Tuesday, July 3, 2018

84. Myanmar Astronomy (9)


မြန်မာနက္ခတ္တဗေဒ  ()
                         
၉။ အင်္ဂဝိဇ္ဇာ အခါတိုင်ထူခြင်း။

မြန်မာ့ဗေဒင်စစ် ဖြစ်သော အင်္ဂဝိဇ္ဇာပညာသည် နက္ခတ်ဗေဒင်၊ လက္ခဏာ ပညာတို့ဖြင့် ကောင်းကျိုးဆိုးပြစ်များ ကိုဝေဖန်ဟောဆို ပြီးနောက် ကောင်းကျိုးများ ခိုင်မြဲတိုးတက်စေရးနှင့် ဆိုးပြစ်တို့ လျော့ပါးသက်သာစေရေး အတွက် ယတြာပေးရန် မရှိမဖြစ် သုံးစွဲ ရန် လိုအပ်သည့် ပညာတရပ်ဖြစ်သည်။ ပြီးပြည့်စုံသော ဓာတ်ယတြာ ကိုဆင်ရန်နှင့် ၇-ရက်သားသမီးတို့ ဆောင်ရန်ရှောင်ရန် လို အပ်ချက်များကို ဤပညာက ဖြည့်စွမ်းပေး နိုင်ပါသည်။ ဂြိုဟ်တစ်လုံးမှ နောက်တစ်လုံးသို့ ၆-လုံးမြောက် စီစဉ်ထားသော ဆပွတ်လင်္ကာဖြင့် ဆပွတ်ရိုက် အခါတိုင်ထူပုံကို Fig. AstroTime-25 တွင် ပြထားသည်။ ဟောပြောမှုများ လုပ်ဆောင်ရာ၌ ပုံ၏လင်္ကျာဖက် တွင် ပြထားသော ဆပွတ်၉-ခိုင် ခေါ် နဝလဂ် အိမ်ဖြင့် မေးလာသူ၏ တည်နေရာ ဗဟိုပြုလျှက် ဟောပြောခြင်း ယတြာပေးခြင်း များ ကို ပြုလုပ်လေ့ရှိကြသည်။

ဆပွတ်တိုင်သည် ဓာတ်ယတြာ ဆောင်ရာ၌ လွန်စွာအရေးပါ သောကြောင့် Fig. AstroTime-26 တွင်ပြ ထားသကဲ့သို့ အောင်လံထူ စစ်သူကြီးပွဲ လင်္ကာဖြင့်လည်း ရေးမချပဲ စိတ်ထဲတွင် လျှင်မြန်စွာ တိုင်ထူ၍ ဟောပြောမှုကို လုပ်ဆောင်သူများလည်း ရှိပါသည်။ ဤ နည်းဖြင့် အခါတိုင်တစ်ခု၏ အထက်ဂြိုဟ်၊ အောက်ဂြိုဟ် တို့ကို စိတ်ထဲ၌ မြန်ဆန်စွာ မှတ်ယူသုံးစွဲနိုင် ကြသည်။




၁၀။ နေ့အခါ ၈-ပါးနှင့် ညဥ့်အခါ ၈-ပါး တို့ခွဲဝေခြင်း၊

ဋီကာကြီးတွင် Fig. AstroTime-27 ၏ ယာဖက်တွင် ပြထားသည့် အတိုင်း နေ့အခါ ၈-ပါးကိုသာ အသေးစိတ်ဖေါ်ပြ ထားသည်။  အောက်ခြေတွင် ညဥ့်၌လည်း ၄င်းအတူသိလင့် ဟုဆိုထားသည်။ ထို့ကြောင့် အဆိုပါ အခါစဉ်ကို နေဝင်မှ နောက်တနေ့ နေထွက် အထိ ရေတွက်ခြင်းသည် ကျမ်းရင်း၏အယူအဆ ဟုမှတ်ယူ၍ ဤပို့စ်တွင် အသုံးပြုထားပါသည်။ နေ့အခါ ၈-ပါးယူပုံသည် ဝိဝါဒကွဲ  ပြားမှုမရှိသော်လည်း ညဥ့်အခါ ၈-ပါးတို့၏ အစီအစဉ် ယူဆပုံမှာ ကိုးကားထားသည့် စာအုပ်အချို့တွင် ဖေါ်ပြခြင်း မရှိပဲ အချို့၌ ၀ါ ဒကွဲများကို တွေ့ရှိရပါသည်။ ထို့အပြင် အထက်တွင် ဖေါ်ပြထား သကဲ့သို့ အခါများကို မျက်မြင်နေနာရီ အားဖြင့် ပိုင်းခြားလေ့ရှိပြီး လက်တွေ့မှတ်သား သုံးစွဲရာ၌ အရပ်သုံး/ရုံးသုံး စံတော်ချိန် အားဖြင့် ရေတွက်ခြင်းက ပို၍အဆင်ပြေကြောင်း တွေ့နိုင်ပါသည်။ ဤ တွင် အင်္ဂဝိဇ္ဇာ၌ နေထွက်မှနေဝင် နှင့် နေဝင်မှနောက်နေထွက် အထိ ၁-ရက်ဟု သတ်မှတ်ခြင်းကြောင့် ပုံတွင်ပြထား သကဲ့သို့အရပ် သုံး စံတော်ချိန်/နေ့ဖြင့် တစ်ထပ်တည်း မကျကြောင်း တွေ့နိုင်ပါသည်။ အဆိုပါ သုံးစွဲမှု ကွာဟချက်ကို ပရိုဂရမ် တစ်ခုရေးသား၍ ကျိုးစားကိုင်တွယ် ဖြေရှင်းထားပါသည်။



အင်္ဂဝိဇ္ဇာ အခါခွဲဝေမှု များကို အထက်ဖေါ်ပြပါ အတိုင်း အစီအစဉ်ချ ကြည့်လျှင် Fig. AstroTime-28 တွင် ပြထားသကဲ့သို့ တစ်ပတ် အတွင်းရှိရက်တို့ အတွက် အင်္ဂဝိဇ္ဇာ နေ့ကူးပြောင်းချိန်၌ အခါများလည်း အစဉ်လိုက် ကူးပြောင်းသည် ကိုတွေ့နိုင်သည်။ ဥပမာ တ နင်္ဂနွေနေ့၏ နောက်ဆုံးအခါမှာ ၁နွေဖြစ်၍ တနင်္လာနေ့၏ ပထမဆုံးအခါမှာ ၂လာဖြစ်သည်။ နေ့နှစ်မျိုးတွင် အရပ်သုံးနေ့သည် အင်္ဂဝိဇ္ဇာနေ့ မစမီ ယခင်နေ့ နောက်ဆုံးအခါ ၄-ခုဖြင့် စတင်သည်။ ထို့ကြောင့် အင်္ဂဝိဇ္ဇာနေ့၏ နေ့ ၈-ခါနှင့် ညဥ့် ၄-ခါ အပြီးတွင် အရပ်သုံးနေ့ အဆုံးသပ်သည်။ အခါများပိုင်းခြား သုံးစွဲရာတွင် အရပ်သုံးနေ့/ရက်စွဲ စံတော်ချိန် တို့အားဖြင့် တွက်ချက်ဖေါ်ပြခြင်း ကများစွာ အဆင်ပြေမှုကို ဖြစ်စေသည်။ သို့ရာတွင် အခါများပိုင်းခြား ခွဲဝေခြင်း သတ်မှတ်ရေတွက်ခြင်း စသည်တို့ကို မျက်မြင်နေ သွားဆိုင်ရာ တွက်ချက်မှုများ အပေါ်အခြေပြု လုပ်ဆောင်ရန် လိုပါသည်။

အခါများ သတ်မှတ်ရာတွင် ဖေါ်ပြပါ အရပ်သုံး နေ့၏အစ၊ အင်္ဂဝိဇ္ဇာ နေ့၏အဆုံး ၄-ခါ ယူဆပုံမှာ ကိုးကားကျမ်း အချို့၌ ပြထား သည့် အခါတို့နှင့် ကွာခြားကောင်း ကွာခြားနေမည် ဖြစ်သည်။ သို့ရာတွင် အဆိုပါ ၄-ခါသည် သန်းခေါင်မှ နေထွက်အတွင်း ကျရောက်လျှက် ရှိခြင်းကြောင့် ဟောပြောခြင်း ဆိုင်ရာကိစ္စ ရပ်များအတွက် ထိခိုက်အငြင်းပွား ဖွယ်ရာမရှိနိုင်ဟု ယူဆပါသည်။



ကိုးကားသော စာအုပ်များ။

၁။ ဗေဒင်ဟောပုံ နည်းမျိုးစုံ-ဗေဒင်ပညာရှိ မြိတ်ဦးဘိုးထိန်၊ ပညာအလင်းပြ၊ 1964
၂။ ကာလကြီးဋီကာ-စာအုပ်ရှင် မောင်သောင်း၊ ပညာအလင်းပြ၊ 1958
၃၊ အာထပ္ပန မဟာကာလ ဟောနည်းကျမ်း-ဆရာဦးကြည်၊ တို့ညီနောင်စာပေ၊ 1981


Messenger: Aye Win Kyaw                                                                                 
3-07-2018                                                                                                                                   
ဆက်ရန်  

1 comment:

Anonymous said...

ဆရာ သတိမိပါတယ်ဆရာ။ ကောင်းရာသုဂတိ ရောပါစေ