Thursday, August 3, 2017

51. Horoscope, a Sky Map 7


ကောင်းကင်အမြင် ဇာတာခွင် ၇

၁၅။ Stellarium  ဖြင့် ကောင်းကင်အမြင် ကြည်ခြင်း

 စတယ်လာရီယံသည် ကောင်းကင်အမြင် ကြည့်ရှု့ရန် နက္ခတ္တဗေဒပညာ ဝါသနာပါသူတို့ အတွက် မိမိကိုယ်ပိုင်ကွန်ပျူတာတွင်  ထည့်သွင်းလျှက် ထင်ရမြင်ရ နက္ခတ်တာရာပြခန်း (Virtual planetarium) တစ်ခုအဖြစ် ဖန်တီးနိုင်သော ပွင့်လင်းခြေမြစ် (Open source) ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါသည်။ ဝင်းဒိုးစ် 7 (နှင့် ပို၍မြင့်သောဗာရှင်များ)၊ မက်စ် OS X နှင့် လိုင်းနပ်စ် (Linux) တို့ပေါ်၌အ သုံးပြုနိုင်လျှက် နက္ခတ်တာရာ ပြခန်းကြီးများ၏ ရုပ်ရှင်ပြ စက်တို့တွင်လည်း ထည့်သွင်းသုံးစွဲ လေ့ရှိကြသည်။ နက္ခတ္တဗေဒ  အမြင်  ပိုင်း သင်ကြားလေ့လာမှုများ ပြုလုပ်ရန် အထောက်အကူများစွာ ဖြစ်စေပြီး အခမဲ့ရရှိနိုင်လျှက် နောက်ဆုံးထုတ်ဗာရှင်မှာ Fig. Sky-26 တွင် ဖေါ်ပြသည့်အတိုင်း 0-16-0 ဖြစ်သည်။ ဤ ပို့စ်တွင်ယ္ခင်တင်ခဲ့ပြီးသော Astrology on the Sphere ပို့စ်များတွင် ဖေါ်ပြခဲ့ သည့် ကောင်းကင်စက်လုံး အယူအဆဖြင့် နက္ခတ်ဗေဒင်ဆိုင်ရာ ရှင်းလင်းမှုများ၌ ထောက်ကူသုံးစွဲသွားရန်  လွယ်ကူရှင်လင်း  သော ဗာရှင်ဖြစ်သည့် 0.12.3 ကိုသာအသုံးပုသွား မည်ဖြစ်ပါသည်။


စတယ်လာရီယံကို စ၍ဖွင့်လျှင် ကွန်ပျူတာစံနစ်၏ ရက်စွဲနှင့် အချိန်အရ ကောင်းကင်၌ရောက်ရှိဆဲ နေ၊ လ၊ နက္ခတ်တာရာ များနှင့် ဂြိုဟ်၊ ဂလက်ဆီ၊ နက်ဗျူလာ အစရှိသော ကောင်းကင်ဝတ္တုအားလုံး၏ တည်နေရာများအား တွက်ချက်ဖေါ်ပြမည်  ဖြစ်သည်။ ကွန် ပျူတာထားရှိရာ ပတ်ဝန်းကျင်တွင် အလင်းရောင်နည်းစေရန် ဖန်တီးခြင်းဖြင့် သေးငယ်သော ကြယ်များအ ထိ တွေ့မြင်နိုင် ပါသည်။ သုံးဖက်မြင် ကောင်းကင်စက်လုံးကို ပြင်ပကွင်းဆင်း၍ ကြည့်ရှုသကဲ့သို့ မြင်တွေ့နိုင်ပြီး  ရိုလာမောက်စ်ကို အသုံးပြု ခြင်းဖြင့် မြင် ကွင်း ရွှေ့ခြင်း၊ ချဲ့ခြင်း၊ ချုံ့ခြင်းစသည်တို့ လုပ်ဆောင်နိုင်သည်။ ဝတ္တု တခုခုအပေါ် တွင်  မောက်စ်ကလစ် လုပ်ခြင်း ဖြင့်အမည်၊ အလင်း အား၊  ကောင်းကင်ကိုသြဒီနိတ်များ၊ အဇ္ဇမတ်-မြင့်ထောင့် စသော မြေပြင်ကို သြဒီနိတ်၊ စသည့် အချက်အလက်တို့ကို လက်ဝဲဖက် အထက်ထောင့်၌ ဖေါ်ပြလေ့ရှိသည်။

နက္ခတ္တဗေဒ အမြင်ကြည့်ရာ၌ ကြယ်များကို အုပ်စုဖွဲ့လျှက် နောက်ခံအရုပ် (Constellation arts) တို့အားဖြင့် မှတ်သားသော
 အစဉ်အလာသည် ရှေးအခါ ကပင် စတင်ခဲ့သည်။ ဤဆောဖ်ဝဲတွင် အနောက်တိုင်းသုံး ကြယ်စုရုပ် ၈၈-ခု ကိုအသုံးပြု ဖေါ်ပြထားသည်ကို တွေ့ရမည်။ အဆိုပါ နောက်ခံကြယ်စုရုပ် များကို ပေးထားသော စာရင်းတွင် အာရပ်ဗ်၊ အီဂျစ်၊ အိန္ဒြိယဝေဒ စသောအရုပ် များသို့ ပြောင်းလဲပြသစေနိုင် သကဲ့သို့ လိုအပ်သည့် ကျွမ်းကျင်မှုရှိလျှင် မိမိတို့မြန်မာနက္ခတ်ရုပ်တို့ကိုလည်း ထည့် သွင်းနိုင်ဖွယ်ရာ ရှိပါသည်။

၁၆။ စတယ်လာရီယံ သုံးစွဲရန်မီနျူးများ။



ဆော့ဖ်ဝဲဖွင့်လျှင်ဖွင့်ချင်းသာမာန်အားဖြင့်ကောင်းကင်၏ခွင်လုံးပြည့်မြင်နိုင်စေရန်စီစဉ်ထားရှိခြင်းကြောင့်မီနျူးများကို မြင်နိုင်ခြင်း မရှိပေ ။မီနျူးကို ဝဲဖက်နှင့် အောက်ခြေ ဘောင်များသို့ မောက်စ်ဖြင့်ထိကြည့်ခြင်းဖြင့် ခေါ်ယူသုံး စွဲနိုင် ပါ သည်။ အောက်ခြေဘောင်သို့ထိလျှင် ရေပြင်ညီမီနျူး ပေါ်လာလျှက် Fig. Sky-27 တွင်ပြထားသည့် လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်မည်ဖြစ်သည်။ ရှေ့ တွင် ဆော့ဖ်ဝဲသုံးစွဲပုံ အဆင့်ဆင့်ကို ဥပမာများနှင့် အသေး စိတ် ပြသသော အခါ၌ ဤမီနျူးဖြင့် စက္ကရင်ပေါ် ရှိ ပြသမှုအမျိုးမျိုးအားမည်ကဲ့သို့ ထိန်းချုပ်လုပ်
ဆောင် သွားသည်ကို တွေ့မြင်သွားရမည် ဖြစ်ပါသည်။


လက်ဝဲဖက်ဘောင်သို့ မောက်စ်ဖြင့်ထိခြင်းဖြင့် Fig. Sky-28 ၌ပြထားသော ရွေးချယ်လုပ်ဆောင် နိုင်သည့် မီနျူးအုပ်စုအား တွေ့ရ မည်ဖြစ်သည်။ ပုံ၏လက်ယာဖက်ခြမ်းတွင် နေ့ဖက်၌မြင်နိုင်သော မြင်ကွင်းပုံစံနှင့် ညဥ့်ဖက်တွင် တွေ့ရမည့် မြင်ကွင်းပုံစံ အသီးသီး ကိုပြထား ပါသည်။ ဆော့ဖ်ဝဲသည် နေရာဒေသနှင့် အချိန် အခါအလိုက် နေ့ဖြစ်သည်၊ ညဥ့်ဖြစ်သည်၊ စသည်ကို တွက်ချက်လျှက် သင့်လျှော်ရာအား ဖေါ်ပြထားခြင်း ဖြစ်ပါသည်။


AyeWinKyawBlogpost 51.pdf

Telegram userID: AWKyaw                                                 SMS: 09 459 824 750
3-8-2017                                                                                             
ဆက်ရန်

No comments: