Wednesday, February 24, 2016

6. Horoscopy using Excel (4)

ဗေဒင်ကို အိက်ဆဲလ်နဲ့ တွက်မလား (၄)

၅။ အသုံးများသော ဖန်ရှင်များ

အိက်ဆဲလ်တွင် အသုံးများသော ဖန်ရှင်များကို အောက်ပါအတိုင်း အုပ်စု ၄-စု ခွဲခြားထားနိုင်ပါသည်။
၁။ သင်္ချာတွက်ချက်မှု ဆိုင်ရာ Math and trigonometry functions ဖန်ရှင်များ။
၂။ ပြက္ခဒိန် ရက်စွဲပိုင်းဆိုင်ရာ Date and time functions ဖန်ရှင်များ။
၃။ စာတန်းများ ပေါင်းစပ်၊ ခွဲဝေခြင်း ဆိုင်ရာ Text functions ဖန်ရှင်များ နှင့်
၎။ ကျိုးကြောင်းဆင်ခြင်၊ ဆုံးဖြတ်ခြင်းဆိုင်ရာ Logical functions ဖန်ရှင်များ ဖြစ်သည်။



အပိုဒ်။ ၄ တွင် အသုံးပြုခဲ့သော Date(year,month,day) သည်အိက်ဆဲလ်မှ အဆင်သင့်သုံးရန် ပေးထားသော ဖန်ရှင်တစ်ခုဖြစ်သည်။ အလားတူ ဗေဒင်ဆိုင်ရာ တွက်ချက်မှုများတွင် အသုံးများသည့် အသင့်သုံး ဖန်ရှင်အ ချို့မှာ ပုံ ၁၂ မှ ၁၄ အထိပြထားသည့် အတိုင်း ဖြစ်သည်။ ဖန်ရှင်တစ်ခုစီ၏ လုပ်ဆောင်ချက်များကို တွဲလျက်
ဖေါ်ပြထားသော ဥပမာတို့အား ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။ သင်္ချာတွက်ချက်မှု ဆိုင်ရာဖန်ရှင်များ တွင်  ထြီဂိုနိုမေထြီ ဖန်ရှင်ဖြစ်သည့် Sin, Cos နှင့် Tan တို့တွက်ချက်ရန် ထည့် သွင်းရမည့် တန်ဖိုးများ မှာရေဒီယံဖြစ်ရန် လိုအပ်သည့်အတွက်သမရိုးကျအားဖြင့် ထောင့်တန်ဖိုးများကို ဒီဂရီ၊ မိနစ်၊ စ က္ကန့်တို့ဖြင့် မှတ်သားထားသည်ကို ဒဿမဒီဂရီ သို့ ရှေးဦးစွာ ပြောင်းလဲပြီး တဖန် PI()/180 ကိန်းသေ ဖြင့်မြှောက် ခြင်း သို့မဟုတ် RADIANS() ဖန်ရှင်ကို အသုံးပြုခြင်းအားဖြင့် ရေဒီယံသို့ ပြောင်းလဲရန် လိုအပ်သည်။ အလား တူ ထို တွက်ချက်မှုများမှ ရရှိသော ရလာဒ်တန်ဖိုးသည် ရေဒီယံ ဖြစ်သည့်အတွက် အပြန်အားဖြင့် 180/PI() ကိန်းသေသုံး၍ မြှောက်ခြင်း သို့မဟုတ် DEGREES() ဖန်ရှင်ကို သုံး၍ရသောတန်ဖိုးသည် ဒီဂရီ ဖြစ်နေ သည့် အတွက် ဒီဂရီ၊ မိ နစ်၊ စက္ကန့် သို့ ပြန်လည်ပြောင်းပေးရန် လိုအပ်ပါသည်။




ပုံ-၁၄။ တွင် ပြထားသည့် ကျိုးကြောင်းဆင်ခြင်၊ ဆုံးဖြတ်ခြင်းဆိုင်ရာ ဖန်ရှင်များအနက် အကယ်၍ (IF)ဟူ၍ ဆန်းစစ် ချက် (Logical_test) တစ်ခုခုချမှတ် စစ်ဆေးပြီး မှန်ခဲ့လျှင်ဖေါ်ပြရန်တန်ဖိုး (value_if_true) နှင့် မမှန်လျှင်ဖေါ်ပြရန် တန်ဖိုး (value_if_false) တို့အားဖြင့် ဆုံးဖြတ်ချက်ချစေသည့် IF(logical_test, value_if_true,value_if_false) ဖန် ရှင်သည် ပရိုဂရမ်ချမှတ်ရေးသားနိုင်ရေးအတွက် အခြေခံ အကျဆုံးနှင့် အသုံးအများဆုံး ဖန်ရှင်တစ်ခု ဖြစ်သည်။ ဤ တွင် value_if_true နှင့် value_if_false တို့သည် သင်္ချာ ဆိုင်ရာ ညီမျှခြင်း တစ်ခုခု ဖြစ်နိုင်၍ နောက် ထပ် IF(,,) ဖန် ရှင်များလည်း ဖြစ်နိုင်ပါသည်။ နောက်ထပ် IF(,,) ဖန်ရှင်များဖြစ်ခဲ့လျှင် ထပ်ခါတစ်လဲလဲ ဆင့်ကဲရေးသားသော ဖန်ရှင် (Nested functions) အဖြစ် ၆၄-ဆင့်အထိ ရေးသားနိုင်ခြင်းကြောင့် ပိုမိုရှုပ်ထွေး လာနိုင်ဘွယ်ရာ ရှိသော် လည်း စံနစ်တကျ ကိုင်တွယ် စီစဉ်ရေးသား နိုင်လျှင်များစွာ ထက်မြက်သော ပရိုဂရမ် အစိတ်အပိုင်းများကို ဖန်တီးနိုင် စွမ်းရှိလာမည်
 ဖြစ်ပါသည်။ အိက်ဆဲလ်တွင် ပရိုဂရမ်ငယ် တစ်ခုရေးသားရာ၌ IF(,,), AND(,,…), OR(,,…) တို့သုံးစွဲ
 ခြင်းထက် ပိုမိုထိရောက် ထက်မြက်မှု ရှိသောဖန်ရှင်များ အသင့်သုံးနိုင်ရန် ပေးထားသော်လည်း စတင်လေ့ လာသူများ အတွက်ခက်ခဲမှုများ ရှိနိုင်သဖြင့် ရှေ့၌ဖေါ်ပြမည့် ဥပမာတွင် IF(,,) ဖန် ရှင်ကိုသာ အဓိကထား၍  အသုံးပြုသွားမည် ဖြစ်ပါသည်။ 
ဆက်ရန်

No comments: