Saturday, June 9, 2018

78. Myanmar Astronomy (3)


မြန်မာနက္ခတ္တဗေဒ  ()
                       
မြန်မာဗေဒင်ဆိုင်ရာ နေချိန်စံနစ်။


ဗေဒင်ဆိုင်ရာ အချိန်စံနစ် အဖြစ် ဇုံစံတော်ချိန် (Zonal Standard Time) နှင့် ဒေသကြယ်ချိန် (Local Sidereal Time) တို့ကိုသာ ယ္ခုအချိန်အထိ သုံးစွဲခဲ့ပြီး ဖြစ်သည်။ ဇာတာဖွဲ့ရာတွင် ဇုံစံတော်ချိန် ဖြစ်သော မွေးဖွားချိန်မှ လဂ်နှင့် ဘာဝများတွက်ရန် ဒေသကြယ် ချိန်သို့ ပြောင်းလဲတွက်ချက် ခဲ့သည်။ ဇုံစံတော်ချိန် ဟူသော ကမ္ဘာသုံး အချိန်ပိုင်းဇုံများကို ပြီးခဲ့ သည့် ရာစုနှစ် အစပိုင်းမှ စတင် သတ်မှတ်သုံးစွဲလာ ကြခြင်းဖြစ်သည်။ အချိန်ပိုင်းဇုံများ သုံးစွဲခြင်းမတိုင်မီ ကတည်းက တည်ရှိနေခဲ့သည့် မြန်မာနက္ခတ်ဗေဒင် တွက် ရိုးများကို အသေးစိတ် တွက်ချက်လေ့လာ သောအခါ ဒေသဆိုင်ရာ မျက်မြင်နေချိန် (True Solar Time) များကိုသာ အဓိကမှတ်  သား သုံးစွဲကြကြောင်း တွေ့နိုင်သည်။ ၁၉၇၂ ခုနှစ်တွင် မိမိသည် မေမြို့နေ ဇနီး၏ အိမ်နီးခြင်းဖြစ်သည့် ကျော်ကြားသော နက္ခတ် ဗေဒင် ဆရာကြီးဦးဝေဠု ထံမှ သင်ခန်းစာ အချို့ဆည်းပူး မှတ်သားခွင့် ရခဲ့သည်။ တစ်နေ၌့ ဆရာကြီး ၏ပန်းခြံအတွင်း စိုက်ထူထား  သော နေနာရီ (Sundial) ရှိရာသို့ ခေါ်သွားပြသ၍ ဗေဒင်ဟောချင်ရင် မျက်မြင်နေနာရီ ကိုသုံးတတ်ရမယ် ဟူသောသြဝါဒကို မှတ် သားခဲ့ရသည်။ ဆရာကြီး ကိုယ်တိုင်လည်း အိတ်ဆောင်နာရီကြီးအား အိတ်ထဲမှထုတ်၍ နေနာရီဖြင့်ချိန်ကိုက်သည်ကို တွေ့ရသည်။ ဒုတိယ မှတ်သားဖွယ်ရာမှာ ဆရာကြီးသည် အရှေ့တိုင်း နက္ခတ်ဗေဒင် (Vedic Astrology) ကိုသာ သုံးစွဲဟောပြော သူဖြစ်သော် လည်း မိမိအား သာယနဗေဒင် သဘောတရားများကို မျက်ခြေမပြတ် လေ့လာပါ။ သို့ရာတွင် စံနစ်နှစ်ခုကို ရောထွေး၍ သုံးစွဲရန်မ ဟုတ်ပဲ နည်းစံနစ်ကောင်း ဝေဖန်ဆန်းစစ်နည်းကောင်း များကိုသာ နမူနာယူပြီး လေ့လာသင့်ကြောင်း ပြောပြခဲ့သည်။ ထို့ကြောင့် ဤပို့စ်တွင် မိမိရှာဖွေလေ့လာ ထားသော မြန်မာနာရီ စံနစ်နှင့် အသုံးပြုပုံတို့ကို တင်ပြဆွေးနွေး သွားမည်ဖြစ်ပါသည်။



၁။ ဖျမ်းမျှနေချိန် (Mean Solar Time)

မိမိတို့ နေ့စဉ်နေ့တိုင်း တီဗွီ၊ ရေဒီယို၊ လေယဉ်ပျံထွက်/ဝင်ချိန်၊ မီးရထားထွက်/ဝင်ချိန်၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း အစရှိသည်တို့မှပြ သ၍ တညီတညွတ်တည်း သုံးစွဲနေကြသော အချိန်မှာ မြန်မာစံတော်ချိန် ဖြစ်ကြောင်း အထူးဖေါ်ပြရန် မလိုပါ။ မြန်မာနိုင်ငံ အတွက် သတ်မှတ်ထားသော ဂရင်းနစ်၏ အရှေ့လောင်ဂျီတွဒ် 97deg30E = 6h30mE ကိုရည်ညွှန်းသည့် ဖျမ်းမျှနေချိန် ဟူ၍လည်း ဆိုနိုင် သည်။ ရှေးအစဉ်အလာ အားဖြင့်အချိန်ကို ဒေသတစ်ခုချင်း အတွက်တိုင်းတာ/တွက်ချက်သော မျက်မြင်နေ (True Sun) သွား အား ဖြင့် မှတ်သားသုံးစွဲ ခဲ့ကြသည်။ မျက်မြင်နေချိန်သည် နေ၏တည်နေရာ ရာသီအလိုက် ရွေ့လျှားသောနှုန်းအရ  ပြောင်းလဲသည်။ထို့  ပြင် နေထွက်/ဝင် သည် ဒေသလတ္တီတွဒ်အလိုက် ပြောင်းလဲမှုရှိသည်။ အဆိုပါ မညီညွတ်သော နှုန်းရှိသည့် အချိန်စံနစ်ကို အသုံးပြု ခြင်းထက် နေရာအနှံ့ ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက် လာသောခေတ်တွင် ညီညွတ်သည့် နှုန်းရှိသော ဖျမ်းမျှနေချိန် ဖြင့်အစားထိုး သုံး စွဲလာကြသည်။  





မျက်မြင်နေသည် Fig. AstroTime-01 တွင်ပြထားသကဲ့သို့ နေသွားလမ်းတလျှောက် ရွှေ့လျှားခြင်းကြောင့် ကမ္ဘာ့လည်ပတ်မှု၏ တိုင်းအတာကိုပြသည့် အီကွေတာတလျှောက် ပုံရိပ်ချအရွေ့နှုန်း မှာပြောင်းလဲမှုရှိသည်။ ကောင်းကင်အီကွေတာ၏ လည်ပတ်မှု သည် တနည်းအားဖြင့် ကမ္ဘာ့အချိန် တိုင်းတာမှုကိုလည်း ညွှန်ပြသည်။ ထို့ကြောင့် တသမတ်ရွေ့နှုန်း ရှိပြီးသံပတ် တစ်မျိုးမျိုးဖြင့် လည်ပတ်နိုင်သော စက်နာရီနှင့် သဏ္ဍန်တူသည့် ဖျမ်းမျှနေချိန်ကို သတ်မှတ်သုံးစွဲခဲ့ ကြသည်။  စိတ်ကူးဖြင့် ဖန်တီးထားသော ဖျမ်းမျှ နေ၏အရွေ့ကို Fig. AstroTime-02 ပြထားသည့်အတိုင်း အီကွေတာတလျှောက် နှုန်းမှန်ဖြင့် ရွေ့လျှားလျှက်ရှိသော အမှတ်တစ်ခု ဖြင့် ကိုယ်စားပြုသည်။ ယ္ခုအခါ ဖျမ်းမျှနေချိန်အား အနုမြူအားဖြင့် မောင်းနှင်သော စက်နာရီအဖြစ် ညှိယူသုံးစွဲနိုင် ကြပြီဖြစ်ပါသည်။ တိုင်းနိုင်ငံ ဒေသတစ်ခုအတွင်း တပြေးညီသုံးစွဲနိုင်ရန်နှင့် နိုင်ငံတကာ ဆက်သွယ်မှု အဆင်ပြေစေရန် ဂရင်းနစ်ရှိ ဖျမ်းမျှနေနာရီကို ကမ္ဘာ့စံတော်ချိန် သုညနာရီအဖြစ် သတ်မှတ်၍ အရှေ့/အနောက်သို့ ၁နာရီ သို့မဟုတ် နာရီဝက် အဆတိုးသော ဇုံစံတော်ချိန်များ အဖြစ်မှတ်သား သုံးစွဲကြသည်။ မိုဘိုင်းဖုန်းကိုင်၍ နိုင်ငံရပ်ခြား ခရီးသွားသောအခါ နာရီကို ပြောင်းလဲညှိပေးရန် မလိုပဲအလိုလို အ ချိန်ပိုင်းဇုံ ရွေးပေးရန် ချိန်ကိုက်ထားပြီး ရောက်သောဒေသ၌ အင်တာနက်ဖွင့်ထားလျှင် ဇုံတန်ဖိုး ပြောင်းပေးမည် ဖြစ်သည်။

၂။ ဇုံ/ဒေသ ဖျမ်းမျှနေချိန် ပြောင်းခြင်း။

အရပ်သုံး ရုံးသုံး အနေဖြင့် ဇုံစံတော်ချိန်ကို တညီတညွတ်တည်း သုံးစွဲကြသော်လည်း နက္ခတ်ဗေဒင် တွက်ချက်သူများသည် ဒေသ ဖျမ်းမျှနေချိန် (Local Mean Time) ရှာပုံကိုလည်း သိရှိထားရန် လိုအပ်ပါသည်။ SwissHoro v-4 ကဲ့သို့ ဂရိုဂရမ်များဖြင့် ဇာတာဖွဲ့ ယူရာတွင် ဇုံစံတော်ချိန် တန်ဖိုးကို သိရှိထားရန် လိုအပ်ပါသည်။ အိန္ဒိယနိုင်ငံထုတ် ဗေဒင်စာအုပ်အချို့တွင် Fig. AstroTime-03 တွင်ပြထားသကဲ့သို့ မွေးချိန်ကို ဇုံစံတော်ချိန် (Indian Standard Time) ဖြင့် ဖေါ်ပြထားသော်လည်း တခါတရံ Fig. AstroTime-04၌ပြထားသကဲ့သို့ ဒေသဖျမ်းမျှနေချိန် အားဖြင့်ဖေါ်ပြ တတ်ပါသည်။ အဆိုပါ LMT ဖြင့် ပေးခဲ့သော် ဇုံစံတော်ချိန်သို့ အောက်ပါအ တိုင်း ပြောင်းလဲပြီးမှ ပရိုဂရမ်ကို သုံးပြီးတွက်ချက် နိုင်မည်ဖြစ်ပါသည်။  (Ref: Three Hundred Important Combinations.) 





(က) ဇုံစံတော်ချိန်မှ ဒေသနေချိန် သို့ပြောင်းရန်
        LMT = IST + ( Local Long in hms – 5.5)  
() ဒေသနေချိန်မှ ဇုံစံတော်ချိန် သို့ပြောင်းရန်
        IST = LMT + ( 5.5 – Local Long in hms)
   
ထို့ကြောင့်
IST = 13h21m13s + (5.5 – (77+34/60)) = 13h40m57s          ဖြစ်သည်။

ဤကဲ့သို့ ဒေသနေချိန်ကို ပေးထားသည်ဖြစ်စေ မြန်မာဗေဒင်ဆိုင်ရာ နေချိန်စံနစ် တွက်ချက်မှုများ လုပ်ဆောင်သည့် အခါ၌ဖြစ်စေ  ဒေသနေချိန်နှင့် ဇုံစံတော်ချိန် တို့အပြန်အလှန် ပြောင်းလဲတွက်ချက်နည်းသည် အရေးပါသော တွက်ချက်မှုအပိုင်း ဖြစ်ပါလိမ့်မည်။


Messenger: Aye Win Kyaw                                                                                  SMS: 09 459 824 750
09-06-2018                                                                                                                          
ဆက်ရန်  



No comments: