Thursday, August 10, 2017

54. Horoscope, a Sky Map 10



ကောင်းကင်အမြင် ဇာတာခွင် ၁၀

နေ့တာရှည်၍ သတ်မှတ်ထားသော နေ့/လ ပိုင်းများအတွင်း နေ့တာချွေတာချိန်ကို သတ်မှတ်သုံးစွဲကြခြင်း ကြောင့် ပါရီ၌ တစ်နှစ် လျှင် ၇-လ၊ နယူးယောက်တွင် တစ်နှစ်လျှင် ၅-လ၊ စီ အချိန်ကို ၁-နာရီတိုးခြင်း၊ အချိန်ပိုင်းဇုံအား 1hour တိုး၍ သတ်မှတ်သုံးစွဲ ကြ ကြောင်း တွေ့ရှိခဲ့ပြီး ဖြစ်သည်။ သာမန်အားဖြင့် ပါရီစံတော်ချိန်ကို ဇုံ +1hour ၌ရှိသော အချိန်အဖြစ်ပြလျှက် DST အား သုံးစွဲချိန်  တွင် +2hour တွင်ရှိသည့် အချိန်အဖြစ် လည်းကောင်း၊  နယူးယောက်၏ စံတော်ချိန်သည် သာမန်အားဖြင့် -5hour တွင်ရှိသည့် အ ချိန်အဖြစ်ပြ၍ DST အား သုံးစွဲချိန်၌ -4hour တွင်ရှိသည့် အချိန်အဖြစ် လည်းကောင်း၊  အသီးသီး အသုံးပြုကြသည်။

မိမိတို့ ဝန်းကျင်နိုင်ငံများတွင် (DST) သုံးကြသလား

အချိန်ပိုင်းဇုံ အားဖြင့် မိမိတို့ ဝန်းကျင်နိုင်ငံများ ဖြစ်ကြသော India +5.5 hour, Thailand +7hour, Loas, Cambodia, Vietnam တို့က Indochina Time (ICT) ဖြစ်သည့် +7hour ကို တညီတညွတ်ထည်း သုံးစွဲကြသည်။  စင်္ကာပူနှင့် မလေးရှား နိုင်ငံတို့က +8hour ဇုံကို သုံးစွဲကြသည်။ TimeTemperature.com တွင် နိုင်ငံ အားလုံးသည် DST သုံးစွဲခြင်း မရှိကြကြောင်းနှင့် အချိန်ပိုင်းဇုံ တို့၏ တည်နေရာကို Fig. Sky-36 ဝဲဖက်၌ ဖေါ်ပြထားသည်။ ဤတွင် စင်္ကာပူစံတော်ချိန်သည် ပထဝီအနေအထား အရကိုယ်စားပြုသော 105degree(E) တနည်းအားဖြင့် 7hour ဟုမသတ်မှတ်ပဲ 8hour ဟူ၍ ယူထားခြင်းကို ဆန်းစစ်ရန် လိုပါသည်။ လေ့လာ ကြည့်သောအခါ မလေးရှားသည် ဆာဗား၊ ဆာရာဝတ် စသည့် အရှေ့မလေးရှား၏ ဇုံကိုလိုက်ယူထား၍ စင်္ကာပူသည် မလေးရှား၏ စံတော်ချိန် အတိုင်းနှစ်နိုင်ငံ စီးပွားရေး ဆက်ဆံမှု သဘောအရ ယူထားရာ တစ်နှစ်ပတ်လည်လုံး နေ့တာချွေတာချိန်ကို အသုံးပြု ထားသကဲ့သို့ တွေ့နိုင်သည်။ NUS သင်္ချာနှင့် နက္ခတ္တဗေဒ ပါမောက္ခ Professor Helmer Aslaksen ၏အောက်ဖေါ်ပြပါ ရည်ညွှန်း ဝက်ဘ် စာမျက်နှာတွင် စင်္ကာပူ သည် အချိန်ကာလပိုင်း အလိုက်စံတော်ချိန် အမျိုးမျိုး ပြောင်းလဲသုံးစွဲ ခဲ့ကြောင်းကို Fig. Sky-36 ယာဖက်၌ ပြထားသည့် အတွက် ဇာတာခွင် တွက်ချက်ရန် သင့်လျှော်ရာ အချိန်ပိုင်းဇုံ ကိုဂရုစိုက် ရွေးချယ်ရမည် ဖြစ်ပါသည်။



Telegram userID: AWKyaw                                             SMS: 09 459 824 750
10-8-2017                                                                                       
ဆက်ရန်

No comments: