Friday, February 19, 2016

4. Horoscopy using Excel (2)

ဗေဒင်ကို အိက်ဆဲလ်နဲ့ တွက်မလား (၂)

၂။ ရွေးချယ်ဆဲတက်ဘ် ဆိုင်ရာမီနျူးများကို အသုံးပြုခြင်း

        သုံးစွဲသူ၏ လိုအပ်ချက်အရ ရွေးချယ်သော မီနျူးအလိုက် ပုံ-၃။ တွင်ပြထားသည့် အတိုင်းသက်ဆိုင်ရာ ဖဲပြားမီနျူးပွင့်ကျလာသည်။ ဤပုံတွင် (၁) ဖိုင်ကိုင်တွယ်ရန် File မီနျူး၊ (၂) အချက်အလက်များ ကူး၊ ဖြတ်၊
နေရာချ၊ အနေအထားပြင်၊ စသည်တို့လုပ်ဆောင်ရန် Home မီနျူး၊ (၃) ဆွဲပြီးပုံ၊ ဇယား၊ ပုံစံကားချပ်၊ စ သည်တို့ကို ခေါ်ယူထည့်သွင်းရန် Insert မီနျူး (၄) စာမျက်နှာ၏ အနေအထား ကိုပြင်ခြင်း၊ ဘောင်ညှိခြင်း  
နောက်ခံထည့်ခြင်း၊ စသည် လုပ်ဆောင်ချက်တို့ကို ရွေးချယ်ရန် Page Layout မီနျူး အစရှိ သည်တို့အား
တွေ့မြင်နိုင်သည်။

   

    အလားတူ ပုံ-၄။ တွင် (၅) ပုံသေနည်းများ ရွေးချယ်အသုံးပြုရန် Formulas မီနျူး၊ (၆) စာ/ဂဏန်း အ ချက်အလက်များကို ကိုင် တွယ်ရန် Data မီနျူး၊ (၇) ဝေဖန်၊ ဆန်းစစ်၊ စကားဝှက်ထည့်၍ ဖိုင်၏လုံခြုံမှု ထိမ်း သိမ်းရန် Review မီနျူး (၈) မြင်ကွင်းပုံစံ၊ ရွေးချယ်၊ ထိန်းသိမ်းရန် View မီနျူး အစရှိသည်ကို တွေ့မြင်နိုင်ပါ သည်။ ဖေါ်ပြပါ ဖဲပြားမီနျူး မှခေါ်ယူနိုင်သည့် မီနျူးများအနက် အသုံးအများ ဆုံးသော လုပ်ဆောင်မှုတို့ကို စု စည်းလျှက် ရွေးချယ်ထား သောစာ/ဂဏန်း များရှိသည့် ဆဲလ်/ဆဲလ်နယ် တခုပေါ်၌ ယာက လစ်နှိပ်ခြင်း
ဖြင့် ပေါ်လာသည့် ပေါ့ပ်အပ် (Pop-up) မီနျူးကိုအသုံးပြုခြင်းအားဖြင့် အလွန်လျှင်မြန် ထိရောက်သော လုပ်ဆောင်ချက်များကိုဆောင်ရွက် နိုင်စွမ်း ရှိစေပါသည်။

၃။ ဖိုင်အသစ်ဖွင့်၍ အချက်အလက်များထည့်သွင်းခြင်း

       အိက်ဆဲလ်တွင် စာမျက်နှာတစ်ခုကို ပုံ-၅။ ၌ပြထားသကဲ့သို့ အောက်ခြေရှိ Sheet တက်ဘ်မှ ရွေး ချယ် လျှက် ကော်လံ Col A နှင့် ရိုး Row 1 တို့ဆုံရာဖြစ်သော ဆဲလ်ဖြစ်သည့် A1  တွင် လိုသော စာ/ဂဏန်းကို ရိုက်သွင်းခြင်းဖြင့် တွက်ချက်ရန်ဇယားအစီ အစဉ်ကို ပြင်ဆင်နိုင်သည်။ တူညီသော သဘာ ဝရှိသည့် ဆဲလ်များကို စုစည်းလျက် ဆဲလ်နယ် Range တစ်ခုသတ်မှတ်ပြီး မျိုးတူသော လုပ်ဆောင်ချက် တစ်ခုခုကိုတစ်ပြိုင်နက်ထည်း သတ်မှတ် ပေးနိုင်သည်။ ပုံ-၆။ တွင် အပြာရောင်ဖြင့် ပြထားသော A2:A8 သည် ကော်လံလိုက် ဖွဲ့စည်းသော ဆဲလ်နယ် တစ်ခုဖြစ်ပြီး အဝါရောင်ရှိသော C2:G2 သည် ရိုးလိုက် ဖွဲ့သော ဆဲလ်နယ်တစ်ခု ဖြစ်သကဲ့ သို့ C3:F8 သည်လည်း ထောင့်မှန်စတုဂံပုံဖွဲ့စည်းထားသော ဆဲလ် နယ် တစ်ခုဖြစ်သည်။ ဆဲလ်နယ်ကို ဝဲဖက်အထက်ဆုံးနှင့် ယာ ဖက်အောက်ဆုံးရှိ ဆဲလ်တို့ ၏ လိပ်စာဖြင့် အ လယ်မှ (:) ခံ၍ ဖေါ်ပြလေ့ ရှိသည်။ ဤ တွင် A2:A8 ၏နောက်ခံအရောင် အားတူ ညီသော အရောင် တခုခု (အပြာရောင်) သတ်မှတ်ပြီး C2:G2 ၏ နောက်ခံရောင်ကို တူညီသော မျိုးကွဲအရောင် တခုခု (အ ဝါရောင်) ကို သတ်မှတ်လျှက် C3:F8 ရှိဂဏန်းများ၏ တန်ဖိုးတို့အား ငွေကြေး $ သင်္ကေတဖြင့် ပြသထားပါ သည်။ 

       အိက်ဆဲလ်ကို စတင်လေ့လာသူတို့သည် ဆဲလ်/ဆဲလ်နယ်များ ရွေးချယ်ခြင်း၊ ပုံ-၆။ နှင့် ၇ တွင်ပြထား သကဲ့သို့ ဖေါမက်ပြု လုပ်ခြင်း၊ စသည်တို့ကို လက်တွေ့လေ့ကျင့်ကြည့်ခြင်းအားဖြင့် ဤဆော့ဖ်ဝဲနှင့် မြန်စွာ အသားကျ အသုံးပြုနိုင်စွမ်း ရှိသွားမည် ဖြစ်သည်။အချက်အလက်နှင့်ရလာဒ်များကို ပုံ-၇။ တွင် ပြထားသကဲ့ သို့သင့်လျှော် သော ဘောင်များခတ်၍စုစည်းခြင်းအားဖြင့် ပိုမိုရှင်းလင်းသော တင်ပြမှုရလာဒ်တို့ကို ရရှိစေ 
နိုင်ပါသည်

       ဆဲလ်တစ်ခု၏ လိပ်စာကို တခုထက်ပိုသော နေရာများမှ ရည်ညွှန်းတွက်ချက်သောအခါတွင် ပကတိ လိပ်စာ (Absolute address) အဖြစ်ကြေငြာ ထားရှိခြင်းဖြင့် အဆိုပါ ရည်ညွှန်းခံသော/ရည်ညွှန်းနေသည့် ဆဲလ်များသည်အကြောင်းတစ်ခုခုကြောင့် နေရာရွှေ့သည့်အခါတွင်လိုက်၍ ရွေ့မသွားသော ပြဿသနာမှ 
ကင်းဝေးမည် ဖြစ်ပါသည်။ ရေးပြီးပကတိ လိပ်စာတခု၏ ဘေး၌ကာဆာ ရှိနေဆဲတွင် F4 ကိုနှိပ်ခြင်းဖြင့် ထိုလိပ်စာသည် ဥပမာ A1 မှ $A$1 သို့ပြောင်းလဲသွားသည်ကိုတွေ့ရမည်။ တနည်းအားဖြင့် ပုံသေနည်း ဘား (Formula bar) ၏ ဝဲဖက်ရှိ ဆဲလ်လိပ်စာ ကို ရွေးချယ်ပြီး မိမိပေးလိုသည့် အမည်တခုခု ဥပမာ Sol2Sid_conv အား ရိုက်သွင်းထားခြင်းဖြင့် လိုသည့်အခါတိုင်း ထိုအမည်ကို အသုံးပြုလျက် လွယ်ကူစွာ တိုက်ရိုက်ခေါ်ယူ သုံးစွဲ သွား နိုင်မည်ဖြစ်သည်။ ဤကဲ့သို့ ပုံသေအမည် တခုခုကို သတ်မှတ်သုံးစွဲလျှင် ထိုအမည်သည် Formulas/ Name Manager တွင်စာရင်း ထည့်သွင်းမှတ်သား ထားမည်ဖြစ်ခြင်းကြောင့် ထိုအမည်ကို မည်သည့်စာ မျက်နှာ (Sheet) မှမဆို အလွယ်တကူ ရည်ညွှန်းခေါ်ယူ သုံးစွဲသွားနိုင်ပါသည်။ 




ဆက်ရန်

 




No comments: