို ဖေါ်ပြထားပါသည်။ လဂ်တပ်ရန်မှာ

နံနက် ပထမတခါ ဖြစ်လျှင် တနင်္ဂနွေနှင့် တစ်ရာသီတည်းတပ်၊
နံနက် နှစ်ခါဖြစ်လျှင် ရှေ့တခွင်တွင်တပ်၊
မွန်းတည့်ခါနီး သုံးခါဖြစ်လျှင် ရှေ့နှစ်ခွင်တွင်တပ်၊
မွန်းတည့်မည့်ဆဲဆဲ လေးခါဖြစ်လျှင် ရှေ့သုံးခွင်တွင်တပ်၊
မွန်းလွဲဆဲဆဲ ငါးခါမှာလည်း ရှေ့သုံးခွင်တွင်ပင်တပ်၊
မွန်းလွဲခါစ ခြောက်ခါဖြစ်လျှင် ရှေ့လေးခွင်တွင်တပ်၊
မွန်းလွဲကြီး ခုနစ်ခါဖြစ်လျှင် ရှေ့ငါးခွင်တွင်တပ်၊
နေဝင်ခါနီး ရှစ်ခါဖြစ်လျှင် ရှေ့ခြောက်ခွင်၌ တနင်္ဂနွေနှင့် သမသတ်တပ်၊

အထက်ပါ လဂ်တပ်နည်းအရ မိဿရာသီတွင် တနင်္ဂနွေ ရပ်တည်ဆဲလ၏ တနင်္ဂနွေနေ့ အခါ ၈-ပါးအတွက် လဂ်တပ်ပုံ နမူနာကို
Fig. AstroTime-31 တွင် တွေ့နိုင်ပါသည်။ ဆက်လက်၍ ဖေါ်ပြထားသည်မှာ ညဥ့်၌လည်း ဤနည်းနှင်နှင် ရှစ်ခါရ၏။ (လဂ်မှာ တန င်္ဂနွေ၏ နောက်တစ်ခွင် နှစ်ခွင် စသည်ဖြင့် တပ်ရာ၏)။ မဟာကာလ လဂ်တပ်ခြင်း သဘောကို ပိုမိုရှင်းလင်းစေရန် အလို့ငှါ တနင်္ဂ  နွေ ရပ်တည်သော အခွင်ကို မူတည်၍ လဂ်တပ်ခြင်း၊ ထိုတပ်သောလဂ်သည် မျက်မြင်သဘောအရ နေထွက်၊ နေဝင်၊ မွန်းတည့်၊ သန်းခေါင်၊ စသည့်အချိန်အခါ တို့၌ လဂ်ဖြင့်နှိုင်းရ အနေအထား မှန်ကန်မှုရှိကြောင်း Fig. AstroTime-32 တွင်ပြထားပါသည်။





ကျမ်းရင်းတွင် Fig. AstroTime-31 ၌ ဖေါ်ပြခဲ့သော နေ့အခါ ၈-ပါး၏ ဂြိုဟ်၊ လဂ် အပြည့်အစုံ ကို Fig. AstroTime-33 တွင် ပရိုဂရမ် အရ တွက်ထုတ် တင်ပြထားပါသည်။ ဇာတာခွင် တစ်ခုတွင် လဂ်သည် တစ်နေ့ ၂၄-နာရီတွင် တစ်ပတ် ၁၂-ခွင်လုံးသို့ လှည့်လည် ရပ်တည်သော သဘောကို ပေါ်လွင်စေရန် အတွက် လွန်ခဲ့သော သန်းခေါင်မှ ထိုနေ့နေထွက် အထိနှင့် ထိုနေ့နေဝင်မှ သန်းခေါင် အထိ ဖွဲ့စည်းမည့် မဟာကာလဇာတာခွင် တို့ကို Fig. AstroTime-34 တွင်ပြသ ထားပါသည်။ အထူးမှတ်သားဖွယ်ရာမှာ တနင်္ဂနွေ တည်ရှိသောအခွင်၊ ထိုမှ ၄-တန့်မြောက်အခွင်၊ သမသတ် ၇-တန့်မြောက်အခွင် နှင့် ၁၀-တန့်မြောက်အခွင်တို့၌ အခါ ၂-ခါစီအတွက် လဂ်များကို ချရမည်ဖြစ်သည်။





၁၃။ မဟာကာလဆိုင်ရာ ကောဇာ တနင်္ဂနွေ။

အစဉ်အလာအားဖြင့် ကောဇာတနင်္ဂနွေ၏ ရောက်ဆဲရာသီခွင် ကိုသုဒ္ဒဒိန်ရက် အရေအတွက်အားဖြင့် သတ်မှတ်ရန်နည်းအား ကျမ်း ရင်းတွင်ပြထားပါသည်။ သုဒ္ဒဒိန်ရက်ကို အိတ်က်ဆဲလ်တွင် လိုသောနေ့၏ ရက်အမှတ် Day number မှ နှစ်ဆန်း ၁-ရက်နေ့၏ DN ရက်အမှတ် ကိုနှုတ်ယူခြင်းဖြင့် လွယ်ကူစွာ ရနိုင်ပါသည်။ သို့ရာတွင် ဆွစ်ဂြိုဟ်သွားမှ လဟီးရီ၏ အယနနှုတ် ယူထားသော နိရာယ န တနင်္ဂနွေဂြိုဟ်စင် အားသုံး၍ ရာသီပြောင်း ရက်စွဲနှင့်အချိန်များကို လွယ်ကူစွာ တွက်ယူနိုင် ခြင်းကြောင့် သုဒ္ဒဒိန်ဖြင့် တွက်ယူနည်းအား ဤတွင်အသုံးမပြုပါ။

Messenger: Aye Win Kyaw                                                                                  SMS: 09 459 824 750
4-07-2018                                                                                                                                   
ဆက်ရန်  



No comments: