Thursday, February 25, 2016

7. Horoscopy using Excel (5)

 ဗေဒင်ကို အိက်ဆဲလ်နဲ့ တွက်မလား (၅)

၆။ IF ဖန်ရှင်ကို အသုံးချခြင်း

ပုံ-၉။ တွင် ဖေါ်ပြထားသော ဥပမာရှိ ဆဲလ် E2 ၌ ညီမျှခြင်း =WEEKDAY(D2) ရေးခြင်းအားဖြင့် Sunday = 1, Mon-day = 2, … အစ ရှိသောနေ့ ကိုယ်စားပြု ဂဏန်းများကို ပြသစေနိုင်ပါသည်။ အကယ်၍ F2 ၌ ပုံ။ ၅-၁၅ တွင် ဖေါ်ပြ ထား သကဲ့သို့ ညီမျှခြင်း IF(E2=1,"တနင်္ဂနွေနေ့",IF(E2=2,"တနလာနေ့", IF(E2=3,"အဂါနေ့", IF(E2=4, "ဗုဒ္ဓဟူးနေ့", IF(E2=5,"ကြာသပတေးနေ့",IF(E2=6,"သောကြာနေ့", "စနေနေ့")))))) ကိုရေးသားထားလျှင် မည်သည့်နေ့ ဖြစ်သည်ကိုတိုက်ရိုက် ပြ သပေးနိုင် ကြောင်းတွေ့ ရမည် ဖြစ်သည်။




၇။ VLOOKUP ဖန်ရှင်ကို အသုံးပြုခြင်း

IF ဖန်ရှင်သည် ကိန်းဂဏန်းများ နှိုင်းယှဉ်တွက်ချက်ရာ၌ လျင်မြန်စွာဖြေရှင်းနိုင်စွမ်း ရှိ၍ အထက်ဖေါ်ပြပါ ဥပမာကဲ့သို့ စာတန်းများ ရွေးချယ်ပြသခြင်းဆိုင်ရာ တွက်ချက်မှုတို့တွင်မူ ရွေးချယ်ရန် စာရင်းရှည်လျားလာ ပါက လုပ်ဆောင်မှု ခက်ခဲနှေးကွေး လာတတ်ပါသည်။ ထို့ကြောင့် နှိုင်းယှဉ်ရွေးချယ်မှု လုပ်ဆောင်ရာတွင် ပိုမိုစွမ်းဆောင်ရည် မြင့်မားသော VLOOKUP နှင့် HLOOKUP ဖန်ရှင်များကို အသုံးပြုခြင်းက ကိုင်တွယ်ရ ပိုမို လွယ်ကူစေပါသည်။ VLOOKUP ဖန်ရှင်သည် မတ်ရပ်အတိုင်းတည်ရှိသော တစ်မျိုးထက်ပိုသည့် စာရင်းတွဲ မှ ရွေးချယ်ရာ၌ အသုံးပြု၍ HLOOKUP ဖန်ရှင်ကို ရေပြင်ညီအတိုင်း တည်ရှိသည့် စာရင်းတွဲဖြင့်လုပ်ကိုင်ရာ တွင် အသုံးပြုပါသည်။

အထက်ပါ ဥပမာတွင် တနင်္ဂနွေ-တနင်္လာ-အင်္ဂါ - - သောင်္ကြာ-စနေ အထိ နေ့ခုနစ်နေ့ စီစဉ်ထားရှိသည့် I2:I8 ကော်လံစာရင်း column array ၏ရှေ့၌ 1, 2, 3, . . . 6, 7 ဟူသည့် အမှတ်စဉ်ပြ H2:H8 ကော်လံ စာရင်း column array  ဖြင့်တွဲ၍ ဖြစ်ပေါ်လာသည့် H2:I8 ထောင့်မှန်ပုံစာရင်း Rectangle array သို့မ ဟုတ် ဆဲလ်နယ် Range အဖြစ် စီစဉ်ထားသောစာရင်း Array တစ်ခု အဖြစ် ပုံ-၁၆။ တွင်ပြထား သကဲ့ သို့ ရှေးဦးစွာ ထည့်သွင်း စီစဉ်ထားရှိသည်။ ထို့နောက် ထောင့်မှန်စာရင်း ပေါ်တွင် ယာကလစ် right click ပြုလုပ်ရာမှ ပေါ်လာသော pop-up menu ရှိ Name a Range… ကို ရွေးချယ်လျက် Days ဟူသော အမည်အား ရိုက်သွင်းသည်။ အဆိုပါ အမည်ကို Formulas>Name Manager ကိုခေါ်ကြည့်လျှင် ပြ ထားသည့်အတိုင်း မှတ်တမ်းတင် ထားရှိကြောင်း တွေ့နိုင်ပါသည်။ ယ္ခုအချိန်မှ စတင်၍မည်သည့် sheet မှ မဆို Days အမည်ရှိသော Array ကိုခေါ်ယူ သုံးစွဲနိုင်ပြီ ဖြစ်ပါသည်။ E2 တွင် ရရှိသော နေ့သင်္ချာ 1 မှ 7 အထိ နေ့အားပြသရန် F2 ၌ ပုံသေနည်း =VLOOKUP(E2,Days,2,FALSE) ကို ရိုက်သွင်းခြင်းအားဖြင့် ရရှိနိုင်သည်။ 




VLOOKUP(lookup_value, table_array, col_index_num, [range_lookup]) တွင်
lookup_value                ပထမကော်လံရှိ အသုံးပြုရှာဖွေရန်တန်ဖိုး
table_array                   ထောင့်မှန်စာရင်းအမည်
col_index_num             ရှာရကိန်းနှင့် တစ်တန်းတည်းရှိ ထုတ်နှုတ်ပြသရမည့် ကိန်းရှိရာ ကော်လံအညွှန်း
[range_lookup]             ခန့်မှန်းခြေရှာဖွေရန်ဖြစ်လျှင် TRUE ကိုရိုက်ထည့်ရန် (မရိုက်ပဲလွှတ်ထားနိုင်)
                                    အတိအကျရှာဖွေရန်ဖြစ်လျှင် FALSE ကိုရိုက်ထည့်ရန်

ဤတွင် အသုံးပြုရှာရန်တန်ဖိုးမှာ 1 မှ 7 အထိ တိကျတန်ဖိုးများ ဖြစ်သောကြောင့် FALSE ကိုထည့်သွင်း ခဲ့ခြင်း ဖြစ်ပါသည်။ အတိအကျ ရှာဖွေနည်း အသုံးပြုပုံကို သဘောပေါက်လွယ်သော ဥပမာတစ်ခုဖြင့် ထပ် မံဖေါ်ပြပါမည်။                                                                                                                        
မှတ်ချက်။ ။ခန့်မှန်းခြေ ရှာဖွေနည်းကို အသုံးပြုရန်အတွက် ပထမကော်လံရှိတန်ဖိုးများမှာ ငယ်စဉ်ကြီးလိုက် သို့မ ဟုတ် ကြီးစဉ်ငယ်လိုက် ကြိုတင်စီစဉ် ထားရှိရန် လိုအပ်ပါသည်။ အတိအကျ ရှာဖွေနည်းတွင် ရှာဖွေ ရန် ကိန်းများကို စီစဉ်ထားရှိရန် မလိုအပ်သော်လည်း ကိန်းမထပ်ရန် အရေးကြီးပါသည်။

AyeWinKyaw Blogpost 07.pdf

ဆက်ရန်

No comments: