Wednesday, January 4, 2017

26. Astrology on the sphere (10)



စက်လုံးပေါ်မှာ ဗေဒင်တွက်မလား (၁၀)

၁၂။ ဂြိုဟ်သွားပြက္ခဒိန် တို့တွင်ပေးထားချက်များကို ရှင်းပြခြင်း။

ဆွစ်သည် အခြားသော ခေတ်သုံးဂြိုဟ်သွားပြက္ခဒိန် များနည်းတူ ကမ္ဘာ့စံတော်ချိန် သုညနာရီရှိ သာယနဂြိုဟ်စင်တို့ကို ဖေါ်ပြ သည် ဖြစ်သော်လည်း တိကျမှန်ကန်မှု မြင့်မား၍ အခမဲ့လွယ်ကူစွာ ဒေါင်းလုပ်ချ ရယူနိုင်ခြင်းကြောင့် သုံးစွဲသူ အများဆုံးသော ပြ က္ခဒိန် တစ်ခုဖြစ်ပါသည်။ နေ့စဉ် ဂရင်းနစ်ကြယ်ချိန် ကိုလည်း ဖေါ်ပြထားခြင်းကြောင့် ဒေသကြယ်ချိန်ကို လွယ်ကူ လျှင်မြန်စွာ တွက်ထုတ် ရ ယူနိုင်ပါသည်။ Fig. Sphere-79 တွင် ပြက္ခဒိန်၌ ဖေါ်ပြထားသည့် တန်ဖိုးတို့ကို အသေးစိတ် ရှင်းလင်းပြသ ထားပါ သည်။ လ ခေါ် တနင်္လာဂြိုဟ် သည် တစ်လအတွင်း တဆယ့်နှစ်ရာသီစလုံးကို ဖြတ်သန်းသွားလေ့ ရှိခြင်းကြောင့် ဆယ့်နှစ်ရာသီ၏ သင်္ကေတ များ အားလုံးကို လေ့လာမှတ်သားနိုင်သည့် အခွင့်အရေးတရပ် ဖြစ်ပါသည်။ ကြယ်တာရာများ ကဲ့သို့တောက်ပသော အလင်းရောင် ရှိသည့် ပဥ္စတာရာဂြိုဟ် ခေါ် ပဥ္စတားဂြိုဟ်များ ဖြစ်ကြသော အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာ နှင့် စနေ ဂြိုဟ် တို့သည် ထင် ရမြင်ရသော အရွေ့ဖြင့် တခါတရံ တိုက်ရိုက်အတည့်သွား (Direct motion) ရာမှ နောက်ပြန်ဆုတ်ခြင်း (Retro-grade motion) ကို ဝကြသွားသည်ဟု ခေါ်တွင်၍ R သင်္ကေတဖြင့် ပြလေ့ရှိသည်။ ထိုမှတဖန် အတည့်ပြန်သွားသည် ကို D သ င်္ကေတဖြင့် ပြသပြီး အသွားပြောင်းသော အခိုက်အတန့်တွင် ခေတ္တရပ်တန့်နေသည် ဟုထင်ရမြင်ရသည်။ ဤကဲ့ သို့ ရပ်တန့်နေ ခြင်းကို နိယျထုံကျင့် (Stationary) သည် ဟုခေါ်တွင်ပြီး S သင်္ကေတဖြင့် ပြသင့်ပါသော်လည်း ပြက္ခဒိန်များတွင် နေရာအခက်အခဲ ရှိမှုကြောင့် ပြသလေ့ မရှိပါ။


 


ဂြိုဟ်တို့၏ သာယန ဂြိုဟ်စင်များကို သုံးချက်တွက်နည်းဖြင့် အချိုးချတွက်ယူရာတွင် ရာသီသင်္ကေတတို့မှ Fig. Sphere-80 နှင့် Fig. Sphere-81 တို့တွင်ပြထား သကဲ့သို့ Aries, Taurus, စသော အင်္ဂလိပ်အမည် မိဿ၊ ပြိဿ၊ စသည့် မြန်မာ အမည်တို့ကို ယှဉ် တွဲမှတ်မိ ရန်ဖြစ်ပြီး 0S, 1S, စသော ရာသီသကေတအားဖြင့် သော်လည်းကောင်း +0°, +30°, စသည့် ဒီဂရီ တန်ဖိုး အားဖြင့်သော် လည်းကောင်း တွက်ချက်မှု အဆင့်ဆင့်၌ ပြောင်းလဲသုံးစွဲရန် ဖြစ်ပါသည်။ တွက်ချက်မှုများ လုပ်ဆောင်ရာတွင် Fig. Sphere-82 ၌ ပြထားသည့်အတိုင်း တနင်္ဂနွေအတွက် (° -'-") တန်ဖိုးသို့ ပြောင်းလဲ၍ ကျန်သောဂြိုဟ်များ အတွက် (°-') တန်ဖိုး သို့ ပြောင်းလဲ ပြီးမှ တွက်ချက် လေ့ရှိကြပါသည်။



FYF ဂြိုဟ်သွား ပြက္ခဒိန်တွင် ရာသီကို သင်္ကေတများဖြင့် ပြသမထားဘဲ AR, TA, GE, CN, LE, VI, LI, SC, SG, CP, AQ, PI ဟူ ၍ အတိုကောက် ၂-လုံးတွဲ စာလုံးတို့ဖြင့် ပြသထားကြောင်း တွေ့နိုင်ပါသည်။ ဂြိုဟ်စင်တန်ဖိုးများကို ယခင်ဆွစ်ဂြိုဟ် သွားပြ က္ခဒိန် ae_0000.pdf ကဲ့သို့ ရိုက်ထုတ်ခြင်း သို့မဟုတ် ကူးရေးယုံမျှ သာမက *.html ဖိုင်ဖြစ်ခြင်းကြောင့် Fig. Sphere-83 တွင်ပြ ထားသကဲ့သို့ ကူးယူ၍/ကပ်ပေး (Copy/Paste) လုပ်ခြင်းဖြင့် နုတ်ပက် (NotePad) ပေါ်၌ ဒီဂျစ်တယ် အချက်အလက်ဖိုင် တစ်ခု (Digital data file) အဖြစ် ရယူနိုင်ဘွယ်ရာ ရှိပါသည်။ အကယ်၍ အဆိုပါဖိုင်ကို အိက်ဆဲလ်သို့ ခေါ်သွင်း (Import) လုပ်၍ စာတမ်း တို ပိုင်းခြားပြင်ဆင်ခြင်း (String manipulation) ပြုလုပ်လျှင် ဒဿမတန်ဖိုးများဖြင့် ဖွဲ့စည်းထားသောဖိုင် တစ်ခုအဖြစ် ရယူ နိုင်ပါသည်။

ဥပမာ A1 ဆဲလ်တွင် 09GE59 ဟူသော ဂြိုဟ်စင်တန်ဖိုး ရှိခဲ့လျှင် လိုသောဆဲလ်တစ်ခု၌ အောက်ဖေါ်ပြပါ

=(IF(MID(A1,3,2)="AR",0,IF(MID(A1,3,2)="TA",1,IF(MID(A1,3,2)="GE",2,IF(MID(A1,3,2)="CN",3,IF(MID(A1,3,2)="LE",4,IF(MID(A1,3,2)="VI",5,IF(MID(A1,3,2)="LI",6,IF(MID(A1,3,2)="SC",7,IF(MID(A1,3,2)="SG",8,IF(MID(A1,3,2)="CP",9,IF(MID(A1,3,2)="AQ",10,IF(MID(A1,3,2)="PI",11,12)))))))))))))*30+LEFT(A1,2)+RIGHT(A1,2)/60

ညီမျှခြင်းကို ရေးခြင်းဖြင့် 69.983333333333 ဟူသော ရလာဒ်အား ရရှိစေနိုင်မည် ဖြစ်သည်။
 




ဖေါ်ပြပါ ဝက်ဘ်ဆိုက်မှ ဒေါင်းလုပ်ချ ရယူနိုင်သော ဂြိုဟ်သွားပြက္ခဒိန်များ အပြင် ပြီးခဲ့သည့် ပိုစ်အချို့တွင် ကူးယူသုံးစွဲခဲ့သည့် SwissHoro version 2.1 ၏ ephe2011-2020 ကဲ့သို့သော တက်ကိုဖွင့်၍ ကူးယူရရှိနိုင်သော ဒီဂျစ်တယ်ဖေါမက် ဂြိုဟ်သွား အားလည်း အသုံးပြု တွက်ချက်နိုင်ပါသည်။ SwissHoro version 2.2 တွင် အလားတူတန်ဖိုးများကို ပေးထားသော်လည်း ရှေ့ ဆုံးရှိ ရက်စွဲကော်လံတို့အား မတော်တဆကွယ်ထား (Hide) မိခြင်းကြောင့် လိုအပ်ခဲ့လျှင် version 2.1 ဖိုင်တစ်ခုခု မှရယူပါ ရန် အကြံပြု ပါသည်။

ရှေ့ဆက်လက်၍ ဥပမာတွက်ချက် ပုံစံများ ပြသသည့်အခါ၌ အခြေအမြစ်မှစတင်နားလည် စေရန်အတွက် ပထမဦးဆုံး တင်ပြခဲ့သော www.astro.com မှ ဒေါင်းလုပ်ချ ရယူခဲ့သည့် ဂြိုဟ်သွားအချက်အလက် များကိုသာ အသုံးပြု ရှင်းလင်းတင်ပြ သွားမည် ဖြစ်ပါ သည်။


                                        

ayewinkyaw@ymail.com                                       SMS: 09 459 824 750
4-1-2017                                                                                               ဆက်ရန်

No comments: