Tuesday, January 10, 2017

28. Astrology on the sphere (11)

စက်လုံးပေါ်မှာ ဗေဒင်တွက်မလား (၁၁)

၁၃။ ကောင်းကင်စက်လုံး (Celestial Sphere)

မြေပြင်စက်လုံးဟု ခေါ်ဆိုနိုင်သော ကမ္ဘာလုံးကြီးသည် Fig. Sphere-90 တွင် ပြထားသကဲ့သို့ အနောက်မှ အရှေ့သို့ စဉ်ဆက်မပြတ် လည်ပတ်လျက်ရှိသည့် စင်္ကြာဝဠာ အတွင်းတွင် အမှန်လည်ပတ်ခြင်း သဘောဖြင့် လည်ပတ်လျှက် ရှိပါသည်။ သို့ရာတွင် ထို လည်ပတ်နေသည့် ကမ္ဘာပေါ်၌ ရပ်တည်လျှက် ရှိသော မိမိတို့အား လုံးသည် အာကာသ ပတ်ဝန်းကျင်၌ တည်ရှိသည့် ကောင်းကင် နက္ခတ်တာရာများသို့ ကြည့်ရှုသောအခါ Fig. Sphere-91 တွင် ပြထားသည့်အတိုင်း မိမိသည် ရပ်တည်လျက်ရှိပြီး  အတိုင်းအဆမရှိ ကြီးမားသည့် ကောင်း ကင်ကြီးသည် အရှေ့မှ အနောက်သို့ လည်ပတ်နေသည်ဟု တွေ့ရှိခံစား ကြရသည်။ ဤသို့ ထင်ရ မြင်ရသော ကောင်းကင်ကြီးကို ကောင်းကင်စက်လုံးဟူ၍ ခေါ်ဆိုနိုင်၍ အရှေ့မှ အနောက်သို့ လည်ပတ်နေသည့် သဘော ကြောင့် ထိုစက်လုံးပေါ်၌ ချိတ်ဆွဲထား သကဲ့သို့ မြင်ရသော နေ၊ လ နှင့် နက္ခတ်တာရာ စသည်တို့လည်း တစ် နေ့လျှင် တစ်ပတ်နှုန်းကျ အရှေ့အရပ်မှ ထွက်ပေါ်ခြင်း (Rising)၊ အထက် ကောင်းကင်တွင် မွန်းတည့်ခြင်း (Upper Meridian transit)၊ အနောက် အရပ်သို့ ဆင်းသက် ဝင်ရောက်သွားခြင်း (Setting)၊ သန်းခေါင်မျဉ်း ကိုဖြတ်ကျော်ခြင်း (Lower Meridian transit) စသည်ဖြင့် စဉ်ဆက်မပြတ် လှည့်ပတ်နေကြသည်ဟု ထင်ရ မြင်ရသော သဘောအားဖြင့် တွေ့မြင်ကြရခြင်း ဖြစ်ပါသည်။

ထိပ်တည့်မှတ်နှင့် ခြေတည့်မှတ် တို့ကို ဆက်သောမျဉ်းသည် ချိန်သီးကြိုးနှင့် တထပ်တည်းကျသည်။ အဆိုပါ မျဉ်း၊ မြေပြင်ပေါ်ရှိ တောင်-မြောက်မျဉ်း၊ နှင့် ကောင်းကင်ဝင်ရိုး တို့အပါအဝင်ဖြစ်သည့် စက်ဝိုင်းကြီးကို မွန်း တည့်မျဉ်း (Meridian circle) ဟုခေါ်သည်။ နေ၊ လ၊ နက္ခတ်တာရာ တို့သည် ကောင်းကင်ဝင်ရိုး P-P”၏ အထက်ရှိ အဆိုပါ စက်ဝိုင်းခြမ်းအား ဖြတ်ကျော်လျှင် မွန်းတည့်မျဉ်းကို ဖြတ်ကျော်ခြင်း (Upper meridian transit) ဟူ၍လည်းကောင်း၊ P-P” ၏ အောက်ဖက်မှ ထိုစက်ဝိုင်းခြမ်းအား ဖြတ်ကျော်လျှင် သန်းခေါင်မျဉ်း ကို ဖြတ်ကျော်ခြင်း  (Lower meridian transit) ဟူ၍ လည်းကောင်း အသီးသီး ခေါ်ဆိုသည်။ အချိန် ဆိုင် ရာတွက်ချက်မှုများ ပြုလုပ်ရာတွင် အလွန်အရေးပါသော ရည်ညွှန်းတည်နေရာ များဖြစ်ကြသည်။

(ခ) လတ္တီတွဒ် တန်ဖိုးတခုခု ရှိသော ကမ္ဘာ့မြောက်ဖက်ခြမ်း ဒေသ။

ကမ္ဘာ့မြောက်ဖက်ခြမ်း တစ်နေရာ၌ ရှိသည့် C မှ ကြည့်သော သူတစ်ဦးအတွက် တွေ့မြင်ရမည့် မြင်ကွင်းကို Fig. Sphere-94 ၌ ပြထားသည်။ ထို ကြည့်သူအတွက် ကောင်းကင် မြောက်ဝင်ရိုးစွန်း P သည် မိုးကုတ် စက်ဝိုင်းပေါ်ရှိ မြောက်အမှတ် N မှ လတ္တီ တွဒ် တန်ဖိုးနှင့် ညီမျှသော အမြင့်၌ တည်ရှိကြောင်း တွေ့မြင်ကြ ရသည်။ ထိုအခါ P  နှင့်ထောင့်မတ်ကျလျက် တည်ရှိသည့် အီကွေတာနှင့် မွန်းတည့်မျဉ်းတို့ ဖြတ်မှတ်ဖြစ် သည့် Q သည်လည်း ထိပ်တည့်မှတ် Z ၏ တောင်ဖက် လတ္တီတွဒ်တန်ဖိုးနှင့် ညီမျှသော အကွာအဝေး ၌ တည်ရှိ ကြောင်း တွေ့ရမည် ဖြစ်သည်။ Fig. Sphere-95 ၌ က မ္ဘာ့မြောက်ခြမ်းရှိဒေသ တခုအတွက် မိုးကုတ်စက် ဝိုင်း အထက်ရှိ မြင်နိုင်သော စက်လုံးခြမ်းနှင့် မိုးကုတ်စက်ဝိုင်း အောက်ရှိ မမြင်နိုင်သည့် စက်လုံးခြမ်းတို့ကို ခွဲခြားပြသထား ပါသည်။ Fig. Sphere-95 အရ P နှင့် N ကြားတွင် သန်းခေါင်မျဉ်းကို ဖြတ်ကျော်သော ကြယ်တို့သည့် ထိုဒေသအတွက် မြေပြင်အောက်သို့ မည်သည့်အခါတွင်မှ ဝင်ရောက်ခြင်း မရှိသည့် ဝင်ရိုး ပတ်ကြယ်များ (Circumpolar stars) ဖြစ်ကြသည်။ တဖန်  S နှင့် P” ကြား၌ မွန်းတည့် မျဉ်းအား ဖြတ် ကျော်သော ကြယ်တို့သည် မြေပြင်အောက်၌ အစဉ်အမြဲ ရှိနေခြင်းကြောင့် ထိုဒေသရှိ ကြည့် သူတို့အတွက် မည်သည့် အခါမှ မြင်တွေ့ရမည် မဟုတ်သည့် ကြယ်များ ဖြစ်ကြပါသည်။

(ဂ) လတ္တီတွဒ် တန်ဖိုးတခုခု ရှိသော ကမ္ဘာ့တောင်ဖက်ခြမ်း ဒေသ။

Fig. Sphere-96 တွင် ပြထားသည့် ကမ္ဘာ့တောင်ဖက်ခြမ်း တစ်နေရာ၌ရှိသည့် C မှ ကြည့်သော သူတစ်ဦးအ တွက် တွေ့မြင်ရမည့် မြင်ကွင်းသည် Fig. Sphere-94 ၌ ပြထားခဲ့သော မြောက်ဖက်ခြမ်း မြင်ကွင်းနှင့် ဆန့် ကျင်ဖက် ဖြစ်သည်။  ဤတွင် ကြည့်သူအတွက် ကောင်းကင် တောင်ဝင်ရိုးစွန်း P” သည်မိုးကုတ်စက်ဝိုင်း ပေါ်ရှိတောင်အမှတ် S မှ လတ္တီ တွဒ်တန်ဖိုးနှင့် ညီမျှသော အမြင့်၌ တည်ရှိကြောင်း တွေ့မြင်ကြ ရသည်။ ထိုအ ခါ P” နှင့် ထောင့်မတ်ကျလျက် တည်ရှိသည့် အီကွေတာနှင့် မွန်းတည့်မျဉ်းတို့ ဖြတ်မှတ်ဖြစ်သည့် Q သည် လည်း ထိပ်တည့်မှတ် Z ၏ မြောက်ဖက် လတ္တီတွဒ်တန်ဖိုးနှင့် ညီမျှသော အကွာအဝေး၌ တည် ရှိကြောင်း တွေ့ ရမည် ဖြစ်သည်။ Fig. Sphere-97 ၌ က မ္ဘာ့တောင်ခြမ်းရှိဒေသ တခုအတွက် မိုးကုတ် စက်ဝိုင်း အထက်၌ မြင်နိုင်သော စက်လုံးခြမ်းနှင့် မိုးကုတ်စက်ဝိုင်း အောက်ရှိ မမြင်နိုင်သည့် စက်လုံးခြမ်း တို့ကို ခွဲခြားပြသထား ပါသည်။ P”နှင့် S ကြားတွင် သန်းခေါင်မျဉ်းကို ဖြတ်ကျော်သော ကြယ်တို့သည့် ထိုဒေသအတွက် မြေပြင် အောက်သို့ မည်သည့် အခါတွင်မှ ဝင်ရောက်ခြင်း မရှိသည့် ဝင်ရိုးပတ်ကြယ်များ (Circumpolar stars) ဖြစ် ကြသည်။ တဖန်  N နှင့် P ကြား၌ မွန်းတည့်မျဉ်းအား ဖြတ်ကျော်သောကြယ် တို့သည် မြေပြင်အောက်၌ အစဉ် အမြဲ ရှိနေခြင်းကြောင့် ထိုဒေသရှိ ကြည့်သူတို့ အတွက် မည်သည့် အခါမှ မြင်တွေ့ရမည် မဟုတ်သည့် ကြယ်များ ဖြစ်ကြပါသည်။

မျက်မြင်အားဖြင့် ကောင်းကင်အီကွေတာ ပေါ်၌တည်ရှိသည့် ORION ကြယ်စု၏ မောင်ရင်ဆိုင်းထမ်းနှင့် ရေ မှုတ်ကမ်းကြယ်စုငယ်  တို့သည်နေ့စဉ် Q အမှတ်ကို ဖြတ်သန်းသွားကြောင်း နေရောင်ကင်းသည့် ညဉ့် အခါ များတွင် မြင်တွေ့နိုင်ကြပါသည်။ ကမ္ဘာ့လတ္တီတွဒ် အလိုက် ကောင်းကင်မြင်ကွင်း ပြောင်းလဲပုံများကို နား လည် သဘောပေါက်ခြင်းသည် ကောင်းကင်အမြင်ကို လက်တွေ့ကွင်း ဆင်းကြည့်ရှု့သော အခါတွင် လည်း ကောင်း၊ နက္ခတ်တာရာကြည့် ဆော့ဖ်ဝဲဖြင့် ကွန်ပျူတာ၌ လေ့လာသည့်အခါ၌ လည်းကောင်း၊ တွက် ချက်ပြီး ဇာတာတစ်စောင်၏ ဂြိုဟ်၊ ဘဝ၊ နက္ခတ် တို့ ရပ်တည်ပုံနှင့် သိရီပတိ ပဒ္ဓတ္တိကျမ်းအရ ဂြိုဟ်အားနှင့် ဘာဝ အားတို့ တွက်ချက်ရာတွင် လည်းကောင်း များစွာသော အထောက်အကူကောင်းကိုရရှိစေနိုင် ပါသည်။

ayewinkyaw@ymail.com                                         SMS: 09 459 824 750
10-1-2017                                                                                     ဆက်ရန်

1 comment:

Anonymous said...

This is very good! Thank you for the information.