Sunday, June 10, 2018

79. Myanmar Astronomy (4)


မြန်မာနက္ခတ္တဗေဒ  ()
                       
မြန်မာဗေဒင်ဆိုင်ရာ နေချိန်စံနစ်။ (အဆက်)
 
အချိန်ပိုင်း ဆိုင်ရာတွက်ချက်မှုများ တွင်အသုံးပြုရန် လိုအပ်သည့် မြန်မာပြည်တွင်း ဒေသအတို့အတွက် ဒေသဆိုင်ရာ အချိန် ပြင် ဆင်ချက်အချို့ကို Fig. AstroTime-05 ၌ပြထားသည်။ ဤတွင် မြန်မာစံတော်ချိန်မှ ဒေသဖျမ်းမျှချိန် သို့ပြောင်းယူရန် Local Lon in hms Zone ဟူသော သတ်မှတ်ချက်အရ တွက်ပြထားသည်။ အဆိုပါ ပုံသေသတ်မှတ်ချက် အတိုင်းတွက်ရ ပြင်ဆင်ချက် ကို နေချိန် သို့မဟုတ် ကြယ်ချိန်နှစ်မျိုး စလုံးအတွက် အောက်ပါအတိုင်း ပြောင်းလဲတွက်ယူနိုင်သည်။ MST (Myanmar Sidereal Time) သည် မြန်မာစံတော်ချိန် မျဉ်းရှိ စံကြယ်ချိန် ဖြစ်သော်


(က) ဇုံစံတော်ချိန်မှ ဒေသနေချိန် သို့ပြောင်းရန်                 LMT = IST + Loc. Corr.
() ဒေသနေချိန်မှ ဇုံစံတော်ချိန် သို့ပြောင်းရန်                  IST = LMT Loc. Corr.
() စံကြယ်ချိန်မှ ဒေသကြယ်ချိန် သို့ပြောင်းရန်               LST = MST + Loc. Corr.
() ဒေသကြယ်ချိန်မှ စံကြယ်ချိန် သို့ပြောင်းရန်             MST = LST Loc. Corr.

ဖြစ်သည်။ ဤကဲ့သို့ စံ/ဒေသ အပြန်အလှန် အချိန်ပြောင်း တွက်ယူရာတွင် တူညီသော အချိန်အမျိုးအစား ဖြစ်ရန်လိုသည်။



၃။ မျက်မြင်နေချိန် (True Solar Time)

မျက်မြင်နေချိန်နှင့် ဖျမ်းမျှနေချိန် တို့သည် http://en.wikipedia.org/wiki/Equation_of_time အရ Fig. AstroTime-06 တွင်ပြထားသကဲ့သို့ ရက်စွဲအလိုက်ကွာခြားမှု ရှိကြသည်။ အကြမ်းအားဖြင့် မျက်မြင်နေနှင့် ဖျမ်းမျှနေ တို့သည် Dec 25 တွင်ထပ်မိ ၍ zero,  Feb 11 ၌ အနိမ့်ဆုံး -14m15s, Apr 15 တွင် ထပ်မိပြန်၍ zero, ထိုမှ May 14 ဒုတိယ အမြင့်ဆုံး +03m41s, သို့ ရောက်ရှိ ပြီး Jun 13 ၌ ပြန်ထပ် မိကြလျှက် zero, Jul 26 တွင် ဒုတိယအနိမ့်ဆုံး ဖြစ်သော -06m30s, သို့ဆင်းပြီး Sep 1 တွင် အတက်၌တဖန် ထပ်မိကြ၍ zero, Nov 3 တွင်အမြင့် ဆုံး +16m25s, သို့ ရောက်ရှိလျှက် ထိုမှတဖန် ခရစ်စမတ် အချိန်တွင် ပြန်လည် ထပ်မိ ကြပြန် သည်။ အဆိုပါ ကွာခြာမှု တန်ဖိုးများကို အချိန်ညှိကိန်း (Equation of Time = EoT) ဟု ခေါ်တွင်သည်။ EoT ၏လက္ခဏာ သတ်မှတ် ချက်မှာ မျက်မြင်နေချိန် ကကြီးလျှင် (+) ငယ်လျှင် (-) ဟု မှတ်သားနိုင်သည်။ မျက်မြင်နေနှင့် ဖျမ်းမျှနေတို့ တစ်ထပ်တည်းကျချိန်၌ တပြိုင်နက်ထည်း မွန်းတည့်ကြကြောင်း သိနိုင်သည်။ အဆိုပါ ကွာခြားချက် ဖြစ်ရသော အကြောင်းရင်း နှစ်ရပ်မှာ

(၁) မျက်မင်နေသည် ဘဲဥပုံ လမ်းကြောင်းတလျှောက် ရွေ့ခြင်းကြောင့် ကွာခြားမှု (Eccentricity of orbit)
(၂) နေသွားလမ်း တလျှောက်ရွေ့နှုန်း သည်အီကွေတာ တလျှောက်ရွေ့နှုန်းနှင့် ကွာခြားမ ၊(Obliquity of the ecliptic)
တို့ဖြစ်သည်။ အချိန်ကို အီကွေတာ တလျှောက်အရွေ့နှုန်း ဖြင့်တိုင်းတာသည်။
 


မျက်မြင်နေချိန်နှင့် ဖျမ်းမျှနေချိန် တို့၏ဆက်စပ်မှုကို Fig. AstroTime-07 တွင်ပြထားသကဲ့သို့ မှတ်သားနိုင်သည်။ အနှုတ် လက္ခ ဏာဆောင်သော EoT သည် Fig. AstroTime-08 တွင်ပြထားသကဲ့သို့ ဖျမ်မျှနေ မွန်းတည့်ချိန်၌ မျက်မြင်နေ မွန်းမတည့်သေး ကြောင်း တွေ့နိုင်၍ အပေါင်းလက္ခဏာ ဆောင်လျှင် မျက်မြင်နေသည် ဖျမ်းမျှနေထက် ဦးစွာမွန်းတည့်မျဉ်းကို ဖြတ်ကျော်မည်ဖြစ် ကြောင်း Fig. AstroTime-09 အရ သိရှိနိုင်ပါသည်။
 



EoT ကို ဗေဒင်ဆိုင်ရာ တွက်ချက်မများတွင် အသုံးပြုသောအခါ အောက်ပါညီမျှခြင်းကို   သုံးခင်းအားဖြင့်မိ နစ်၏ တဝက်အထိအနီး စပ်ဆုံး ရရှိနိုင်ခင်းကြောင့် လုံလောက်သော တိကျမှရှိသည့်တန်ဖိုး တရပ်အဖစ် သုံးစွဲလေ့ ရှိပါသည်။

N သည်တွက်လိုသောနှစ်၏ ရက်အမှတ်စဉ် (day number in the year, with January 1 meaning N = 1) ဖစ်၍
B = (360/365) * (N - 81) ဖစ်လျှင်
E = 9.87 * sin(2*B) - 7.53 * cos(B) - 1.5 * sin(B) ဖစ်သည်။

ဤတွင် B ကိုဒီဂရီ ဖစ်ပြီး အချိန်ညှိကိန်း E ၏ တန်ဖိုးမှာ ဒဿမ မိနစ်ဖစ်၏။


Messenger: Aye Win Kyaw                                                             SMS: 09 459 824 750
10-06-2018                                                                                     
ဆက်ရန်  


 

No comments: