Thursday, February 18, 2016

3. Horoscopy using Excel (1)


ဗေဒင်ကို အိက်ဆဲလ်နဲ့ တွက်မလား (၁)




   
နက္ခတ်ဗေဒင်ပညာအား နှစ်ရှည်လများ လေ့လာလိုက်စားလာသောအခါ ဟောပြောမှုကိုအထောက်အကူပြုမည့် ဂြိုဟ်ပြောင်း၊နက္ခတ်ပြောင်း၊တိထီပြောင်း၊လဂ်ပြောင်းစသည့်တွက်ချက်မှုများလုပ်ဆောင်ရရှိသည့်အသင့်ပြင်ဇယားတို့ကိုလိုအပ်လာတတ်ပါသည်။ အင်တာနက်တွင် အလားတူဇယားများ သာမက အခြားသော ဗေဒင်ဆောဖ်ဝဲ များစွာကို ရရှိနိုင်သော်လည်း မိမိစိတ်တိုင်းကျသောရလာဒ်နှင့်အနေအထားတို့ဖြင့်တိုက်ရိုက်ကိုက်ညီမှု မရှိကြောင်း တွေ့ရတတ်ပါသည်။ ဤသို့ကြုံတွေ့ရသောအခါတွင်အိက်ဆဲလ်ကိုအသုံးပြု၍ ဗေဒင်တွက်ချက်နည်းအား လေ့လာ လေ့ကျင့်ခြင်းဖြင့် စိတ်ကြိုက်ဇယားနှင့်ပရိုဂရမ်ငယ်များကိုယ်တိုင်ဖန်တီးနိုင်စွမ်းရှိလာကြောင်း တွေ့ရပါလိမ့်မည်။အထက်ဖေါ်ပြပါပုံသည် SwissHoro ver-2.1 ဖိုင်တစ်ခုခုမှ ယ္ခု 2016 ခုနှစ်အတွက် ကူးယူပြုလုပ်ထားသော ဂြိုဟ်သွားပြက္ခဒိန်၏ နမူနာပုံစံ ဖြစ်ပါသည်။
 
မိုက်ကရိုဆော့ဖ် အိက်ဆဲလ် (Microsoft Excel) ကိုအဓိကအားဖြင့် စီးပွားရေး ဆိုင်ရာ စာရင်းအင်း တွက် ချက်မှုများ၌ သုံးစွဲလေ့ရှိကြောင်း တွေ့နိုင်ပါသည်။ သင်ကြားရေး ဆိုင်ရာစာအုပ်များ၊ ဗီဒီယို သင်တန်းမူများ တွင်လည်း တွက်ချက်မှု ဆိုင်ရာ နမူနာ ပုံစံများကို အရောင်းအဝယ် လုပ်ငန်းတွင် အသုံးချသည့် ပုစ္ဆာတို့ အား အသုံးပြု၍ ဖေါ်ပြလေ့ရှိသည်။ ယေဘုယျအားဖြင့် အိက်ဆဲလ်သည် စာနှင့် ဂဏန်းများကို အလျားလိုက် ရိုး (Rows) နှင့် ဒေါင်လိုက်ကော်လံ (Columns) တို့အားဖြင့် ဖွဲ့စည်းထားသော စပရက်ရှိ ဇယားကွက် (Spreadsheet) တို့တွင် အ ချက်အလက် (data)  များကိုထည့်သွင်း၍ ကိန်းဂဏန်းတို့အား စံနစ်တကျ လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းသည့် ပရိုဂ ရမ်တစ်ခု ဖြစ်သည်။ မည်ကဲ့သို့သော တွက်ချက်မှုမျိုးကိုမဆို ကွန် ပျူတာ အခြေခံရှိသူ မှန်သ၍ ကိုင်တွယ် သုံးစွဲနိုင်သည့်  အတွက်လူတိုင်းနှင့် သင့်လျှော်သော  ဆော့ဖ်ဝဲတစ် ခုဖြစ်သည်။ 

စာနှင့်ဂဏန်းတို့ ပါဝင်သော အချက်အလက်တို့ကို သုံးစွဲသူမှ သတ်မှတ်ပေးသည့် လိုအပ်ချက်အတိုင်း ဆုံး
ဖြတ်ချက်ချမှတ်၍ ရလာဒ်အား ထုတ်ပေးနိုင်သည့် ပရိုဂရမ်တစ်ခုဖြစ်သည့်အတွက် ဆင်တူသောတွက်ချက် မှု အစီအစဉ်များကို ထပ်ခါတစ်လဲလဲ ပြုလုပ်ရန်မလိုအပ်ဘဲ  ပရိုဂရမ်ငယ်များကို လွယ်ကူစွာ ရေးသားထား လျက်လိုအပ်သော အခါတိုင်းတွင် ခေါ်ယူသုံးစွဲနိုင်ပါသည်။ နက္ခတ်ဗေဒင်ဆိုင်ရာ တွက်ချက်မှု အမျိုးမျိုးတွင် လည်း SwissHoro ပရိုဂရမ်၌ ရက်စွဲနှင့်အချိန် Date/Time တွက်ခြင်း၊ ဂြိုဟ်သွားပြက္ခဒိန် Ephemeris မှ ဂြိုဟ်ဘုတ္တိဖြတ်ခြင်း၊ ဘာဝနှင့်ဥပဂြဟ တို့အားစက်လုံးတြိဂံထြီဂိုနည်း Spherical Trigonomety သုံး၍ဖြေ ရှင်းခြင်း၊ ဇာတာခွင် Chart ဆွဲသားပြခြင်း နှင့် ဒသာခွဲဝေစိတ်ပိုင်းခြင်း Dasa subdivisions စသည့် ခက်ခဲ
သောတွက်ချက်မှုများကို မည်ကဲ့သို့ လုပ်ဆောင်သည် တွေ့မြင်နိုင်ပါသည်။ အတွက်ပိုင်းတွင် တိကျ၍ပြည့် 
စုံသော ဇာတာခွင်တွက်နည်းကို လေ့ကျင့်နိုင်စေရန် Easy Microsoft Excel 2010, by Michael Alexan-
der, Que Publishing စာအုပ်ကို ရည်ညွှန်း၍ အခြေခံမှစတင် ရေးသားတင်ပြလိုက်ပါသည်။
တွက်ချက်မှုများကို လုပ်ဆောင်ရာတွင် သုံးစွဲသူနှင့် ကွန်ပျူတာတွင်ထည့်သွင်းထားသော ပရိုဂရမ် တို့ဆက် သွယ်မှု ကြားခံပစ္စည်း (UI=User Interface) များဖြစ်သည့် မီနျူးး (menus), ဒိုင်ရာလော့ဘော့က် (dialog box), တူးလ်ဘား (toolbars), ပေါင်းစပ်ကီးများ (keystroke combinations) နှင့် ဖိဆွဲချခြင်း (drag and drop) တို့ကို အ ခြေခံအားဖြင့် နားလည်သဘောပေါက်လျှင် အိက်ဆဲလ်ကို နိုင်နင်းစွာ အသုံးပြု သွားနိုင် မည် ဖြစ်ပါသည်။ လက်ဝဲ ဖက်အနားစွန်းတွင် ထက်အောက် နံပါတ်စဉ် (1, 2, 3, …) တို့အားဖြင့် ရည်ညွှန်း
ပြသသော ရိုးအမှတ်စဉ်နှင့် အထက်ဖက် အနားစွန်းရှိ ဝဲမှယာသို့အက္ခရာစဉ် (A, B, C, …) အားဖြင့် ရည် ညွှန်းသည့် ကော်လံအမည်ဖြင့် ဖွဲ့စည်းထားသော ဇယားကွက်ပါ စာမျက်နှာတို့ရှိ အကွက်ငယ်များကိုဆဲလ် (Cells) ဟုခေါ်သည်။ ဆဲလ်တခုစီတွင် အချက်အလက်များကို အစီအစဉ်တကျ ဖြည့်သွင်း ပြီးနောက် စာလုံး အရွယ်ညှိခြင်း၊ စာလုံးအရောင် ခွဲခြားခြင်း၊ ဆဲလ်နောက်ခံ အရောင်သတ်မှတ်ခြင်း၊ သဘောသဘာဝ တူညီ
သော စာ/ဂဏန်း တို့ကို အုပ်စုဖွဲ့ ဘောင်ခတ်ခြင်း၊ စသည်ဖြင့် တည်းဖြတ်လျက် ဇယားအမျိုးမျိုး ဆွဲသား ရိုက်ထုတ်ခြင်း၊ ဆိုင်ရာဆိုင်ရာ အချက်အလက်များကို တွဲဘက်တွက်ချက်ခြင်း၊ စသည့် လုပ်ငန်းရပ်တို့အား အိက်ဆဲလ်ဖြင့် လျင်မြန် လွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။

၁။ အိက်ဆဲလ်၏ ဖဲပြားမီနျူးသုံးစွဲခြင်း

အိက်ဆဲလ် 2010/2007 ဗာရှင်ဖိုင် တစ်ခုဖြစ်သော အိက်ဆဲလ်စာအုပ် (Excel Workbook) တွင် ကိန်းဂ ဏန်း အချက်အလက်များကို ရိုက်သွင်းတွက်ချက် နိုင်သည့်ဇယားကွက် (Spreadsheet) တနည်းအားဖြင့် စာမျက်နှာ ဟုခေါ် သော (Worksheet) တို့ဖြင့်ဖွဲ့စည်းထားသည်။ အိက်ဆဲလ် 2010 စာတစ်မျက်နှာတွင် ရိုးအရေအတွက် အများဆုံး ၁ဝ၄၈၅၇၆ (၁-သန်းကျော်)နှင့် ကော်လံ အရေအတွက် အများဆုံး ၁၆၃၈၄ (၁-သောင်း ၆-ထောင် ကျော်) စီစဉ်ထား ရှိသည်။ ဥပမာအားဖြင့် SwissHoro v-2.2 ၏ Chart ဇယားကွက် ၌ ရိုးပေါင်း ( 1-63 ) ၆၃-နှင့် ကော်လံပေါင်း (A-AJ) ၃၆-ခုမျှ သာသုံးစွဲ ထားသည်ကို တွေ့နိုင်ပါသည်။ သင့်
လျော်သော ဆဲလ်များအား ရွေးချယ် (select) လုပ်၍ တွက်လိုသော ကိန်းများကို ဖြည့်သွင်းပြီး ရလာဒ်ပေါ်
စေလိုသည့် ဆဲလ်တွင် ညီမျှခြင်း လက္ခဏာ (= Equal sign) ဖြင့် အစပြုသော သင်္ချာညီမျှခြင်းကို ရေးသွင်း အဖြေထုတ် နိုင်သည်။ အဆိုပါ သင်္ချာညီမျှခြင်း များရေးသွင်း သည့်အခါတွင် ထည့်သွင်းထားပြီး အချက်အ လက် များ၏ တည်ရှိရာလိပ်စာတို့အား ရည်ညွှန်း ရေးသားခြင်း သည် ပရိုဂရမ်တစ်ခု၏ အခြေခံ လိုအပ်ချက်
 ဖြစ်ပါသည်။

Excel 2007 ဗာရှင်မှ အစပြု၍ ပုံ-၁။ တွင်ဖေါ်ပြထားသည့် ဖဲပြားမီနျူး (Ribbon) စံနစ်သစ်ကိုစတင်ထည့် သွင်းထားသည့်အတွက် ပိုမိုလျှင်မြန် ထိရောက်သော တွက်ချက်မှုများ ကိုလုပ်ဆောင် လာနိုင်ခဲ့ကြသည်။ ဖဲပြားမီနျူးးသည် သုံးစွဲလိုသည့် အခါတွင်မှ  ပွင့်ကျလာစေရန် စီစဉ်ထားခြင်းကြောင့် သမရိုးကျ စာတန်းမီနျူး /အိုက်ကွန် မီနျူးတို့ထက် ပိုမိုလျှင်မြန်စွာ သုံးစွဲနိုင်ခြင်း၊ မလိုအပ်သော အခါတွင် ဖျောက်ထားနိုင်၍ ကျယ်
ပြန့်သော စာမျက်နှာပေါ်၌ လုပ်ကိုင်ခွင့်ရရှိခြင်း၊ စသောအကျိုး တို့ကိုရရှိစေသည်။ ယ္ခင်ဗာရှင်၏ သမရိုးကျ မီနျူးတွင်  စာတန်းပုံစံဖြင့် ပေးထားသော ပင်မမီနျူး (Main menu) မှလိုရာကို ရွေးချယ်ပြီး ပွင့်ကျလာသည့် ဆင့်ပွားမီနျူးငယ်များ (Sub menu) ထဲမှတစ်ခုခု ကိုရွေးချယ်၍၎င်း၊ အသုံးများသော လုပ်ဆောင်ချက်များကို အလွယ်တကူ ခေါ်ယူနိုင်ရန်ပေးထားသည့် အိုက်ကွန်မီနျူး (Icon menu) ထဲမှ ရွေးချယ်ခြင်းဖြင့်၎င်း၊ သုံးစွဲရ
 လေ့ရှိခြင်းကြောင့် ဖဲပြားမီနျူး သုံးစွဲသကဲ့သို့ လျှင်မြန်ထိရောက်ခြင်း မရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ဖဲ
ပြား မီနျူး ကိုယာယီ ဖျောက်ထားရန် ပုံ-၂။ တွင်ပြထားသကဲ့သို့ စာတန်းသာပေါ်သော မီနျူးပြားပေါ် တစ်နေ ရာရာတွင် ယာကလစ်နှိပ်၍ (Minimize the Ribbon) ကိုရွေးချယ် နိုင်သည်။ ဖဲပြားမီနျူးကို ပြန်ပေါ်လာစေ လိုသောအခါ ထို့နည်းတူ တဖန်လုပ်ဆောင် ခေါ်ယူနိုင်သည်။



ဆက်ရန်

No comments: