Sunday, August 6, 2017

53. Horoscope, a Sky Map 9



ကောင်းကင်အမြင် ဇာတာခွင် ၉

၁၈။ နေ့တာချွေတာချိန် (DST) သုံးရန် လိုအပ်လျှင်။

ကမ္ဘာ့အီကွေတာမှ ဝေးကွာသော လတ္တီတွဒ် တန်ဖိုးမြင့်သည့် ဒေသများတွင် နွေရာသီ၌ နေ့တာရှည်လွန်းသည်ကို အကြောင်းပြု၍  နေ့တာချွေတာချိန် (Daylight  saving time) ဟုသတ်မှတ် သုံးစွဲလေ့ ရှိကြသည်။ အဆိုပါ အချိန်ပိုင်းကို နွေဦး (Spring) စတင် ဝင်ရောက်ချိန်မှ အစပြုလျှက် နွေကုန်-ဆောင်းဝင် (Winter) ချိန် ၌အဆုံးသပ်သည်။ ပြီးခဲ့သော ပို့စ်တွင် ဖေါ်ပြခဲ့သည့် ပါရီမြို့ရှိ ရက်စွဲမှာ Fig. Sky-33 တွင် ပြထားသည့်အတိုင်း Paris summer time (DST) စတင်ခဲ့သော Sunday 26 March 2017, 02:00 Paris standard time  နှင့် Paris winter time သို့ထွက်မည့် Sunday 29 October 2017, 03:00 Paris daylight time ရက်စွဲနှစ်  ခုအကြား၌ ကျရောက်လျှက် ရှိသည်။ ဤတွင် အချိန်သုံးမျိုး ပါဝင်နေသည်။ သာမန်အချိန်သုံး ပါရီစံတော်ချိန်မှ ပါရီနွေစံချိန် သို့ဝင်  ရောက်ပြီး တဖန် ပါရီနွေစံချိန်မှ ပါရီဆောင်းစံချိန် (ပါရီစံတော်ချိန်) သို့ပြန်လည် ထွက်ခြင်းဖြစ်သည်။ ယေဘုယျ သတ်မှတ်ချက် အားဖြင့် နှစ်စဉ် မတ်လနောက်ဆုံးပတ် တနင်္ဂနွေနေ့မှ အောက်တိုဘာလ နောက်ဆုံးပတ် တနင်္ဂနွေနေ့ အထိ ဖြစ်သည်။


နေ့တာချွေတာချိန် စံနစ်သည် မိမိတို့ကဲ့သို့ နေ့တာမရှည်လွန်းသော ဒေသများ၌ သုံးစွဲလေ့မရှိသော် လည်း ဥရောပနှင့် အမေရိက တို့တွင် မွေးဖွားသည့် ဇာတာခွင်များ တွက်ချက်ရာတွင် အထူးဂရုပြုရန် လိုအပ်ပါသည်။ ဒေသအလိုက် သတ်မှတ်ချက်များ ပြောင်း လဲလေ့ရှိပြီး လွန်ခဲ့သော နှစ်များစွာက မွေးဖွား ခဲ့သူ တစ်ဦးအတွက် လိုအပ်လျှင် DST ဆိုင်ရာ အင်တာနက် စာမျက်နှာတို့မှ ရှာဖွေရ ရှိနိုင်သည်။ ဥပမာ အားဖြင့် 1946 June 14 တွင် New York ၌ ဖွားဖြင်ခဲ့သူ အမေရိကန် သမတ Mr. Donald John Trumph ၏ ဇာ တာကိုတွက်ရန် ရှာကြည့်ရာ၌ Fig. Sky-34 တွင်ပြထား သည့်အတိုင်း 1946 ခုနှစ် နွေရာသီအတွက် စတင်ချိန်နှင့် အဆုံးသပ်ချိန် တို့ကို timeanddate.com တွင် တွေ့နိုင်သည်။

ဤဝက်ဘ် စာမျက်နှာတွင် နေ့တာချွေတာချိန် သို့ဝင်ရောက်ချိန်နှင့် ထွက်ခွါချိန်တို့၌ အချိန်နာရီအား မည်ကဲ့သို့ ညှိနှိုင်းရသည်ကို  တွေ့နိုင်ပါသည်။ 28 Apr 1946 တွင် ဒေသစံတော်ချိန် 02:00:00  ရှိသောအခါ ဒေသ နေ့တာချွေတာချိန် 03:00:00  အဖြစ် တစ် နာရီ တိုးပေးသည်။ တဖန် 29 Sep 1946 ၏ နေ့တာချွေတာချိန် 02:00:00  သို့ ရောက်သော အခါ၌နာရီကို 01:00:00 အဖြစ် တစ် နာရီ လျှော့ပေးသည်။ Spring forward-Fall back ဟု အဆိုရှိကြသည့် အတိုင်း နွေဦးတွင် ၁-နာရီ တိုးခြင်းဖြင့် ဆုံးရှုံးမှု ရှိလျှက်  ဆောင်းအဝင်၌ ၁-နာရီ လျှော့ခြင်းဖြင့် ပြန်လည်မြတ်စွန်းမှုကို ဖြစ်စေသည့် သဘောဖြစ်သည်။ ယ္ခုကဲ့သို့ အထောက်အထားများ ပြည့်စုံသည့် အခါတွင် SwissHoro v-3.1 1941-1950.xlsx ဖြင့်လိုသော ဇာတာခွင် ကိုတွက်ချက်ရာ Fig. Sky-35 ၌ ဖေါ်ပြထား သည့်အတိုင်း ရရှိသည်။ ရာဇယုဂ်၊ ဓနယုဂ် များနှင့် ပြည့်စုံလျှက် ရန်၊ အနှောင့်အယှက်တို့မှ အကာအကွယ် ကောင်းစွာပေး ထား  သော ဤဇာတာခွင်တွင် တိထီ ၁၅-လုံးပြည့်ခါနီး စန်းသည် နိစ်အိမ်ရပ်လျှက် အားနည်းနိုင်ဖွယ်ရာ ရှိနေခြင်းကြောင့် လကြတ်ကြုံ-မကြုံ အထူးဆန်း စစ်ရန်လိုပါသည်။ timeanddate.com  တွင် ကြည့်သောအခါ ထိုနေ့၌ လသဗ္ဗကြတ် (Total Lunar Eclipse) ကြုံရန်ရှိ  သော်လည်း အချိန်နာရီနှင့် ဒေသအရ ကြတ်ခြင်းကို မြင်နိုင်ရန် မရှိကြောင်း တွေ့ရပါသည်။ ဒသာအားဖြင့် အထက်ယာ ဖက်ထောင့်၌ မြင်နိုင်သည့်အတိုင်း ရာဟုထူလ-အင်္ဂါအန္တရ-စန်းဘုတ္တိတို့တွင် သမတ အဖြစ်ကို ရခဲ့သည်။ ရာဟုသည် ဗျယရပ် ၆-ကြာပိုင် ရာသီ၌ ရပ်တည်သော်လည်း ယောဂကာရက လဂ်တွင်ပူးသည့် ၃င်္ဂါ၏ နက္ခတ်၌ စီးထား၍ အကျိုးထူးကို ခံစားရခြင်း  ဖြစ်နိုင်ပါသည်။






Telegram userID: AWKyaw                                            SMS: 09 459 824 750
6-8-2017                                                                                        
ဆက်ရန်
 


No comments: