Friday, June 15, 2018

82. Myanmar Astronomy (7)


မြန်မာနက္ခတ္တဗေဒ  ()
                       
မြန်မာဗေဒင်ဆိုင်ရာ နေချိန်စံနစ်။ (အဆက်)

၇။ အင်္ဂဝိဇ္ဇာ အခါပိုင်းခားခင်း


မတလုံးကြေ တောင်တွင်းဆရာတော် ခင်ကြီးဖျော်၏ အင်္ဂဝိဖ္ဇာဋီကာကြီး ပထမတွဲ စာမျက်နှာ ၇၁-၇၂ တွင် ကာလ၏ ခဏ ဖစ်သော နက္ခတ်တို့၏ သဘောသည် အလွန်လျင်သော သဘောရှိရကား မန္ဒပုဂ္ဂိုလ်တို့ အကျိုးငှာသာ ဂြိုဟ်နေ ဟန် ရာသီတို့ကို ခင်းဖြစ်သည်။ စင်စစ်အားဖင့် ဗီဇနာမျှ ကိုသော်လည်း အလွန်အဟုတ် မရှိအောင် အခါကိုပိုင်းခြား နိုင်ခင်းသည်သာ ဝိဇ္ဇာမယ အတတ်ကို တတ်သည်မည်၏။ ဟု အခါပိုင်းခြားရာ၌တိကျမရှိရန် လိုအပ်ပုံအား န်းဆို ထားသည် ကိုတွေ့နိုင်ပါသည်။ ရှစ်တိုင် ထူ နာရီလှည့် တွက်ရာတွင် နေ့နာရီများ အတွက် နေထွက်ချိန်မှ စတင်၍ နေ့ ဗဟိုရ်ကို ဆင့်ကဲပေါင်းခြင်းဖင့် ၎င်း၊ ညဉ့်နာရီများ အ တွက် နေဝင်ချိန်မှ စတင်၍ ညဉ်ဟိုရ်ကို ဆင့်ကဲပေါင်း ခင်းဖြင့် ၎င်း၊ ဟိုရ်စည် နာရီတန်ဖိုးများ အသီးသီး ကိုတွက်ချက် ရယူခဲ့ သည်။ အင်္ဂဝိဇ္ဇာ အခါကို ပိုင်းခြားရာတွင် Fig. AstroTime-19ပထားသကဲ့သို့ နေ့တာနှင့်ညဥ့်တာတို့ကို ရှစ်ပိုင်း အညီအမျှ ပိုင်းခြားတွက်ချက်လေ့ရှိသည်။ ဤတွင် ဝိသုဝဝန်းကျင်သို့ နေရောင်ရှိချိန် တနင်္ဂနွေနေ့ အတွက် သူရဇ္ဇ၊ သောကြ၊ ဗုဒ္ဓ .. သူရဇ္ဇ စသည် နေ့ရှစ်ခါနှင့် ညဥ့်အတွက် သူရဇ္ဇ၊ သောကြ၊ ဗုဒ္ဓ .. သူရဇ္ဇ ဟု နောက်နေ့နေထွက် တိုင်အောင် ရေတွက်ပုံကို ပြထားပါ သည်။ အလားတူ တနင်္လာနေ့ အတွက် စနြေ္ဒာမှ စ၍ စနြေ္ဒာတွင်ဆုံး အောင်ရေတွက်ခြင်း အားဖြင့်၎င်း၊ အခါများကို ယူနိုင်သည်။ ကျန်နေ့များတွင် ၃ဂါနေ့၌ ဘောမမှစ ဘောမတွင်ဆုံး၊ ၄ဟူးနေ့၌ ဗုဒ္ဓမှစ ဗုဒ္ဓတွင်ဆုံး၊ ၅တေးနေ့၌ ဂုရုမှစ ဂုရုတွင်ဆုံး၊ ၆ကြာနေ့ ၌ သောကြမှစ သောကြတွင်ဆုံး၊ စနေနေ့၌ သောရီမှစ သောရီတွင်ဆုံး ဟူ၍ ရေတွက်သွားရမည် ဖြစ်ပါသည်။ အင်္ဂဝိဇ္ဇာကျမ်းအရ  နေ့တနေ့မှ နောက်တနေ့သို့ နေထွက်မှသာ ပြောင်းလဲမည် ဖြစ်ပါသည်။

နက္ခတ်ဗေဒင် ဇာတာခွင်ဖြင့် ဟောပြောနေသူ ဖြစ်သော်လည်း မေးမြန်းလာချိန် အတွက်ချထားသော အင်္ဂဝိဇ္ဇာ အခါတိုင်ကို ဆန်း စစ်ဟောပြောခြင်းဖြင့် ဇာတာတွင် မြင်ရန်ခဲယဉ်းသည့် လတ်တလော ရက်ပိုင်းလပိုင်း အတွင်းဖြစ်ရပ်များကို ဖြည့်စွက်ဟောပြော နိုင်မည် ဖြစ်ပါသည်။ ဤတွင် မေးလာသူ၏ မွေးနံဂြိုဟ်သည် အခါတိုင်တွင် ရပ်တည်မှု အနေအထားအား ဆန်းစစ်ဟောပြောရန် ဖြစ်ရာ မေးသူတနင်္ဂနွေ သားသမီးဖြစ်လျှင် မွေးနံသည် သူရဇ္ဇအခါတွင် အလယ်အချာ၌ ရှိ၍ သောကြအခါ၌ အောက်ဆုံးတွင် ရှိပြီး ဗုဒ္ဓအခါ၌ တိုင်ထိပ်သို့ ပြောင်းလဲ တည်ရှိသည်။ အခါတိုင်၏ ဂြိုဟ်နေများ လျင်မြန်စွာ ပြောင်းလဲမှု သဘောအရ ဟောချက်များ လည်း ကွာခြားမှု ရှိလာမည်ဖြစ်ရာ အလေ့အကျင့်ပြု ဟောပြောပါလျှင် လွန်စွာအားထားထိုက်သော စံနစ်ဖြစ်ကြောင်း တွေ့မြင်လာ မည်ဖြစ်ပါသည်။
 




န့ဗဟိုရ်၏ ထက်ဝက်ကိန်းနှင့် ညဥ့်ဗဟိုရ်၏ ထက်ဝက်ကိန်း တန်ဖိုးများကို အသုံးပြုပြီး ဝိသုဝနေ့နှင့် ယဉ်စွန်းတန်းနေ့များ အ တွက် အခါပြောင်းချိန် များကို Fig. AstroTime-20 တွင်ပထား သကဲ့သို့ တွက်ယူနိုင်သည်အသေးစိတ် အားဖြင့် ပုံတွင်

2018-03-20 နေ့သည် အဂါင်္နေ့ဖြစ်၍ နေ့/ညဥ့် အခါများသည် ဘောမမှစပြီး ဘောမတွင် ဆုံးသည်။ မေးချိန် 17h21m19s သည် 16:45:46 မှ 18:16:35 အတွင်းသည် 3 = ဘောမအခါ ဖြစ်သဖြင့် ဘောမတိုင် ထူရန်ဖြစ်သည်။

2018-06-21 နေ့သည် ကြသပတေးနေ့ဖြစ်၍ နေ့/ညဥ့် အခါများသည် ဂုရုမှစပြီး ဂုရုတွင် ဆုံးသည်။ မေးချိန် 17h23m23s သည် 17:10:33 မှ 18:51:35 အတွင်းသည် 5 = ဂုရုအခါ ဖြစ်သဖြင့် ဂုရုတိုင် ထူရန်ဖြစ်သည်။

2018-12-22   နေ့သည် စနေနေ့ဖြစ်၍ နေ့/ညဥ့် အခါများသည် သောရီမှစပြီး သောရီတွင် ဆုံးသည်။ မေးချိန် 17h18m44s သည် 16:07:03 မှ 17:28:00 အတွင်းသည် 7 = သောရီအခါ ဖြစ်သဖြင့် သောရီတိုင် ထူရန်ဖြစ်သည်။  


ဖတ်ရှုရန် အကြံပြုသော စာအုပ်များ။

၁။ အင်္ဂဝိဇ္ဇာ ဋီကာကြီး ပ+ဒု+တ တွဲ။
၂။ အင်္ဂဝိဇ္ဇာအလင်းပြ ယတြာဓာတ်ရိုက်ကျမ်း-အရှင်န္ဒဝံသမထေရ်
၃။ ၂၀ ရာစု အင်္ဂဝိဇ္ဇာဆောင်းပါးများ ပေါင်းချုပ်-ဆရာဦးမောင်မောင်သန်း
၎။ အင်္ဂဝိဇ္ဇာတိုင်နှင့် အဋ္ဌလဂ်ခွင် ပေါင်းစပ်ဟောချက်များ-ဦးလင်းအောင်
၅။ လာဘ်ရွှင်ကျန်းမာ ချမ်းမြေ့သာ-သန့်မင်းမောင်

Messenger: Aye Win Kyaw                                                                                  SMS: 09 459 824 750
15-06-2018                                                                                                                          
ဆက်ရန်  

No comments: